အမေရိကန်-ရုရှား ဆက်ဆံရေးကို ပြန်လည်နွေးထွေးစေတဲ့ အလက်စကာ (ဘာသာပြန်ဆောင်းပါး)

 259

တင်ဇာ(NP News)
သမ္မတထရမ့်နဲ့ ဗလာဒီမာပူတင်တို့ဟာ ဩဂုတ်လ၊ (၁၅) ရက်က ခဏတာ ထိပ်သီးအစည်း အဝေးတစ်ခု ပြုလုပ် ခဲ့ကြပါတယ်။ အစည်းအဝေးက သဘောတူညီမှုမရဘဲ ပြီးဆုံးသွားပေမဲ့လည်း သမ္မတထရမ့်က အပစ်အခတ်ရပ်စဲ ရေးအတွက် ]ကြီး မားတဲ့တိုးတက်မှု ‘ရှိခဲ့တယ်လို့ ချီးကျူးပြောဆိုခဲ့ပါတယ်။ ခေါင်းစဉ်နှစ်ဦးတွေ့ဆုံခဲ့တဲ့ အမေရိကန်ရဲ့ အလက်စကာပြည်နယ်ဟာ ရုရှားမြေနဲ့နက်ရှိုင်းတဲ့ သမိုင်းကြောင်းဆိုင်ရာ ဆက်နွှယ်မှုတွေရှိနေပါတယ်။ အလက်စကာ ပြည်နယ်ဟာ အမေရိကန်နဲ့ ရုရှားကြားမှာ ပထဝီဝင်အရ အနီးဆုံးနေရာဖြစ်ပြီး ဘဲရင်းရေလက်ကြားနဲ့ ပိုင်းခြားထား တာကြောင့် ရုရှားနိုင်ငံနဲ့ (၅၅) မိုင်ပဲ ဝေးပါတယ်။ အလက်စကာဟာ အမေရိကန်နဲ့ ရုရှားကို အိမ်နီးချင်းဖြစ်စေ ရုံတင်မ ကဘဲ ရုရှားအင်ပါယာဆီကနေ (၄၉) ခုမြောက် ပြည်နယ်အဖြစ် ဝယ်ယူခဲ့တာကနေစပြီး နှစ်နိုင်ငံကြား ပူးပေါင်း ဆောင်ရွက်မှုတွေ၊ တင်းမာမှုတွေ၊ ပဋိပက္ခ တွေ ဖြစ်ပွားစေခဲ့တဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ပထဝီဝင်အရ အလွန်သင့်တော်တဲ့ အလက်စကာမှာ ရုရှားသမ္မတ ဗလာဒီမီယာပူတင်နဲ့ ယူကရိန်းအရေး ထိပ်သီးအစည်းအဝေးကို လက်ခံကျင်းပပေးခြင်းအားဖြင့် သူ့အတွက် လွယ်ကူ အောင် လိုက်လျောညီထွေဖြစ် အောင်လုပ်ဆောင်ပေးခဲ့ပါတယ်။ အစည်းအဝေး ကျင်းပမယ့် Joint Base Elmendorf-Richard son ကို ရောက်ဖို့အတွက် ထရမ့်ဟာ ဝါရှင်တန်ကနေ ကီလိုမီတာ (၅,၄၀ဝ) ခန့် လေယာဉ်နဲ့ ပျံသန်းခဲ့ရပါတယ်။ အဲဒီစစ်ဘက်အခြေစိုက်စခန်းကတော့ အလက်စကာရဲ့ အကြီးဆုံးမြို့ဖြစ်တဲ့ Anchorage ရဲ့မြောက်ဘက်မှာ တည်ရှိပါ တယ်။ ပူတင်ကတော့ အလက်စကာစစ်ဘက်အခြေစိုက်စခန်းကိုရောက်ဖို့ ကီလိုမီတာ (၇ယဝဝဝ)နီးပါး လေယာဉ်နဲ့ပျံ သန်းခဲ့ရပါတယ်။
သမိုင်းကြောင်းအရ အလက်စကာဟာ အမေရိကန်နဲ့ ရုရှားနှစ်နိုင်ငံလုံးနဲ့ ဆက်နွှယ်မှုတွေ ရှိတဲ့နေရာတစ်ခု ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း (၁၀,ဝဝဝ) ခန့်၊ ရေခဲခေတ်အဆုံးသတ်ချိန်က ရုရှား အရှေ့ဖျားနဲ့ အလက်စကာကို ကုန်းမြေတံတား တစ်ခုက တစ်ချိန်က ဆက်သွယ်ထားဖူးပါတယ်။ အဲဒါဟာ ပထမဆုံးလူသားတွေ အမေရိကတိုက်ကို ရောက်ရှိလာပုံဖြစ်နိုင်ပါတယ်။ အဲဒီနောက် ပင်လယ် ရေမျက်နှာပြင်မြင့်တက်လာတဲ့အတွက် ဘဲရင်းရေ လက်ကြားကို ဖြတ်သန်းသွားလာလို့ မရတော့တာကြောင့် အလက်စကာဒေသခံတွေဟာ တသီးတသန့် ဖြစ်သွားခဲ့ပါတယ်။ အလက် စကာဆိုတဲ့နာမည်ဟာ အဲဒီဒေသမှာနေထိုင်တဲ့ Aleutian ကျွန်းသူ ကျွန်းသားတွေက အဲဒီဒေသကိုခေါ်တဲ့ Aleut ဘာသာ စကား “Alyaska” ဆိုတဲ့ စကားလုံးကနေ ဆင်းသက်လာတာ ဖြစ်ပါတယ်။
(၁၇၂၅) ခုနှစ်မှာ ရုရှားဇာဘုရင် ပီတာ သည်ဂရိတ်ဟာ ရေတပ်သား ဗီတပ်စ် ဘဲရင်းကို စူးစမ်းရှာဖွေရေး ခရီး တစ်ခု စေလွှတ်ခဲ့ပါတယ်။ အဲဒီ ခရီးမှာ သူဟာ ဒီကနေ့ ဘဲရင်းရေလက်ကြားလို့ ခေါ်တဲ့နေရာကို ဖြတ်ကျော်ခဲ့ပါတယ်။ အဲဒီနောက် ဆယ်စုနှစ်တွေအတွင်းမှာ ရုရှားရေတပ်သားတွေဟာ အလက်စကာရဲ့ နေရာအသီးသီးကို ရောက်ရှိလာပြီး အခြေချနေထိုင်ရာနေရာတွေ တည်ထောင်ကာ အကျိုးအမြတ်များတဲ့ သားမွေးကုန်သွယ်ရေး လုပ်ငန်းကို လုပ်ကိုင်ခဲ့ ကြပါတယ်။ (၁၇၉၉) ခုနှစ်မှာတော့ ဇာဘုရင် ပထမပေါလ်က ရုရှား-အမေရိကန်ကုမ္ပဏီ ကို သီးသန့်ကုန်သွယ် ခွင့်တွေပေးခဲ့ပြီး အဲဒီကုမ္ပဏီဟာ အလက်စကာမှာ အုပ်ချုပ်ရေးဆိုင်ရာလုပ်ငန်း ဆောင်တာ တွေကိုလည်း လုပ်ဆောင်ခဲ့ ပါတယ်။
(၁၉) ရာစုအလယ်ပိုင်းရောက်တော့ ခရိုင်း မီးယားစစ်ပွဲကြောင့် စီးပွားရေးမတည်မငြိမ်ဖြစ်နေတဲ့ ရုရှားဟာ အလာစကာကို ရောင်းချဖို့ အခြေအနေ ကြည့်နေခဲ့ပါတယ်။ အဲဒီအချိန်က ကနေဒါကို အုပ် ချုပ်နေတဲ့ ဗြိတိန်ဟာ အဲဒီဒေသကို ဝယ်ယူဖို့ စိတ်ဝင် စားခဲ့ပါတယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ အမေရိကန်က သူတို့ရဲ့ ပြိုင်ဘက်ကို အဲဒီနယ်မြေကို မထိန်း ချုပ်စေချင်တာကြောင့် အမေရိကန်ဒေါ်လာ (၇ ဒသမ ၂) သန်းနဲ့ အလာစကာကို အမေရိကန်ဆီ ရောင်းချစေခဲ့ပါတယ်။
ခုချိန်မှာ ရုရှားနဲ့အမေရိကန်ကြား နိုင်ငံရေးတင်းမာမှုတွေ ဆိုးရွားလာခဲ့ပေမယ့် လွန်ခဲ့တဲ့ (၆၅) နှစ်ကျော် ရုရှား ကိုလိုနီဖြစ်ခဲ့တဲ့ အလက်စကာကို မဝယ်ယူခင်ကတော့ ခင်မင်ရင်းနှီးတဲ့ ဆက်ဆံရေး ရှိခဲ့ကြပါတယ်။ အမေရိကန်ပြည် တွင်းစစ်ဖြစ်ပွားနေတဲ့ (၁၈၆၃) ခုနှစ်မှာ ရုရှားရေတပ်တွေ နယူးယောက်နဲ့ ဆန်ဖရန်စစ္စကိုကို ရောက်ရှိလာပြီးနောက်ပိုင်း အမေရိကန်အရာရှိတွေနဲ့ နိုင်ငံရေးသမားတွေက ရုရှားကို ဥရောပရဲ့ အရင်းနှီးဆုံး အင်အားကြီးနိုင်ငံ တွေထဲက တစ်ခု အဖြစ် ရှုမြင်ခဲ့ကြပါတယ်။ နှစ်နိုင်ငံစလုံးမှာ ဖြစ်ပွားခဲ့တဲ့ နိုင်ငံရေးမတည်ငြိမ်မှု တွေကလည်း သူတို့ကို ပေါင်းစည်း စေခဲ့ပါတယ်။ ခေါင်းဆောင်တွေဆုံးရှုံးရတာ ဒါမှမဟုတ် လုပ်ကြံဖို့ ကြိုးပမ်းခံရတာတွေနဲ့ပတ်သက်ပြီး စာနာနားလည်မှု တွေ ရှိခဲ့တယ်လို့ သိရပါတယ်။ (၁၈၆၅) ခုနှစ်မှာ အမေရိကန်သမ္မတ အေဘရာဟမ်လင်ကွန်း လုပ်ကြံ ခံရမှုနဲ့ (၁၈၆၆) ခုနှစ်မှာ ရုရှားဧကရာဇ် ဒုတိယမြောက် အလက်ဇန္ဒား လုပ်ကြံဖို့ ကြိုးပမ်းခံရမှုတွေက သူတို့နှစ်နိုင်ငံကြား သမိုင်း ကြောင်းအရ နီးစပ်စေခဲ့ပါတယ်။
အဲဒီအချိန်တုန်းက ရုရှားက သူ့ရဲ့ အဓိက ပြိုင်ဘက်အဖြစ် သတ်မှတ်ထားဆဲဖြစ်တဲ့ ဗြိတိန်ထက် အမေရိကန် ကိုပိုပြီး နှစ်သက်ခဲ့တာကြောင့် အလက် စကာကို အမေရိကန်ဆီရောင်းချဖို့ ဆုံးဖြတ်ခဲ့တာ လည်းဖြစ်ပါတယ်။ ရုရှားဟာ အလက်စကာကို ဗြိတိန်လို မရင်းနှီးတဲ့နိုင်ငံတစ်နိုင်ငံရဲ့ လက်ထဲ ကျရောက်သွားတာထက်စာရင် အမေရိကန်လိုရင်း နှီးတဲ့နိုင်ငံတစ်နိုင်ငံကိုပေးလိုက်တာက ပိုကောင်း တယ်လို့ ယူဆခဲ့ပါတယ်၊ အဲဒီချိန်တုန်းက ရုရှားက ဗြိတိန်ကို နံပါတ်တစ်ရန်သူအဖြစ် သတ်မှတ်ထား ခဲ့တာလည်းဖြစ်ပါတယ်။
ထရမ့်နဲ့ ပူတင်ကြား ထိပ်သီးအစည်းအဝေး ကျင်းပဖို့အတွက် အလက်စကာကို သီးသန့်ရွေးချယ်ခဲ့တာတော့ မဟုတ်ပါဘူး။ နိုင်ငံတကာရာဇဝတ်မှုဆိုင်ရာ တရားရုံး (ICC) က ပူတင်ကို သူကျုးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေအတွက် ဖမ်းဝရမ်းထုတ်ပြန်ထားတာကြောင့် ပူတင်ဟာ ရောမစာချုပ်ဝင် နိုင်ငံပေါင်း (၁၂၅) နိုင်ငံကို ဝင်ရောက်ဖို့ ပိတ်ပင်ခံ ထားရပါတယ်။ ‘သူတို့နှစ်ဦး အစည်းအဝေးလုပ်တာကို ဘယ်နိုင်ငံကမှ သူတို့နယ်မြေမှာ လက်ခံကျင်းပဖို့ မလိုလားကြ ဘူး’ လို့ မွန်ဂိုမာရီရှိ အော်ဘာန်တက္ကသိုလ်ရဲ့ သမိုင်းနဲ့ ကမ္ဘာ့ယဉ်ကျေးမှုဌာန ဥက္ကဋ္ဌနဲ့ ပါမောက္ခ လီးဖဲရိုးက ပြောပါတယ်။ ‘နှစ်နိုင်ငံကြားက အလက်စကာကို ရွေးချယ်လိုက်ခြင်းအားဖြင့် မဟာဗျူဟာအရ လုံခြုံရေးရှုထောင့်ကနေ စီမံခန့်ခွဲဖို့ ပိုလွယ်ကူမှာ ဖြစ်ပြီး ပူတင်ဟာ နိုင်ငံတကာ တရားရုံးတစ်ခုခုက သူ့ကို ဖမ်းဆီးမှာကို စိုးရိမ်နေစရာ မလိုတော့ဘူး’ လို့ သူက သုံးသပ်ခဲ့ပါတယ်။
ဒါ့ပြင် ဒီထိပ်သီးအစည်းအဝေးကနေ အမေရိကန်က ရုရှားနဲ့ အလုပ်လုပ်နိုင်တဲ့ ဆက်ဆံရေးလမ်းကြောင်းကို ပြန်လည်တည်ဆောက်နိုင်ဖို့ မျှော်လင့်ချက်ရှိနေပါတယ်။ “ဒေါ်နယ်ထရမ့်က ရုရှား-ယူကရိန်းကိစ္စအတွက် ကြားဝင် စေ့စပ် ပေးသူဖြစ်ဖို့ ကြိုးစားနေတယ်ဆိုရင် ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် အဲဒီခင်မင်ရင်းနှီးမှုကို ပြန်လည်ဖော်ဆောင်ဖို့ အလက်စကာဟာ အကောင်းဆုံးနေ ရာပဲ” လို့ ဖဲရိုးက ထပ်မံသုံးသပ်ထားပါတယ်။ ဒီထိပ် သီးအစည်းအဝေးဟာ အမေရိကန်သမ္မတ ဂျိုးဘိုင် ဒန်နဲ့ ပူတင်တို့ (၂၀၂၁) ခုနှစ် ဂျီနီဗာမှာ တွေ့ဆုံခဲ့ပြီးနောက် အမေရိကန်နဲ့ ရုရှားခေါင်း ဆောင်တွေ ပထမဆုံးအကြိမ် တွေ့ဆုံကြတာ ဖြစ်ပါတယ်။
ဒုတိယကမ္ဘာစစ်အတွင်းမှာ အလက်စကာဟာ ဘဲရင်းရေလက်ကြားကနေတစ်ဆင့် ကူးတို့ သင်္ဘောတွေနဲ့ ဆိုဗီ ယက်ယူနီယံဆီကို လေယာဉ် ထောင်ပေါင်းများစွာ ပို့ဆောင်ပေးခဲ့တဲ့အတွက် အရေးပါတဲ့အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါ တယ်။ Alaska Fairbanks တက္ကသိုလ်က နိုင်ငံရေး သိပ္ပံပါမောက္ခနဲ့ အာတိတ်နဲ့ မြောက်ပိုင်းဆိုင်ရာ လေ့လာရေးဌာန ဒါရိုက်တာဖြစ်သူ Brandon Boylan ရဲ့ အဆိုအရ အလက်စကာဟာ စစ်အေးခေတ်ကုန်ဆုံးချိန်မှာ “ပထမဦးစားပေးကာ ကွယ်ရေးနယ်မြေ” ဖြစ်လာခဲ့တယ်လို့ ဆိုပါတယ် “ဆိုဗီယက်တွေဟာ အမေရိကန်ကို တိုက်ခိုက်မယ်ဆိုရင် မြောက်ဝင်ရိုး စွန်းကနေတစ်ဆင့် တိုက်ခိုက်လိမ့်မယ်လို့ ယူဆခဲ့ကြတယ်” လို့ သူက ပြောပါတယ်။ နျူကလီးယားစစ်ပွဲဖြစ်မှာကို စိုးရိမ်ပူပန်မှုတွေကြောင့် ဗုံးတွေနဲ့ ဒုံးကျည်တွေကို ထောက်လှမ်းနိုင်ဖို့ ကာကွယ်ရေးရေဒါစနစ်တစ်ခုကို အလက် စကာမှာ တည်ဆောက်ခဲ့ပါတယ်။
ယနေ့ခေတ်မှာတော့ အလက်စကာနဲ့ ရုရှားတို့ဟာ အာတိတ်စက်ဝိုင်းမှာ အကျိုးစီးပွားချင်း ထပ်နေပါတယ်။ နှစ်နိုင်ငံစလုံးဟာ အာတိတ်ကောင်စီမှာ ပါဝင်ကြပြီး သိပ္ပံဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု သမိုင်းကို ဆက်လက်ထိန်းသိမ်း ထားပါတယ်။ အလာစကာဟာ ရုရှားနဲ့နီးတဲ့အတွက် အာတိတ်စွမ်း အင်အရင်းအမြစ်တွေ၊ သင်္ဘောလမ်းကြောင်းတွေနဲ့ ရာသီဥတုသုတေသနတွေအတွက် မဟာဗျူဟာမြောက် အရေးပါမှုလည်းရှိပါတယ်။ အဲဒီအချက်တွေက ယူကရိန်း ပဋိပက္ခကြောင့် ကမ္ဘာ့ဈေးကွက် အတွက်ပိုပြီး အရေးပါလာတဲ့ အဖိုးတန်သတ္တုဓာတ် တွေနဲ့ စွမ်းအင်ထောက်ပံ့မှုတွေကို ရယူသုံးစွဲနိုင်ရေး အတွက် ထရမ့်-ပူတင်ကြား ဆွေးနွေးမယ့်အချက် တွေမှာ ပါဝင်လာနိုင်တယ်လို့ တချို့က သုံးသပ်ခဲ့ကြ ပါတယ်။
ဒါပေမဲ့ စနေနေ့ကထုတ်ပြန်ခဲ့တဲ့ သတင်းအချက်အလက်တွေအရ ခေါင်းဆောင်နှစ်ဦးကြားက ထိပ်သီးအစည်း အဝေးပွဲဟာ သဘောတူညီချက် တစ်စုံတရာမရရှိဘဲ ပြီးဆုံးသွားခဲ့တယ်လို့သိရပါတယ်။ လေ့လာသုံးသပ်သူတွေကတော့ (၂၀၂၂) ခုနှစ်မှာ ရုရှားက ယူကရိန်းကို အထူးစစ် ဆင်ရေးစ တင်ပြီးနောက်ပိုင်း အနောက်နိုင်ငံတွေက နှစ်ပေါင်း များစွာ ရှောင်ဖယ်ထားတာခံခဲ့ရတဲ့ ရုရှားသမ္မတ အတွက် ဒီအစည်းအဝေးဟာ ‘သံတမန်ရေးရာ အောင်ပွဲ’ တစ်ခု ဖြစ်ခဲ့တယ်လို့ သုံးသပ်ခဲ့ကြပါတယ်။ တံခါးပိတ်ဆွေးနွေးပွဲက သုံးနာရီမပြည့်ခဲ့ ပေမယ့် ခေါင်းဆောင်နှစ်ဦးဟာ သတင်းထောက် တွေနဲ့တွေ့ဆုံခဲ့ပါတယ်။ နှစ်ဦးစလုံးက ဘယ်ကိစ္စတွေမှာ တိုးတက်မှုရခဲ့တယ်ဆိုတာ အသေးစိတ် မပြောသလို မေးခွန်း အများစုကိုလည်း ဖြေကြားခဲ့ခြင်း မရှိပါဘူး။
ခေါင်းဆောင်နှစ်ဦးတွေ့ဆုံရာမှာ ပူတင်က အရင်ဦးဆုံး စတင်စကားဆိုခဲ့တယ်လို့သိရပါတယ်။ အလက် စကာဟာ ရုရှားနဲ့ ပထဝီဝင်အရ နီးစပ်တာ ကြောင့် ထရမ့်ကို ‘မင်္ဂလာနေ့လယ်ခင်းပါ၊ ချစ်လှ စွာသော အိမ်နီးချင်း’ လို့ နှုတ်ဆက်ခဲ့ကြောင်း သိရပါတယ်။ ဒါ့ပြင် ပူတင်က ထရမ့်နဲ့ တွေ့ဆုံတာဟာ “နောက်ကျနေတဲ့တွေ့ဆုံမှု” ဖြစ်ပြီး “ကျွန်တော် တို့နှစ်ဦးကြား တွေ့ဆုံဆွေးနွေးမှုတွေက ယူကရိန်းမှာ ငြိမ်းချမ်းရေးအတွက် လမ်းခင်းပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်” လို့ ပြောခဲ့ပါတယ်။ ထရမ့်ကတော့ ဒီတွေ့ဆုံမှုအပြီးမှာ “သဘောတူညီချက် တစ်စုံ တရာမရှိသေး ပါဘူး” လို့ ဝန်ခံခဲ့ပါတယ်။ ပူတင်ကတော့ သူတို့ရဲ့ ဆွေးနွေးမှုဟာ ပဋိပက္ခကို အဆုံးသတ်ဖို့အတွက် “လမ်းòန်ချက် တစ်ခု” အဖြစ် ဖော်ပြခဲ့ပြီးအရေးကြီးတာက ဝါရှင်တန်နဲ့ မော်စကိုကြား သံတမန်နဲ့ စီးပွားရေးဆိုင်ရာ ဆက်ဆံရေး ပိုကောင်းလာဖို့အတွက် အလားအလာရှိတဲ့ တွေ့ဆုံမှုတစ်ခုဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ ဒါကြောင့် အမေရိကန်နဲ့ ရုရှားကြားတွေ့ဆုံမှုက ဘယ်လို ရလဒ်မှ မထွက်ခဲ့သည့်တိုင်အောင် သံတမန် ရေးအရ တိုးတက်ဖို့ အခြေအနေ တွေရှိခဲ့တာကြောင့် အလက်စကာဆွေးနွေးပွဲဟာ သမိုင်းမှတ်တိုင်တစ်ခု ဖြစ်ခဲ့တယ်လို့ ဆိုရင် မမှားနိုင်ပါ။
ကိုးကားချက်-
• https://time.com/7309728/alaska-trump-putin-summit/
• https://www.dw.com/en/why-alaska-was-chosen-to-host-the-putin-trump-summit/a-73642606
• https://www.aljazeera.com/news/ 2025/8/16/trump-putin-end-short-summit-without-ceasefire-
deal-in-ukraine

Zawgyi Version:
အေမရိကန္-႐ုရွား ဆက္ဆံေရးကို ျပန္လည္ေႏြးေထြးေစတဲ့ အလက္စကာ
(ဘာသာျပန္ေဆာင္းပါး)
တင္ဇာ(NP News)
သမၼတထရမ့္နဲ႔ ဗလာဒီမာပူတင္တို႔ဟာ ဩဂုတ္လ၊ (၁၅) ရက္က ခဏတာ ထိပ္သီးအစည္း အေဝးတစ္ခု ျပဳလုပ္ ခဲ့ၾကပါတယ္။ အစည္းအေဝးက သေဘာတူညီမႈမရဘဲ ၿပီးဆုံးသြားေပမဲ့လည္း သမၼတထရမ့္က အပစ္အခတ္ရပ္စဲ ေရးအတြက္ ]ႀကီး မားတဲ့တိုးတက္မႈ ‘ရွိခဲ့တယ္လို႔ ခ်ီးက်ဴးေျပာဆိုခဲ့ပါတယ္။ ေခါင္းစဥ္ႏွစ္ဦးေတြ႕ဆုံခဲ့တဲ့ အေမရိကန္ရဲ႕ အလက္စကာျပည္နယ္ဟာ ႐ုရွားေျမနဲ႔နက္ရႈိင္းတဲ့ သမိုင္းေၾကာင္းဆိုင္ရာ ဆက္ႏႊယ္မႈေတြရွိေနပါတယ္။ အလက္စကာ ျပည္နယ္ဟာ အေမရိကန္နဲ႔ ႐ုရွားၾကားမွာ ပထဝီဝင္အရ အနီးဆုံးေနရာျဖစ္ၿပီး ဘဲရင္းေရလက္ၾကားနဲ႔ ပိုင္းျခားထား တာေၾကာင့္ ႐ုရွားႏိုင္ငံနဲ႔ (၅၅) မိုင္ပဲ ေဝးပါတယ္။ အလက္စကာဟာ အေမရိကန္နဲ႔ ႐ုရွားကို အိမ္နီးခ်င္းျဖစ္ေစ ႐ုံတင္မ ကဘဲ ႐ုရွားအင္ပါယာဆီကေန (၄၉) ခုေျမာက္ ျပည္နယ္အျဖစ္ ဝယ္ယူခဲ့တာကေနစၿပီး ႏွစ္ႏိုင္ငံၾကား ပူးေပါင္း ေဆာင္႐ြက္မႈေတြ၊ တင္းမာမႈေတြ၊ ပဋိပကၡ ေတြ ျဖစ္ပြားေစခဲ့တဲ့ ေနရာတစ္ခုလည္း ျဖစ္ပါတယ္။
အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ဟာ ပထဝီဝင္အရ အလြန္သင့္ေတာ္တဲ့ အလက္စကာမွာ ႐ုရွားသမၼတ ဗလာဒီမီယာပူတင္နဲ႔ ယူကရိန္းအေရး ထိပ္သီးအစည္းအေဝးကို လက္ခံက်င္းပေပးျခင္းအားျဖင့္ သူ႔အတြက္ လြယ္ကူ ေအာင္ လိုက္ေလ်ာညီေထြျဖစ္ ေအာင္လုပ္ေဆာင္ေပးခဲ့ပါတယ္။ အစည္းအေဝး က်င္းပမယ့္ Joint Base Elmendorf-Richard son ကို ေရာက္ဖို႔အတြက္ ထရမ့္ဟာ ဝါရွင္တန္ကေန ကီလိုမီတာ (၅,၄၀ဝ) ခန႔္ ေလယာဥ္နဲ႔ ပ်ံသန္းခဲ့ရပါတယ္။ အဲဒီစစ္ဘက္အေျခစိုက္စခန္းကေတာ့ အလက္စကာရဲ႕ အႀကီးဆုံးၿမိဳ႕ျဖစ္တဲ့ Anchorage ရဲ႕ေျမာက္ဘက္မွာ တည္ရွိပါ တယ္။ ပူတင္ကေတာ့ အလက္စကာစစ္ဘက္အေျခစိုက္စခန္းကိုေရာက္ဖို႔ ကီလိုမီတာ (၇ယဝဝဝ)နီးပါး ေလယာဥ္နဲ႔ပ်ံ သန္းခဲ့ရပါတယ္။
သမိုင္းေၾကာင္းအရ အလက္စကာဟာ အေမရိကန္နဲ႔ ႐ုရွားႏွစ္ႏိုင္ငံလုံးနဲ႔ ဆက္ႏႊယ္မႈေတြ ရွိတဲ့ေနရာတစ္ခု ျဖစ္ပါတယ္။ လြန္ခဲ့တဲ့ ႏွစ္ေပါင္း (၁၀,ဝဝဝ) ခန႔္၊ ေရခဲေခတ္အဆုံးသတ္ခ်ိန္က ႐ုရွား အေရွ႕ဖ်ားနဲ႔ အလက္စကာကို ကုန္းေျမတံတား တစ္ခုက တစ္ခ်ိန္က ဆက္သြယ္ထားဖူးပါတယ္။ အဲဒါဟာ ပထမဆုံးလူသားေတြ အေမရိကတိုက္ကို ေရာက္ရွိလာပုံျဖစ္ႏိုင္ပါတယ္။ အဲဒီေနာက္ ပင္လယ္ ေရမ်က္ႏွာျပင္ျမင့္တက္လာတဲ့အတြက္ ဘဲရင္းေရ လက္ၾကားကို ျဖတ္သန္းသြားလာလို႔ မရေတာ့တာေၾကာင့္ အလက္စကာေဒသခံေတြဟာ တသီးတသန႔္ ျဖစ္သြားခဲ့ပါတယ္။ အလက္ စကာဆိုတဲ့နာမည္ဟာ အဲဒီေဒသမွာေနထိုင္တဲ့ Aleutian ကြၽန္းသူ ကြၽန္းသားေတြက အဲဒီေဒသကိုေခၚတဲ့ Aleut ဘာသာ စကား “Alyaska” ဆိုတဲ့ စကားလုံးကေန ဆင္းသက္လာတာ ျဖစ္ပါတယ္။
(၁၇၂၅) ခုႏွစ္မွာ ႐ုရွားဇာဘုရင္ ပီတာ သည္ဂရိတ္ဟာ ေရတပ္သား ဗီတပ္စ္ ဘဲရင္းကို စူးစမ္းရွာေဖြေရး ခရီး တစ္ခု ေစလႊတ္ခဲ့ပါတယ္။ အဲဒီ ခရီးမွာ သူဟာ ဒီကေန႔ ဘဲရင္းေရလက္ၾကားလို႔ ေခၚတဲ့ေနရာကို ျဖတ္ေက်ာ္ခဲ့ပါတယ္။ အဲဒီေနာက္ ဆယ္စုႏွစ္ေတြအတြင္းမွာ ႐ုရွားေရတပ္သားေတြဟာ အလက္စကာရဲ႕ ေနရာအသီးသီးကို ေရာက္ရွိလာၿပီး အေျခခ်ေနထိုင္ရာေနရာေတြ တည္ေထာင္ကာ အက်ိဳးအျမတ္မ်ားတဲ့ သားေမြးကုန္သြယ္ေရး လုပ္ငန္းကို လုပ္ကိုင္ခဲ့ ၾကပါတယ္။ (၁၇၉၉) ခုႏွစ္မွာေတာ့ ဇာဘုရင္ ပထမေပါလ္က ႐ုရွား-အေမရိကန္ကုမၸဏီ ကို သီးသန႔္ကုန္သြယ္ ခြင့္ေတြေပးခဲ့ၿပီး အဲဒီကုမၸဏီဟာ အလက္စကာမွာ အုပ္ခ်ဳပ္ေရးဆိုင္ရာလုပ္ငန္း ေဆာင္တာ ေတြကိုလည္း လုပ္ေဆာင္ခဲ့ ပါတယ္။
(၁၉) ရာစုအလယ္ပိုင္းေရာက္ေတာ့ ခ႐ိုင္း မီးယားစစ္ပြဲေၾကာင့္ စီးပြားေရးမတည္မၿငိမ္ျဖစ္ေနတဲ့ ႐ုရွားဟာ အလာစကာကို ေရာင္းခ်ဖို႔ အေျခအေန ၾကည့္ေနခဲ့ပါတယ္။ အဲဒီအခ်ိန္က ကေနဒါကို အုပ္ ခ်ဳပ္ေနတဲ့ ၿဗိတိန္ဟာ အဲဒီေဒသကို ဝယ္ယူဖို႔ စိတ္ဝင္ စားခဲ့ပါတယ္။ ဒါေပမဲ့ ေနာက္ဆုံးမွာေတာ့ အေမရိကန္က သူတို႔ရဲ႕ ၿပိဳင္ဘက္ကို အဲဒီနယ္ေျမကို မထိန္း ခ်ဳပ္ေစခ်င္တာေၾကာင့္ အေမရိကန္ေဒၚလာ (၇ ဒသမ ၂) သန္းနဲ႔ အလာစကာကို အေမရိကန္ဆီ ေရာင္းခ်ေစခဲ့ပါတယ္။
ခုခ်ိန္မွာ ႐ုရွားနဲ႔အေမရိကန္ၾကား ႏိုင္ငံေရးတင္းမာမႈေတြ ဆိုး႐ြားလာခဲ့ေပမယ့္ လြန္ခဲ့တဲ့ (၆၅) ႏွစ္ေက်ာ္ ႐ုရွား ကိုလိုနီျဖစ္ခဲ့တဲ့ အလက္စကာကို မဝယ္ယူခင္ကေတာ့ ခင္မင္ရင္းႏွီးတဲ့ ဆက္ဆံေရး ရွိခဲ့ၾကပါတယ္။ အေမရိကန္ျပည္ တြင္းစစ္ျဖစ္ပြားေနတဲ့ (၁၈၆၃) ခုႏွစ္မွာ ႐ုရွားေရတပ္ေတြ နယူးေယာက္နဲ႔ ဆန္ဖရန္စစၥကိုကို ေရာက္ရွိလာၿပီးေနာက္ပိုင္း အေမရိကန္အရာရွိေတြနဲ႔ ႏိုင္ငံေရးသမားေတြက ႐ုရွားကို ဥေရာပရဲ႕ အရင္းႏွီးဆုံး အင္အားႀကီးႏိုင္ငံ ေတြထဲက တစ္ခု အျဖစ္ ရႈျမင္ခဲ့ၾကပါတယ္။ ႏွစ္ႏိုင္ငံစလုံးမွာ ျဖစ္ပြားခဲ့တဲ့ ႏိုင္ငံေရးမတည္ၿငိမ္မႈ ေတြကလည္း သူတို႔ကို ေပါင္းစည္း ေစခဲ့ပါတယ္။ ေခါင္းေဆာင္ေတြဆုံးရႈံးရတာ ဒါမွမဟုတ္ လုပ္ႀကံဖို႔ ႀကိဳးပမ္းခံရတာေတြနဲ႔ပတ္သက္ၿပီး စာနာနားလည္မႈ ေတြ ရွိခဲ့တယ္လို႔ သိရပါတယ္။ (၁၈၆၅) ခုႏွစ္မွာ အေမရိကန္သမၼတ ေအဘရာဟမ္လင္ကြန္း လုပ္ႀကံ ခံရမႈနဲ႔ (၁၈၆၆) ခုႏွစ္မွာ ႐ုရွားဧကရာဇ္ ဒုတိယေျမာက္ အလက္ဇႏၵား လုပ္ႀကံဖို႔ ႀကိဳးပမ္းခံရမႈေတြက သူတို႔ႏွစ္ႏိုင္ငံၾကား သမိုင္း ေၾကာင္းအရ နီးစပ္ေစခဲ့ပါတယ္။
အဲဒီအခ်ိန္တုန္းက ႐ုရွားက သူ႔ရဲ႕ အဓိက ၿပိဳင္ဘက္အျဖစ္ သတ္မွတ္ထားဆဲျဖစ္တဲ့ ၿဗိတိန္ထက္ အေမရိကန္ ကိုပိုၿပီး ႏွစ္သက္ခဲ့တာေၾကာင့္ အလက္ စကာကို အေမရိကန္ဆီေရာင္းခ်ဖို႔ ဆုံးျဖတ္ခဲ့တာ လည္းျဖစ္ပါတယ္။ ႐ုရွားဟာ အလက္စကာကို ၿဗိတိန္လို မရင္းႏွီးတဲ့ႏိုင္ငံတစ္ႏိုင္ငံရဲ႕ လက္ထဲ က်ေရာက္သြားတာထက္စာရင္ အေမရိကန္လိုရင္း ႏွီးတဲ့ႏိုင္ငံတစ္ႏိုင္ငံကိုေပးလိုက္တာက ပိုေကာင္း တယ္လို႔ ယူဆခဲ့ပါတယ္၊ အဲဒီခ်ိန္တုန္းက ႐ုရွားက ၿဗိတိန္ကို နံပါတ္တစ္ရန္သူအျဖစ္ သတ္မွတ္ထား ခဲ့တာလည္းျဖစ္ပါတယ္။
ထရမ့္နဲ႔ ပူတင္ၾကား ထိပ္သီးအစည္းအေဝး က်င္းပဖို႔အတြက္ အလက္စကာကို သီးသန႔္ေ႐ြးခ်ယ္ခဲ့တာေတာ့ မဟုတ္ပါဘူး။ ႏိုင္ငံတကာရာဇဝတ္မႈဆိုင္ရာ တရား႐ုံး (ICC) က ပူတင္ကို သူက်ဳးလြန္ခဲ့တဲ့ စစ္ရာဇဝတ္မႈေတြအတြက္ ဖမ္းဝရမ္းထုတ္ျပန္ထားတာေၾကာင့္ ပူတင္ဟာ ေရာမစာခ်ဳပ္ဝင္ ႏိုင္ငံေပါင္း (၁၂၅) ႏိုင္ငံကို ဝင္ေရာက္ဖို႔ ပိတ္ပင္ခံ ထားရပါတယ္။ ‘သူတို႔ႏွစ္ဦး အစည္းအေဝးလုပ္တာကို ဘယ္ႏိုင္ငံကမွ သူတို႔နယ္ေျမမွာ လက္ခံက်င္းပဖို႔ မလိုလားၾက ဘူး’ လို႔ မြန္ဂိုမာရီရွိ ေအာ္ဘာန္တကၠသိုလ္ရဲ႕ သမိုင္းနဲ႔ ကမာၻ႔ယဥ္ေက်းမႈဌာန ဥကၠ႒နဲ႔ ပါေမာကၡ လီးဖဲ႐ိုးက ေျပာပါတယ္။ ‘ႏွစ္ႏိုင္ငံၾကားက အလက္စကာကို ေ႐ြးခ်ယ္လိုက္ျခင္းအားျဖင့္ မဟာဗ်ဴဟာအရ လုံၿခဳံေရးရႈေထာင့္ကေန စီမံခန႔္ခြဲဖို႔ ပိုလြယ္ကူမွာ ျဖစ္ၿပီး ပူတင္ဟာ ႏိုင္ငံတကာ တရား႐ုံးတစ္ခုခုက သူ႔ကို ဖမ္းဆီးမွာကို စိုးရိမ္ေနစရာ မလိုေတာ့ဘူး’ လို႔ သူက သုံးသပ္ခဲ့ပါတယ္။
ဒါ့ျပင္ ဒီထိပ္သီးအစည္းအေဝးကေန အေမရိကန္က ႐ုရွားနဲ႔ အလုပ္လုပ္ႏိုင္တဲ့ ဆက္ဆံေရးလမ္းေၾကာင္းကို ျပန္လည္တည္ေဆာက္ႏိုင္ဖို႔ ေမွ်ာ္လင့္ခ်က္ရွိေနပါတယ္။ “ေဒၚနယ္ထရမ့္က ႐ုရွား-ယူကရိန္းကိစၥအတြက္ ၾကားဝင္ ေစ့စပ္ ေပးသူျဖစ္ဖို႔ ႀကိဳးစားေနတယ္ဆိုရင္ ကမာၻ႔ၿငိမ္းခ်မ္းေရးအတြက္ အဲဒီခင္မင္ရင္းႏွီးမႈကို ျပန္လည္ေဖာ္ေဆာင္ဖို႔ အလက္စကာဟာ အေကာင္းဆုံးေန ရာပဲ” လို႔ ဖဲ႐ိုးက ထပ္မံသုံးသပ္ထားပါတယ္။ ဒီထိပ္ သီးအစည္းအေဝးဟာ အေမရိကန္သမၼတ ဂ်ိဳးဘိုင္ ဒန္နဲ႔ ပူတင္တို႔ (၂၀၂၁) ခုႏွစ္ ဂ်ီနီဗာမွာ ေတြ႕ဆုံခဲ့ၿပီးေနာက္ အေမရိကန္နဲ႔ ႐ုရွားေခါင္း ေဆာင္ေတြ ပထမဆုံးအႀကိမ္ ေတြ႕ဆုံၾကတာ ျဖစ္ပါတယ္။
ဒုတိယကမာၻစစ္အတြင္းမွာ အလက္စကာဟာ ဘဲရင္းေရလက္ၾကားကေနတစ္ဆင့္ ကူးတို႔ သေဘၤာေတြနဲ႔ ဆိုဗီ ယက္ယူနီယံဆီကို ေလယာဥ္ ေထာင္ေပါင္းမ်ားစြာ ပို႔ေဆာင္ေပးခဲ့တဲ့အတြက္ အေရးပါတဲ့အခန္းက႑ကေန ပါဝင္ခဲ့ပါ တယ္။ Alaska Fairbanks တကၠသိုလ္က ႏိုင္ငံေရး သိပၸံပါေမာကၡနဲ႔ အာတိတ္နဲ႔ ေျမာက္ပိုင္းဆိုင္ရာ ေလ့လာေရးဌာန ဒါ႐ိုက္တာျဖစ္သူ Brandon Boylan ရဲ႕ အဆိုအရ အလက္စကာဟာ စစ္ေအးေခတ္ကုန္ဆုံးခ်ိန္မွာ “ပထမဦးစားေပးကာ ကြယ္ေရးနယ္ေျမ” ျဖစ္လာခဲ့တယ္လို႔ ဆိုပါတယ္ “ဆိုဗီယက္ေတြဟာ အေမရိကန္ကို တိုက္ခိုက္မယ္ဆိုရင္ ေျမာက္ဝင္႐ိုး စြန္းကေနတစ္ဆင့္ တိုက္ခိုက္လိမ့္မယ္လို႔ ယူဆခဲ့ၾကတယ္” လို႔ သူက ေျပာပါတယ္။ န်ဴကလီးယားစစ္ပြဲျဖစ္မွာကို စိုးရိမ္ပူပန္မႈေတြေၾကာင့္ ဗုံးေတြနဲ႔ ဒုံးက်ည္ေတြကို ေထာက္လွမ္းႏိုင္ဖို႔ ကာကြယ္ေရးေရဒါစနစ္တစ္ခုကို အလက္ စကာမွာ တည္ေဆာက္ခဲ့ပါတယ္။
ယေန႔ေခတ္မွာေတာ့ အလက္စကာနဲ႔ ႐ုရွားတို႔ဟာ အာတိတ္စက္ဝိုင္းမွာ အက်ိဳးစီးပြားခ်င္း ထပ္ေနပါတယ္။ ႏွစ္ႏိုင္ငံစလုံးဟာ အာတိတ္ေကာင္စီမွာ ပါဝင္ၾကၿပီး သိပၸံဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္မႈ သမိုင္းကို ဆက္လက္ထိန္းသိမ္း ထားပါတယ္။ အလာစကာဟာ ႐ုရွားနဲ႔နီးတဲ့အတြက္ အာတိတ္စြမ္း အင္အရင္းအျမစ္ေတြ၊ သေဘၤာလမ္းေၾကာင္းေတြနဲ႔ ရာသီဥတုသုေတသနေတြအတြက္ မဟာဗ်ဴဟာေျမာက္ အေရးပါမႈလည္းရွိပါတယ္။ အဲဒီအခ်က္ေတြက ယူကရိန္း ပဋိပကၡေၾကာင့္ ကမာၻ႔ေဈးကြက္ အတြက္ပိုၿပီး အေရးပါလာတဲ့ အဖိုးတန္သတၱဳဓာတ္ ေတြနဲ႔ စြမ္းအင္ေထာက္ပံ့မႈေတြကို ရယူသုံးစြဲႏိုင္ေရး အတြက္ ထရမ့္-ပူတင္ၾကား ေဆြးေႏြးမယ့္အခ်က္ ေတြမွာ ပါဝင္လာႏိုင္တယ္လို႔ တခ်ိဳ႕က သုံးသပ္ခဲ့ၾက ပါတယ္။
ဒါေပမဲ့ စေနေန႔ကထုတ္ျပန္ခဲ့တဲ့ သတင္းအခ်က္အလက္ေတြအရ ေခါင္းေဆာင္ႏွစ္ဦးၾကားက ထိပ္သီးအစည္း အေဝးပြဲဟာ သေဘာတူညီခ်က္ တစ္စုံတရာမရရွိဘဲ ၿပီးဆုံးသြားခဲ့တယ္လို႔သိရပါတယ္။ ေလ့လာသုံးသပ္သူေတြကေတာ့ (၂၀၂၂) ခုႏွစ္မွာ ႐ုရွားက ယူကရိန္းကို အထူးစစ္ ဆင္ေရးစ တင္ၿပီးေနာက္ပိုင္း အေနာက္ႏိုင္ငံေတြက ႏွစ္ေပါင္း မ်ားစြာ ေရွာင္ဖယ္ထားတာခံခဲ့ရတဲ့ ႐ုရွားသမၼတ အတြက္ ဒီအစည္းအေဝးဟာ ‘သံတမန္ေရးရာ ေအာင္ပြဲ’ တစ္ခု ျဖစ္ခဲ့တယ္လို႔ သုံးသပ္ခဲ့ၾကပါတယ္။ တံခါးပိတ္ေဆြးေႏြးပြဲက သုံးနာရီမျပည့္ခဲ့ ေပမယ့္ ေခါင္းေဆာင္ႏွစ္ဦးဟာ သတင္းေထာက္ ေတြနဲ႔ေတြ႕ဆုံခဲ့ပါတယ္။ ႏွစ္ဦးစလုံးက ဘယ္ကိစၥေတြမွာ တိုးတက္မႈရခဲ့တယ္ဆိုတာ အေသးစိတ္ မေျပာသလို ေမးခြန္း အမ်ားစုကိုလည္း ေျဖၾကားခဲ့ျခင္း မရွိပါဘူး။
ေခါင္းေဆာင္ႏွစ္ဦးေတြ႕ဆုံရာမွာ ပူတင္က အရင္ဦးဆုံး စတင္စကားဆိုခဲ့တယ္လို႔သိရပါတယ္။ အလက္ စကာဟာ ႐ုရွားနဲ႔ ပထဝီဝင္အရ နီးစပ္တာ ေၾကာင့္ ထရမ့္ကို ‘မဂၤလာေန႔လယ္ခင္းပါ၊ ခ်စ္လွ စြာေသာ အိမ္နီးခ်င္း’ လို႔ ႏႈတ္ဆက္ခဲ့ေၾကာင္း သိရပါတယ္။ ဒါ့ျပင္ ပူတင္က ထရမ့္နဲ႔ ေတြ႕ဆုံတာဟာ “ေနာက္က်ေနတဲ့ေတြ႕ဆုံမႈ” ျဖစ္ၿပီး “ကြၽန္ေတာ္ တို႔ႏွစ္ဦးၾကား ေတြ႕ဆုံေဆြးေႏြးမႈေတြက ယူကရိန္းမွာ ၿငိမ္းခ်မ္းေရးအတြက္ လမ္းခင္းေပးႏိုင္မယ္လို႔ ေမွ်ာ္လင့္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။ ထရမ့္ကေတာ့ ဒီေတြ႕ဆုံမႈအၿပီးမွာ “သေဘာတူညီခ်က္ တစ္စုံ တရာမရွိေသး ပါဘူး” လို႔ ဝန္ခံခဲ့ပါတယ္။ ပူတင္ကေတာ့ သူတို႔ရဲ႕ ေဆြးေႏြးမႈဟာ ပဋိပကၡကို အဆုံးသတ္ဖို႔အတြက္ “လမ္းòန္ခ်က္ တစ္ခု” အျဖစ္ ေဖာ္ျပခဲ့ၿပီးအေရးႀကီးတာက ဝါရွင္တန္နဲ႔ ေမာ္စကိုၾကား သံတမန္နဲ႔ စီးပြားေရးဆိုင္ရာ ဆက္ဆံေရး ပိုေကာင္းလာဖို႔အတြက္ အလားအလာရွိတဲ့ ေတြ႕ဆုံမႈတစ္ခုျဖစ္တယ္လို႔ ေျပာခဲ့ပါတယ္။ ဒါေၾကာင့္ အေမရိကန္နဲ႔ ႐ုရွားၾကားေတြ႕ဆုံမႈက ဘယ္လို ရလဒ္မွ မထြက္ခဲ့သည့္တိုင္ေအာင္ သံတမန္ ေရးအရ တိုးတက္ဖို႔ အေျခအေန ေတြရွိခဲ့တာေၾကာင့္ အလက္စကာေဆြးေႏြးပြဲဟာ သမိုင္းမွတ္တိုင္တစ္ခု ျဖစ္ခဲ့တယ္လို႔ ဆိုရင္ မမွားႏိုင္ပါ။
ကိုးကားခ်က္-
• https://time.com/7309728/alaska-trump-putin-summit/
• https://www.dw.com/en/why-alaska-was-chosen-to-host-the-putin-trump-summit/a-73642606
• https://www.aljazeera.com/news/ 2025/8/16/trump-putin-end-short-summit-without-ceasefire-
deal-in-ukraine

Related news

© 2021. All rights reserved.