တိုင်ဖွန်းမုန်တိုင်း “ကဂျိကိ”အရှိန်ကြောင့် မြန်မာတစ်နိုင်ငံလုံး ယနေ့ မှစ၍ လာမည့် (၅)ရက်အတွင်း မိုးထစ်ချုန်းရွာသွန်း နိုင်

 423

စော(NP News)- ဩဂုတ် ၂၅
တိုင်ဖွန်းမုန်တိုင်း “ကဂျိဂိ”အရှိန်ကြောင့် မြန်မာတစ်နိုင်ငံလုံး ယနေ့ မှစ၍ လာမည့် ဩဂုတ်လ (၂၉)ရက်နေ့အတွင်း မိုးထစ်ချုန်းရွာသွန်းနိုင်ကြောင်း မိုးလေဝသနနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ (ဩဂုတ်လ ၂၅ ရက်)၊ မွန်းလွဲ (၂)နာရီအချိန် အသိပေးထုတ်ပြန်ထားသည်။
မိုးဇလ၏ ထုတ်ပြန်ချက်အရ တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော တိုင်ဖွန်းမုန်တိုင်း “ကဂျိကိ” (KAJIKI) သည် အနောက်ဘက်သို့ ရွေ့လျားခဲ့ပြီး တုံကင်ပင်လယ်ပြင်သို့ ရောက်ရှိခဲ့ကာ ဗီယက်နမ်နိုင်ငံ၊ ဗင့်မြို့(Vinh)၏ အရှေ့-အရှေ့တောင်ဘက် ရေမိုင် ၃၀ မိုင်ခန့်၊ ဒါနန်းမြို့ (Da Nang) ၏ မြောက်-အနောက်မြောက်ဘက် ရေမိုင် ၁၉၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း သိရသည်။
ထို့ကြောင့် လာမည့် (၂၄) နာရီအတွင်း ခန့်မှန်းချက်အရ ယင်းတိုင်ဖွန်းမုန်တိုင်းသည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး လာမည့် (၆) နာရီအတွင်း ဗီယက်နမ်နိုင်ငံ ကမ်းခြေကို ဗင့်မြို့အနီးမှ ဖြတ်ကျော်နိုင်ကြောင်း ထုတ်ပြန်ထားသည်။
ထိုမှတစ်ဆင့် လာမည့် (၂၄) နာရီအတွင်း ဗီယက်နမ်နိုင်ငံနှင့် လာအိုနိုင်ငံ အထက်ပိုင်းဒေသများကို ဆက်လက်ဖြတ်ကျော်နိုင်ပြီး အပူပိုင်းမုန်တိုင်းအဖြစ်သို့ အားလျော့သွားနိုင်ကြောင်း မိုးဇလမှ ခန့်မှန်းထားသည်။

အဆိုပါ တိုင်ဖွန်းမုန်တိုင်း “ကဂျိကိ”၏ အရှိန်ကြောင့် ယနေ့ ဩဂုတ်လ (၂၅)ရက် ၊ မွန်းလွဲ မှ (၂၉) ရက်အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး‌၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ကြောင်း သိရသည်။
ထို့ပြင် အချို့ဒေသများတွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးနိုင်ကြောင်းလည်း ထုတ်ပြန်ထားသည်။
ထို့ကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုနိုင်ပါရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊‌ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အသိပေးထားသည်။

Zawgyi Version:
တိုင္ဖြန္းမုန္တိုင္း “ကဂ်ိကိ”အရွိန္ေၾကာင့္ ျမန္မာတစ္ႏိုင္ငံလုံး ယေန႔ မွစ၍ လာမည့္ (၅)ရက္အတြင္း မိုးထစ္ခ်ဳန္း႐ြာသြန္း ႏိုင္

ေစာ(NP News)- ဩဂုတ္ ၂၅
တိုင္ဖြန္းမုန္တိုင္း “ကဂ်ိဂိ”အရွိန္ေၾကာင့္ ျမန္မာတစ္ႏိုင္ငံလုံး ယေန႔ မွစ၍ လာမည့္ ဩဂုတ္လ (၂၉)ရက္ေန႔အတြင္း မိုးထစ္ခ်ဳန္း႐ြာသြန္းႏိုင္ေၾကာင္း မိုးေလဝသနႏွင့္ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနက ယေန႔ (ဩဂုတ္လ ၂၅ ရက္)၊ မြန္းလြဲ (၂)နာရီအခ်ိန္ အသိေပးထုတ္ျပန္ထားသည္။
မိုးဇလ၏ ထုတ္ျပန္ခ်က္အရ ေတာင္တ႐ုတ္ပင္လယ္ျပင္တြင္ ျဖစ္ေပၚေနေသာ တိုင္ဖြန္းမုန္တိုင္း “ကဂ်ိကိ” (KAJIKI) သည္ အေနာက္ဘက္သို႔ ေ႐ြ႕လ်ားခဲ့ၿပီး တုံကင္ပင္လယ္ျပင္သို႔ ေရာက္ရွိခဲ့ကာ ဗီယက္နမ္ႏိုင္ငံ၊ ဗင့္ၿမိဳ႕(Vinh)၏ အေရွ႕-အေရွ႕ေတာင္ဘက္ ေရမိုင္ ၃၀ မိုင္ခန႔္၊ ဒါနန္းၿမိဳ႕ (Da Nang) ၏ ေျမာက္-အေနာက္ေျမာက္ဘက္ ေရမိုင္ ၁၉၀ မိုင္ခန႔္အကြာ ပင္လယ္ျပင္ကို ဗဟိုျပဳေနေၾကာင္း သိရသည္။
ထို႔ေၾကာင့္ လာမည့္ (၂၄) နာရီအတြင္း ခန္႔မွန္းခ်က္အရ ယင္းတိုင္ဖြန္းမုန္တိုင္းသည္ အေနာက္-အေနာက္ေျမာက္ဘက္သို႔ ေ႐ြ႕လ်ားႏိုင္ၿပီး လာမည့္ (၆) နာရီအတြင္း ဗီယက္နမ္ႏိုင္ငံ ကမ္းေျခကို ဗင့္ၿမိဳ႕အနီးမွ ျဖတ္ေက်ာ္ႏိုင္ေၾကာင္း ထုတ္ျပန္ထားသည္။
ထိုမွတစ္ဆင့္ လာမည့္ (၂၄) နာရီအတြင္း ဗီယက္နမ္ႏိုင္ငံႏွင့္ လာအိုႏိုင္ငံ အထက္ပိုင္းေဒသမ်ားကို ဆက္လက္ျဖတ္ေက်ာ္ႏိုင္ၿပီး အပူပိုင္းမုန္တိုင္းအျဖစ္သို႔ အားေလ်ာ့သြားႏိုင္ေၾကာင္း မိုးဇလမွ ခန႔္မွန္းထားသည္။

အဆိုပါ တိုင္ဖြန္းမုန္တိုင္း “ကဂ်ိကိ”၏ အရွိန္ေၾကာင့္ ယေန႔ ဩဂုတ္လ (၂၅)ရက္ ၊ မြန္းလြဲ မွ (၂၉) ရက္အတြင္း ေနျပည္ေတာ္၊ ရန္ကုန္တိုင္းေဒသႀကီး၊ မႏၲေလးတိုင္းေဒသႀကီး၊ ပဲခူးတိုင္းေဒသႀကီး၊ မေကြးတိုင္းေဒသႀကီး‌၊ စစ္ကိုင္းတိုင္းေဒသႀကီး၊ ဧရာဝတီတိုင္းေဒသႀကီး၊ တနသၤာရီတိုင္းေဒသႀကီး၊ ကခ်င္ျပည္နယ္၊ ကယားျပည္နယ္၊ ကရင္ျပည္နယ္၊ ခ်င္းျပည္နယ္၊ မြန္ျပည္နယ္၊ ရခိုင္ျပည္နယ္ႏွင့္ ရွမ္းျပည္နယ္တို႔တြင္ ေနရာစိပ္စိပ္မွ ေနရာအႏွံ႔အျပား မိုးထစ္ခ်ဳန္း႐ြာႏိုင္ေၾကာင္း သိရသည္။
ထို႔ျပင္ အခ်ိဳ႕ေဒသမ်ားတြင္ ေဒသအလိုက္ႏွင့္ ေနရာကြက္၍ မိုးႀကီးႏိုင္ေၾကာင္းလည္း ထုတ္ျပန္ထားသည္။
ထို႔ေၾကာင့္ မိုးသည္းထန္စြာ႐ြာသြန္းျခင္းႏွင့္အတူ ေလျပင္းတိုက္ခတ္ျခင္း၊ ႐ုတ္တရက္ေရႀကီးျခင္းႏွင့္ ေျမၿပိဳျခင္းစသည့္ သဘာဝေဘးအႏၲရာယ္မ်ား ျဖစ္ေပၚႏိုင္ပါသျဖင့္ ကုန္းျမင့္ေဒသအနီးတြင္ ေနထိုင္ၾကသူမ်ားအေနျဖင့္ ေျမၿပိဳမႈအႏၲရာယ္ႏွင့္ ျမစ္ငယ္၊ ေခ်ာင္းငယ္မ်ားအနီးတြင္ ေနထိုင္ၾကသူမ်ားအေနျဖင့္ ေရႀကီး၊ ေရလွ်ံမႈမ်ားကို ႀကိဳတင္သတိျပဳႏိုင္ပါရန္ႏွင့္ ျပည္တြင္းေလေၾကာင္းပ်ံသန္းေရး၊ ျမန္မာ့ကမ္း႐ိုးတန္းတစ္ေလွ်ာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္တို႔ရွိ ကမ္းနီး၊ ကမ္းေဝးငါးဖမ္းေရယာဥ္မ်ား၊‌ သေဘၤာမ်ားအေနျဖင့္လည္း ႀကိဳတင္သတိျပဳႏိုင္ပါရန္ အသိေပးထားသည္။

Related news

© 2021. All rights reserved.