ရက်ပိုင်းအတွင်း တစ်ကျော့ပြန် ဖိလစ်ပိုင်နိုင်ငံ မြေငလျင်နဲ့ ဘာသာရေး ယဉ် ကျေးမှု အတိတ်သမိုင်းတို့ကို ပြန်လည်သတိရခြင်း

871

HtayOung #OungMarine(NP News)-အောက်တိုဘာ-၁၀
ယနေ့နံနက် မြန်မာစံတော်ချိန် ၈ နာရီ ၁၄ မိနစ်ခန့် ဖိလစ်ပိုင်နိုင်ငံ အရှေ့ပိုင်း မင်ဒါနာအိုကျွန်း ဒါဗာအိုခရိုင် မန်နေးမြို့အရှေ့ဘက် ၃-မိုင်ခန့်အကွာ မြေအနက် ၁၄ မိုင်ခန့်ကို ဗဟိုပြုပြီး မဂ္ဂနီကျူ့ ၇.၄ ရှိ အင်အားပြင်း မြေငလျင်ကြီး လှုပ်ခတ်ခဲ့ပါတယ်။
လွန်ခဲ့တဲ့ စက်တင်ဘာ ၃၀-ရက် မြန်မာစံတော်ချိန် ၂၀း၃၀ နာရီခန့် စီဘူးပင်လယ်ကမ်းရိုးတန်း ကမ်းလွန်ပင် လယ်ပြင်ကို ဗဟိုပြုပြီး မဂ္ဂနီကျူ့ ၆.၉ ရှိ အင်အားပြင်း မြေငလျင်ကြီး လှုပ်ခတ်ခဲ့ပြီး ရက်သတ္တတစ်ပတ်ကျော် အကြာ ဖိလစ်ပိုင်နိုင်ငံရဲ့ သဘာဘေးအန္တရာယ်ကို မြန်မာနဲ့ တစ်ကမ္ဘာလုံးက စိတ်ဝင်စားနေကြပါတယ်။
ကျွန်တော်တို့ဆီက လွန်ခဲ့တဲ့ မတ် ၂၈-ရက် မြန်မာစံတော်ချိန် ၁၂း၅၁ နာရီခန့်က မဂ္ဂနီကျူ့ ၇.၅ မှ ၇.၉ ရှိ မန္တလေးမြေငလျင်ကြီးနဲ့ နှိုင်းယှဉ်ဖွယ် ဖြစ်ပါတယ်။ မန္တလေး မြေငလျင်ကြီးကြောင့် မြန်မာနိုင်ငံမှာ လူပေါင်း ၅၃၅၂-ဦး သေဆုံးပြီး လွန်ခဲ့တဲ့ ရက်ပိုင်းအထိ အကြိမ်ပေါင်း ၅၀၀ ကျော် နောက်ဆက်တွဲ လှုပ်ခတ်နေဆဲ ဖြစ်ပါတယ်။
ဖိလစ်ပိုင်နိုင်ငံ ပထမအကြိမ် မြေငလျင်တုန်းက လူပေါင်း ၇၅-ဦးခန့်နဲ့ ယနေ့ ဒုတိယအကြိမ် ယခုအချိန်ထိ ၈-ဦးခန်တို့ဖြစ်ရာ အကြီးအကျယ်ကွာခြားသလို ရှိနေပါတယ်။ မန္တလေးမြေငလျင်မှာ မြန်မာနိုင်ငံအလယ်ပိုင်း အလွန်လူနေထူထပ်တဲ့ ဧရိယာတစ်ဝှိုက်ကို ရွေးချယ် လှုပ်ခတ်လိုက်သလို ဖြစ်ခဲ့ပြီး ဖိလစ်ပိုင် မြေငလျင်များမှာ ကျွန်းစုများနဲ့ လူနေကျဲပါးခြင်းက အဓိကဖြစ်ပါ တယ်။
ယခု ဒုတိယအကြိမ် ဖိလစ်ပိုင်မြေငလျင်ကြောင့် သေဆုံးပျက်စီးမှုကို အသေးစိတ် စာရင်းကောက်ယူနေ ဆဲ ဖြစ်ပြီး စီဘူးငလျင်လှပ်ခတ်စဉ် အလယ်ခေတ် ဥရောပလက်ရာ ရှေးဟောင်း ခရစ်ယာန်ဘုရားရှိခိုးကျောင်း များ ပြိုကျပျက်စီးကြောင်း ဗွီဒီယိုများအရ သိရှိရပါတယ်။ ပြိုကျသွားတဲ့ ဘုရားရှိခိုးကျောင်းတစ်ခုဆိုလျင် ကျွန်တော် ကိုယ်တိုင် ရောက်ဖူး မြင်ဖူးပါတယ်။
ဘာသာခြားပင် ဖြစ်လင့်ကစား အတိတ်ကာလ လူ့သမိုင်းကို ဖော်ပြနေတဲ့ ယဉ်ကျေးမှုဆိုင်ရာ အဆောက်အအုံ များဖြစ်နေတဲ့အတွက် အလွန် စိတ်မချမ်းမသာ ဖြစ်ရပါတယ်။ ယနေ့ခေတ် ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းမှာ မွတ်စ လင်ဘာသာဝင်များပြားပြီး မြောက်ပိုင်းရောက်လေလေ ခရစ်ယာဉ်ဦးရေ များပြားလေဖြစ်ပါတယ်။
စီဘူးကျွန်းပေါ်မှာ ခရစ်ယာန် ဘုရားရှိခိုးကျောင်းများသာမက အလယ်ခေတ် ဥရောပလက်ရာ ခံတပ်/ရဲတိုက် ငယ်များလည်း တွေ့မြင်ခဲ့ရပါတယ်။ ဖိလစ်ပိုင်နိုင်ငံမှာ ၁၉၀၂-ခုနှစ်အထိ အမေရိကန်ကိုလိုနီ မတိုင်မီ ၁၆၂၁-ခုနှစ်မှ ၁၈၉၈-ခုနှစ်အထိ စပိန်ကိုလိုနီလက်အောက် ကျရောက်ခဲ့ပါတယ်။ အဲ့ဒီ ဘုရားရှိခိုးကျောင်းများနဲ့ ခံတ တပ်ဟောင်းများကို စပိန်တို့က တည်ဆောက်ခဲ့ကြောင်း သိရတဲ့အခါ သမိုင်းနဲ့ ယဉ်ကျေးမှုဆိုင်ရာ ရှေးဟောင်း အကြောင်းအရာများကို အလွန်စိတ်ဝင်စားတဲ့ ကျွန်တော့်အတွက် အဖိုးတန် ရတနာသိုက်ကြီးကို သဲလွန်စ ရလိုက်သလို ဖြစ်သွားရပါတယ်။
ခရစ်နှစ် ၅၇၀-ခုနှစ်နောက်ပိုင်း ယနေ့ ဆော်ဒီအာရေးဗီးယားနိုင်ငံမှာ တမန်တော်မိုဟာမက် ထွန်းပေါ်ချိန် ၇-ရာစုအတွင်း ကမ္ဘာကြီးရဲ့ အာရှ-ဥရောပနှစ်နေရာလုံးမှာ စစ်ရေး-နိုင်ငံရေး-လူမှုရေးအပြောင်းအလဲများ ပြင်း ထန်စွာဖြစ်ပွားနေပါတယ်။ အရှေ့ရောမ ဘိုင်ဇန်တိုင်အင်ပါယာနဲ့ အဲ့ဒီအချိန် မွတ်စလင် မဖြစ်သေးတဲ့ အီရတ်-အီရန်တစ်ဝှိုက် “ဆက်ဆနီ” ပါရှား အင်ပါယာတို့ အားပြိုင်နေပြီး လူသေဆုံးမှု စီးပွားရေးပြိုလဲမှုများ အကြီးအကျယ်ဖြစ်ပေါ်နေချိန် အရှေ့ အ လယ်ပိုင်းမှာ အစ္စလာမ်သာသနာ ထွန်းကားခဲ့ခြင်း ဖြစ်ပါတယ်။
စပိန်နိုင်ငံကိုယ်တိုင်လည်း တစ်ချိန်က မွတ်စလင်အင်ပါယာအတွင်း သက်ဆင်းခဲ့ရဖူးတယ်။ ခရစ်နှစ် ၇၁၁-ခု အာဖရိကမြောက်ပိုင်းမှ Moors “မော” လူမျိုး မွတ်စလင်စစ်တပ်ကြီးဟာ မြေထဲပင်လယ် ဂျီဘရော်တာ ရေ လက်ကြားကို ဖြတ်ကျော်ပြီး ယနေ့ခေတ် စပိန်နိုင်ငံအနောက်တောင်ပိုင်းအထိ သိမ်းယူခဲ့ကြတယ်။ ၁၄၉၂-ခုနှစ်အထိ နှစ်ပေါင်း ၇၀၀ မျှ စပိန်နိုင်ငံကို မွတ်စလင် ဧကရာဇ်တို့က အုပ်ချုပ်ခဲ့ုပြီး ယနေ့နာမည်ကြီး စပိန်မြို့ ကြီးအတော်များများမှာ အစ္စလာမ်ယဉ်ကျေးမှု-ပညာရေး-အသိပညာပိုင်းဆိုင်ရာ ရှေးဟောင်းအဆောက်အ အုံများ တည်ရှိနေဆဲဖြစ်ပါတယ်။
အဲ့ဒီနောက်ပိုင်း မွတ်စလင်ဧကရာဇ်တို့ကို ဖာဒီနန်ဘုရင်နဲ့ အစ္စဘဲလားဘုရင်မတို့က ဖြုတ်ချခြင်းဖြင့် စပိန်-ပေါ်တူဂီတို့မှာ မွတ်စလင်အုပ်ချုပ်မှု နိဂုံးချုပ်သွားခဲ့တယ်။ အာရှတိုက် အရှေ့ပိုင်း၊ မြောက်အမေရိက၊ တောင်အ မေရိကနဲ့ အာဖရိက မြောက်ပိုင်းတို့မှာ စပိန်ပေါ်တူဂီ ကိုလိုနီများ ထူထောင်နိုင်ခဲ့တယ်။
ယနေ့ခေတ် ကမ္ဘာ့လူဦးရေနဲ့ ၃၁% ခန့်ဖြစ်တဲ့ လူပေါင်း သန်း ၂၄၀၀ ခန့်မှာ ခရစ်ယာန်ဘာသာဝင်များ ဖြစ်ကြပြီး ကက်သလစ်-၁.၂ ဘီလီယံ၊ ပရိုတက်စတင့် သန်း ၅၀၀ ခန့် အရှေ့သြသိုဒေါက် သန်း ၂၅၀ ခန့် နဲ့ ပထမ အများဆုံးဖြစ်တယ်။
အစ္စလာမ်ဘာသာတို့ဟာ ၁.၉ ဘီလီယံနဲ့ ကမ္ဘာ့လူဦးရေရဲ့ ဒုတိယအများဆုံး၂၅% ရှိနေတယ်။ ဟိန္ဒူဘာသာ က တတိယအများဆုံးဖြစ်ပြီး ကမ္ဘာ့လူဦးရေရဲ့ ၁၅% ခန့် (သန်း ၁,၂၀၀ ခန့်) ဗုဒ္ဓဘာသာမှာ ကမ္ဘာ့လူဦးရေရဲ့ ၆.၆% ခန့် (သန်း ၅၀၀ ခန့်) ရှိနေပါတယ်။
ခရစ်ယာန်အများစုနဲ့ မွတ်စလင်အများစု ကမ္ဘာ့တိုင်းပြည်အသီးသီးတို့ရဲ့ လူဦးရေတိုးနှုန်းကွာခြားချက်အရ ၂၀၅၀-၂၀၆၀ ခုနှစ်အကြား အစ္စလာမ်ဦးရေဟာ ခရစ်ယာန်ကို စတင်ကျော်တက်သွားပြီး ၂၀၇၀-ခုနှစ်မှာ အများဆုံးဖြစ်မယ်လို့ PEW Institude က ခန့်မှန်းပါတယ်။
ယနေ့ ၂၀၂၀-၂၀၂၄ ခုနှစ် ကမ္ဘာ့လူဦးရေရဲ့ ၁၆% ကျော်ခန့်ဟာ ဖန်ဆင်းရှင်ကို မယုံကြည်သူ Atheist နဲ့ မည်သည့် ကိုးကွယ်ရာဘာသာတရားမျှ မရှိသူ Irreligious များဖြစ်ပါတယ်။ အဲဒီအုပ်စုရဲ့ လူဦးရေ တိုးနှုန်းဟာ အနည်းဆုံးဖြစ်ပေမယ့် အနာဂတ်ကာလ မြောက်အမေရိတ၊ ဥရောပ၊ တရုတ်၊ ဂျပန်နဲ့ တောင်ကိုးရီးယားတိုကို ထည့်ပေါင်းလျှင် ကမ္ဘာ့ တတိယ အများဆုံး ဖြစ်ပါလိမ့်မယ်။
.
===

Zawgyi Version:
ရက္ပိုင္းအတြင္း တစ္ေက်ာ့ျပန္ ဖိလစ္ပိုင္ႏိုင္ငံ ေျမငလ်င္နဲ႔ ဘာသာေရး ယဥ္ ေက်းမႈ အတိတ္သမိုင္းတို႔ကို ျပန္လည္သတိရျခင္း
HtayOung #OungMarine(NP News)-ေအာက္တိုဘာ-၁၀
ယေန႔နံနက္ ျမန္မာစံေတာ္ခ်ိန္ ၈ နာရီ ၁၄ မိနစ္ခန႔္ ဖိလစ္ပိုင္ႏိုင္ငံ အေရွ႕ပိုင္း မင္ဒါနာအိုကြၽန္း ဒါဗာအိုခ႐ိုင္ မန္ေနးၿမိဳ႕အေရွ႕ဘက္ ၃-မိုင္ခန႔္အကြာ ေျမအနက္ ၁၄ မိုင္ခန႔္ကို ဗဟိုျပဳၿပီး မဂၢနီက်ဴ႕ ၇.၄ ရွိ အင္အားျပင္း ေျမငလ်င္ႀကီး လႈပ္ခတ္ခဲ့ပါတယ္။
လြန္ခဲ့တဲ့ စက္တင္ဘာ ၃၀-ရက္ ျမန္မာစံေတာ္ခ်ိန္ ၂၀း၃၀ နာရီခန႔္ စီဘူးပင္လယ္ကမ္း႐ိုးတန္း ကမ္းလြန္ပင္ လယ္ျပင္ကို ဗဟိုျပဳၿပီး မဂၢနီက်ဴ႕ ၆.၉ ရွိ အင္အားျပင္း ေျမငလ်င္ႀကီး လႈပ္ခတ္ခဲ့ၿပီး ရက္သတၱတစ္ပတ္ေက်ာ္ အၾကာ ဖိလစ္ပိုင္ႏိုင္ငံရဲ႕ သဘာေဘးအႏၲရာယ္ကို ျမန္မာနဲ႔ တစ္ကမာၻလုံးက စိတ္ဝင္စားေနၾကပါတယ္။
ကြၽန္ေတာ္တို႔ဆီက လြန္ခဲ့တဲ့ မတ္ ၂၈-ရက္ ျမန္မာစံေတာ္ခ်ိန္ ၁၂း၅၁ နာရီခန႔္က မဂၢနီက်ဴ႕ ၇.၅ မွ ၇.၉ ရွိ မႏၲေလးေျမငလ်င္ႀကီးနဲ႔ ႏႈိင္းယွဥ္ဖြယ္ ျဖစ္ပါတယ္။ မႏၲေလး ေျမငလ်င္ႀကီးေၾကာင့္ ျမန္မာႏိုင္ငံမွာ လူေပါင္း ၅၃၅၂-ဦး ေသဆုံးၿပီး လြန္ခဲ့တဲ့ ရက္ပိုင္းအထိ အႀကိမ္ေပါင္း ၅၀၀ ေက်ာ္ ေနာက္ဆက္တြဲ လႈပ္ခတ္ေနဆဲ ျဖစ္ပါတယ္။
ဖိလစ္ပိုင္ႏိုင္ငံ ပထမအႀကိမ္ ေျမငလ်င္တုန္းက လူေပါင္း ၇၅-ဦးခန႔္နဲ႔ ယေန႔ ဒုတိယအႀကိမ္ ယခုအခ်ိန္ထိ ၈-ဦးခန္တို႔ျဖစ္ရာ အႀကီးအက်ယ္ကြာျခားသလို ရွိေနပါတယ္။ မႏၲေလးေျမငလ်င္မွာ ျမန္မာႏိုင္ငံအလယ္ပိုင္း အလြန္လူေနထူထပ္တဲ့ ဧရိယာတစ္ဝႈိက္ကို ေ႐ြးခ်ယ္ လႈပ္ခတ္လိုက္သလို ျဖစ္ခဲ့ၿပီး ဖိလစ္ပိုင္ ေျမငလ်င္မ်ားမွာ ကြၽန္းစုမ်ားနဲ႔ လူေနက်ဲပါးျခင္းက အဓိကျဖစ္ပါ တယ္။
ယခု ဒုတိယအႀကိမ္ ဖိလစ္ပိုင္ေျမငလ်င္ေၾကာင့္ ေသဆုံးပ်က္စီးမႈကို အေသးစိတ္ စာရင္းေကာက္ယူေန ဆဲ ျဖစ္ၿပီး စီဘူးငလ်င္လွပ္ခတ္စဥ္ အလယ္ေခတ္ ဥေရာပလက္ရာ ေရွးေဟာင္း ခရစ္ယာန္ဘုရားရွိခိုးေက်ာင္း မ်ား ၿပိဳက်ပ်က္စီးေၾကာင္း ဗြီဒီယိုမ်ားအရ သိရွိရပါတယ္။ ၿပိဳက်သြားတဲ့ ဘုရားရွိခိုးေက်ာင္းတစ္ခုဆိုလ်င္ ကြၽန္ေတာ္ ကိုယ္တိုင္ ေရာက္ဖူး ျမင္ဖူးပါတယ္။
ဘာသာျခားပင္ ျဖစ္လင့္ကစား အတိတ္ကာလ လူ႔သမိုင္းကို ေဖာ္ျပေနတဲ့ ယဥ္ေက်းမႈဆိုင္ရာ အေဆာက္အအုံ မ်ားျဖစ္ေနတဲ့အတြက္ အလြန္ စိတ္မခ်မ္းမသာ ျဖစ္ရပါတယ္။ ယေန႔ေခတ္ ဖိလစ္ပိုင္ႏိုင္ငံေတာင္ပိုင္းမွာ မြတ္စ လင္ဘာသာဝင္မ်ားျပားၿပီး ေျမာက္ပိုင္းေရာက္ေလေလ ခရစ္ယာဥ္ဦးေရ မ်ားျပားေလျဖစ္ပါတယ္။
စီဘူးကြၽန္းေပၚမွာ ခရစ္ယာန္ ဘုရားရွိခိုးေက်ာင္းမ်ားသာမက အလယ္ေခတ္ ဥေရာပလက္ရာ ခံတပ္/ရဲတိုက္ ငယ္မ်ားလည္း ေတြ႕ျမင္ခဲ့ရပါတယ္။ ဖိလစ္ပိုင္ႏိုင္ငံမွာ ၁၉၀၂-ခုႏွစ္အထိ အေမရိကန္ကိုလိုနီ မတိုင္မီ ၁၆၂၁-ခုႏွစ္မွ ၁၈၉၈-ခုႏွစ္အထိ စပိန္ကိုလိုနီလက္ေအာက္ က်ေရာက္ခဲ့ပါတယ္။ အဲ့ဒီ ဘုရားရွိခိုးေက်ာင္းမ်ားနဲ႔ ခံတ တပ္ေဟာင္းမ်ားကို စပိန္တို႔က တည္ေဆာက္ခဲ့ေၾကာင္း သိရတဲ့အခါ သမိုင္းနဲ႔ ယဥ္ေက်းမႈဆိုင္ရာ ေရွးေဟာင္း အေၾကာင္းအရာမ်ားကို အလြန္စိတ္ဝင္စားတဲ့ ကြၽန္ေတာ့္အတြက္ အဖိုးတန္ ရတနာသိုက္ႀကီးကို သဲလြန္စ ရလိုက္သလို ျဖစ္သြားရပါတယ္။
ခရစ္ႏွစ္ ၅၇၀-ခုႏွစ္ေနာက္ပိုင္း ယေန႔ ေဆာ္ဒီအာေရးဗီးယားႏိုင္ငံမွာ တမန္ေတာ္မိုဟာမက္ ထြန္းေပၚခ်ိန္ ၇-ရာစုအတြင္း ကမာၻႀကီးရဲ႕ အာရွ-ဥေရာပႏွစ္ေနရာလုံးမွာ စစ္ေရး-ႏိုင္ငံေရး-လူမႈေရးအေျပာင္းအလဲမ်ား ျပင္း ထန္စြာျဖစ္ပြားေနပါတယ္။ အေရွ႕ေရာမ ဘိုင္ဇန္တိုင္အင္ပါယာနဲ႔ အဲ့ဒီအခ်ိန္ မြတ္စလင္ မျဖစ္ေသးတဲ့ အီရတ္-အီရန္တစ္ဝႈိက္ “ဆက္ဆနီ” ပါရွား အင္ပါယာတို႔ အားၿပိဳင္ေနၿပီး လူေသဆုံးမႈ စီးပြားေရးၿပိဳလဲမႈမ်ား အႀကီးအက်ယ္ျဖစ္ေပၚေနခ်ိန္ အေရွ႕ အ လယ္ပိုင္းမွာ အစၥလာမ္သာသနာ ထြန္းကားခဲ့ျခင္း ျဖစ္ပါတယ္။
စပိန္ႏိုင္ငံကိုယ္တိုင္လည္း တစ္ခ်ိန္က မြတ္စလင္အင္ပါယာအတြင္း သက္ဆင္းခဲ့ရဖူးတယ္။ ခရစ္ႏွစ္ ၇၁၁-ခု အာဖရိကေျမာက္ပိုင္းမွ Moors “ေမာ” လူမ်ိဳး မြတ္စလင္စစ္တပ္ႀကီးဟာ ေျမထဲပင္လယ္ ဂ်ီဘေရာ္တာ ေရ လက္ၾကားကို ျဖတ္ေက်ာ္ၿပီး ယေန႔ေခတ္ စပိန္ႏိုင္ငံအေနာက္ေတာင္ပိုင္းအထိ သိမ္းယူခဲ့ၾကတယ္။ ၁၄၉၂-ခုႏွစ္အထိ ႏွစ္ေပါင္း ၇၀၀ မွ် စပိန္ႏိုင္ငံကို မြတ္စလင္ ဧကရာဇ္တို႔က အုပ္ခ်ဳပ္ခဲ့ုၿပီး ယေန႔နာမည္ႀကီး စပိန္ၿမိဳ႕ ႀကီးအေတာ္မ်ားမ်ားမွာ အစၥလာမ္ယဥ္ေက်းမႈ-ပညာေရး-အသိပညာပိုင္းဆိုင္ရာ ေရွးေဟာင္းအေဆာက္အ အုံမ်ား တည္ရွိေနဆဲျဖစ္ပါတယ္။
အဲ့ဒီေနာက္ပိုင္း မြတ္စလင္ဧကရာဇ္တို႔ကို ဖာဒီနန္ဘုရင္နဲ႔ အစၥဘဲလားဘုရင္မတို႔က ျဖဳတ္ခ်ျခင္းျဖင့္ စပိန္-ေပၚတူဂီတို႔မွာ မြတ္စလင္အုပ္ခ်ဳပ္မႈ နိဂုံးခ်ဳပ္သြားခဲ့တယ္။ အာရွတိုက္ အေရွ႕ပိုင္း၊ ေျမာက္အေမရိက၊ ေတာင္အ ေမရိကနဲ႔ အာဖရိက ေျမာက္ပိုင္းတို႔မွာ စပိန္ေပၚတူဂီ ကိုလိုနီမ်ား ထူေထာင္ႏိုင္ခဲ့တယ္။
ယေန႔ေခတ္ ကမာၻ႔လူဦးေရနဲ႔ ၃၁% ခန႔္ျဖစ္တဲ့ လူေပါင္း သန္း ၂၄၀၀ ခန႔္မွာ ခရစ္ယာန္ဘာသာဝင္မ်ား ျဖစ္ၾကၿပီး ကက္သလစ္-၁.၂ ဘီလီယံ၊ ပ႐ိုတက္စတင့္ သန္း ၅၀၀ ခန႔္ အေရွ႕ၾသသိုေဒါက္ သန္း ၂၅၀ ခန႔္ နဲ႔ ပထမ အမ်ားဆုံးျဖစ္တယ္။
အစၥလာမ္ဘာသာတို႔ဟာ ၁.၉ ဘီလီယံနဲ႔ ကမာၻ႔လူဦးေရရဲ႕ ဒုတိယအမ်ားဆုံး၂၅% ရွိေနတယ္။ ဟိႏၵဴဘာသာ က တတိယအမ်ားဆုံးျဖစ္ၿပီး ကမာၻ႔လူဦးေရရဲ႕ ၁၅% ခန႔္ (သန္း ၁,၂၀၀ ခန႔္) ဗုဒၶဘာသာမွာ ကမာၻ႔လူဦးေရရဲ႕ ၆.၆% ခန႔္ (သန္း ၅၀၀ ခန႔္) ရွိေနပါတယ္။
ခရစ္ယာန္အမ်ားစုနဲ႔ မြတ္စလင္အမ်ားစု ကမာၻ႔တိုင္းျပည္အသီးသီးတို႔ရဲ႕ လူဦးေရတိုးႏႈန္းကြာျခားခ်က္အရ ၂၀၅၀-၂၀၆၀ ခုႏွစ္အၾကား အစၥလာမ္ဦးေရဟာ ခရစ္ယာန္ကို စတင္ေက်ာ္တက္သြားၿပီး ၂၀၇၀-ခုႏွစ္မွာ အမ်ားဆုံးျဖစ္မယ္လို႔ PEW Institude က ခန႔္မွန္းပါတယ္။
ယေန႔ ၂၀၂၀-၂၀၂၄ ခုႏွစ္ ကမာၻ႔လူဦးေရရဲ႕ ၁၆% ေက်ာ္ခန႔္ဟာ ဖန္ဆင္းရွင္ကို မယုံၾကည္သူ Atheist နဲ႔ မည္သည့္ ကိုးကြယ္ရာဘာသာတရားမွ် မရွိသူ Irreligious မ်ားျဖစ္ပါတယ္။ အဲဒီအုပ္စုရဲ႕ လူဦးေရ တိုးႏႈန္းဟာ အနည္းဆုံးျဖစ္ေပမယ့္ အနာဂတ္ကာလ ေျမာက္အေမရိတ၊ ဥေရာပ၊ တ႐ုတ္၊ ဂ်ပန္နဲ႔ ေတာင္ကိုးရီးယားတိုကို ထည့္ေပါင္းလွ်င္ ကမာၻ႔ တတိယ အမ်ားဆုံး ျဖစ္ပါလိမ့္မယ္။
.
===