မီဇိုရမ်တွင် ငါးနှစ်အတွင်း မူးယစ်နှင့်လက်နက်အပါဝင် ရာဇဝတ်မှုများဖြင့် ဖမ်းဆီးခံရသူ မြန်မာနိုင်ငံသား (၄၀၀)ကျော်ရှိဟု ဆို

 273

ချယ်ရီ (NP News)- ဩဂုတ် ၂၆
(၅)နှစ်အတွင်း မူးယစ်ဆေးဝါးနှင့် လက်နက်မှောင်ခိုကူးမှုအပါဝင် ဗီဇာချိုးဖောက်မှု ရာဇ၀တ်မှုများ၌ ပါဝင်ပတ်သက်မှုဖြင့် ဖမ်းဆီးခံရသူ မြန်မာနိုင်ငံသား (၄၀၀)ကျော်ရှိခဲ့ကြောင်း အိန္ဒိယအခြေစိုက် သတင်းမီဒီယာတစ်ခုမှ ဖော်ပြထားသည်။
ပြီးခဲ့သည့် (၂၀၂၀)မှ (၂၀၂၅)ခုနှစ်အတွင်းမှ မှုခင်းအမျိုးမျိုးဖြင့်ဖမ်းဆီးခံရသည့် လူ(၁၅,၆၇၃) ဦးအနက် နိုင်ငံခြားသား (၄၆၀) ဦးပါဝင်ခဲ့ရာ အဆိုပါ နိုင်ငံခြားသားများထဲတွင် မြန်မာနိုင်ငံသား (၄၃၉) ဦး ရှိခဲ့ကြောင်း ဖော်ပြထားချက်အရ သိရသည်။
ထိုသို့ဖမ်းဆီးရမိမှုထဲမှ (၂၀၂၂)ခုနှစ်တွင် မြန်မာနိုင်ငံအတွင်း နိုင်ငံရေးမငြိမ်မသက်ဖြစ်ပေါ်ခဲ့ရာ မီဇိုရမ်ပြည်နယ်သို့ ဒုက္ခသည်များ ဝင်ရောက်လာပြီး ဖမ်းဆီးမှုများ မြင့်တက်လာခဲ့ကြောင်းနှင့် ယခုနှစ် တစ်နှစ်တည်းတွင် ဖမ်းဆီးခံရသည့်နိုင်ငံခြားသား (၁၂၄) ဦး ရှိခဲ့ရာ ပြီးခဲ့သည့်မေလအထိ ဖမ်းဆီးခံရသော နိုင်ငံခြားသား (၅၇) ဦးအနက် မြန်မာနိုင်ငံသား (၅၃) ဦး ပါဝင်ခဲ့ကြောင်း ဖော်ပြထားသည်။
မြန်မာနိုင်ငံသားအပါဝင် နိုင်ငံခြားသားများကျူးလွန်သည့် ရာဇ၀တ်မှုများသည် မူးယစ်ဆေးဝါးနှင့် လက်နက်မှောင်ခိုမှု၊ စာရွက်စာတမ်းအတုအပပြုလုပ်မှု၊ အိမ် ဖောက်ထွင်းမှု၊ ခိုးမှု၊ ကလေးသူငယ် လိင်ပိုင်းဆိုင်ရာ စော်ကားမှုနှင့် ဗီဇာစည်းကမ်းဖောက်ဖျက်မှုတို့ ပါဝင်ကြောင်း သတင်းတွင် ဖော်ပြထားသည်။
မီဇိုရမ် ပြည်နယ် သည့် မြန်မာနိုင်ငံနှင့် ကီလိုမီတာ (၅၁၀) ထိစပ်နေပြီး နယ်စပ်ဖြတ်ကျော် မူးယစ်ဆေးဝါး မှောင်ခိုတင်ပို့ခြင်းကို တိုက်ဖျက်နေရသည့် ရှေ့တန်း ပြည်နယ် တစ်ခု ဖြစ်လာသည်ဟု ယင်းသတင်းတွင် ဖော်ပြထားကာ မြန်မာ-လာအို-ထိုင်း သုံးပွင့်ဆိုင် ရွှေတြိဂံ ဒေသ မှ ဟီရိုးအင်း နှင့် မက်သာဖက်တမင်း တို့ အဓိက ဝင်ရာ နေရာတစ်ခု ဖြစ်နေသည်ဟုလည်း ဆိုထားကြောင်း တွေ့မြင်ရသည်။
၂၀၂၁ နိုင်ငံရေး ဖြစ်စဉ် အပြီးတွင် လူမျိုးရေး နှင့် ယဉ်ကျေးမှုဆိုင်ရာ နီးစပ်သော မီဇိုရမ်သို့ ထောင်နှင့် ချီသော ချင်းတိုင်းရင်းသားအများအပြား ဝင်ရောက်ခိုလှုံခဲ့ကြပြီး ပြည်နယ် အစိုးရက လူသားချင်း စာနာမှု ဆိုင်ရာ အကူအညီများ တိုးချဲ့လုပ်ဆောင်ပေးခဲ့ကာ ရဲတပ်ဖွဲ့၏ အချက်အလက်များအရ ယင်းသို့ ဝင်ရောက်လာသူများ အနက် အချို့သည် ရာဇဝတ်မှု ကွန်ယက်များတွင် ပါဝင်နေသည်ဟုလည်း သတင်းတွင် ရေးသားထားသည်။

Zawgyi Version:
မီဇိုရမ္တြင္ ငါးႏွစ္အတြင္း မူးယစ္ႏွင့္လက္နက္အပါဝင္ ရာဇဝတ္မႈမ်ားျဖင့္ ဖမ္းဆီးခံရသူ ျမန္မာႏိုင္ငံသား (၄၀၀)ေက်ာ္ရွိဟု ဆို
ခ်ယ္ရီ (NP News)- ဩဂုတ္ ၂၆
(၅)ႏွစ္အတြင္း မူးယစ္ေဆးဝါးႏွင့္ လက္နက္ေမွာင္ခိုကူးမႈအပါဝင္ ဗီဇာခ်ိဳးေဖာက္မႈ ရာဇ၀တ္မႈမ်ား၌ ပါဝင္ပတ္သက္မႈျဖင့္ ဖမ္းဆီးခံရသူ ျမန္မာႏိုင္ငံသား (၄၀၀)ေက်ာ္ရွိခဲ့ေၾကာင္း အိႏၵိယအေျခစိုက္ သတင္းမီဒီယာတစ္ခုမွ ေဖာ္ျပထားသည္။
ၿပီးခဲ့သည့္ (၂၀၂၀)မွ (၂၀၂၅)ခုႏွစ္အတြင္းမွ မႈခင္းအမ်ိဳးမ်ိဳးျဖင့္ဖမ္းဆီးခံရသည့္ လူ(၁၅,၆၇၃) ဦးအနက္ ႏိုင္ငံျခားသား (၄၆၀) ဦးပါဝင္ခဲ့ရာ အဆိုပါ ႏိုင္ငံျခားသားမ်ားထဲတြင္ ျမန္မာႏိုင္ငံသား (၄၃၉) ဦး ရွိခဲ့ေၾကာင္း ေဖာ္ျပထားခ်က္အရ သိရသည္။
ထိုသို႔ဖမ္းဆီးရမိမႈထဲမွ (၂၀၂၂)ခုႏွစ္တြင္ ျမန္မာႏိုင္ငံအတြင္း ႏိုင္ငံေရးမၿငိမ္မသက္ျဖစ္ေပၚခဲ့ရာ မီဇိုရမ္ျပည္နယ္သို႔ ဒုကၡသည္မ်ား ဝင္ေရာက္လာၿပီး ဖမ္းဆီးမႈမ်ား ျမင့္တက္လာခဲ့ေၾကာင္းႏွင့္ ယခုႏွစ္ တစ္ႏွစ္တည္းတြင္ ဖမ္းဆီးခံရသည့္ႏိုင္ငံျခားသား (၁၂၄) ဦး ရွိခဲ့ရာ ၿပီးခဲ့သည့္ေမလအထိ ဖမ္းဆီးခံရေသာ ႏိုင္ငံျခားသား (၅၇) ဦးအနက္ ျမန္မာႏိုင္ငံသား (၅၃) ဦး ပါဝင္ခဲ့ေၾကာင္း ေဖာ္ျပထားသည္။
ျမန္မာႏိုင္ငံသားအပါဝင္ ႏိုင္ငံျခားသားမ်ားက်ဴးလြန္သည့္ ရာဇ၀တ္မႈမ်ားသည္ မူးယစ္ေဆးဝါးႏွင့္ လက္နက္ေမွာင္ခိုမႈ၊ စာ႐ြက္စာတမ္းအတုအပျပဳလုပ္မႈ၊ အိမ္ ေဖာက္ထြင္းမႈ၊ ခိုးမႈ၊ ကေလးသူငယ္ လိင္ပိုင္းဆိုင္ရာ ေစာ္ကားမႈႏွင့္ ဗီဇာစည္းကမ္းေဖာက္ဖ်က္မႈတို႔ ပါဝင္ေၾကာင္း သတင္းတြင္ ေဖာ္ျပထားသည္။
မီဇိုရမ္ ျပည္နယ္ သည့္ ျမန္မာႏိုင္ငံႏွင့္ ကီလိုမီတာ (၅၁၀) ထိစပ္ေနၿပီး နယ္စပ္ျဖတ္ေက်ာ္ မူးယစ္ေဆးဝါး ေမွာင္ခိုတင္ပို႔ျခင္းကို တိုက္ဖ်က္ေနရသည့္ ေရွ႕တန္း ျပည္နယ္ တစ္ခု ျဖစ္လာသည္ဟု ယင္းသတင္းတြင္ ေဖာ္ျပထားကာ ျမန္မာ-လာအို-ထိုင္း သုံးပြင့္ဆိုင္ ေ႐ႊႀတိဂံ ေဒသ မွ ဟီ႐ိုးအင္း ႏွင့္ မက္သာဖက္တမင္း တို႔ အဓိက ဝင္ရာ ေနရာတစ္ခု ျဖစ္ေနသည္ဟုလည္း ဆိုထားေၾကာင္း ေတြ႕ျမင္ရသည္။
၂၀၂၁ ႏိုင္ငံေရး ျဖစ္စဥ္ အၿပီးတြင္ လူမ်ိဳးေရး ႏွင့္ ယဥ္ေက်းမႈဆိုင္ရာ နီးစပ္ေသာ မီဇိုရမ္သို႔ ေထာင္ႏွင့္ ခ်ီေသာ ခ်င္းတိုင္းရင္းသားအမ်ားအျပား ဝင္ေရာက္ခိုလႈံခဲ့ၾကၿပီး ျပည္နယ္ အစိုးရက လူသားခ်င္း စာနာမႈ ဆိုင္ရာ အကူအညီမ်ား တိုးခ်ဲ႕လုပ္ေဆာင္ေပးခဲ့ကာ ရဲတပ္ဖြဲ႕၏ အခ်က္အလက္မ်ားအရ ယင္းသို႔ ဝင္ေရာက္လာသူမ်ား အနက္ အခ်ိဳ႕သည္ ရာဇဝတ္မႈ ကြန္ယက္မ်ားတြင္ ပါဝင္ေနသည္ဟုလည္း သတင္းတြင္ ေရးသားထားသည္။

Related news

© 2021. All rights reserved.