အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာ ဗလီတစ်ခုမှာ အကြမ်းဖက်တိုက်ခိုက် ဖောက်ခွဲမှုကြောင့် လူ ၅၅ ဦး ဒဏ်ရာရ
 180
ရောင်နီ (NP News) - နိုဝင်ဘာ ၉
သောကြာနေ့ (နိုဝင်ဘာ ၇ ရက်) က အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်ရှိ ဗလီကျောင်းဝင်းတစ်ခုမှာ ဗုံး ပေါက်ကွဲမှုတစ်ခုဖြစ်ပွားပြီးနောက် လူ ၅၅ ဦး ဒဏ်ရာရရှိခဲ့ကာ ဆေးရုံတက်ခဲ့ရပါတယ်။ ဒဏ်ရာတွေက အသေးစားကနေ ပြင်းထန်တဲ့ ဒဏ်ရာတွေအထိ ရှိပြီး မီးလောင်ဒဏ်ရာတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။
ဒီဖြစ်ရပ်ဟာ အကြမ်းဖက် တိုက်ခိုက်မှုတစ်ခုဖြစ်နိုင်တယ်လို့ အရာရှိတွေက ယူဆထားပြီး အသက် ၁၇ နှစ်အရွယ် လူငယ်တစ်ဦးကို "သံသယရှိသူ" အဖြစ် သတ်မှတ်ထားပါတယ်။ နိုင်ငံရဲ့ ဒုတိယလွှတ်တော်ဥက္ကဋ္ဌ ဖက်ဖ်ဒါစ်ကိုအာမက် က တိုက်ခိုက်မှုကြောင့် ဒဏ်ရာရခဲ့တဲ့ လူနာတွေ ရှိနေတဲ့ဆေးရုံကို သွားရောက်လည်ပတ်ကာ မီဒီယာတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ သံသယရှိသူ အမျိုးသားကတော့ လက်ရှိ ခွဲစိတ်ကုသမှု ခံယူနေတယ်လို့ သိရပါတယ်။
သံသယရှိသူဟာ ကျောင်းသားတစ်ဦးဖြစ်ပြီး သူ့ရဲ့နောက်ခံဘက်ဂရောင်းနဲ့ ရည်ရွယ်ချက်ကို စုံစမ်းစစ်ဆေးနေ တယ်လို့ သောကြာနေ့ (နိုဝင်ဘာ ၇ ရက်) ညနေပိုင်းက ပြုလုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာ အမျိုးသားရဲတပ်ဖွဲ့ အကြီးအကဲ လစ်ယိုစီဂျစ်ပရာဘိုဝို က ပြောကြားပါတယ်။ "သံသယရှိသူနဲ့ပတ်သက်ပြီး ကျွန်တော်တို့ လူကို ဖမ်းမိပါပြီ၊ အာဏာပိုင်တွေက သေဆုံးသူတွေရဲ့ အထောက်အထားတွေကို ရှာဖွေနေပါတယ်” လို့ ၎င်းက ပြောကြား ခဲ့ပါတယ်။ ယခုအချိန်အထိတော့ ပေါက်ကွဲမှုကြောင့် သေဆုံးသူ မရှိသေးပါဘူး။
ရဲတပ်ဖွဲ့က ပေါက်ကွဲမှုဖြစ်ပွားရတဲ့အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေတယ်လို့ ပြောပါတယ်။ အဲဒီ ပေါက်ကွဲမှုဖြစ်ပွားတဲ့နေရာဟာ ရေတပ်ပိုင် မြေ၊ စစ်ဘက်ဝန်ထမ်းတွေနဲ့ အငြိမ်းစားအရာရှိတွေ အများအပြား နေထိုင်ရာ နေရာလည်း ဖြစ်ပါတယ်။ ဒဏ်ရာရရှိသူတွေကို ရှာဖွေဖို့နဲ့ မိသားစုဝင်တွေကို ကူညီဖို့ အာဏာပိုင်တွေက ဆေးရုံနှစ်ရုံမှာ ကယ်ဆယ်ရေး စခန်းတွေ ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။
Zawgyi Version;
အီရန်၏နျူကလီးယားအရေးနှင့်ပတ်သက်ပြီး ဆွေးနွေးမှုများပြန်လည်စတင်ရန် ပါဝင်ပတ်သက်သူအားလုံးကို တရုတ်အစိုးရ တိုက်တွန်း
Pika (NP News) - နိုဝင်ဘာ ၉
Related news
© 2021. All rights reserved.