“အနီတွေဆိုရင် ကြောက်သွားပြီ နောင်ချိုက ဦးထွန်းထွန်းဟိန်မြို့ပေါ့ဗျာ”

 2537

သုတကျော် (NP News) - သြဂုတ် ၂၇
တပ်မတော်က နောင်ချိုမြို့ကိုပြန်လည်ထိန်းချုပ်ပြီးနောက် အုပ်ချုပ်ရေးယန္တရားများကို ပြန် လည် စတင်နေပြီဖြစ်သည်။ ယင်းမြို့ပြန်လည်ထူထောင်ရာတွင် နိုင်ငံတော်အစိုးရက အင်တိုက်အား တိုက် ဆောင်ရွက်နေသကဲ့သို့ ပြည်သူများလည်းပါဝင်ပြီးကူညီနေကြကြောင်းသိရသည်။ ပလောင် မလို တဲ့နောင်ချို အခြေအနေများနှင့်ပတ်သက်၍ မြို့ခံတစ်ဦးကို NP News က ဆက်သွယ်မေးမြန်းထားသည် များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

မေး - ပထမဆုံး မေးချင်တာက နောင်ချိုဟာ စစ်ရေးအရ ဘယ်လောက်အရေးပါတယ်လို့ ထင်ပါ သလဲ။
ဖြေ - ရှမ်းမြောက်ကနေ ရှမ်းတောင်နဲ့ မန္တလေးတိုင်း ဒေသကြီး ဆက်သွယ်ထားတဲ့ ဒေသတစ်ခု ဖြစ်တဲ့အတွက် နောင်ချိုမြို့ကိုရခြင်းဟာ စစ်ရေးအရ သာလွန်မှုတွေရှိတယ်ပဲ ပြောချင်ပါတယ်။

မေး - စစ်ပွဲ မစခင်ပေါ့နော်။ စစ်က ကပ်လာပြီဆိုတုန်းအချိန်က နောင်ချိုမြို့အခြေအနေကိုလည်း ပြောပြပေးပါလား။
ဖြေ - နိုင်ငံရေးပြောင်းလဲမှုဖြစ်ပြီး တစ်နှစ်အကြာမှာ နောင်ချိုမြို့စီးပွားရေးက စိုးရိမ်ရေမှတ်မှာ ရှိတယ် ပေါ့။ ကျွန်တော်တို့ကလည်း အစောကြီးကတည်းက သိပြီးသား။ တစ်ချိန်ကျရင် လက်နက်ကိုင် တွေက နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မန်တုံပေါ့။ ရှမ်းမြောက်ကို သိမ်းချင်တဲ့အနေအထားတစ်ခုမှာ သို့ လောသို့သော ဖြစ်ခဲ့တယ်။ ဒါ့ပြင် နောင်ချိုမှာဆိုရင် မက္ကဒေးမီးယား စိုက်ခင်းတွေ ရှိတယ်။ မြန်မာနိုင်ငံ မှာ နာမည်ကြီးတဲ့ ကြံစိုက်ခင်းတွေရှိတယ်ပေါ့။ ဒီလုပ်ငန်းတွေလည်း အနည်းနဲ့အများ အထိခိုက်မှု ရှိ တယ်။ ဒီလုပ်ငန်းတွေကလည်း လက်နက်ကိုင်တွေရဲ့ အခွန်ကောက်ခံမှုတွေ၊ လှုပ်ရှားသွားလာတဲ့ နေရာ ဒေသတွေမှာရှိတော့ လုပ်ရကိုင်ရတာခက်ခဲတာရှိတယ်။

မေး- နောင်ချိုကို စပြီးအတိုက်ခံရတဲ့အချိန်မှာပြည်သူတွေက ဘယ်လောက်အထိ စစ်ဒဏ်ကို ခံလိုက်ရလဲ။
ဖြေ- နံပါတ်တစ်အချက်ကတော့ ပြည်သူတွေ စစ်ဘေး၊ စစ်ဒဏ် ခံရတာပေါ့။ နံပါတ် နှစ်အချက် ကတော့ သူတို့မထောက်ခံခဲ့တဲ့လူတွေကို သူတို့ကအိမ်ကို ချိပ်ပိတ်တယ်ပေါ့။ ဖမ်းဆီးတာတွေ၊ ရဟန်း တော်တွေဆိုလည်း ဖမ်းတာပြုတာတွေ ဒါတွေလည်းလုပ်ခဲ့တယ်ပေါ့နော်။ ပြည်သူတွေအတွက် ဘေး ကျပ်နံကျပ် ဖြစ်ခဲ့တဲ့ အနေအထားတစ်ခုမှာ ရှိခဲ့တယ်ပေါ့။ ချမ်းသာတဲ့သူတွေဆိုရင်လည်း မြို့ပေါ်ကနေ ခွာရတာပေါ့ဗျာ။ အခွန်အခတွေရော ဘာတွေရော အဲဒီလိုမျိုးတွေ ရှိတယ်။ ထမင်းချက် ကျွေးခိုင်းတာ တွေ၊ ဘာတွေ အဲဒီလိုမျိုးတွေကို လုပ်ခိုင်းတာတွေရှိတာပေါ့လေ။ အဲဒီလိုမျိုးတွေတော့ ကြုံရတာပေါ့။

မေး- နောင်ချိုမြို့ သူတို့လက်အောက်မှာနေနေရတဲ့ ပြည်သူတွေရဲ့အခြေနေကကော ဘယ် လောက်အထိ အခြေနေဆိုးခဲ့သလဲ။
ဖြေ- အဓိကတော့ စားဝတ်နေရေး ခက်တယ်ပေါ့နော်။ ကြက်ဥတစ်လုံးကို ထောင့်ငါးရာလောက် အထိ ဖြစ်သွားတာ။ ထောင့်ငါးရာကနေ သုံးထောင်လောက်အထိ ဖြစ်သွားတဲ့အနေအထားတွေဆိုတော့ လေ။ လျှပ်စစ် မီးပြတ်တောက်တာတွေ၊ ဖုန်းလိုင်းမရတာတွေ။ အဓိက ဖုန်းလိုင်းမရတဲ့ကိစ္စတွေ။ ဒါတွေ ဖြစ်ခဲ့တာပေါ့ဗျာ။ ပြောရမယ်ဆိုရင် မျက်စိပိတ်၊ နားပိတ်၊ တံခါးပိတ် ပုံစံတွေနဲ့ နေရတဲ့ဟာမျိုးပေါ့။ သူ တစ်လူ ငါတစ်မင်းဆိုတဲ့ပုံစံမျိုးပေါ့။ ဒီလူနဲ့မတည့်ဘူးမလား ဒီလူကို ဒလန်လို့ပြောပြီးမှ သွားဖမ်းခိုင်း တယ်ဆိုရင် ဟိုဘက်က TLNA က သွားဖမ်းတာ။ မှန်တာ၊ မှားတာက နောက်မှထား။ ကတုံးတုံးပြီး အချုပ်ထဲအရင် ထည့်တာ။ ဒါမျိုးတွေ ရှိတာပေါ့လေ။

မေး- TLNA လက်အောက်မှာ နောင်ချိုမြို့ခံ ဘယ်လောက်ရာခိုင်နှုန်း ပြန်ဝင်ခဲ့ကြလဲ။
ဖြေ- TLNA လက်အောက်မှာ နောင်ချိုမြို့ခံတွေ အများစု (၃၀) ရာခိုင်နှုန်းလောက်ပဲကျန်ခဲ့တာပါ။
တော်တော်များများကတော့ ရှောင်ကြပါတယ်။ ရပ်စောက်၊ တောင်ကြီး၊ မေမြို့ပေါ့နော်။ အနီးဆုံးဆို မေ မြို့ပေါ့နော် အဲဒီလိုမျိုးတွေကို ရှောင်ကြပါတယ်။

မေး- နောင်ချိုမြို့ကို တပ်ကပြန်မရခင် နောင်ချိုမြို့ကို လက်လွတ်ရမယ်ဆိုတဲ့အခါမှာ TLNA က နောင်ချို မြို့နဲ့ပတ်သက်ပြီး ဘာတွေလုပ်ခဲ့ပါသလဲ။
ဖြေ- လက်လွှတ်ရမယ့်အခြေအနေမှာ ဘာလဲဆိုပါစို့ ကားတွေနဲ့ ပစ္စည်းတွေသယ်တာပေါ့နော်။ ကား အနောက်မှာ ဆန်တွေသယ်တယ်။ တီဗီတွေ သယ်တယ်။ ရေခဲသေတ္တာတွေ သယ်တယ်။ အဲကွန်း တွေ ဖြုတ်တယ်။ သုံးလို့ရတဲ့ပစ္စည်းမှန်သမျှ အကုန်သယ်တာပေါ့နော်။ ဆက်သွယ်ရေး ဖုန်းဆိုင်တွေက ဟာတွေ အကုန်ဖောက်ပြီးယူသွားတယ်။ အကုန် အကုန်ပါပဲ။ သယ်သွားတာပေါ့လေ။ အဲဒီလိုမျိုး သယ် သွားပါတယ်။ ဘုန်းတော်ကြီးကျောင်းက ပစ္စည်းတွေရော၊ ဆင်းတုတော်တွေရော ဒါတွေပါ သယ်သွားပါတယ်။

မေး။ ဘုန်းကြီးကျောင်းက ပစ္စည်းတွေပါ မသွားတာလား။
ဖြေ- အင်း ပါသွားတယ်။ ဘုန်းကြီးကျောင်းကပစ္စည်း ပါ ယူသွားတာ။

မေး- အဲဒါက တစ်ပိုင်းပေါ့နော်။ တပ်က ဝင်ပြီးတော့ နောင်ချိုမြို့ကို စထိန်းချုပ်တဲ့အချိန်မှာကော ဘယ်လိုမျိုး အခက်အခဲတွေ တွေ့ရသလဲ။
ဖြေ- အဓိကကတော့ နှစ်ဦးနှစ်ဖက် ကြားညပ်မယ့်အနေအထားမှာရှိတော့ ချက်ချင်းကြီးတော့ တန်းမဝင်ဘူးပေါ့။ အားလုံးက စောင့်ကြည့်နေကြတာပေါ့။ အုမ္မတီးကို သိမ်းပြီးတဲ့အချိန် စောင့်နေတာ။ နောင်ချိုမြို့ထဲကိုမဝင်သေးဘူး။ အားလုံး Safe ဖြစ်ပြီဆိုမှပဲ ဝင်ပါတယ်။ အခက်အခဲကတော့ သိပ်မရှိပါ ဘူး။ မရှိဘူးဆိုတာက လမ်းပိုင်းကြီးကို ပွင့်သွားတဲ့ အတွက် အားလုံးက ကိုယ့်ကားလေးနဲ့ကိုယ်၊ တချို့ ကလည်း တပ်ကနေ စီစဉ်ပေးထားတဲ့ကားတွေလည်း ရှိတယ်။ ဖောကားတွေလို၊ မြေသည်ကားတွေနဲ့ ဗွီဒီယိုတွေထဲမှာ တွေ့သလိုမျိုးပေါ့။ အကုန်လုံးပြန် ဝင်လာနိုင်ပါတယ်။

မေး - လက်ရှိ နောင်ချိုမြို့က လူဘယ်လောက် ရာခိုင်နှုန်းလောက် ပြန်ဝင်ပြီလို့ ပြောလို့ရပါသလဲ။
ဖြေ - အခုကတော့ ရှစ်ဆယ်ရာခိုင်နှုန်းလောက် ပြန်ဝင်ပါပြီ။ ရွှေဆိုင်တွေတောင် ပြန်ဖွင့်၊ ဆေးရုံ၊ ဆေးခန်း လည်ပတ်ပြီ။ ကျောင်းလည်း လည်ပတ်ပြီ။ အ.ထ.က ကျောင်းဆိုလည်း ပြန်ဖွင့်သွားနိုင်ပြီ။ မြို့မကျောင်းလည်း ပြန်ဖွင့်နိုင်ပြီ။ ရုံးတွေဆိုရင်လည်း လည်ပတ်နေပြီ။ ဌာနဆိုင်ရာရုံးအားလုံးလည်း ပြန် လည်ပတ်နိုင်မယ့် အနေအထားလည်းရှိတယ်။ လျှပ် စစ်မီးရပြီ၊ ဖုန်းလိုင်းရပြီဆိုတော့ တော်တော်လေး ပြန်လည်ပတ်တဲ့ အနေအထားတော့ရှိပြီပေါ့။

မေး - နောင်ချိုက ပုံမှန်အခြေအနေကို ပြန်ရောက်ဖို့အတွက် အချိန်ဘယ်လောက်ကြာမယ် ထင် ပါသလဲ။
ဖြေ - ပုံမှန်အခြေအနေကို ပြန်ရောက်ဖို့ကတော့ ပြန်လည်ထူထောင်ရေးအထွေထွေ ပြန်လုပ်ဖို့ ကတော့ ခြောက်လလောက် အချိန်ယူရမှာပေါ့။ အခြေခံအဆောက်အအုံတွေ ပျက်စီးခဲ့တာရှိတာကိုး။ အခုက တစ်ပိုင်တစ်နိုင်နဲ့ ကိုယ့်လမ်းနဲ့ကိုယ်သန့်ရှင်းရေးလုပ်တဲ့သူက လုပ်တယ်။ မြို့တည်ထောင်ရေး အတွက် ပြည်သူတွေ ဝိုင်းလာပါတယ်။ ဌာနဆိုင်ရာတင် မဟုတ်ဘူး ပြည်သူတွေလည်း ဝိုင်းလုပ်ကြပါ တယ်။ တစ်ပတ်အတွင်းမှာ တော်တော်လေးသိသာပါတယ်။ လားရှိုးတောင် အဲဒီလောက်မမြန်ပါဘူး နောင်ချိုက မြန်ပါတယ်။

မေး - နောင်ချိုမြို့က စစ်ကြောင့်ဘယ်လောက် အထိနာသွားလဲ။
ဖြေ - မြို့နယ်ဘက်ခြမ်းက ရွာကြီးတွေဘက်မှာတော့ ပျက်စီးတာ ရှိတယ်။ မြို့ပေါ်က တအား ကြီး မပျက်စီး ဘူး။ အဓိကပျက်စီးတာတော့ နောင်ချိုပတ်ဝန်းကျင်က ရွာတွေပေါ့။ ဒါတွေကတော့ အဓိက ပျက်စီးပါတယ်။ ကျေးလက်ကျန်းမာရေး ရုံးတွေ၊ နောက်ပြီးတော့ လူနေနှစ်ထပ်တိုက်တွေပေါ့။

မေး - TNLA က နောင်ချိုမြို့ မကျဖို့ ကျားကုပ်ကျားခဲ လုပ်ခဲ့ပါသလား။
ဖြေ - ပြောနိုင်ပါတယ်။ TNLA ကို သူတို့က မထောက်ခံတဲ့အတွက် နောင်ချိုမြို့က ကျတာလည်း ပါတယ်။ ဘာကြောင့်လဲဆိုတော့ တပ်မတော်က ထိုးစစ်ဆင်နေတဲ့ အချိန်မှာ ပြည်သူတွေကလည်း TNLA ရဲ့ နှိပ်စက်မှုဒဏ်ကို မခံချင်တော့ဘူး။ တပ်မတော်အပေါ်မှာ သတင်းပေးတာတွေရှိတယ်၊ သွယ်ဝိုက်သော နည်းနဲ့ အကူအညီပေးတာတွေ ရှိခဲ့တယ်။

မေး - နောင်ချိုကလူတွေက စစ်ကိုကြောက်သွားပြီလား။
ဖြေ - ကြောက်သွားပြီ အနီတွေဆိုရင်လည်း သူတို့သိသွားပြီလေ။ နောင်တရသွားပြီ။ သူတို့လည်း ပြောပြတယ် ငါတို့တွေမှားသွားပြီ ဆိုတာကို။ နောင်ချို ဆိုတာက ဦးထွန်းထွန်းဟိန်မြို့ပေါ့ဗျာ။ NLD နိုင် ခဲ့တဲ့မြို့။ အနီအားကောင်းတဲ့ မြို့။ ဒီအချိန်မှာ မှန်လား၊ မှားလားဆိုတာ သူတို့သိသွားပြီပေါ့။ ဒီလိုမျိုး ရှိပါတယ်။

မေး - တပ်မတော်အပေါ် မြို့သူ၊ မြို့သားတွေရဲ့ သဘောထားက ဘယ်လိုရှိလဲ။
ဖြေ - အများစုကတော့ နဂိုတုန်းကတော့ Negative မြင်တာပေါ့နော်။ အခုကတော့ Positive မြင်ပြီးတော့ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိလာကြပါတယ်။ မြို့ထူထောင်ရေးအတွက် ဝိုင်းပြီးတော့လုပ် ပေးကြတာတွေ ပြီးတာ့ အရပ်ဘက်အဖွဲ့အစည်းရော၊ ဒေသခံတွေရော၊ လုပ်ငန်းရှင်တွေရော ဝိုင်းပြီး တော့ ပူးပေါင်းဆောင်ရွက်ကြပါတယ်။ ဒါကြောင့်လဲ အချိန်တိုအတွင်းမှာ ပြန်လည်ထူထောင်နိုင် သွား တာလို့ ပြောလို့ရပါတယ်။ TNLA နဲ့ PDF ကို ထောက်ခံသူတွေက တကယ်တမ်းမှာ သူတို့အားကိုးတဲ့ အဖွဲ့ အစည်းတွေက မြို့ပေါ်မှာ ဘယ်လိုအမြတ်ထုတ်သွားလဲဆိုတာ သူတို့ကိုယ်တိုင်မြင်သွားတယ်။ ဒါကို သိ တဲ့အတွက် ပြည်သူတချို့ကနောင်တရပြီး တပ်မတော် အပေါ်မှာ ကူညီမှုတွေရှိလာတယ်။ ဒါကြောင့် လည်း နောင်ချိုမြို့က အောင်အောင်မြင်မြင်ပြန်ရခဲ့တာ ဖြစ်ပါတယ်။

မေး - နောင်ချိုမြို့မှာ ပါခဲ့တဲ့ TNLA တွေထဲ တချို့က အလင်းဝင်တာလည်းရှိသလို အလင်းဝင်လို သူတွေလည်း ရှိတယ်လို့သိရပါတယ်။
ဖြေ - သူတို့ အလင်းဝင်တာကတော့ အမှန်တရား သိသွားတာပေါ့။ သူတို့ထင်သလိုမရနိုင်ဘူး။ တကယ့် တကယ်တမ်း TNLA အုပ်ချုပ်တဲ့အခါ လူမျိုးရေး အသွင်ဆောင်တဲ့ အုပ်ချုပ်မှုတွေ၊ ဖိနှိပ်မှုတွေ ကြုံ လာတဲ့အခါ တော်တော်များများ နောင်တ ရကြပါတယ်။ နောင်ချိုမှာလည်း TNLA ကို ကူညီခဲ့တဲ့ သူ တွေ နောင်တရပြီး ခံဝန်နဲ့လာတဲ့သူတွေလည်း ရှိပါတယ်။

မေး - နောင်ချိုမြို့ကို TNLA စိုးမိုးထားစဉ်မှာ စီးပွားရေးဘယ်လိုအမြတ်ထုတ်လဲ။ ဘယ်လို ဥပဒေ မဲ့ လုပ်တာမြင်မိလဲ။
ဖြေ - အဓိကတော့ အခွန်ကောက်တာ။ နောက်ပြီးတော့ ကိစ္စတစ်ခုကို မစုံစမ်းဘဲ စီရင်ချက်ချ တာတို့၊ ထောင်ထဲထည့်တာတို့ ဒါမျိုးတွေ လုပ်တာပေါ့။ အဲဒီမျိုးက ပိုများတယ်။

မေး - အခွန်ကကော ဘယ်လောက်အတိုင်းအတာထိ ကောက်ပါသလဲ။
ဖြေ - ပြောရတော့ခက်တယ်။ အခွန်ကတော့ ပမာဏ များတာပေါ့။ နောက်ဆုံးဗျာ အစိုးရ ရူးတာ ဆိုတော့ ဘီးခွန်ကအစ ကောက်တယ်ဗျာ။ ကိုယ့်မြို့ကတောင် မထွက်တာကို ဘီးခွန်ကအစ ကောက်ပြီး တော့ ပိုက်ဆံကောက်တယ်။ ဒါမျိုးက အစလုပ်တာ။

မေး-တပ်မတော်က ထိန်းချုပ်ပြီးတဲ့ နောက်မှာ အရပ်ဘက်အုပ်ချုပ်ရေးက အပြည့်အဝနီးပါး ပြန်စပြီလို့ ဆိုနိုင်မလား။
ဖြေ- ရှမ်းပြည်နယ် အစိုးရရဲ့ ဝန်ကြီးချုပ်ကိုယ်တိုင်လည်း လာတယ်။ ပြန်လည်တည်ဆောက်ရေး အတွက် လုပ်ပေးနေတယ်။ ပြည်ထောင်စု အစိုးရကလည်း တိုက်ရိုက်ကွပ်ကဲအုပ်ချုပ်နေတဲ့ ဒေသဖြစ် တော့ အချိန်တိုအတွင်းမှာ လျင်လျင်မြန်မြန် တိုးတက်ပြီးတော့ အရင်လိုပြန်ဖြစ်လာမယ်လို့ ထင်ပါ တယ်။ အခုလည်း တော်တော်တိုးတက်ပါတယ်။ ရှမ်းတောင်ကိုသွားတဲ့ကားကြီးတွေ ဖြတ်လာပြီ။ ကြံ ကားတွေပြန်ဖြတ်ပြီလေ။ တော်တော်များများ လည်း ပြန်စည်လာပါပြီ။ နဂိုအတိုင်းတော့ ပြန်ဖြစ်နေ ပါပြီ။

မေး - နောင်ချိုမြို့ရဲ့စီးပွားရေးက ကာလဘယ်လောက်အတွင်းမှာ ပုံမှန်ကာလကိုရောက်မယ်လို့ ထင်လဲ။
ဖြေ - လက်ရှိကတော့ အဓိကက ရှမ်းမြောက်လမ်း ကြောင်းပေါ့ဗျာ။ မူဆယ်ကုန်သွယ်ရေးကို အခြေပြုရတဲ့ ဒေသလည်း ဖြစ်တယ်။ ရှမ်းတောင်ကိုလည်း အခြေပြုရတဲ့ ဒေသတစ်ခုလည်းဖြစ်တယ်။ ထိန်းချုပ်ခံထားရတဲ့အခြေအနေဆိုရင် အများကြီးလွတ်လပ် သွားပြီ။ မန္တလေးကိုလည်း ကုန်သွယ်နိုင် တယ်။ တောင်ကြီးကိုလည်း သွယ်နိုင်သွားပြီ။ လားရှိုးကိုလည်း ရပ်စောက်-ကျောက်ဂူ လမ်းက ကုန် သွယ်နိုင်ပြီဆိုတော့ စီးပွားရေးကတော့ ပြန်ပြီး ဦးမော့လာမယ့် အနေအထားရှိပါတယ်။

မေး - မြို့သူ၊ မြို့သားတွေက စစ်နဲ့ပတ်သက်လို့ စိတ်ဒဏ်ရာတွေ ရသွားတယ်ထင်လား။ အစ်ကို ကိုယ်တိုင်ကကော။
ဖြေ - စိတ်ဒဏ်ရာဆိုတာထက် မုန်းတီးမှုပေါ့ဗျာ။ နာကြည်းမှုတွေ ဖြစ်သွားတာပေါ့။ စစ်ကိုခေါ် လာတဲ့သူလည်း အလိုမရှိတော့ဘူး။ သူတို့က သိသွားပြီလေ။ ဗွီဒီယိုမှာလည်း တွေ့မှာပါ။ ပုန်းနေရတဲ့သူ တွေလည်း ထွက်လာတော့ သူတို့အတိုင်းမသိ ပျော်သွားကြတယ်။ ငြိမ်းချမ်းတာပဲ လိုချင်တော့တယ်။ နိုင်ငံရေးမှာ စိတ်ကုန်သွားတယ်ပဲ ပြောပါရစေ။

မေး - ခုနက အစ်ကိုပြောတဲ့အထဲ ပါသွားတယ် ပေါ့လေ။ မြို့ခံတွေကလည်း ပြန်လည်ထူထောင် ရေး ကူညီနေတယ်ဆိုတာမှာ နောင်ချိုမြို့နယ် ပြန်လည်ထူထောင်ရေးမှာ ဘယ်လိုအခက်အခဲတွေ ရှိ သေးလဲ။
ဖြေ - အဓိကကတော့ အဆောက်အအုံ ပြန်ဆောက် ဖို့ နံပါတ်တစ်က ငွေကြေးပေါ့။ နံပါတ်နှစ် ကတော့ အခုတော့ ဝင်တော့ ဝင်ပါတယ်။ မန္တလေးကနေ အိမ်ဆောက်ပစ္စည်းတွေ၊ အခြေခံကုန်ကြမ်း ပစ္စည်းတွေ ပြန်ဝင်ပါပြီ။ အဓိက အခက်အခဲကတော့ ငွေရေးကြေးရေးနဲ့ အခြေခံကုန်စည်လိုအပ်ချက် ကတော့ ရှိနေပါသေးတယ်။

မေး - ကုန်ဈေးနှုန်းကကော ဘယ်လိုရှိပါသလဲ။
ဖြေ - နဂိုထက်စာရင် အများကြီး တည်ငြိမ်လာပါတယ်။ မေမြို့ဈေးနှုန်းလောက်ပါပဲ။ သာမန် ဈေးပဲ ဖြစ်ပါတယ်။

မေး - နောင်ချိုက တိမ်ပင်လယ်ဟာလည်း နာမည်ကြီးတာဆိုတော့ နောင်ချိုမှာ တိမ်ပင်လယ် ပြန်ဖွင့်ဖို့ စီစဉ်နေကြပြီလို့ ကြားရပါတယ်။
ဖြေ - အခု တိမ်ပင်လယ်ကို ပြန်ဖွင့်ဖို့ သေချာလေးလုပ်နေတယ်။ လမ်းကို ပြန်ပြင်ပေးနေတယ်။ လုံခြုံရေးယူနေတဲ့ ကိစ္စတွေလည်း ဆောင်ရွက်ပေးနေတယ် လို့ သိပါတယ်။ မကြာခင်တော့ မေမြို့ကနေ နောင်ချိုကို လာလည်မယ့်အဖွဲ့တွေရှိမယ် မျှော်လင့်ပါတယ်။

မေး - နောင်ချို-မေမြို့ လမ်းပိုင်းကကော စိတ်ချရရဲ့လား။
ဖြေ - စိတ်ချရပါတယ်။ နေ့တိုင်း အိမ်စီးကားလေး တွေနဲ့ ထွက်နေကြပါတယ်။ လမ်းမှာလည်း စစ်ဆေးတဲ့အခါ လုံခြုံရေးအရ မှန်ချပေးမယ်၊ စစ်ဆေးမယ်ပေါ့ဗျာ ဒီလောက်ပါပဲ ထွေထွေထူးထူး မရှိပါဘူး။

မေး - နောင်ချိုကတော့ ဘယ်လောက်အထိ သွားနိုင်ပြီလဲ ဟိုဘက်ကိုပေါ့။
ဖြေ - နောင်ချို- ရပ်စောက် - ကျောက်ဂူ လမ်း သွားလို့ရမယ်။ နောင်ချိုမှာ ဒီဘက် ကျောက်မဲ ဘက်ကို ကျော်လို့တော့ လောလောဆယ် မရသေးဘူးပေါ့။

မေး - မြို့သူ၊ မြို့သားတွေရဲ့ဆန္ဒက ဘယ်လောက်ရှိလဲ။
ဖြေ - မြောက်ပိုင်းလမ်းပေါ့။ ကျွန်တော်တို့ အခေါ်ကလေ။ မြောက်ပိုင်းလမ်း ပြန်ဖွင့်သွားပြီဆိုရင် မူဆယ်ကုန်သွယ်ရေးတွေ ဒါတွေပြန်ဖွင့်ပြီဆိုရင် ရှမ်းမြောက်က ကုန်သွယ်ရေးကို အခြေခံရတဲ့ မြို့တွေ ဖြစ်တဲ့အတွက် ဒီနောင်ချို-သီပေါ- ကျောက်မဲ- လားရှိုး- မူဆယ်လမ်းကြီး ပြန်ဖွင့်ဖို့ ပြည်ထောင်စု လမ်းမ ကြီး ပြန်ဖွင့်ဖို့ မျှော်လင့်ပါတယ်။

မေး - အရင် စစ်ဘေးရှောင်ခဲ့ရတုန်းက ကြုံရတဲ့အခက်အခဲက ဘာများဖြစ်ခဲ့လဲ။
ဖြေ - အဓိက အိမ်ငှားခပေါ့။ ငှားခဈေးကြီးတာ ရှိတယ်။ ပိုက်ဆံတတ်နိုင်ရင်တောင် ငှားဖို့ အခက် အခဲရှိတယ်။

မေး - နောင်ချိုကလူတွေဟာ ငြိမ်ချမ်းပြီလို့ စိတ်ဒုံးဒုံး ချနိုင်ပြီလား။
ဖြေ - အနည်းနဲ့အများတော့ စိုးရိမ်မှုရှိတယ်။ ဒါပေမယ့် စိတ်ချလက်ချတော့ သွားလာနေကြပါပြီ။ စိတ်မချဘူးဆိုတာက ဒဏ်ရာကလည်းရှိခဲ့တော့ သူသူကိုယ်ကိုယ်ပေါ့လေ ဒီလိုမျိုးတော့ ခံစားမိတာပါပဲ။

မေး - ကလေးတွေရဲ့စိတ်ထဲမှာကော စစ်ပွဲနဲ့ပတ်သက်လို့ ဘယ်လောက်စိတ်ဒဏ်ရာရသွားလဲ။
ဖြေ - အခု ကျောင်းတက်နေတဲ့ ကလေးတွေက ကားဘီးပေါက်သံတောင် အလုံးကြီးကျတဲ့ အသံ တို့၊ ဒရုန်းကျတဲ့ အသံတို့ဆိုပြီး စိုးရိမ်စိတ်တွေ ရှိခဲ့တာပေါ့။ ကလေးတွေကလည်း အခြေခံကျောင်းတွေ မှာ နိုင်ငံတော် လမ်းòန်ချက်နဲ့အညီ စိတ်ပိုင်းဆိုင်ရာ တွေကို ဖြည့်ဆည်းပေးတဲ့အနေနဲ့ သင်ကြားမှုတွေ ရှိတယ်ပေါ့လေ။ ဘယ်လိုနေထိုင်ရမယ်ဆိုတာလေ။ ဒါမျိုးတွေ လုပ်ပေးနေတယ်လို့ သိရပါတယ်။

မေး - တခြားမြို့က စစ်ကိုခေါ်နေတဲ့သူတွေကို ဘာပြောချင်ပါသလဲ။
ဖြေ - နောင်ချိုသင်ခန်းစာကို ကြည့်ပါ။ ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာပါ ပျက်စီးခဲ့ရတဲ့ မြို့ ပေါ့။ အကြမ်းဖက်မှု အားမပေးဘဲ နိုင်ငံရေး နည်းလမ်းနဲ့သာ ဖြေရှင်းဖို့ တိုက်တွန်းချင်ပါတယ်။

အခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

Zawgyi Version:
“အနီေတြဆိုရင္ ေၾကာက္သြားၿပီ ေနာင္ခ်ိဳက ဦးထြန္းထြန္းဟိန္ၿမိဳ႕ေပါ့ဗ်ာ”
သုတေက်ာ္ (NP News) - ၾသဂုတ္ ၂၇
တပ္မေတာ္က ေနာင္ခ်ိဳၿမိဳ႕ကိုျပန္လည္ထိန္းခ်ဳပ္ၿပီးေနာက္ အုပ္ခ်ဳပ္ေရးယႏၲရားမ်ားကို ျပန္ လည္ စတင္ေနၿပီျဖစ္သည္။ ယင္းၿမိဳ႕ျပန္လည္ထူေထာင္ရာတြင္ ႏိုင္ငံေတာ္အစိုးရက အင္တိုက္အား တိုက္ ေဆာင္႐ြက္ေနသကဲ့သို႔ ျပည္သူမ်ားလည္းပါဝင္ၿပီးကူညီေနၾကေၾကာင္းသိရသည္။ ပေလာင္ မလို တဲ့ေနာင္ခ်ိဳ အေျခအေနမ်ားႏွင့္ပတ္သက္၍ ၿမိဳ႕ခံတစ္ဦးကို NP News က ဆက္သြယ္ေမးျမန္းထားသည္ မ်ားကို ေကာက္ႏုတ္ေဖာ္ျပအပ္ပါသည္။

ေမး - ပထမဆုံး ေမးခ်င္တာက ေနာင္ခ်ိဳဟာ စစ္ေရးအရ ဘယ္ေလာက္အေရးပါတယ္လို႔ ထင္ပါ သလဲ။
ေျဖ - ရွမ္းေျမာက္ကေန ရွမ္းေတာင္နဲ႔ မႏၲေလးတိုင္း ေဒသႀကီး ဆက္သြယ္ထားတဲ့ ေဒသတစ္ခု ျဖစ္တဲ့အတြက္ ေနာင္ခ်ိဳၿမိဳ႕ကိုရျခင္းဟာ စစ္ေရးအရ သာလြန္မႈေတြရွိတယ္ပဲ ေျပာခ်င္ပါတယ္။

ေမး - စစ္ပြဲ မစခင္ေပါ့ေနာ္။ စစ္က ကပ္လာၿပီဆိုတုန္းအခ်ိန္က ေနာင္ခ်ိဳၿမိဳ႕အေျခအေနကိုလည္း ေျပာျပေပးပါလား။
ေျဖ - ႏိုင္ငံေရးေျပာင္းလဲမႈျဖစ္ၿပီး တစ္ႏွစ္အၾကာမွာ ေနာင္ခ်ိဳၿမိဳ႕စီးပြားေရးက စိုးရိမ္ေရမွတ္မွာ ရွိတယ္ ေပါ့။ ကြၽန္ေတာ္တို႔ကလည္း အေစာႀကီးကတည္းက သိၿပီးသား။ တစ္ခ်ိန္က်ရင္ လက္နက္ကိုင္ ေတြက ေနာင္ခ်ိဳ၊ ေက်ာက္မဲ၊ သီေပါ၊ မန္တုံေပါ့။ ရွမ္းေျမာက္ကို သိမ္းခ်င္တဲ့အေနအထားတစ္ခုမွာ သို႔ ေလာသို႔ေသာ ျဖစ္ခဲ့တယ္။ ဒါ့ျပင္ ေနာင္ခ်ိဳမွာဆိုရင္ မကၠေဒးမီးယား စိုက္ခင္းေတြ ရွိတယ္။ ျမန္မာႏိုင္ငံ မွာ နာမည္ႀကီးတဲ့ ႀကံစိုက္ခင္းေတြရွိတယ္ေပါ့။ ဒီလုပ္ငန္းေတြလည္း အနည္းနဲ႔အမ်ား အထိခိုက္မႈ ရွိ တယ္။ ဒီလုပ္ငန္းေတြကလည္း လက္နက္ကိုင္ေတြရဲ႕ အခြန္ေကာက္ခံမႈေတြ၊ လႈပ္ရွားသြားလာတဲ့ ေနရာ ေဒသေတြမွာရွိေတာ့ လုပ္ရကိုင္ရတာခက္ခဲတာရွိတယ္။

ေမး- ေနာင္ခ်ိဳကို စၿပီးအတိုက္ခံရတဲ့အခ်ိန္မွာျပည္သူေတြက ဘယ္ေလာက္အထိ စစ္ဒဏ္ကို ခံလိုက္ရလဲ။
ေျဖ- နံပါတ္တစ္အခ်က္ကေတာ့ ျပည္သူေတြ စစ္ေဘး၊ စစ္ဒဏ္ ခံရတာေပါ့။ နံပါတ္ ႏွစ္အခ်က္ ကေတာ့ သူတို႔မေထာက္ခံခဲ့တဲ့လူေတြကို သူတို႔ကအိမ္ကို ခ်ိပ္ပိတ္တယ္ေပါ့။ ဖမ္းဆီးတာေတြ၊ ရဟန္း ေတာ္ေတြဆိုလည္း ဖမ္းတာျပဳတာေတြ ဒါေတြလည္းလုပ္ခဲ့တယ္ေပါ့ေနာ္။ ျပည္သူေတြအတြက္ ေဘး က်ပ္နံက်ပ္ ျဖစ္ခဲ့တဲ့ အေနအထားတစ္ခုမွာ ရွိခဲ့တယ္ေပါ့။ ခ်မ္းသာတဲ့သူေတြဆိုရင္လည္း ၿမိဳ႕ေပၚကေန ခြာရတာေပါ့ဗ်ာ။ အခြန္အခေတြေရာ ဘာေတြေရာ အဲဒီလိုမ်ိဳးေတြ ရွိတယ္။ ထမင္းခ်က္ ေကြၽးခိုင္းတာ ေတြ၊ ဘာေတြ အဲဒီလိုမ်ိဳးေတြကို လုပ္ခိုင္းတာေတြရွိတာေပါ့ေလ။ အဲဒီလိုမ်ိဳးေတြေတာ့ ႀကဳံရတာေပါ့။

ေမး- ေနာင္ခ်ိဳၿမိဳ႕ သူတို႔လက္ေအာက္မွာေနေနရတဲ့ ျပည္သူေတြရဲ႕အေျခေနကေကာ ဘယ္ ေလာက္အထိ အေျခေနဆိုးခဲ့သလဲ။
ေျဖ- အဓိကေတာ့ စားဝတ္ေနေရး ခက္တယ္ေပါ့ေနာ္။ ၾကက္ဥတစ္လုံးကို ေထာင့္ငါးရာေလာက္ အထိ ျဖစ္သြားတာ။ ေထာင့္ငါးရာကေန သုံးေထာင္ေလာက္အထိ ျဖစ္သြားတဲ့အေနအထားေတြဆိုေတာ့ ေလ။ လွ်ပ္စစ္ မီးျပတ္ေတာက္တာေတြ၊ ဖုန္းလိုင္းမရတာေတြ။ အဓိက ဖုန္းလိုင္းမရတဲ့ကိစၥေတြ။ ဒါေတြ ျဖစ္ခဲ့တာေပါ့ဗ်ာ။ ေျပာရမယ္ဆိုရင္ မ်က္စိပိတ္၊ နားပိတ္၊ တံခါးပိတ္ ပုံစံေတြနဲ႔ ေနရတဲ့ဟာမ်ိဳးေပါ့။ သူ တစ္လူ ငါတစ္မင္းဆိုတဲ့ပုံစံမ်ိဳးေပါ့။ ဒီလူနဲ႔မတည့္ဘူးမလား ဒီလူကို ဒလန္လို႔ေျပာၿပီးမွ သြားဖမ္းခိုင္း တယ္ဆိုရင္ ဟိုဘက္က TLNA က သြားဖမ္းတာ။ မွန္တာ၊ မွားတာက ေနာက္မွထား။ ကတုံးတုံးၿပီး အခ်ဳပ္ထဲအရင္ ထည့္တာ။ ဒါမ်ိဳးေတြ ရွိတာေပါ့ေလ။

ေမး- TLNA လက္ေအာက္မွာ ေနာင္ခ်ိဳၿမိဳ႕ခံ ဘယ္ေလာက္ရာခိုင္ႏႈန္း ျပန္ဝင္ခဲ့ၾကလဲ။
ေျဖ- TLNA လက္ေအာက္မွာ ေနာင္ခ်ိဳၿမိဳ႕ခံေတြ အမ်ားစု (၃၀) ရာခိုင္ႏႈန္းေလာက္ပဲက်န္ခဲ့တာပါ။
ေတာ္ေတာ္မ်ားမ်ားကေတာ့ ေရွာင္ၾကပါတယ္။ ရပ္ေစာက္၊ ေတာင္ႀကီး၊ ေမၿမိဳ႕ေပါ့ေနာ္။ အနီးဆုံးဆို ေမ ၿမိဳ႕ေပါ့ေနာ္ အဲဒီလိုမ်ိဳးေတြကို ေရွာင္ၾကပါတယ္။

ေမး- ေနာင္ခ်ိဳၿမိဳ႕ကို တပ္ကျပန္မရခင္ ေနာင္ခ်ိဳၿမိဳ႕ကို လက္လြတ္ရမယ္ဆိုတဲ့အခါမွာ TLNA က ေနာင္ခ်ိဳ ၿမိဳ႕နဲ႔ပတ္သက္ၿပီး ဘာေတြလုပ္ခဲ့ပါသလဲ။
ေျဖ- လက္လႊတ္ရမယ့္အေျခအေနမွာ ဘာလဲဆိုပါစို႔ ကားေတြနဲ႔ ပစၥည္းေတြသယ္တာေပါ့ေနာ္။ ကား အေနာက္မွာ ဆန္ေတြသယ္တယ္။ တီဗီေတြ သယ္တယ္။ ေရခဲေသတၱာေတြ သယ္တယ္။ အဲကြန္း ေတြ ျဖဳတ္တယ္။ သုံးလို႔ရတဲ့ပစၥည္းမွန္သမွ် အကုန္သယ္တာေပါ့ေနာ္။ ဆက္သြယ္ေရး ဖုန္းဆိုင္ေတြက ဟာေတြ အကုန္ေဖာက္ၿပီးယူသြားတယ္။ အကုန္ အကုန္ပါပဲ။ သယ္သြားတာေပါ့ေလ။ အဲဒီလိုမ်ိဳး သယ္ သြားပါတယ္။ ဘုန္းေတာ္ႀကီးေက်ာင္းက ပစၥည္းေတြေရာ၊ ဆင္းတုေတာ္ေတြေရာ ဒါေတြပါ သယ္သြားပါတယ္။

ေမး။ ဘုန္းႀကီးေက်ာင္းက ပစၥည္းေတြပါ မသြားတာလား။
ေျဖ- အင္း ပါသြားတယ္။ ဘုန္းႀကီးေက်ာင္းကပစၥည္း ပါ ယူသြားတာ။

ေမး- အဲဒါက တစ္ပိုင္းေပါ့ေနာ္။ တပ္က ဝင္ၿပီးေတာ့ ေနာင္ခ်ိဳၿမိဳ႕ကို စထိန္းခ်ဳပ္တဲ့အခ်ိန္မွာေကာ ဘယ္လိုမ်ိဳး အခက္အခဲေတြ ေတြ႕ရသလဲ။
ေျဖ- အဓိကကေတာ့ ႏွစ္ဦးႏွစ္ဖက္ ၾကားညပ္မယ့္အေနအထားမွာရွိေတာ့ ခ်က္ခ်င္းႀကီးေတာ့ တန္းမဝင္ဘူးေပါ့။ အားလုံးက ေစာင့္ၾကည့္ေနၾကတာေပါ့။ အုမၼတီးကို သိမ္းၿပီးတဲ့အခ်ိန္ ေစာင့္ေနတာ။ ေနာင္ခ်ိဳၿမိဳ႕ထဲကိုမဝင္ေသးဘူး။ အားလုံး Safe ျဖစ္ၿပီဆိုမွပဲ ဝင္ပါတယ္။ အခက္အခဲကေတာ့ သိပ္မရွိပါ ဘူး။ မရွိဘူးဆိုတာက လမ္းပိုင္းႀကီးကို ပြင့္သြားတဲ့ အတြက္ အားလုံးက ကိုယ့္ကားေလးနဲ႔ကိုယ္၊ တခ်ိဳ႕ ကလည္း တပ္ကေန စီစဥ္ေပးထားတဲ့ကားေတြလည္း ရွိတယ္။ ေဖာကားေတြလို၊ ေျမသည္ကားေတြနဲ႔ ဗြီဒီယိုေတြထဲမွာ ေတြ႕သလိုမ်ိဳးေပါ့။ အကုန္လုံးျပန္ ဝင္လာႏိုင္ပါတယ္။

ေမး - လက္ရွိ ေနာင္ခ်ိဳၿမိဳ႕က လူဘယ္ေလာက္ ရာခိုင္ႏႈန္းေလာက္ ျပန္ဝင္ၿပီလို႔ ေျပာလို႔ရပါသလဲ။
ေျဖ - အခုကေတာ့ ရွစ္ဆယ္ရာခိုင္ႏႈန္းေလာက္ ျပန္ဝင္ပါၿပီ။ ေ႐ႊဆိုင္ေတြေတာင္ ျပန္ဖြင့္၊ ေဆး႐ုံ၊ ေဆးခန္း လည္ပတ္ၿပီ။ ေက်ာင္းလည္း လည္ပတ္ၿပီ။ အ.ထ.က ေက်ာင္းဆိုလည္း ျပန္ဖြင့္သြားႏိုင္ၿပီ။ ၿမိဳ႕မေက်ာင္းလည္း ျပန္ဖြင့္ႏိုင္ၿပီ။ ႐ုံးေတြဆိုရင္လည္း လည္ပတ္ေနၿပီ။ ဌာနဆိုင္ရာ႐ုံးအားလုံးလည္း ျပန္ လည္ပတ္ႏိုင္မယ့္ အေနအထားလည္းရွိတယ္။ လွ်ပ္ စစ္မီးရၿပီ၊ ဖုန္းလိုင္းရၿပီဆိုေတာ့ ေတာ္ေတာ္ေလး ျပန္လည္ပတ္တဲ့ အေနအထားေတာ့ရွိၿပီေပါ့။

ေမး - ေနာင္ခ်ိဳက ပုံမွန္အေျခအေနကို ျပန္ေရာက္ဖို႔အတြက္ အခ်ိန္ဘယ္ေလာက္ၾကာမယ္ ထင္ ပါသလဲ။
ေျဖ - ပုံမွန္အေျခအေနကို ျပန္ေရာက္ဖို႔ကေတာ့ ျပန္လည္ထူေထာင္ေရးအေထြေထြ ျပန္လုပ္ဖို႔ ကေတာ့ ေျခာက္လေလာက္ အခ်ိန္ယူရမွာေပါ့။ အေျခခံအေဆာက္အအုံေတြ ပ်က္စီးခဲ့တာရွိတာကိုး။ အခုက တစ္ပိုင္တစ္ႏိုင္နဲ႔ ကိုယ့္လမ္းနဲ႔ကိုယ္သန႔္ရွင္းေရးလုပ္တဲ့သူက လုပ္တယ္။ ၿမိဳ႕တည္ေထာင္ေရး အတြက္ ျပည္သူေတြ ဝိုင္းလာပါတယ္။ ဌာနဆိုင္ရာတင္ မဟုတ္ဘူး ျပည္သူေတြလည္း ဝိုင္းလုပ္ၾကပါ တယ္။ တစ္ပတ္အတြင္းမွာ ေတာ္ေတာ္ေလးသိသာပါတယ္။ လားရႈိးေတာင္ အဲဒီေလာက္မျမန္ပါဘူး ေနာင္ခ်ိဳက ျမန္ပါတယ္။

ေမး - ေနာင္ခ်ိဳၿမိဳ႕က စစ္ေၾကာင့္ဘယ္ေလာက္ အထိနာသြားလဲ။
ေျဖ - ၿမိဳ႕နယ္ဘက္ျခမ္းက ႐ြာႀကီးေတြဘက္မွာေတာ့ ပ်က္စီးတာ ရွိတယ္။ ၿမိဳ႕ေပၚက တအား ႀကီး မပ်က္စီး ဘူး။ အဓိကပ်က္စီးတာေတာ့ ေနာင္ခ်ိဳပတ္ဝန္းက်င္က ႐ြာေတြေပါ့။ ဒါေတြကေတာ့ အဓိက ပ်က္စီးပါတယ္။ ေက်းလက္က်န္းမာေရး ႐ုံးေတြ၊ ေနာက္ၿပီးေတာ့ လူေနႏွစ္ထပ္တိုက္ေတြေပါ့။

ေမး - TNLA က ေနာင္ခ်ိဳၿမိဳ႕ မက်ဖို႔ က်ားကုပ္က်ားခဲ လုပ္ခဲ့ပါသလား။
ေျဖ - ေျပာႏိုင္ပါတယ္။ TNLA ကို သူတို႔က မေထာက္ခံတဲ့အတြက္ ေနာင္ခ်ိဳၿမိဳ႕က က်တာလည္း ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ တပ္မေတာ္က ထိုးစစ္ဆင္ေနတဲ့ အခ်ိန္မွာ ျပည္သူေတြကလည္း TNLA ရဲ႕ ႏွိပ္စက္မႈဒဏ္ကို မခံခ်င္ေတာ့ဘူး။ တပ္မေတာ္အေပၚမွာ သတင္းေပးတာေတြရွိတယ္၊ သြယ္ဝိုက္ေသာ နည္းနဲ႔ အကူအညီေပးတာေတြ ရွိခဲ့တယ္။

ေမး - ေနာင္ခ်ိဳကလူေတြက စစ္ကိုေၾကာက္သြားၿပီလား။
ေျဖ - ေၾကာက္သြားၿပီ အနီေတြဆိုရင္လည္း သူတို႔သိသြားၿပီေလ။ ေနာင္တရသြားၿပီ။ သူတို႔လည္း ေျပာျပတယ္ ငါတို႔ေတြမွားသြားၿပီ ဆိုတာကို။ ေနာင္ခ်ိဳ ဆိုတာက ဦးထြန္းထြန္းဟိန္ၿမိဳ႕ေပါ့ဗ်ာ။ NLD ႏိုင္ ခဲ့တဲ့ၿမိဳ႕။ အနီအားေကာင္းတဲ့ ၿမိဳ႕။ ဒီအခ်ိန္မွာ မွန္လား၊ မွားလားဆိုတာ သူတို႔သိသြားၿပီေပါ့။ ဒီလိုမ်ိဳး ရွိပါတယ္။

ေမး - တပ္မေတာ္အေပၚ ၿမိဳ႕သူ၊ ၿမိဳ႕သားေတြရဲ႕ သေဘာထားက ဘယ္လိုရွိလဲ။
ေျဖ - အမ်ားစုကေတာ့ နဂိုတုန္းကေတာ့ Negative ျမင္တာေပါ့ေနာ္။ အခုကေတာ့ Positive ျမင္ၿပီးေတာ့ ပူးေပါင္းေဆာင္႐ြက္မႈေတြ ရွိလာၾကပါတယ္။ ၿမိဳ႕ထူေထာင္ေရးအတြက္ ဝိုင္းၿပီးေတာ့လုပ္ ေပးၾကတာေတြ ၿပီးတာ့ အရပ္ဘက္အဖြဲ႕အစည္းေရာ၊ ေဒသခံေတြေရာ၊ လုပ္ငန္းရွင္ေတြေရာ ဝိုင္းၿပီး ေတာ့ ပူးေပါင္းေဆာင္႐ြက္ၾကပါတယ္။ ဒါေၾကာင့္လဲ အခ်ိန္တိုအတြင္းမွာ ျပန္လည္ထူေထာင္ႏိုင္ သြား တာလို႔ ေျပာလို႔ရပါတယ္။ TNLA နဲ႔ PDF ကို ေထာက္ခံသူေတြက တကယ္တမ္းမွာ သူတို႔အားကိုးတဲ့ အဖြဲ႕ အစည္းေတြက ၿမိဳ႕ေပၚမွာ ဘယ္လိုအျမတ္ထုတ္သြားလဲဆိုတာ သူတို႔ကိုယ္တိုင္ျမင္သြားတယ္။ ဒါကို သိ တဲ့အတြက္ ျပည္သူတခ်ိဳ႕ကေနာင္တရၿပီး တပ္မေတာ္ အေပၚမွာ ကူညီမႈေတြရွိလာတယ္။ ဒါေၾကာင့္ လည္း ေနာင္ခ်ိဳၿမိဳ႕က ေအာင္ေအာင္ျမင္ျမင္ျပန္ရခဲ့တာ ျဖစ္ပါတယ္။

ေမး - ေနာင္ခ်ိဳၿမိဳ႕မွာ ပါခဲ့တဲ့ TNLA ေတြထဲ တခ်ိဳ႕က အလင္းဝင္တာလည္းရွိသလို အလင္းဝင္လို သူေတြလည္း ရွိတယ္လို႔သိရပါတယ္။
ေျဖ - သူတို႔ အလင္းဝင္တာကေတာ့ အမွန္တရား သိသြားတာေပါ့။ သူတို႔ထင္သလိုမရႏိုင္ဘူး။ တကယ့္ တကယ္တမ္း TNLA အုပ္ခ်ဳပ္တဲ့အခါ လူမ်ိဳးေရး အသြင္ေဆာင္တဲ့ အုပ္ခ်ဳပ္မႈေတြ၊ ဖိႏွိပ္မႈေတြ ႀကဳံ လာတဲ့အခါ ေတာ္ေတာ္မ်ားမ်ား ေနာင္တ ရၾကပါတယ္။ ေနာင္ခ်ိဳမွာလည္း TNLA ကို ကူညီခဲ့တဲ့ သူ ေတြ ေနာင္တရၿပီး ခံဝန္နဲ႔လာတဲ့သူေတြလည္း ရွိပါတယ္။

ေမး - ေနာင္ခ်ိဳၿမိဳ႕ကို TNLA စိုးမိုးထားစဥ္မွာ စီးပြားေရးဘယ္လိုအျမတ္ထုတ္လဲ။ ဘယ္လို ဥပေဒ မဲ့ လုပ္တာျမင္မိလဲ။
ေျဖ - အဓိကေတာ့ အခြန္ေကာက္တာ။ ေနာက္ၿပီးေတာ့ ကိစၥတစ္ခုကို မစုံစမ္းဘဲ စီရင္ခ်က္ခ် တာတို႔၊ ေထာင္ထဲထည့္တာတို႔ ဒါမ်ိဳးေတြ လုပ္တာေပါ့။ အဲဒီမ်ိဳးက ပိုမ်ားတယ္။

ေမး - အခြန္ကေကာ ဘယ္ေလာက္အတိုင္းအတာထိ ေကာက္ပါသလဲ။
ေျဖ - ေျပာရေတာ့ခက္တယ္။ အခြန္ကေတာ့ ပမာဏ မ်ားတာေပါ့။ ေနာက္ဆုံးဗ်ာ အစိုးရ ႐ူးတာ ဆိုေတာ့ ဘီးခြန္ကအစ ေကာက္တယ္ဗ်ာ။ ကိုယ့္ၿမိဳ႕ကေတာင္ မထြက္တာကို ဘီးခြန္ကအစ ေကာက္ၿပီး ေတာ့ ပိုက္ဆံေကာက္တယ္။ ဒါမ်ိဳးက အစလုပ္တာ။

ေမး-တပ္မေတာ္က ထိန္းခ်ဳပ္ၿပီးတဲ့ ေနာက္မွာ အရပ္ဘက္အုပ္ခ်ဳပ္ေရးက အျပည့္အဝနီးပါး ျပန္စၿပီလို႔ ဆိုႏိုင္မလား။
ေျဖ- ရွမ္းျပည္နယ္ အစိုးရရဲ႕ ဝန္ႀကီးခ်ဳပ္ကိုယ္တိုင္လည္း လာတယ္။ ျပန္လည္တည္ေဆာက္ေရး အတြက္ လုပ္ေပးေနတယ္။ ျပည္ေထာင္စု အစိုးရကလည္း တိုက္႐ိုက္ကြပ္ကဲအုပ္ခ်ဳပ္ေနတဲ့ ေဒသျဖစ္ ေတာ့ အခ်ိန္တိုအတြင္းမွာ လ်င္လ်င္ျမန္ျမန္ တိုးတက္ၿပီးေတာ့ အရင္လိုျပန္ျဖစ္လာမယ္လို႔ ထင္ပါ တယ္။ အခုလည္း ေတာ္ေတာ္တိုးတက္ပါတယ္။ ရွမ္းေတာင္ကိုသြားတဲ့ကားႀကီးေတြ ျဖတ္လာၿပီ။ ႀကံ ကားေတြျပန္ျဖတ္ၿပီေလ။ ေတာ္ေတာ္မ်ားမ်ား လည္း ျပန္စည္လာပါၿပီ။ နဂိုအတိုင္းေတာ့ ျပန္ျဖစ္ေန ပါၿပီ။

ေမး - ေနာင္ခ်ိဳၿမိဳ႕ရဲ႕စီးပြားေရးက ကာလဘယ္ေလာက္အတြင္းမွာ ပုံမွန္ကာလကိုေရာက္မယ္လို႔ ထင္လဲ။
ေျဖ - လက္ရွိကေတာ့ အဓိကက ရွမ္းေျမာက္လမ္း ေၾကာင္းေပါ့ဗ်ာ။ မူဆယ္ကုန္သြယ္ေရးကို အေျချပဳရတဲ့ ေဒသလည္း ျဖစ္တယ္။ ရွမ္းေတာင္ကိုလည္း အေျချပဳရတဲ့ ေဒသတစ္ခုလည္းျဖစ္တယ္။ ထိန္းခ်ဳပ္ခံထားရတဲ့အေျခအေနဆိုရင္ အမ်ားႀကီးလြတ္လပ္ သြားၿပီ။ မႏၲေလးကိုလည္း ကုန္သြယ္ႏိုင္ တယ္။ ေတာင္ႀကီးကိုလည္း သြယ္ႏိုင္သြားၿပီ။ လားရႈိးကိုလည္း ရပ္ေစာက္-ေက်ာက္ဂူ လမ္းက ကုန္ သြယ္ႏိုင္ၿပီဆိုေတာ့ စီးပြားေရးကေတာ့ ျပန္ၿပီး ဦးေမာ့လာမယ့္ အေနအထားရွိပါတယ္။

ေမး - ၿမိဳ႕သူ၊ ၿမိဳ႕သားေတြက စစ္နဲ႔ပတ္သက္လို႔ စိတ္ဒဏ္ရာေတြ ရသြားတယ္ထင္လား။ အစ္ကို ကိုယ္တိုင္ကေကာ။
ေျဖ - စိတ္ဒဏ္ရာဆိုတာထက္ မုန္းတီးမႈေပါ့ဗ်ာ။ နာၾကည္းမႈေတြ ျဖစ္သြားတာေပါ့။ စစ္ကိုေခၚ လာတဲ့သူလည္း အလိုမရွိေတာ့ဘူး။ သူတို႔က သိသြားၿပီေလ။ ဗြီဒီယိုမွာလည္း ေတြ႕မွာပါ။ ပုန္းေနရတဲ့သူ ေတြလည္း ထြက္လာေတာ့ သူတို႔အတိုင္းမသိ ေပ်ာ္သြားၾကတယ္။ ၿငိမ္းခ်မ္းတာပဲ လိုခ်င္ေတာ့တယ္။ ႏိုင္ငံေရးမွာ စိတ္ကုန္သြားတယ္ပဲ ေျပာပါရေစ။

ေမး - ခုနက အစ္ကိုေျပာတဲ့အထဲ ပါသြားတယ္ ေပါ့ေလ။ ၿမိဳ႕ခံေတြကလည္း ျပန္လည္ထူေထာင္ ေရး ကူညီေနတယ္ဆိုတာမွာ ေနာင္ခ်ိဳၿမိဳ႕နယ္ ျပန္လည္ထူေထာင္ေရးမွာ ဘယ္လိုအခက္အခဲေတြ ရွိ ေသးလဲ။
ေျဖ - အဓိကကေတာ့ အေဆာက္အအုံ ျပန္ေဆာက္ ဖို႔ နံပါတ္တစ္က ေငြေၾကးေပါ့။ နံပါတ္ႏွစ္ ကေတာ့ အခုေတာ့ ဝင္ေတာ့ ဝင္ပါတယ္။ မႏၲေလးကေန အိမ္ေဆာက္ပစၥည္းေတြ၊ အေျခခံကုန္ၾကမ္း ပစၥည္းေတြ ျပန္ဝင္ပါၿပီ။ အဓိက အခက္အခဲကေတာ့ ေငြေရးေၾကးေရးနဲ႔ အေျခခံကုန္စည္လိုအပ္ခ်က္ ကေတာ့ ရွိေနပါေသးတယ္။

ေမး - ကုန္ေဈးႏႈန္းကေကာ ဘယ္လိုရွိပါသလဲ။
ေျဖ - နဂိုထက္စာရင္ အမ်ားႀကီး တည္ၿငိမ္လာပါတယ္။ ေမၿမိဳ႕ေဈးႏႈန္းေလာက္ပါပဲ။ သာမန္ ေဈးပဲ ျဖစ္ပါတယ္။

ေမး - ေနာင္ခ်ိဳက တိမ္ပင္လယ္ဟာလည္း နာမည္ႀကီးတာဆိုေတာ့ ေနာင္ခ်ိဳမွာ တိမ္ပင္လယ္ ျပန္ဖြင့္ဖို႔ စီစဥ္ေနၾကၿပီလို႔ ၾကားရပါတယ္။
ေျဖ - အခု တိမ္ပင္လယ္ကို ျပန္ဖြင့္ဖို႔ ေသခ်ာေလးလုပ္ေနတယ္။ လမ္းကို ျပန္ျပင္ေပးေနတယ္။ လုံၿခဳံေရးယူေနတဲ့ ကိစၥေတြလည္း ေဆာင္႐ြက္ေပးေနတယ္ လို႔ သိပါတယ္။ မၾကာခင္ေတာ့ ေမၿမိဳ႕ကေန ေနာင္ခ်ိဳကို လာလည္မယ့္အဖြဲ႕ေတြရွိမယ္ ေမွ်ာ္လင့္ပါတယ္။

ေမး - ေနာင္ခ်ိဳ-ေမၿမိဳ႕ လမ္းပိုင္းကေကာ စိတ္ခ်ရရဲ႕လား။
ေျဖ - စိတ္ခ်ရပါတယ္။ ေန႔တိုင္း အိမ္စီးကားေလး ေတြနဲ႔ ထြက္ေနၾကပါတယ္။ လမ္းမွာလည္း စစ္ေဆးတဲ့အခါ လုံၿခဳံေရးအရ မွန္ခ်ေပးမယ္၊ စစ္ေဆးမယ္ေပါ့ဗ်ာ ဒီေလာက္ပါပဲ ေထြေထြထူးထူး မရွိပါဘူး။

ေမး - ေနာင္ခ်ိဳကေတာ့ ဘယ္ေလာက္အထိ သြားႏိုင္ၿပီလဲ ဟိုဘက္ကိုေပါ့။
ေျဖ - ေနာင္ခ်ိဳ- ရပ္ေစာက္ - ေက်ာက္ဂူ လမ္း သြားလို႔ရမယ္။ ေနာင္ခ်ိဳမွာ ဒီဘက္ ေက်ာက္မဲ ဘက္ကို ေက်ာ္လို႔ေတာ့ ေလာေလာဆယ္ မရေသးဘူးေပါ့။

ေမး - ၿမိဳ႕သူ၊ ၿမိဳ႕သားေတြရဲ႕ဆႏၵက ဘယ္ေလာက္ရွိလဲ။
ေျဖ - ေျမာက္ပိုင္းလမ္းေပါ့။ ကြၽန္ေတာ္တို႔ အေခၚကေလ။ ေျမာက္ပိုင္းလမ္း ျပန္ဖြင့္သြားၿပီဆိုရင္ မူဆယ္ကုန္သြယ္ေရးေတြ ဒါေတြျပန္ဖြင့္ၿပီဆိုရင္ ရွမ္းေျမာက္က ကုန္သြယ္ေရးကို အေျခခံရတဲ့ ၿမိဳ႕ေတြ ျဖစ္တဲ့အတြက္ ဒီေနာင္ခ်ိဳ-သီေပါ- ေက်ာက္မဲ- လားရႈိး- မူဆယ္လမ္းႀကီး ျပန္ဖြင့္ဖို႔ ျပည္ေထာင္စု လမ္းမ ႀကီး ျပန္ဖြင့္ဖို႔ ေမွ်ာ္လင့္ပါတယ္။

ေမး - အရင္ စစ္ေဘးေရွာင္ခဲ့ရတုန္းက ႀကဳံရတဲ့အခက္အခဲက ဘာမ်ားျဖစ္ခဲ့လဲ။
ေျဖ - အဓိက အိမ္ငွားခေပါ့။ ငွားခေဈးႀကီးတာ ရွိတယ္။ ပိုက္ဆံတတ္ႏိုင္ရင္ေတာင္ ငွားဖို႔ အခက္ အခဲရွိတယ္။

ေမး - ေနာင္ခ်ိဳကလူေတြဟာ ၿငိမ္ခ်မ္းၿပီလို႔ စိတ္ဒုံးဒုံး ခ်ႏိုင္ၿပီလား။
ေျဖ - အနည္းနဲ႔အမ်ားေတာ့ စိုးရိမ္မႈရွိတယ္။ ဒါေပမယ့္ စိတ္ခ်လက္ခ်ေတာ့ သြားလာေနၾကပါၿပီ။ စိတ္မခ်ဘူးဆိုတာက ဒဏ္ရာကလည္းရွိခဲ့ေတာ့ သူသူကိုယ္ကိုယ္ေပါ့ေလ ဒီလိုမ်ိဳးေတာ့ ခံစားမိတာပါပဲ။

ေမး - ကေလးေတြရဲ႕စိတ္ထဲမွာေကာ စစ္ပြဲနဲ႔ပတ္သက္လို႔ ဘယ္ေလာက္စိတ္ဒဏ္ရာရသြားလဲ။
ေျဖ - အခု ေက်ာင္းတက္ေနတဲ့ ကေလးေတြက ကားဘီးေပါက္သံေတာင္ အလုံးႀကီးက်တဲ့ အသံ တို႔၊ ဒ႐ုန္းက်တဲ့ အသံတို႔ဆိုၿပီး စိုးရိမ္စိတ္ေတြ ရွိခဲ့တာေပါ့။ ကေလးေတြကလည္း အေျခခံေက်ာင္းေတြ မွာ ႏိုင္ငံေတာ္ လမ္းòန္ခ်က္နဲ႔အညီ စိတ္ပိုင္းဆိုင္ရာ ေတြကို ျဖည့္ဆည္းေပးတဲ့အေနနဲ႔ သင္ၾကားမႈေတြ ရွိတယ္ေပါ့ေလ။ ဘယ္လိုေနထိုင္ရမယ္ဆိုတာေလ။ ဒါမ်ိဳးေတြ လုပ္ေပးေနတယ္လို႔ သိရပါတယ္။

ေမး - တျခားၿမိဳ႕က စစ္ကိုေခၚေနတဲ့သူေတြကို ဘာေျပာခ်င္ပါသလဲ။
ေျဖ - ေနာင္ခ်ိဳသင္ခန္းစာကို ၾကည့္ပါ။ ႐ုပ္ပိုင္းဆိုင္ရာေရာ၊ စိတ္ပိုင္းဆိုင္ရာပါ ပ်က္စီးခဲ့ရတဲ့ ၿမိဳ႕ ေပါ့။ အၾကမ္းဖက္မႈ အားမေပးဘဲ ႏိုင္ငံေရး နည္းလမ္းနဲ႔သာ ေျဖရွင္းဖို႔ တိုက္တြန္းခ်င္ပါတယ္။

အခုလိုေျဖၾကားေပးတာ ေက်းဇူးတင္ပါတယ္။

Related news

© 2021. All rights reserved.