မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် နေပြည်တော်ရှိ မြို့နယ်(၂)ခုတွင် ရေကြီးနေ

 699

သန့်ဇင်(NP News)-ဩဂုတ် ၂၇
မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် နေပြည်တော်ရှိ ဇေယျာသီရိမြို့နယ်နှင့် ပျဉ်းမနားမြို့နယ်တို့တွင်ရေကြီး၊‌ ရေလျှံမှုများဖြစ်ပွား နေကြောင်း အစိုးရ၏ထုတ်ပြန်ချက်အရ သိရသည်။

လာအိုနိုင်ငံနှင့် ထိုင်းနိုင်ငံနယ်စပ်ဒေသများပေါ်၌ ဖြစ်ပေါ်ခဲ့သော အပူပိုင်း မုန်တိုင်းငယ်သည် လေဖိအားနည်းဆဲလ်အဖြစ် အားလျော့သွားခဲ့ပြီး၊ ထိုင်းနိုင်ငံ မြောက်ပိုင်းဒေသများကို ဖြတ်ကျော်လျက်ရှိကြောင်း သိရသည်။

အဆိုပါ လေဖိအားနည်းဆဲလ်၏ အရှိန်ကြောင့် ယနေ့နံနက်ပိုင်းမှ ဩဂုတ်လ ၂၉ ရက် နေ့ အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသများတွင် ဒေသ အလိုက်နှင့် နေရာကွက်၍ မိုးကြီးနိုင်ကြောင်းကို မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

ထို့ကြောင့် ယမန်နေ့(ဩဂုတ်လ ၂၆ ရက်) ညပိုင်းနှင့် ယနေ့(ဩဂုတ်လ ၂၇ရက်) နေ့လယ်ပိုင်းထိ နေပြည်တော်တွင် မိုးအဆက်မပြတ်ရွာ သွန်းမှုကြောင့် ဇေယျာသီရိမြို့နယ် ရန်ကုန် -မန္တလေးလမ်းဟောင်းကားလမ်းမှပေါ်နှင့် ပျဉ်းမနားမြို့နယ်၊ ကြို့တန်းကျေးရွာ၊ အင်းသာ ကျေးရွာ၊ သာယာစုကျေးရွာတို့၌ ရေကြီးရေလျှံမှုများ၊ ရေကျော်မှုများ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

လက်ရှိတွင် ပြည်သူများသွားလာမှု အခက်အခဲ မရှိစေရန်အတွက် နယ်မြေခံတပ်မတော်သားများ ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဝင်များ၊ ကြက်ခြေနီ အသင်းသားများ၊ မီးသတ်တပ်ဖွဲ့ဝင်များက ပြည်သူများဘေး အန္တရာယ်မရှိစေရန်နှင့် သွားလာမှုအဆင်ပြေချောမွေ့စေရန် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိပြီး ရေဝင်ရောက်လျက်ရှိသည့် နေရာများမှ ပြည်သူများအား ဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေး လျက်ရှိကြောင်း သိရသည်။

Zawgyi Version:
မိုးသည္းထန္စြာ႐ြာသြန္းမႈမ်ားေၾကာင့္ ေနျပည္ေတာ္ရွိ ၿမိဳ႕နယ္(၂)ခုတြင္ ေရႀကီးေန
သန႔္ဇင္(NP News)-ဩဂုတ္ ၂၇
မိုးသည္းထန္စြာ႐ြာသြန္းမႈမ်ားေၾကာင့္ ေနျပည္ေတာ္ရွိ ေဇယ်ာသီရိၿမိဳ႕နယ္ႏွင့္ ပ်ဥ္းမနားၿမိဳ႕နယ္တို႔တြင္ေရႀကီး၊‌ ေရလွ်ံမႈမ်ားျဖစ္ပြား ေနေၾကာင္း အစိုးရ၏ထုတ္ျပန္ခ်က္အရ သိရသည္။

လာအိုႏိုင္ငံႏွင့္ ထိုင္းႏိုင္ငံနယ္စပ္ေဒသမ်ားေပၚ၌ ျဖစ္ေပၚခဲ့ေသာ အပူပိုင္း မုန္တိုင္းငယ္သည္ ေလဖိအားနည္းဆဲလ္အျဖစ္ အားေလ်ာ့သြားခဲ့ၿပီး၊ ထိုင္းႏိုင္ငံ ေျမာက္ပိုင္းေဒသမ်ားကို ျဖတ္ေက်ာ္လ်က္ရွိေၾကာင္း သိရသည္။

အဆိုပါ ေလဖိအားနည္းဆဲလ္၏ အရွိန္ေၾကာင့္ ယေန႔နံနက္ပိုင္းမွ ဩဂုတ္လ ၂၉ ရက္ ေန႔ အတြင္း ေနျပည္ေတာ္၊ ရန္ကုန္တိုင္းေဒသႀကီး၊ မႏၲေလးတိုင္းေဒသႀကီး၊ ပဲခူးတိုင္းေဒသႀကီး၊ မေကြးတိုင္းေဒသႀကီး၊ စစ္ကိုင္းတိုင္းေဒသႀကီး၊ ဧရာဝတီ တိုင္းေဒသႀကီး၊ တနသၤာရီ တိုင္းေဒသႀကီး၊ ကခ်င္ျပည္နယ္၊ ကယားျပည္နယ္၊ ကရင္ျပည္နယ္၊ ခ်င္းျပည္နယ္၊ မြန္ျပည္နယ္၊ ရခိုင္ျပည္နယ္ႏွင့္ ရွမ္းျပည္နယ္တို႔တြင္ ေနရာစိပ္စိပ္မွ ေနရာအႏွံ႔အျပား မိုးထစ္ခ်ဳန္း႐ြာၿပီး၊ အခ်ိဳ႕ေဒသမ်ားတြင္ ေဒသ အလိုက္ႏွင့္ ေနရာကြက္၍ မိုးႀကီးႏိုင္ေၾကာင္းကို မိုးေလဝသႏွင့္ ဇလေဗဒ ၫႊန္ၾကားမႈဦးစီးဌာနမွ ထုတ္ျပန္ထားသည္။

ထို႔ေၾကာင့္ ယမန္ေန႔(ဩဂုတ္လ ၂၆ ရက္) ညပိုင္းႏွင့္ ယေန႔(ဩဂုတ္လ ၂၇ရက္) ေန႔လယ္ပိုင္းထိ ေနျပည္ေတာ္တြင္ မိုးအဆက္မျပတ္႐ြာ သြန္းမႈေၾကာင့္ ေဇယ်ာသီရိၿမိဳ႕နယ္ ရန္ကုန္ -မႏၲေလးလမ္းေဟာင္းကားလမ္းမွေပၚႏွင့္ ပ်ဥ္းမနားၿမိဳ႕နယ္၊ ႀကိဳ႕တန္းေက်း႐ြာ၊ အင္းသာ ေက်း႐ြာ၊ သာယာစုေက်း႐ြာတို႔၌ ေရႀကီးေရလွ်ံမႈမ်ား၊ ေရေက်ာ္မႈမ်ား ျဖစ္ပြားလ်က္ရွိေၾကာင္း သိရသည္။

လက္ရွိတြင္ ျပည္သူမ်ားသြားလာမႈ အခက္အခဲ မရွိေစရန္အတြက္ နယ္ေျမခံတပ္မေတာ္သားမ်ား ၊ ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕ ဝင္မ်ား၊ ၾကက္ေျခနီ အသင္းသားမ်ား၊ မီးသတ္တပ္ဖြဲ႕ဝင္မ်ားက ျပည္သူမ်ားေဘး အႏၲရာယ္မရွိေစရန္ႏွင့္ သြားလာမႈအဆင္ေျပေခ်ာေမြ႕ေစရန္ ဝိုင္းဝန္းကူညီ ေဆာင္႐ြက္ေပးလ်က္ရွိၿပီး ေရဝင္ေရာက္လ်က္ရွိသည့္ ေနရာမ်ားမွ ျပည္သူမ်ားအား ေဘးလြတ္ရာသို႔ ကူညီေ႐ႊ႕ေျပာင္းေပး လ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.