မိုးနှောင်းကာလတွင်ဘင်္ဂလားပင်လယ်အော်၌လေဖိအားနည်းရပ်၀န်း(၃)ကြိမ်ဖြစ်ပေါ်နိုင်ပြီး မုန်တိုင်းငယ်အဖြစ်သို့(၂)ကြိမ်ရောက်ရှိနိုင်

 242

သက်ပိုင်(NP News) - ဩဂုတ် ၂၈
လာမည့် မိုးနှောင်းကာလတွင် မိုးနှောင်းကာလတွင် ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်းရပ်၀န်း (၃) ကြိမ် ဖြစ်ပေါ်နိုင်ပြီး မုန်တိုင်းငယ်အဖြစ်သို့ (၂) ကြိမ်ရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတင်းထုတ်ပြန်ချက်အရ သိရသည်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့ (မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၁၀ ရက်နေ့)မှစ၍ အနောက်တောင်မုတ်သုံလေ မြန်မာနိုင်ငံ တစ်ဝန်းလုံးမှ ပြန်လည်ဆုတ်ခွာသွားသည့် နေ့အထိကို မိုးနှောင်းကာလအဖြစ်သတ်မှတ်ထားကြောင်း သိရသည်။
အနောက်တောင်မုတ်သုံလေသည် စက်တင်ဘာလ ၁၄ ရက်နေ့မှ ၁၉ ရက်နေ့အတွင်း မြန်မာနိုင်ငံ မြောက်ပိုင်းဒေသများမှလည်းကောင်း၊ စက်တင်ဘာလ ၂၀ ရက်နေ့မှ ၂၅ ရက်နေ့အတွင်း မြန်မာနိုင်ငံအလယ်ပိုင်းဒေသများမှ လည်းကောင်း၊ စက်တင်ဘာလ ၂၆ ရက်နေ့မှ အောက်တိုဘာလ ၁ ရက်နေ့အတွင်း မြစ်ဝကျွန်းပေါ် ဒေသများမှလည်းကောင်း၊ အောက်တိုဘာလ ၂ ရက်နေ့မှ ၇ ရက်နေ့အတွင်း မြန်မာနိုင်ငံတောင်ပိုင်းဒေသများမှလည်းကောင်း ပြန်လည်ထွက်ခွာနိုင်ကြောင်း မိုးဇလက အသိပေးထားသည်။
ထို့အပြင် ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်၀န်း (၃) ကြိမ် ဖြစ်ပေါ်နိုင်ပြီး၊ (၂) ကြိမ်တွင် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ကြောင်းနှင့် မိုးနှောင်းကာလတွင် အနောက်တောင်မုတ်သုံလေသည် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် အားအနည်းငယ်မှ အားအသင့်အတင့် ရှိနိုင်ကြောင်း သိရသည်။
မိုးနှောင်းကာလတွင် နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ကယားပြည်နယ်နှင့် ရှမ်း ပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် ရွာသွန်းမြဲထက်မိုးပိုနိုင်ပြီး၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် ရွာသွန်းမြဲအောက် လျော့နည်းနိုင်ကာ၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်း ပြည်နယ်(မြောက်ပိုင်း)တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

Zawgyi Version:
မိုးေႏွာင္းကာလတြင္ဘဂၤလားပင္လယ္ေအာ္၌ေလဖိအားနည္းရပ္၀န္း(၃)ႀကိမ္ျဖစ္ေပၚႏိုင္ၿပီး မုန္တိုင္းငယ္အျဖစ္သို႔(၂)ႀကိမ္ေရာက္ရွိႏိုင္
သက္ပိုင္(NP News) - ဩဂုတ္ ၂၈
လာမည့္ မိုးေႏွာင္းကာလတြင္ မိုးေႏွာင္းကာလတြင္ ဘဂၤလားပင္လယ္ေအာ္၌ ေလဖိအားနည္းရပ္၀န္း (၃) ႀကိမ္ ျဖစ္ေပၚႏိုင္ၿပီး မုန္တိုင္းငယ္အျဖစ္သို႔ (၂) ႀကိမ္ေရာက္ရွိႏိုင္ေၾကာင္း မိုးေလဝသႏွင့္ ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနမွ သတင္းထုတ္ျပန္ခ်က္အရ သိရသည္။
၂၀၂၅ ခုႏွစ္၊ စက္တင္ဘာလ ၁ ရက္ေန႔ (ျမန္မာသကၠရာဇ္ ၁၃၈၇ ခုႏွစ္၊ ေတာ္သလင္းလဆန္း ၁၀ ရက္ေန႔)မွစ၍ အေနာက္ေတာင္မုတ္သုံေလ ျမန္မာႏိုင္ငံ တစ္ဝန္းလုံးမွ ျပန္လည္ဆုတ္ခြာသြားသည့္ ေန႔အထိကို မိုးေႏွာင္းကာလအျဖစ္သတ္မွတ္ထားေၾကာင္း သိရသည္။
အေနာက္ေတာင္မုတ္သုံေလသည္ စက္တင္ဘာလ ၁၄ ရက္ေန႔မွ ၁၉ ရက္ေန႔အတြင္း ျမန္မာႏိုင္ငံ ေျမာက္ပိုင္းေဒသမ်ားမွလည္းေကာင္း၊ စက္တင္ဘာလ ၂၀ ရက္ေန႔မွ ၂၅ ရက္ေန႔အတြင္း ျမန္မာႏိုင္ငံအလယ္ပိုင္းေဒသမ်ားမွ လည္းေကာင္း၊ စက္တင္ဘာလ ၂၆ ရက္ေန႔မွ ေအာက္တိုဘာလ ၁ ရက္ေန႔အတြင္း ျမစ္ဝကြၽန္းေပၚ ေဒသမ်ားမွလည္းေကာင္း၊ ေအာက္တိုဘာလ ၂ ရက္ေန႔မွ ၇ ရက္ေန႔အတြင္း ျမန္မာႏိုင္ငံေတာင္ပိုင္းေဒသမ်ားမွလည္းေကာင္း ျပန္လည္ထြက္ခြာႏိုင္ေၾကာင္း မိုးဇလက အသိေပးထားသည္။
ထို႔အျပင္ ဘဂၤလားပင္လယ္ေအာ္တြင္ ေလဖိအားနည္းရပ္၀န္း (၃) ႀကိမ္ ျဖစ္ေပၚႏိုင္ၿပီး၊ (၂) ႀကိမ္တြင္ ပိုမိုအားေကာင္းလာကာ မုန္တိုင္းငယ္အျဖစ္သို႔ ေရာက္ရွိႏိုင္ေၾကာင္းႏွင့္ မိုးေႏွာင္းကာလတြင္ အေနာက္ေတာင္မုတ္သုံေလသည္ ကပၸလီပင္လယ္ျပင္ႏွင့္ ဘဂၤလားပင္လယ္ေအာ္တို႔တြင္ အားအနည္းငယ္မွ အားအသင့္အတင့္ ရွိႏိုင္ေၾကာင္း သိရသည္။
မိုးေႏွာင္းကာလတြင္ ေနျပည္ေတာ္၊ မႏၲေလးတိုင္းေဒသႀကီး၊ ကယားျပည္နယ္ႏွင့္ ရွမ္း ျပည္နယ္(ေတာင္ပိုင္းႏွင့္ အေရွ႕ပိုင္း)တို႔တြင္ ႐ြာသြန္းၿမဲထက္မိုးပိုႏိုင္ၿပီး၊ စစ္ကိုင္းတိုင္းေဒသႀကီး အထက္ပိုင္းႏွင့္ ကခ်င္ျပည္နယ္တို႔တြင္ ႐ြာသြန္းၿမဲေအာက္ ေလ်ာ့နည္းႏိုင္ကာ၊ ရန္ကုန္တိုင္းေဒသႀကီး၊ ပဲခူးတိုင္းေဒသႀကီး၊ မေကြးတိုင္းေဒသႀကီး၊ စစ္ကိုင္းတိုင္းေဒသႀကီးေအာက္ပိုင္း၊ ဧရာဝတီတိုင္းေဒသႀကီး၊ တနသၤာရီတိုင္းေဒသႀကီး၊ ကရင္ျပည္နယ္၊ ခ်င္းျပည္နယ္၊ မြန္ျပည္နယ္၊ ရခိုင္ျပည္နယ္ႏွင့္ ရွမ္း ျပည္နယ္(ေျမာက္ပိုင္း)တို႔တြင္ ႐ြာသြန္းၿမဲခန႔္ မိုးထစ္ခ်ဳန္း႐ြာႏိုင္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ပါရွိသည္။

Related news

© 2021. All rights reserved.