မြဝတီတွင် မိသားစုလိုက် သေနတ်ဖြင့် အနီးကပ် ပစ်သတ်ခံရ

 1151

သက်ပိုင်(NP News) - ဩဂုတ် ၂၈
ကရင်ပြည်နယ်၊ မြဝတီမြို့၊အမှတ်(၄)ရပ်ကွက်တွင် မိသားစုလိုက်အသတ်ခံရမှုဖြစ်ပွားခဲ့ကြောင်း မြဝတီမြို့ ဒေသခံတစ်ဦးက NP News သို့ပြောသည်။
ဩဂုတ်လ (၂၇)ရက် ည (၈) နာရီဝန်းကျင်ခန့်က အမှတ်(၄)ရပ်ကွက်နေ ကိုသောင်းထိုက်လင်း၊ ၎င်း၏ ဇနီး နှင့် သားငယ်တို့ နေအိမ်အရှေ့ခန်းတွင် ရှိနေစဉ် သေနတ်သမားတစ်ဦးက အနီးကပ် လာရောက်ပစ်သတ် သွားခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။
“မိသားစုနဲ့ အိမ်ရှေ့ခန်းမှာ စကားထိုင်ပြောနေတာ ဝင်ပစ်သွားတာ။ ဆိုင်ကယ်စက်နှိုးပြီး တစ်ယောက်က အပြင်ကနေစောင့်တယ်။ နောက်တစ်ယောက်က အထဲကိုဝင်ပြီး ပစ်တယ်။ တရားခံကတော့ အခုထိ မိသေးဘူး။ မိသားစုလိုက်ဆုံးသွားတာဆိုတော့ ဘာကြောင့်ဆိုတာလည်း မသိရသေးဘူး” ဟု အဆိုပါဒေသခံက ပြောသည်။
ထိုသို့ ပစ်သတ်ခံရမှုကြောင့် နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ပြီး ကိုသောင်းထိုက်လင်း တွင် ကျည်ဖောက်ဝင် ဒဏ်ရာ တစ်ချက်၊ ဇနီးဖြစ်သူတွင် ကျည်ဖောက်ဝင်ဒဏ်ရာ ၂ ချက် နှင့် ကလေးငယ်တွင် ကျည်ဖောက်ဝင် ဒဏ်ရာ ၄ ချက်ထိမှန်ခဲ့ကြောင်း သိရသည်။

Zawgyi Version:
ျမဝတီတြင္ မိသားစုလိုက္ ေသနတ္ျဖင့္ အနီးကပ္ ပစ္သတ္ခံရ
သက္ပိုင္(NP News) - ဩဂုတ္ ၂၈
ကရင္ျပည္နယ္၊ ျမဝတီၿမိဳ႕၊အမွတ္(၄)ရပ္ကြက္တြင္ မိသားစုလိုက္အသတ္ခံရမႈျဖစ္ပြားခဲ့ေၾကာင္း ျမဝတီၿမိဳ႕ ေဒသခံတစ္ဦးက NP News သို႔ေျပာသည္။
ဩဂုတ္လ (၂၇)ရက္ ည (၈) နာရီဝန္းက်င္ခန႔္က အမွတ္(၄)ရပ္ကြက္ေန ကိုေသာင္းထိုက္လင္း၊ ၎၏ ဇနီး ႏွင့္ သားငယ္တို႔ ေနအိမ္အေရွ႕ခန္းတြင္ ရွိေနစဥ္ ေသနတ္သမားတစ္ဦးက အနီးကပ္ လာေရာက္ပစ္သတ္ သြားခဲ့ျခင္းျဖစ္ေၾကာင္း ၎ကဆိုသည္။
“မိသားစုနဲ႔ အိမ္ေရွ႕ခန္းမွာ စကားထိုင္ေျပာေနတာ ဝင္ပစ္သြားတာ။ ဆိုင္ကယ္စက္ႏႈိးၿပီး တစ္ေယာက္က အျပင္ကေနေစာင့္တယ္။ ေနာက္တစ္ေယာက္က အထဲကိုဝင္ၿပီး ပစ္တယ္။ တရားခံကေတာ့ အခုထိ မိေသးဘူး။ မိသားစုလိုက္ဆုံးသြားတာဆိုေတာ့ ဘာေၾကာင့္ဆိုတာလည္း မသိရေသးဘူး” ဟု အဆိုပါေဒသခံက ေျပာသည္။
ထိုသို႔ ပစ္သတ္ခံရမႈေၾကာင့္ ေနရာတြင္ ပြဲခ်င္းၿပီး ေသဆုံးခဲ့ၿပီး ကိုေသာင္းထိုက္လင္း တြင္ က်ည္ေဖာက္ဝင္ ဒဏ္ရာ တစ္ခ်က္၊ ဇနီးျဖစ္သူတြင္ က်ည္ေဖာက္ဝင္ဒဏ္ရာ ၂ ခ်က္ ႏွင့္ ကေလးငယ္တြင္ က်ည္ေဖာက္ဝင္ ဒဏ္ရာ ၄ ခ်က္ထိမွန္ခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.