တစ်ပတ်အတွင်း မြန်မာ့စီးပွားရေး ဈေးကွက်သုံးသပ်ချက်(ဆောင်းပါး)

 303

ပြည့်ဖြိုး(NP News)
ပြည်တွင်းဈေးကွက်အတွင်းရွှေဈေးများဆက်တိုက်ကျဆင်းမှုသည် လတ်တလောတွင်အကျ ဈေးများဖြင့် တည်ငြိမ်နေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ ယခင်တစ်ပတ်က အခေါက်‌ရွှေ တစ်ကျပ် သားလျှင် (၇၆)သိန်း အထက် ပေါက်ဈေး ဖြစ်ပေါ်ခဲ့ သော်လည်း ယခုတစ်ပတ်အတွင်း (၇၆)သိန်းဝန်း ကျင်၌ အတက်အကျဖြစ်ပေါ်နေသည်။
နိုင်ငံတကာရွှေဈေးအပေါ်မူတည်နေပြီး ပြည်တွင်း၌ ဝယ်လိုအားကျဆင်းနေခြင်းကြောင့် ရွှေဈေးများ အကျ ဘက်သို့ဦးတည်နေခြင်းဖြစ်သည်။ နိုင်ငံခြားငွေလဲဈေးကွက်အတွင်း အမေရိကန်ဒေါ် လာဈေးမှာလည်း ကုန်လွန်ခဲ့သော ဇွန်၊ ဇူလိုင်လတို့ နှင့်နှိုင်းယှဉ်ပါက ဩဂုတ်လအတွင်း အနိမ့်ဆုံးပေါက် ဈေးဖြစ်ပေါ်နေခြင်းဖြစ်သည်။ နိုင်ငံတကာ ကုန်သွယ် ရေးအပိုင်းတွင်လည်း သွင်းကုန်လုပ်ငန်းများကို သွင်းကုန်လိုင်စင် ကန့်သတ်ထားရာ ဈေးကွက်အတွင်းဒေါ် လာဝယ်လိုအားကျဆင်းနေခြင်းဖြစ်သည်။ လက်ရှိ ဩဂုတ်လ(၂၆)ရက်ပေါက်ဈေးအရ တစ်ဒေါ်လာလျှင် (၄၃၅၀) ကျပ်ဖြင့် ဆက်လက်ကျဆင်းနေကြောင်း သိရသည်။ အမေရိကန်ဒေါ်လာဈေးနှင့်အတူ စင်ကာပူဒေါ်လာ၊ ထိုင်းဘတ်ငွေ၊ တရုတ်ယွမ်ငွေ များလည်း အထိုက်အလျောက်ဈေးများကျဆင်းနေကြောင်းဈေးကွက်အတွင်းမှသိရသည်။ ဒေါ်လာဈေး ကျဆင်းမှုနောက်ဆက်တွဲနေဖြင့် စက်သုံးဆီဈေး များကျဆင်းနေသည်။ သို့သော်လည်း ပြည်ပမှ တင်သွင်းရသည့် စားအုန်းဆီဈေးမှာ အနည်းငယ်ပြန် လည်မြင့်တက်လာပြီး တစ်ပိဿာလျှင် (၆၃၀ဝ)ကျပ် ပေါက်ဈေးဖြင့် ရည်òန်းဈေး သတ်မှတ်ထားကြောင်း သိရသည်။ အထွေထွေကုန်စည်ဈေးကွက်တွင် ပြည်ပမှတင်သွင်းရသော ကုန်စည်အချို့ ပစ္စည်းပြတ် လပ်မှုများကြုံတွေ့နေရပြီး အခြေခံစားသောက်ကုန် အသား/ငါးများမှာ ယခင်သီတင်းပတ်များအတိုင်း အမြင့်ဈေးတွင် ဆက်လက်တည်ငြိမ်နေကြောင်း သိရသည်။ ယခုတစ်ပတ်အတွင်း ထူးခြားသော သတင်းတစ်ခုမှာ အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံအပေါ် အခွန်တိုးမြှင့်ကောက်ခံမှုကြောင့် ပြည်တွင်းရှိ အထည်ချုပ်လုပ်ငန်းတစ်ခုပိတ် သိမ်းရသော ဖြစ်စဉ်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံနှင့်တိုက်ရိုက် ကုန်သွယ်သော ကုန်သွယ်မှု ပမာဏအနည်းငယ်သာရှိသော်လည်း အဆိုပါ ဖြစ်စဉ်မှာ မြန်မာ့အထည်ချုပ်လုပ်ငန်းအတွင်း သက်ရောက်မှု များစွာရှိနေခြင်းဖြစ်သည်။ နိုင်ငံတကာ ဈေးကွက်တွင် ဆန်ဈေးနှုန်းများကျဆင်းနေခြင်း ကြောင့် ပြည်ပသို့ဆန်တင်ပို့မှု ပိုမိုမြင့်တင်နိုင်စေရန် ဆန်စပါးအသင်းချုပ်အနေဖြင့် ဆန်တင်ပို့မှုအထူး ဇုန်များ အကောင်အထည်ဖော်ဆောင်ရွက် မည်ဟု သိရသည်။
ရွှေဈေးနှင့်ဒေါ်လာဈေး ဆက်လက်ကျဆင်းနေဆဲ
ကမ္ဘာ့ရွှေဈေးကျဆင်းမှုကြောင့် လတ်တလော ပြည်တွင်းရွှေဈေးများကျဆင်းနေရာ အခေါက်ရွှေတစ်ကျပ် သားလျှင် (၇၆)သိန်းဝန်းကျင်တွင် ရပ်တည်နေသည်။ ပြည်တွင်းအခေါက်ရွှေဈေးသည် ဩဂုတ်လ(၂၀)ရက်တွင် (၇၅)သိန်းတစ်သောင်းမှ ဩဂုတ်လ (၂၁)ရက်တွင် (၇၄)သိန်း လေးသောင်းအထိ ကျဆင်းသွားခဲ့သည်။ တစ်ဖန် ဩဂုတ် (၂၂)ရက်တွင် (၇၃)သိန်းခွဲအထိ ကျဆင်းနေရာမှ ဩဂုတ်(၂၃)ရက်တွင် (၇၄)သိန်းငါးသောင်း အထိပြန်လည်မြင့်တက် လာပြီး ဩဂုတ်လ (၂၅) ရက်တွင် (၇၅)သိန်းရှစ်သောင်းအထိ ဈေးမြင့် တက်လာခဲ့သည်။ လက်ရှိ ဩဂုတ်လ (၂၆)ရက် တွင် အခေါက်ရွှေ တစ်ကျပ်သားလျှင် (၇၆)သိန်းခုနစ် သောင်းအထိ ပေါက်ဈေးဖြစ်ပေါ်နေသည်။ ထို့အတူ ကမ္ဘာ့‌ ရွှေပေါက်ဈေးမှာ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ (၃၃၇၆)ဒေါ်လာဝန်းကျင်ပေါက်ဈေး ဖြစ်ပေါ်နေပြီး အတက် အကျ နှေးကွေးနေကြောင်း သိရသည်။ ပြည်တွင်းအခေါက်ရွှေဈေးသည် ပြင်ပ ပေါက်ဈေးကိုသာ အဓိကရည်ညွန်းကာ အရောင်း အဝယ်ပြုလုပ်နေကြရပြီး ရန်ကုန်တိုင်းရွှေလုပ်ငန်း ရှင်များအသင်း၏ ရည်òန်းဈေးမှာ အရောင်းအဝယ် ပြုလုပ်သူနည်းပါးကြောင်းသိရသည်။ လတ်တလောတွင် ရွှေဈေးကွက်အတွင်း အဝယ်နည်းပါးပြီး (၁၅)ပဲရည်အထည် ဈေးကွက်တွင်လည်း ဝယ်ယူသူထက် ရောင်းချသူပိုမိုများပြားကြောင်းသိရသည်။ ရွှေဈေး ကျဆင်းခြင်းကြောင့် အရောင်း အဝယ်ကောင်းနိုင် ကြောင်း ခန့်မှန်းချက်များထွက်ပေါ်ခဲ့သော်လည်း အမှန်တကယ်မြေပြင်တွင် မှောင်ခိုအရောင်းအဝယ် ပြုလုပ်ရခြင်းနှင့် အခေါက်‌ရွှေအ‌ရောင်းအဝယ်များ ပိတ်ထားရခြင်းတို့ကြောင့် ဈေးကွက်အတွင်း ခန့်မှန်း ထားသည့် အတိုင်း အရောင်းအဝယ်မဖြစ်ကြောင်းသိရသည်။ ပြည်တွင်းအခေါက်ရွှေဈေးနည်းတူ အမေရိကန်ဒေါ်လာဈေးသည် လည်း ဈေးနှုန်းအကျပိုင်းသို့ရောက်ရှိနေပြီး ယခင်တစ်ပတ်ပေါက်ဈေးများ ထက်ပိုမိုကျဆင်းနေသည်။ အမေရိကန် ဒေါ်လာဈေးသည် ယခင်တစ်ပတ်အတွင်းက တစ်ဒေါ်လာ လျှင်(၄၄၀ဝ)ကျပ်ဝန်းကျင် ပေါက်ဈေးရှိနေသော် လည်းလတ် တလောတွင် (၄၃၅၀)အထိကျဆင်း နေသည်။ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း အများစုမှာ ကုန်သွယ်မှုရပ်တန့်သော ကြောင့် နိုင်ငံခြားငွေ လိုအပ်ချက်နည်းပါးနေရာ ပြည်တွင်းဒေါ်လာဈေး သည်လည်း အထိုက်အလျောက် ဆက်တိုက် ကျဆင်းနေခြင်းဖြစ်သည်။ ပြည်တွင်းဒေါ်လာဈေး ကျဆင်းမှုကြောင့် လတ်တလောဈေးကွက်အတွင်း စက်သုံးဆီ ဈေးများကျဆင်းနေပြီး အထွေထွေကုန်စည်ဈေးနှုန်း များဆက်လက်ကျဆင်းနိုင်သည်။ သို့သော်လည်း ပြည်ပမှတင်သွင်း နေသည့် စားအုန်းဆီဈေးမှာ နိုင်ငံ တကာမှဈေးကွက်ပေါက်ဈေးများအရ ဈေးပြန် လည်မြင့်တက်လာပြီး ရည်ညွှန်းဈေး တစ်ပိဿာလျှင် (၆၃၀ဝ)ကျပ် ပေါက်ဈေးရှိနေသည်။ အမေရိကန် ဒေါ်လာဈေးကျဆင်းမှုသည် လက်ရှိအနေအထားအ တိုင်း ဩဂုတ်လကုန်ပိုင်းအထိ ဆက်လက်တည်ရှိနေပါက ပြည်တွင်းရှိအခြေခံစားသောက်ကုန်နှင့် အထွေထွေကုန်ဈေး နှုန်းများ လိုက်ပါကျဆင်းနိုင် ဖွယ်ရှိနေသည်။ ဩဂုတ်လ (၂၆)ရက် ငွေလဲနှုန်း များမှာ၊ အမေရိကန်တစ်ဒေါ်လာလျှင် (၄၃၅၀) ကျပ်၊ စင်ကာပူတစ်ဒေါ်လာလျှင် (၃၃၉၀) ကျပ်၊ ထိုင်း တစ်ဘတ်လျှင်(၁၃၄)ကျပ်၊ တရုတ် တစ်ယွမ်လျှင် (၆၀၉)ကျပ် အသီးသီးပေါက်ဈေးများ ဖြစ်ပေါ်နေ သည်။

အမေရိကန်အခွန်ကြောင့် ရန်ကုန်ရှိ
အထည်ချုပ်စက်ရုံတစ်ရုံ ပိတ်သိမ်းခြင်း
ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ် ဝါးတရာ စက်မှုဇုန်အတွင်းရှိ တရုတ်နိုင်ငံသားပိုင်ဆိုင်သော ကျောပိုးအိတ်ချုပ် သည့် အထည်ချုပ်စက်ရုံ တစ်ရုံသည် လုပ်ငန်းများရပ်ဆိုင်းပြီး အပြီးပိတ်သိမ်းလိုက်ကြောင်း ယင်းစက်ရုံတွင် အလုပ် လုပ်ကိုင်နေကြသည့် အလုပ်သမားဝန်ထမ်းများကပြောသည်။ ယင်းစက်ရုံသည် တရုတ်နိုင်ငံသားလုပ်ငန်းရှင်‌ ပိုင်ဆိုင် သည့် တွင်ကယ်လ်မြန်မာကုမ္ပဏီလီမိတက် (Twinkle Myanmar) စက်ရုံဖြစ်ကြောင်းနှင့် ကျောပိုးအိတ်များကို အဓိကထားချုပ်လုပ်သည့်စက်ရုံ တစ်ခုဖြစ်ကြောင်း သိရသည်။ ယင်းစက်ရုံလုပ်ငန်းများ ရပ်ဆိုင်းပြီး ပိတ်သိမ်းလိုက် ခြင်းသည် အမေရိကန်၏ အခွန်ကိစ္စကြောင့်ဖြစ်ကြောင်း စက်ရုံတွင်အလုပ်လုပ် ကိုင်နေကြသည့် အလုပ်သမားဝန်ထမ်း များကပြောသည်။ အမေရိကန်သို့တင်ပို့ရာတွင် အခွန်(၄၅) ရာခိုင်နှုန်းကို မပေးနိုင်ခြင်းကြောင့်ဖြစ်ကြောင်း၊ စက်ရုံရှိ အလုပ်သမား အားလုံးကိုနစ်နာကြေးများပေး လျော်ထားကြောင်း၊ သူဌေးဖြစ်သူမှာ သဘောကောင်းကြောင်းနှင့် လစာအပြည့်အဝပေးထားကြောင်း၊ ကျောပိုးအိတ်လက်ဆောင်များပါ‌ ပေးလိုက်ကြောင်း စက်ရုံအလုပ်သမား တစ်ဦးကပြောသည်။ ဩဂုတ်လ (၁)ရက်မှစတင်ကာ မြန်မာအပါအဝင်နိုင်ငံ အများစုကို အမေရိကန်အစိုးရက အခွန်တိုးမြှင့်ကောက်ခံမည့်သတင်းများထွက်ပေါ်နေခြင်းဖြစ်သည်။ ယခုကဲ့သို့ အမေရိကန်နိုင်ငံက အခွန်တိုးကောက် သည့်ကိစ္စရပ်သည် မြန်မာ့အထည်ချုပ်နှင့် CMP လုပ်ငန်းအချို့အပေါ် အကျိုးသက်ရောက်မှုရှိ လာနိုင်ပြီး မြန်မာကိုမှီခိုနေ သော တရုတ်လုပ်ငန်းရှင်အချို့တွင် စီးပွား‌ရေးပိုင်းဆိုင်ရာမှာထိခိုက်မှုများရှိလာနိုင်ကြောင်း လေ့လာသူများက သုံးသပ် ထားကြသည်။ မြန်မာနိုင်ငံအစိုးရမှ အမေရိကန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအပေါ် ယခင်ကတည်းကချမှတ်ထားခဲ့သည့် စီးပွားရေးပိတ်ဆို့မှုတွေကိုဖြေလျှော့ရုပ် သိမ်းပေးရန် အထူးမေတ္တာရပ်ခံထားကြောင်း သိရသည်။ ထို့ပြင် အမေရိကန် နိုင်ငံက မြန်မာနိုင်ငံအ‌ပေါ် စည်းကြပ်ခွန်(၄၅%)ကောက်ခံခြင်း၏ အဓိကရည်ရွယ်ချက်မှာ တရုတ်လုပ်ငန်းအများစု ကိုရည် ရွယ်ခြင်းဖြစ်နိုင်ကြောင်း လေ့လာသူများက ဆိုသည်။
လက်ရှိ တရုတ်နိုင်ငံသားပိုင် ကျောပိုးအိတ် စက်ရုံပိတ်သိမ်းလိုက်သော်လည်း အချို့သော ရန် ကုန်တိုင်း အတွင်း၌ ဖွင့်လှစ်လုပ်ကိုင်နေကြသည့် အထည်ချုပ်စက်ရုံများတွင် သက်ဆိုင်ရာကဏ္ဍအ လိုက်၊ ဌာနအလိုက်ဝန်ထမ်း အသစ်များနှင့် အထည်ချုပ်လုပ်သားအသစ်များကို အများအပြားခေါ်ယူနေကြောင်း အထည်ချုပ်စက်ရုံလုပ်သားများ၏ ပြောပြ ချက်များအရ သိရသည်။ စီးပွားရေးအချက်အလက်များအရ မြန်မာပြည်မှ အမေရိကန်သို့အများဆုံးတင် ပို့နေ သော ကုန်စည်များမှာ အဝတ်အထည်၊ ဖိနပ်၊ ဦးထုပ်၊ လျှပ်စစ်ပစ္စည်း၊ အီလက်ထရွန်နစ်ပစ္စည်း များအပါအဝင် ငါး၊ ပုစွန် အစရှိသည့် ရေထွက်ပစ္စည်းများနှင့် ပရိဘောဂများ အများဆုံးပါဝင်ကြောင်း သိရသည်။ ယခုအမေရိကန်က အခွန်တိုး ကောက်သော်လည်း မြန်မာ့အထည်ချုပ်လုပ်ငန်းများကို ဥရောပသမဂ္ဂက အခွန်ကင်းလွတ်ခွင့်ပေးထားသည့် အတွက် ကုန်သွယ်ရေးအခွန်ကိစ္စ အကျိုးသက် ရောက်မှုဟာ မြန်မာ့အထည်ချုပ်လုပ်ငန်းများအပေါ် ထိခိုက်မှုမရှိနိုင်ကြောင်း သိရသည်။ တရုတ်နိုင်ငံ သားပိုင် အိတ်ချုပ်စက်ရုံပိတ်သိမ်းလိုက်ခြင်းနှင့် ပတ်သက်ပြီး စက်ရုံဘက်က သတင်းတစ်စုံ တစ်ရာ ထုတ်ပြန်ထားခြင်းမရှိသော်လည်း စက်ရုံဝန်ထမ်းများက စက်ရုံပိတ်သိမ်းခြင်းမှာမှန်ကန်ကြောင်းပြောဆို ထားသည်။ မြန်မာနှင့်အမေရိကန်နိုင်ငံကုန်သွယ်မှု ပမာဏသည် (၂၀၂၃ - ‌၂၀၂၄) ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုပမာဏ အားဖြင့် အမေရိကန်ဒေါ်လာ (၇၀၁ ဒသမ ၉) သန်းအထိရှိခဲ့ပြီး (၂၀၂၄ - ‌၂၀၂၅) ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှု ပမာဏ အားဖြင့် အမေရိကန်ဒေါ်လာ (၅၈၈ ဒသမ ၃) သန်းကျော်အထိရှိခဲ့ကြောင်း သက်ဆိုင်ရာထုတ်ပြန် ချက်များ အရသိရ သည်။ အမေရိကန်နိုင်ငံ၏ အခွန်စည်းကြပ်မှုကြောင့် လက်တလောပိတ်သိမ်းသည့်စက်ရုံတစ်ရုံ သာရှိပြီး ရန်ကုန်ဝန်း ကျင်စက်မှုဇုန်များတွင် အထည်ချုပ်လုပ် ငန်းအများစုမှာ လည်ပတ်လုပ်ကိုင်နေကြကြောင်း စက်ရုံအလုပ်သမားများ ထံမှသိရသည်။ လာမည့်ရက်များအတွင်း အမေရိကန်နိုင်ငံနှင့်မြန်မာနိုင်ငံအကြား အခွန်စည်းကြပ်မှုတိုးမြင့်ခြင်း နောက် ဆက်တွဲသတင်းများကိုဆက်လက်စောင့်ကြည်နေရဦးမည် ဖြစ်သည်။

ဆန်တင်ပို့ မှု အထူးဇုန်
(Rice Export Zone) များထူထောင်မည်
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့၊ ပူးပေါင်းပြီး ရေမြေရာသီဥတုနှင့် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်သောဒေသများတွင် Rice Export Zone ထူထောင်နိုင်ရန်စီစဉ် နေကြောင်း သိရသည်။ Rice Export Zone ထူထောင်ရန်နှင့် ဆန်းစပါးမျိုးစေ့ထုတ်လုပ်ငန်းတွေ အောင်မြင်ရန် အတွက်(၁၀)စီမံကိန်းသတ်မှတ်ထားပြီးရေမြေဥတုနှင့် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်မှုကိုအခြေ ခံကာရွေး ချယ် သွားမည်ဟု စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့်မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဆွေးနွေးပွဲမှ သိရ သည်။
တောင်သူလယ်သမားတွေကိုဈေးကွက်နှင့် တိုက်ရိုက်ချိတ်ဆက်ပေးခြင်း၊ ဆန်အရည်အသွေးမြှင့်တင်ပေး ခြင်းနှင့် မျိုးအလိုက်ဆန်သတ်မှတ် နိုင်ရေးတောင်သူဝင်ငွေတိုးတက်ရေး၊ သုသေသန နှင့်ပညာပေးလုပ်ငန်းများ ထိရောက်စွာဆောင်ရွက်နိုင်ရန်၊ တန်ဖိုးမြင့်ဆန်ထုတ်ကုန်တွေထုတ်လုပ်နိုင်ရန် စသည့် ဆန်တန်ဖိုးကွင်းဆက် ဖွံ့ဖြိုးတိုး တက်စေရန်ရည်ရွယ်ချက်များဖြင့် ဇုန်များကိုဖော်ဆောင် သွားမည်ဟုသိရသည်။
စပါးစိုက်ပျိုးထုတ်လုပ်ရန်အတွက် Ex­port အဆင့်မြင့်ထုတ်လုပ်ရန်လိုအပ်သည့် စပါးမျိုးစေ့၊ စပါးများကို Rice Export Zone က ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။ ပြည်တွင်းမျိုးများသည် ဈေးကွက်အရ ကျယ်ကျယ်ပြန့်ပြန့်မရှိသေး ပါက ဈေးကွက်ရရှိပြီး၊ ဈေးပိုရတဲ့ မျိုးစပါးများကို စိုက်ပျိုးထုတ် လုပ်ဆောင်ရွက်သွားမည်ဖြစ်သည်။ ဇုန်များကတစ် ဆင့် ဆန်စပါးစိုက်ပျိုးထုတ်လုပ်သူ၊ ဝယ်ယူသူ၊ ကြိတ်ခွဲသူ၊ ပို့ကုန်လုပ်ငန်းရှင်များ ပူးပေါင်းပါဝင်သည့် ရေ ရှည်တည်ငြိမ်သော ဈေးကွက်ဖြစ်ရန် ဆောင်ရွက် သွားမည်ဟုသိရသည်။
လာမည့်ရက်ပိုင်းအတွင်း စပါးပေါ်ချိန် ဆန်သစ်ပေါ်ချိန်သို့ရောက်ရှိလာပြီဖြစ်ရာ ဆန်စပါး ဆိုင်ရာသတင်း များမှာ ဆက်လက်စောင့်ကြည့်ရမည် ဖြစ်သည်။

Zawgyi Version:
ပြည့်ဖြိုး(NP News)



Related news

© 2021. All rights reserved.