ဇေကမ္ဘာလုပ်ငန်းစု၊ ဦးမောင်ဝိတ်နှင့် ဦးရွှေကြိုင်တို့အကြား မြေနှင့်ငွေကြေးအရှုပ်အရှင်းများ ဖြစ်ပေါ်နေ

 2126

အေဝိုင်အီး (NP News)
မင်္ဂလာဒုံမြို့နယ် အမှတ်(၃)လမ်းမကြီး ဘေးရှိ မြေကွက်ဧက(၂၄၀)ကျော်ကိစ္စအတွက် ဇေကမ္ဘာ ဦးခင်ရွှေ မိသားစု၊ နာမည်ကျော် မြေသူဌေးကြီး ဦးမောင်ဝိတ်နှင့် ဝါဝါဝင်းလုပ်ငန်းစု သူဌေးကြီး ဦးရွှေ ကြိုင်တို့အကြား မြေနှင့်ငွေကြေးအရှုပ်အရှင်းပြဿနာများ ပေါ်ပေါက်နေကြောင်း စုံစမ်းသိရှိရသည်။
အောင်မင်္ဂလာ အဝေးပြေးကားဝင်း၊ ဇေကမ္ဘာအိမ်ရာ ဂေါက်ကွင်းတို့အနီးရှိ အမှတ်(၃)လမ်းမ ကြီးပေါ်မှ ဧက(၂၀ဝ)ကျော်ရှိသော မြေကွက်ကို ဦးခင်ရွှေမိသားစုက မြေသူဌေးကြီး ဦးမောင်ဝိတ်ထံ ကျပ်ဘီလျံ(၃၀ဝ)ကျော်ဖြင့် ရောင်းချခဲ့ရာမှ မရှင်းမလင်းဖြစ်နေသော မြေရာပြဿနာများ စတင်ပေါ် ပေါက်ခဲ့ခြင်းဖြစ်ပြီး အစိုးရဌာနဆိုင်ရာများထံ တိုင် ကြားစာများ ဆက်တိုက်တက်နေခြင်းမျိုးဖြစ်ကြောင်း NP News ဂျာနယ်က စုံစမ်းသိရှိရခြင်းဖြစ်သည်။ “ဇေကမ္ဘာက ကျွန်တော့်မြေတွေကိုပါ လာပြီး ခြံခတ် သွားတာဗျ။ (၂၅) ဧကလောက်ရှိပါတယ်။ လယ်မြေတွေပါ။ သမ္မတဦးသိန်းစိန် အစိုးရလက်ထက် က လယ်မြေတွေအဖြစ် ပြန်ပေးပြီးသားမြေတွေပါ။ အခုက သဲကားကြီးတွေ အစီး သုံးလေးဆယ်လောက်နဲ့ နေ့တိုင်း သဲတွေ လာဖို့နေတယ်။ ခြံလည်း ခတ်သွားတယ်” ဟု လယ်မြေပိုင်ရှင်တစ်ဦးက NP News ကို ပြောသည်။
မင်္ဂလာဒုံမြို့နယ် သင်္ဃန်းကျွန်းကြီးရပ်ကွက် ကွင်းအမှတ် (၅၃၄/ဘီ)၊ ဦးပိုင်အမှတ် (၁၁၈) ရှိ မြေ (၂၅) ဧကကျော်ကို ဦးဘဂျမ်းအမည်ဖြင့် (၁၉၆၈) ခုနှစ်ကတည်းက အမည်ပေါက်ခဲ့ခြင်းဖြစ်ပြီး (၁၉၉၂) ခုနှစ်အထိ လယ်လုပ်ကိုင်ခဲ့ကာ ဇေကမ္ဘာ လုပ်ငန်းစုနှင့် အငြင်းပွားမှုများမဖြစ်စေရန် သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်၌ လယ်မြေအဖြစ် ပြန်လည်ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါမြေ၏နောက်ဘက်၌ ရှိသော ဧက(၂၀ဝ)ကျော်ကို ဇေကမ္ဘာလုပ်ငန်းစုက ゞင်းတို့ အပိုင်မြေအဖြစ် ခြံစည်းရိုးခတ်၍ မြေသူဌေးကြီး ဦးမောင်ဝိတ်ထံ ယခုနှစ်အတွင်းက ရောင်းချခဲ့ ကြောင်း၊ ယင်းကဲ့သို့ ခြံစည်းရိုးခတ်၍ ရောင်းချမှု၌ ဇေကမ္ဘာနှင့်မဆိုင်သော မြေ(၂၅)ဧကကျော်ကိုပါ ခြံ စည်းရိုးထည့်ခတ်သွားခြင်းမျိုးဖြစ်ကြောင်း သိရသည်။
“ခြံစည်းရိုးခတ်ရုံတင် မဟုတ်ဘူး။ စည်ပင်ဆိုင်းဘုတ်ပါ လာထောင်သွားတယ်။ ဆိုင်းဘုတ်မှာ ပါတဲ့ စာအရ မြေကွက်အမှတ်(၁၄၃)၊ မြေတိုင်းအမှတ် (၅/ထင်းရှူးရိပ်သာ-၂) ၊ အမှတ်(၃)လမ်းမကြီး၊ သင်္ဃန်းကျွန်းကြီးရပ်ကွက် မင်္ဂလာဒုံမြို့နယ်ဆိုတာက မင်္ဂလာဒုံနဲ့ ရွှေပေါက်ကံကြားက မြေကွက်ဖြစ်နေ တယ်။ ကျွန်တော်တို့နေရာက (၅၃၄/ဘီ) မြေကွက် အမှတ်(၁၁၈)ပါ။ မြေကွက်အမှတ်(၁၄၃) မဟုတ် ဘူး။ (၁၄၃)က မင်္ဂလာဒုံနဲ့ ရွှေပေါက်ကံကြားက မြေကွက်ဗျ” ဟု လက်ရှိမြေပိုင်ရှင်တစ်ဦးက ပြောသည်။ ယင်းကဲ့သို့ မှားယွင်းစွာ ရေးသားဖော်ပြထားမှုနှင့် ခြံစည်းရိုးထည့်သွင်းခတ်မှုအတွက် တရားမျှတစွာ စစ်ဆေးဟန့်တားပေးပါရန်လည်း ရန်ကုန်မြို့တော် စည်ပင်ထံသို့ လိပ်မူ၍ (၂၀၂၅) ခုနှစ်(၇)လပိုင်း အတွင်းက အသိပေးတင်ပြထားကြောင်း ၎င်းကဆို သည်။ ကွင်းအမှတ်(၅၃၄/ဘီ)သည် ဇေကမ္ဘာလုပ် ငန်းစုနှင့် တောင်သူလယ်သမားများအကြား မြေရာ ပိုင်ဆိုင်မှုအငြင်းပွားခြင်းများ မကြာခဏဖြစ်ပွားခဲ့ သည့်အပြင် သမ္မတဦးသိန်းစိန်အစိုးရလက်ထက်မှ လက်ရှိ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်နေ သည့်အစိုးရလက်ထက်အထိ ရှုပ်ထွေးမှုများရှိနေဆဲ မြေအမျိုးအစားများလည်း ဖြစ်သည်။ အဆိုပါမြေ၏ ရာဇဝင်ကိုလည်း သက်ဆိုင်ရာ ထွေအုပ်များ၊ စည်ပင် များ၊ လယ်ယာမြေဆိုင်ရာကော်မတီများနှင့် အစိုးရ ဌာနဆိုင်ရာ အာဏာပိုင်များက တိုင်ကြားစာအသီးသီး ကြောင့် သိရှိထားပြီးသားလည်း ဖြစ်သည်။ အထူး သဖြင့် ဇေကမ္ဘာလုပ်ငန်းစုပိုင်ဆိုင်သည်ဆိုသော အထောက်အထားများမှာလည်း သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်တွင် အကောင်အထည် မပြနိုင် သည့်အနေအထားမျိုး၌ တည်ရှိခဲ့ကြောင်းလည်း ဌာန ဆိုင်ရာစာရွက်စာတမ်းအချို့အရ သိရသည်။
“နောက်က မြေကိစ္စက သူတို့ဘာသာသူတို့ အဆင်ပြေသလို ရှင်းပါစေ။ ကျွန်တော့်မြေကိုပါ ထည့်ပြီးခြံခတ်သွားတာကိုတော့ ကျွန်တော် တိုင်ကြား စာပို့ထားတယ်။ ကျွန်တော့်ကို ကြားခံကနေ တစ် ဆင့် ကျပ်ဘီလျံ(၂၀)လောက်ပေးပါမယ်ဆိုပြီး လာညှိတယ်” ဟု မြေပိုင်ရှင်တစ်ဦးက ပြောသည်။ အဆိုပါ မြေဧက(၂၀ဝ)ကျော်ကို ဇေကမ္ဘာလုပ်ငန်းစုက ဦး မောင်ဝိတ်ထံသို့ ယခုနှစ်အတွင်း၌ ရောင်းချခဲ့ခြင်းမျိုး ဖြစ်ပြီး ကြားဝင်စေ့စပ်သူအဖြစ် ဦးရွှေကြိုင်(ဝါဝါဝင်း)က ပါဝင်ပေးခဲ့သည်ဟု စုံစမ်းသိရှိရသည်။
ငွေကြေးအားဖြင့်လည်း ထက်ဝက်နီးပါး ပေးချေထားပြီးဖြစ်ကြောင်း၊ တိုင်ကြားစာများထွက် လာသည့်အတွက် ဦးမောင်ဝိတ်ဘက်က ငွေဆက် လက်ပေးချေရန်စဉ်းစားနေပုံရကြောင်းနှင့် ကြားခံညှိ နှိုင်းပေးသူ ဦးရွှေကြိုင်အတွက်လည်း မင်္ဂလာကြေး ပေးရမည့်ကိစ္စက မရှင်းမလင်းဖြစ်နေကြောင်း စုံစမ်း သိရှိရသည်။ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟို ကော်မတီ ကို တည်ဆဲအစိုးရက (၂၀၂၅) ခုနှစ် ဩဂုတ်လ(၁၃)ရက်တွင် ပြန်လည်ဖွဲ့စည်းထားပြီ ဖြစ်ပြီး အဆိုပါ ကော်မတီအနေဖြင့် မှန်ကန်မျှတစွာ စီရင်ဆုံးဖြတ်ပေးလိမ့်မည်ဟု ယုံကြည်ကြောင်းလည်း မြေပိုင်ရှင် ဘက်က ပြောသည်။

Zawgyi Version:
ေဇကမာၻလုပ္ငန္းစု၊ ဦးေမာင္ဝိတ္ႏွင့္ ဦးေ႐ႊႀကိဳင္တို႔အၾကား ေျမႏွင့္ေငြေၾကးအရႈပ္အရွင္းမ်ား ျဖစ္ေပၚေန
ေအဝိုင္အီး (NP News)
မဂၤလာဒုံၿမိဳ႕နယ္ အမွတ္(၃)လမ္းမႀကီး ေဘးရွိ ေျမကြက္ဧက(၂၄၀)ေက်ာ္ကိစၥအတြက္ ေဇကမာၻ ဦးခင္ေ႐ႊ မိသားစု၊ နာမည္ေက်ာ္ ေျမသူေဌးႀကီး ဦးေမာင္ဝိတ္ႏွင့္ ဝါဝါဝင္းလုပ္ငန္းစု သူေဌးႀကီး ဦးေ႐ႊ ႀကိဳင္တို႔အၾကား ေျမႏွင့္ေငြေၾကးအရႈပ္အရွင္းျပႆနာမ်ား ေပၚေပါက္ေနေၾကာင္း စုံစမ္းသိရွိရသည္။
ေအာင္မဂၤလာ အေဝးေျပးကားဝင္း၊ ေဇကမာၻအိမ္ရာ ေဂါက္ကြင္းတို႔အနီးရွိ အမွတ္(၃)လမ္းမ ႀကီးေပၚမွ ဧက(၂၀ဝ)ေက်ာ္ရွိေသာ ေျမကြက္ကို ဦးခင္ေ႐ႊမိသားစုက ေျမသူေဌးႀကီး ဦးေမာင္ဝိတ္ထံ က်ပ္ဘီလ်ံ(၃၀ဝ)ေက်ာ္ျဖင့္ ေရာင္းခ်ခဲ့ရာမွ မရွင္းမလင္းျဖစ္ေနေသာ ေျမရာျပႆနာမ်ား စတင္ေပၚ ေပါက္ခဲ့ျခင္းျဖစ္ၿပီး အစိုးရဌာနဆိုင္ရာမ်ားထံ တိုင္ ၾကားစာမ်ား ဆက္တိုက္တက္ေနျခင္းမ်ိဳးျဖစ္ေၾကာင္း NP News ဂ်ာနယ္က စုံစမ္းသိရွိရျခင္းျဖစ္သည္။ “ေဇကမာၻက ကြၽန္ေတာ့္ေျမေတြကိုပါ လာၿပီး ၿခံခတ္ သြားတာဗ်။ (၂၅) ဧကေလာက္ရွိပါတယ္။ လယ္ေျမေတြပါ။ သမၼတဦးသိန္းစိန္ အစိုးရလက္ထက္ က လယ္ေျမေတြအျဖစ္ ျပန္ေပးၿပီးသားေျမေတြပါ။ အခုက သဲကားႀကီးေတြ အစီး သုံးေလးဆယ္ေလာက္နဲ႔ ေန႔တိုင္း သဲေတြ လာဖို႔ေနတယ္။ ၿခံလည္း ခတ္သြားတယ္” ဟု လယ္ေျမပိုင္ရွင္တစ္ဦးက NP News ကို ေျပာသည္။
မဂၤလာဒုံၿမိဳ႕နယ္ သဃၤန္းကြၽန္းႀကီးရပ္ကြက္ ကြင္းအမွတ္ (၅၃၄/ဘီ)၊ ဦးပိုင္အမွတ္ (၁၁၈) ရွိ ေျမ (၂၅) ဧကေက်ာ္ကို ဦးဘဂ်မ္းအမည္ျဖင့္ (၁၉၆၈) ခုႏွစ္ကတည္းက အမည္ေပါက္ခဲ့ျခင္းျဖစ္ၿပီး (၁၉၉၂) ခုႏွစ္အထိ လယ္လုပ္ကိုင္ခဲ့ကာ ေဇကမာၻ လုပ္ငန္းစုႏွင့္ အျငင္းပြားမႈမ်ားမျဖစ္ေစရန္ သမၼတ ဦးသိန္းစိန္ အစိုးရလက္ထက္၌ လယ္ေျမအျဖစ္ ျပန္လည္ေပးအပ္ခဲ့ၿပီးျဖစ္ေၾကာင္း သိရသည္။
အဆိုပါေျမ၏ေနာက္ဘက္၌ ရွိေသာ ဧက(၂၀ဝ)ေက်ာ္ကို ေဇကမာၻလုပ္ငန္းစုက ゞင္းတို႔ အပိုင္ေျမအျဖစ္ ၿခံစည္း႐ိုးခတ္၍ ေျမသူေဌးႀကီး ဦးေမာင္ဝိတ္ထံ ယခုႏွစ္အတြင္းက ေရာင္းခ်ခဲ့ ေၾကာင္း၊ ယင္းကဲ့သို႔ ၿခံစည္း႐ိုးခတ္၍ ေရာင္းခ်မႈ၌ ေဇကမာၻႏွင့္မဆိုင္ေသာ ေျမ(၂၅)ဧကေက်ာ္ကိုပါ ၿခံ စည္း႐ိုးထည့္ခတ္သြားျခင္းမ်ိဳးျဖစ္ေၾကာင္း သိရသည္။
“ၿခံစည္း႐ိုးခတ္႐ုံတင္ မဟုတ္ဘူး။ စည္ပင္ဆိုင္းဘုတ္ပါ လာေထာင္သြားတယ္။ ဆိုင္းဘုတ္မွာ ပါတဲ့ စာအရ ေျမကြက္အမွတ္(၁၄၃)၊ ေျမတိုင္းအမွတ္ (၅/ထင္းရႉးရိပ္သာ-၂) ၊ အမွတ္(၃)လမ္းမႀကီး၊ သဃၤန္းကြၽန္းႀကီးရပ္ကြက္ မဂၤလာဒုံၿမိဳ႕နယ္ဆိုတာက မဂၤလာဒုံနဲ႔ ေ႐ႊေပါက္ကံၾကားက ေျမကြက္ျဖစ္ေန တယ္။ ကြၽန္ေတာ္တို႔ေနရာက (၅၃၄/ဘီ) ေျမကြက္ အမွတ္(၁၁၈)ပါ။ ေျမကြက္အမွတ္(၁၄၃) မဟုတ္ ဘူး။ (၁၄၃)က မဂၤလာဒုံနဲ႔ ေ႐ႊေပါက္ကံၾကားက ေျမကြက္ဗ်” ဟု လက္ရွိေျမပိုင္ရွင္တစ္ဦးက ေျပာသည္။ ယင္းကဲ့သို႔ မွားယြင္းစြာ ေရးသားေဖာ္ျပထားမႈႏွင့္ ၿခံစည္း႐ိုးထည့္သြင္းခတ္မႈအတြက္ တရားမွ်တစြာ စစ္ေဆးဟန႔္တားေပးပါရန္လည္း ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္ထံသို႔ လိပ္မူ၍ (၂၀၂၅) ခုႏွစ္(၇)လပိုင္း အတြင္းက အသိေပးတင္ျပထားေၾကာင္း ၎ကဆို သည္။ ကြင္းအမွတ္(၅၃၄/ဘီ)သည္ ေဇကမာၻလုပ္ ငန္းစုႏွင့္ ေတာင္သူလယ္သမားမ်ားအၾကား ေျမရာ ပိုင္ဆိုင္မႈအျငင္းပြားျခင္းမ်ား မၾကာခဏျဖစ္ပြားခဲ့ သည့္အျပင္ သမၼတဦးသိန္းစိန္အစိုးရလက္ထက္မွ လက္ရွိ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ဦးေဆာင္ေန သည့္အစိုးရလက္ထက္အထိ ရႈပ္ေထြးမႈမ်ားရွိေနဆဲ ေျမအမ်ိဳးအစားမ်ားလည္း ျဖစ္သည္။ အဆိုပါေျမ၏ ရာဇဝင္ကိုလည္း သက္ဆိုင္ရာ ေထြအုပ္မ်ား၊ စည္ပင္ မ်ား၊ လယ္ယာေျမဆိုင္ရာေကာ္မတီမ်ားႏွင့္ အစိုးရ ဌာနဆိုင္ရာ အာဏာပိုင္မ်ားက တိုင္ၾကားစာအသီးသီး ေၾကာင့္ သိရွိထားၿပီးသားလည္း ျဖစ္သည္။ အထူး သျဖင့္ ေဇကမာၻလုပ္ငန္းစုပိုင္ဆိုင္သည္ဆိုေသာ အေထာက္အထားမ်ားမွာလည္း သမၼတ ဦးသိန္းစိန္ အစိုးရလက္ထက္တြင္ အေကာင္အထည္ မျပႏိုင္ သည့္အေနအထားမ်ိဳး၌ တည္ရွိခဲ့ေၾကာင္းလည္း ဌာန ဆိုင္ရာစာ႐ြက္စာတမ္းအခ်ိဳ႕အရ သိရသည္။
“ေနာက္က ေျမကိစၥက သူတို႔ဘာသာသူတို႔ အဆင္ေျပသလို ရွင္းပါေစ။ ကြၽန္ေတာ့္ေျမကိုပါ ထည့္ၿပီးၿခံခတ္သြားတာကိုေတာ့ ကြၽန္ေတာ္ တိုင္ၾကား စာပို႔ထားတယ္။ ကြၽန္ေတာ့္ကို ၾကားခံကေန တစ္ ဆင့္ က်ပ္ဘီလ်ံ(၂၀)ေလာက္ေပးပါမယ္ဆိုၿပီး လာညႇိတယ္” ဟု ေျမပိုင္ရွင္တစ္ဦးက ေျပာသည္။ အဆိုပါ ေျမဧက(၂၀ဝ)ေက်ာ္ကို ေဇကမာၻလုပ္ငန္းစုက ဦး ေမာင္ဝိတ္ထံသို႔ ယခုႏွစ္အတြင္း၌ ေရာင္းခ်ခဲ့ျခင္းမ်ိဳး ျဖစ္ၿပီး ၾကားဝင္ေစ့စပ္သူအျဖစ္ ဦးေ႐ႊႀကိဳင္(ဝါဝါဝင္း)က ပါဝင္ေပးခဲ့သည္ဟု စုံစမ္းသိရွိရသည္။
ေငြေၾကးအားျဖင့္လည္း ထက္ဝက္နီးပါး ေပးေခ်ထားၿပီးျဖစ္ေၾကာင္း၊ တိုင္ၾကားစာမ်ားထြက္ လာသည့္အတြက္ ဦးေမာင္ဝိတ္ဘက္က ေငြဆက္ လက္ေပးေခ်ရန္စဥ္းစားေနပုံရေၾကာင္းႏွင့္ ၾကားခံညႇိ ႏႈိင္းေပးသူ ဦးေ႐ႊႀကိဳင္အတြက္လည္း မဂၤလာေၾကး ေပးရမည့္ကိစၥက မရွင္းမလင္းျဖစ္ေနေၾကာင္း စုံစမ္း သိရွိရသည္။ လယ္ယာေျမႏွင့္ အျခားေျမမ်ား သိမ္းဆည္းျခင္းခံရမႈမ်ား ျပန္လည္စိစစ္ေရးဗဟို ေကာ္မတီ ကို တည္ဆဲအစိုးရက (၂၀၂၅) ခုႏွစ္ ဩဂုတ္လ(၁၃)ရက္တြင္ ျပန္လည္ဖြဲ႕စည္းထားၿပီ ျဖစ္ၿပီး အဆိုပါ ေကာ္မတီအေနျဖင့္ မွန္ကန္မွ်တစြာ စီရင္ဆုံးျဖတ္ေပးလိမ့္မည္ဟု ယုံၾကည္ေၾကာင္းလည္း ေျမပိုင္ရွင္ ဘက္က ေျပာသည္။

Related news

© 2021. All rights reserved.