မလေးရှားနိုင်ငံ၊ ဂျိုဟောပြည်နယ်က ၂၀၂၆ ခုနှစ်မှာ နွားနို့လီတာ သုံးသန်းထုတ်လုပ်နိုင်ဖို့ ရည်မှန်း

 64

ရောင်နီ (NP News) - နိုဝင်ဘာ ၄

မလေးရှားနိုင်ငံ၊ ဂျိုဟောပြည်နယ်ဟာ Jemaluang Dairy Valley (JDV) စီမံကိန်းအရ ၂ဝ၂၆ ခုနှစ်မှာ နွားနို့ လီတာသုံးသန်းကျော် ထုတ်လုပ်နိုင်ဖို့ ရည်မှန်းထားပါတယ်။
ဂျိုဟောပြည်နယ် စိုက်ပျိုးရေး၊ စိုက်ပျိုးရေးအခြေပြု စက်မှုလုပ်ငန်းနဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဇာဟာရီဆာရစ်က ဂျိုဟောပြည်နယ်၊ မားဆင်းမြို့မှာ တည်ရှိတဲ့ နို့ထွက်ပစ္စည်းခြံအတွက် သြစတြေးလျ နွား ၁၀၀၀ ကျော် ဝယ်ယူထားပြီး အဲဒီရည်မှန်းချက်ကို ဖြည့်ဆည်းမယ်လို့ ဆိုပါတယ်။ "နွားအများစု ဟာ ကိုယ်ဝန်ဆောင်ပြီး နောက်သုံးလမှ ခြောက်လအတွင်း နွားပေါက် ၁၀၀၀ ခန့် ရှိလာနိုင်တာကြောင့် နောက်နှစ် မှာ နို့လီတာသုံးသန်းကျော် ထုတ်လုပ်နိုင်မှာဖြစ်ပြီး နောက်နှစ် လီတာလေးသန်းမှ ငါးသန်းအထိ တိုးလာမယ်လို့ မျှော်လင့်ထားတယ်" လို့ဆိုပါတယ်။ ဥက္ကဋ္ဌ ဇာဟာရီ က နောက်ငါးနှစ်အတွင်း ထုတ်လုပ်မှုတစ်နှစ်ကို လီတာ ၁၂ သန်းခန့်အထိ ရောက်ရှိဖို့ မျှော်လင့်ထားတယ်လို့ ပြောကြားပါတယ်။ "၄င်းဟာ ဒေသတွင်းဝယ်လိုအားကို ဖြည့်ဆည်းပေးရုံသာမက နိုင်ငံရဲ့ နို့ထွက်ရှိမှုကို ၂၀ ရာခိုင်နှုန်းခန့် တိုးမြှင့်ပေးနိုင်မယ်" လို့ မလေးရှားမီဒီယာတွေကို ပြောကြားခဲ့ပါတယ်။ JDV ဟာ ဂျိုဟောအစိုးရနဲ့ Jemaluang Dairy Valley Sdn Bhd မှ စီမံခန့်ခွဲတဲ့ အရှေ့ကမ်းရိုးတန်းစီးပွားရေးဒေသ ဖွံ့ဖြိုးတိုးတက်ရေးကောင်စီတို့အကြား မဟာဗျူဟာမြောက် ပူးပေါင်း ဆောင်ရွက်မှုတစ်ခုဖြစ်ပါတယ်။
ဒီနို့ထွက်ပစ္စည်းစီမံကိန်းဟာ မလေးရှားရဲ့နို့တင်သွင်းမှုအပေါ် မှီခိုမှုကို လျှော့ချပေးပြီး ဒေသတွင်း ထောက်ပံ့မှု တည်ငြိမ်စေဖို့ ကူညီပေးနိုင်မယ်လို့ ၄င်းက ပြောကြားပါတယ်။ ဒါအပြင် ဒေသတွင်းဝယ်လိုအားကို ဖြည့်ဆည်း ပေးပြီး အသေးစားနို့ထွက်ပစ္စည်း မွေးမြူရေးလုပ်ငန်းရှင်တွေအတွက် အခွင့်အလမ်းအသစ် ဖန်တီးပေးနိုင်မယ်" လို့ ဆိုပါတယ်။

Zawgyi Verion:
မေလးရွားႏိုင္ငံ၊ ဂ်ိဳေဟာျပည္နယ္က ၂၀၂၆ ခုႏွစ္မွာ ႏြားႏို႔လီတာ သုံးသန္းထုတ္လုပ္ႏိုင္ဖို႔ ရည္မွန္း
ေရာင္နီ (NP News) - ႏိုဝင္ဘာ ၄
မေလးရွားႏိုင္ငံ၊ ဂ်ိဳေဟာျပည္နယ္ဟာ Jemaluang Dairy Valley (JDV) စီမံကိန္းအရ ၂ဝ၂၆ ခုႏွစ္မွာ ႏြားႏို႔ လီတာသုံးသန္းေက်ာ္ ထုတ္လုပ္ႏိုင္ဖို႔ ရည္မွန္းထားပါတယ္။
ဂ်ိဳေဟာျပည္နယ္ စိုက္ပ်ိဳးေရး၊ စိုက္ပ်ိဳးေရးအေျချပဳ စက္မႈလုပ္ငန္းနဲ႔ ေက်းလက္ေဒသ ဖြံ႕ၿဖိဳးတိုးတက္ေရးေကာ္မတီဥကၠ႒ ဇာဟာရီဆာရစ္က ဂ်ိဳေဟာျပည္နယ္၊ မားဆင္းၿမိဳ႕မွာ တည္ရွိတဲ့ ႏို႔ထြက္ပစၥည္းၿခံအတြက္ ၾသစေၾတးလ် ႏြား ၁၀၀၀ ေက်ာ္ ဝယ္ယူထားၿပီး အဲဒီရည္မွန္းခ်က္ကို ျဖည့္ဆည္းမယ္လို႔ ဆိုပါတယ္။ "ႏြားအမ်ားစု ဟာ ကိုယ္ဝန္ေဆာင္ၿပီး ေနာက္သုံးလမွ ေျခာက္လအတြင္း ႏြားေပါက္ ၁၀၀၀ ခန႔္ ရွိလာႏိုင္တာေၾကာင့္ ေနာက္ႏွစ္ မွာ ႏို႔လီတာသုံးသန္းေက်ာ္ ထုတ္လုပ္ႏိုင္မွာျဖစ္ၿပီး ေနာက္ႏွစ္ လီတာေလးသန္းမွ ငါးသန္းအထိ တိုးလာမယ္လို႔ ေမွ်ာ္လင့္ထားတယ္" လို႔ဆိုပါတယ္။ ဥကၠ႒ ဇာဟာရီ က ေနာက္ငါးႏွစ္အတြင္း ထုတ္လုပ္မႈတစ္ႏွစ္ကို လီတာ ၁၂ သန္းခန႔္အထိ ေရာက္ရွိဖို႔ ေမွ်ာ္လင့္ထားတယ္လို႔ ေျပာၾကားပါတယ္။ "၄င္းဟာ ေဒသတြင္းဝယ္လိုအားကို ျဖည့္ဆည္းေပး႐ုံသာမက ႏိုင္ငံရဲ႕ ႏို႔ထြက္ရွိမႈကို ၂၀ ရာခိုင္ႏႈန္းခန႔္ တိုးျမႇင့္ေပးႏိုင္မယ္" လို႔ မေလးရွားမီဒီယာေတြကို ေျပာၾကားခဲ့ပါတယ္။ JDV ဟာ ဂ်ိဳေဟာအစိုးရနဲ႔ Jemaluang Dairy Valley Sdn Bhd မွ စီမံခန႔္ခြဲတဲ့ အေရွ႕ကမ္း႐ိုးတန္းစီးပြားေရးေဒသ ဖြံ႕ၿဖိဳးတိုးတက္ေရးေကာင္စီတို႔အၾကား မဟာဗ်ဴဟာေျမာက္ ပူးေပါင္း ေဆာင္႐ြက္မႈတစ္ခုျဖစ္ပါတယ္။
ဒီႏို႔ထြက္ပစၥည္းစီမံကိန္းဟာ မေလးရွားရဲ႕ႏို႔တင္သြင္းမႈအေပၚ မွီခိုမႈကို ေလွ်ာ့ခ်ေပးၿပီး ေဒသတြင္း ေထာက္ပံ့မႈ တည္ၿငိမ္ေစဖို႔ ကူညီေပးႏိုင္မယ္လို႔ ၄င္းက ေျပာၾကားပါတယ္။ ဒါအျပင္ ေဒသတြင္းဝယ္လိုအားကို ျဖည့္ဆည္း ေပးၿပီး အေသးစားႏို႔ထြက္ပစၥည္း ေမြးျမဴေရးလုပ္ငန္းရွင္ေတြအတြက္ အခြင့္အလမ္းအသစ္ ဖန္တီးေပးႏိုင္မယ္" လို႔ ဆိုပါတယ္။

Related news

© 2021. All rights reserved.