မြန်မာ Esport တာဝန်ရှိသူများအပါအဝင် ကမ္ဘာ့ချန်ပီယံဆုရ Yangon Galacticos (YG)ကို မြေကွက်များ ဂုဏ်ပြုပေးအပ်

 1005

သန့်ဇင်(NP News)-စက်တင်ဘာ ၁

KBZ Bank နာယကဦးအောင်ကိုဝင်းက မြန်မာ Esport အားကစားအဖွဲ့ချုပ်တာဝန်ရှိသူများနှင့် ကမ္ဘာ့ချန်ပီယံဆုရ Yangon Galacticos (YG)ကို Taunggyi Garden City မှ ဂရံမြေကွက် (၉) ကွက်ကို ဂုဏ်ပြုပေးအပ်ချီးမြှင့်ခဲ့ကြောင်း ကမ္ဘောဇဘဏ်၏ ထုတ်ပြန်ချက်အရ သိရသည်။

ကမ္ဘာ့ဖလားပြိုင်ပွဲ ၂၀၂၅ ရဲ့ သမိုင်းဝင် မြန်မာ့ဂုဏ်ဆောင် ကမ္ဘာ့ချန်ပီယံဆု ရရှိခဲ့တဲ့ Yangon Galacticos (YG) အားကစားအသင်း ဂုဏ်ပြုပွဲကို ပြီးခဲ့သည့် သြဂုတ်လ ၃၀ ရက်နှင့် ၃၁ ရက်တို့တွင် တောင်ကြီးမြို့တွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ဂုဏ်ပြုပွဲကို ကမ္ဘောဇအုပ်စု တည်ထောင်သူ နာယက၊ မြန်မာနိုင်ငံအီလက်ထရောနစ် အားကစားအဖွဲ့ချုပ်၏ ဦးဆောင်နာယက ဖြစ်သော ဦးအောင်ကိုဝင်းကိုယ်တိုင် တက်ရောက်ခဲ့ကြောင်း သိရသည်။

ကမ္ဘာ့ချန်ပီယံ Yangon Galacticos (YG) အားကစားအသင်း အတွက် ဂုဏ်ပြုချီးမြှင့်ငွေကျပ် သိန်း(၁၀,၀၀၀)နှင့် မြန်မာ Esport အားကစား အဖွဲ့ချုပ်တာဝန်ရှိသူများအပါအဝင် အောင်ပွဲရ လူငယ်အားကစားသမားများ တစ်ဦးချင်းစီအတွက် တောင်ကြီး ဂါးဒင်းစီးတီး (Taunggyi Garden City ) မှ ပေ ၄၀ x ပေ ၆၀ အကျယ်ရှိ ဂရံမြေကွက် စုစုပေါင်း (၉) ကွက်ကို ဂုဏ်ပြုပေးအပ်ခဲ့ကြောင်း သိရသည်။

ကမ္ဘောဇဘဏ်၊ KBZPay သည် မြန်မာအီလက်ထရောနစ်အားကစားအဖွဲ့ချုပ် (MESF)ရဲ့ co-partner တစ်ဦးအနေဖြင့် မြန်မာနိုင်ငံ Esports ကဏ္ဍ တစ်ခုလုံး ဖွံ့ဖြိုးတိုးတက်စေရန် (၂၀၁၈) ခုနှစ်မှစတင်ကာ ပံ့ပိုးကူညီခဲ့ပြီး လက်ရှိအချိန်အထိ ကျပ်ငွေ (၄.၈ ) ဘီလျံကျော် ပံ့ပိုးပေးခဲ့ကြောင်း သိရသည်။

ကမ္ဘောဇဘဏ်၊ KBZPayသည် မြန်မာ့လူငယ်များ၏ အိပ်မက်၊ ဝါသနာများကို ပံ့ပိုးပေးပြီး Esports ကို Professional Career တစ်ခုအဖြစ် လက်တွေ့အကောင်အထည်ဖော်နိုင်ရန် အမြဲအားဖြည့်နေမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင်လည်း Esports အားကစားအား တက္ကသိုလ်အဆင့်မှစတင်ကာ ပြည်တွင်းအဆင့် University Esports League နဲ့ National Esports Championship ပြိုင်ပွဲများ၊ အရှေ့တောင်အာရှအဆင့် SEA Games၊ ကမ္ဘာ့အဆင့် EWC ပြိုင်ပွဲကြီးများအထိ တက်လှမ်းနိုင်ရန် ဆက်လက်ပံ့ပိုးနေလျက်ရှိကြောင်း သိရသည်။

Zawgyi Version:
ျမန္မာ Esport တာဝန္ရွိသူမ်ားအပါအဝင္ ကမာၻ႔ခ်န္ပီယံဆုရ Yangon Galacticos (YG)ကို ေျမကြက္မ်ား ဂုဏ္ျပဳေပးအပ္
သန႔္ဇင္(NP News)-စက္တင္ဘာ ၁

KBZ Bank နာယကဦးေအာင္ကိုဝင္းက ျမန္မာ Esport အားကစားအဖြဲ႕ခ်ဳပ္တာဝန္ရွိသူမ်ားႏွင့္ ကမာၻ႔ခ်န္ပီယံဆုရ Yangon Galacticos (YG)ကို Taunggyi Garden City မွ ဂရံေျမကြက္ (၉) ကြက္ကို ဂုဏ္ျပဳေပးအပ္ခ်ီးျမႇင့္ခဲ့ေၾကာင္း ကေမာၻဇဘဏ္၏ ထုတ္ျပန္ခ်က္အရ သိရသည္။

ကမာၻ႔ဖလားၿပိဳင္ပြဲ ၂၀၂၅ ရဲ႕ သမိုင္းဝင္ ျမန္မာ့ဂုဏ္ေဆာင္ ကမာၻ႔ခ်န္ပီယံဆု ရရွိခဲ့တဲ့ Yangon Galacticos (YG) အားကစားအသင္း ဂုဏ္ျပဳပြဲကို ၿပီးခဲ့သည့္ ၾသဂုတ္လ ၃၀ ရက္ႏွင့္ ၃၁ ရက္တို႔တြင္ ေတာင္ႀကီးၿမိဳ႕တြင္ က်င္းပခဲ့ေၾကာင္း သိရသည္။

အဆိုပါ ဂုဏ္ျပဳပြဲကို ကေမာၻဇအုပ္စု တည္ေထာင္သူ နာယက၊ ျမန္မာႏိုင္ငံအီလက္ထေရာနစ္ အားကစားအဖြဲ႕ခ်ဳပ္၏ ဦးေဆာင္နာယက ျဖစ္ေသာ ဦးေအာင္ကိုဝင္းကိုယ္တိုင္ တက္ေရာက္ခဲ့ေၾကာင္း သိရသည္။

ကမာၻ႔ခ်န္ပီယံ Yangon Galacticos (YG) အားကစားအသင္း အတြက္ ဂုဏ္ျပဳခ်ီးျမႇင့္ေငြက်ပ္ သိန္း(၁၀,၀၀၀)ႏွင့္ ျမန္မာ Esport အားကစား အဖြဲ႕ခ်ဳပ္တာဝန္ရွိသူမ်ားအပါအဝင္ ေအာင္ပြဲရ လူငယ္အားကစားသမားမ်ား တစ္ဦးခ်င္းစီအတြက္ ေတာင္ႀကီး ဂါးဒင္းစီးတီး (Taunggyi Garden City ) မွ ေပ ၄၀ x ေပ ၆၀ အက်ယ္ရွိ ဂရံေျမကြက္ စုစုေပါင္း (၉) ကြက္ကို ဂုဏ္ျပဳေပးအပ္ခဲ့ေၾကာင္း သိရသည္။

ကေမာၻဇဘဏ္၊ KBZPay သည္ ျမန္မာအီလက္ထေရာနစ္အားကစားအဖြဲ႕ခ်ဳပ္ (MESF)ရဲ႕ co-partner တစ္ဦးအေနျဖင့္ ျမန္မာႏိုင္ငံ Esports က႑ တစ္ခုလုံး ဖြံ႕ၿဖိဳးတိုးတက္ေစရန္ (၂၀၁၈) ခုႏွစ္မွစတင္ကာ ပံ့ပိုးကူညီခဲ့ၿပီး လက္ရွိအခ်ိန္အထိ က်ပ္ေငြ (၄.၈ ) ဘီလ်ံေက်ာ္ ပံ့ပိုးေပးခဲ့ေၾကာင္း သိရသည္။

ကေမာၻဇဘဏ္၊ KBZPayသည္ ျမန္မာ့လူငယ္မ်ား၏ အိပ္မက္၊ ဝါသနာမ်ားကို ပံ့ပိုးေပးၿပီး Esports ကို Professional Career တစ္ခုအျဖစ္ လက္ေတြ႕အေကာင္အထည္ေဖာ္ႏိုင္ရန္ အၿမဲအားျဖည့္ေနမည္ျဖစ္ေၾကာင္း သိရသည္။

လက္ရွိတြင္လည္း Esports အားကစားအား တကၠသိုလ္အဆင့္မွစတင္ကာ ျပည္တြင္းအဆင့္ University Esports League နဲ႔ National Esports Championship ၿပိဳင္ပြဲမ်ား၊ အေရွ႕ေတာင္အာရွအဆင့္ SEA Games၊ ကမာၻ႔အဆင့္ EWC ၿပိဳင္ပြဲႀကီးမ်ားအထိ တက္လွမ္းႏိုင္ရန္ ဆက္လက္ပံ့ပိုးေနလ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.