တရုတ်မှာ ပထမဆုံးအကြိမ် ဦးနှောက်သေနေတဲ့ လူနာကို မျိုးဗီဇပြုပြင်ထားတဲ့ ဝက်အဆုတ် အစားထိုးကုသမှုပြုလုပ်

475

ရောင်နီ (NP News) - စက်တင်ဘာ ၂
တရုတ်နိုင်ငံ၊ ကွမ်ကျိုးရှိ Guangzhou Medical University First Affiliated Hospital က မျိုးရိုးဗီဇ ပြုပြင်ထားတဲ့ ဝက်အဆုတ်ကို ဦးနှောက်သေနေတဲ့ လူနာရဲ့အဆုတ်နဲ့ အစားထိုးကုသမှု လုပ်ဆောင်နိုင်ခဲ့တယ်လို့ ဆေးရုံမှ အသစ် ထုတ်ပြန်တဲ့ အစီရင်ခံစာတစ်ရပ်အရ သိရပါတယ်။
ကုသမှုဟာ ၉ ရက်ကြာ အချိန်ယူခဲ့ရတယ်လို့ သိရပါတယ်။ ဝက်ကျောက်ကပ်နဲ့ နှလုံးကို လူမှာ အစားထိုး ကုသခြင်းဟာ အောင်မြင်မှုအချို့ ရှိခဲ့ပေမယ့် ဝက်အဆုတ်ကို အစားထိုး ကုသတာကတော့ ဒါပထမဆုံး ကြိုးပမ်းမှုပဲ ဖြစ်ပါတယ်။ ဒီအောင်မြင်မှုဟာ အင်္ဂါအစိတ်အပိုင်း လိုအပ်နေသူတွေအတွက် ရွေးချယ်စရာတစ်ခု ဖြစ်လာနိုင်မယ် လို့ ဆရာဝန်တွေက မျှော်လင့်ထားပါတယ်။ အစားထိုးကုသမှုပြုလုပ်တဲ့လူနာဟာ ဦးနှောက်သွေးယိုစီးမှုကြောင့် ဦးနှောက်သေဆုံးနေတဲ့ အသက် ၃၉ နှစ်အရွယ် အမျိုးသားဖြစ်ပြီး လူနာရဲ့မိသားစုထံမှ ခွင့်ပြုချက်ရရှိပြီးနောက် ဝက်အဆုတ်ကို ခန္ဓာကိုယ်ထဲ အစားထိုးကုသမှုပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ xenotransplantationလို့လည်း လူသိများတဲ့ တိရစ္ဆာန်မှလူကို အစားထိုးကုသမှုဟာရောဂါပိုးကူးစက်ခြင်း၊ ခန္ဓာကိုယ်က ငြင်းပယ်ခြင်းတို့ ဖြစ်နိုင်တဲ့ အတွက် ဂရုတစိုက် စောင့်ကြည့်ခဲ့ရတယ်လို့ သိရပါတယ်။
လူနာအတွက် ရောဂါပိုး ကူးစက်မှုနဲ့ ခန္ဓာကိုယ်မှ ငြင်းပယ်ခံရနိုင်ခြေ လျှော့ချဖို့ ဆေးဝါးများစွာနဲ့ ပံ့ပိုးထားရ ပြီး အစားထိုးကုသမှုပြုလုပ်မယ့် ဝက်ကိုလည်းရအလွန်သန့်ရှင်းပြီး တင်းကျပ်တဲ့စည်းကမ်းတွေနဲ့ ထိန်းချုပ်ထား တဲ့ ဧရိယာမှာ ထားရှိခဲ့တယ်လို့ ဆိုပါတယ်။
လေ့လာမှုမှာတော့ အစားထိုးကုသမှုခံယူပြီးနောက် ခန္ဓာကိုယ်က ငြင်းပယ်တဲ့လက္ခဏာတွေကို ချက်ချင်း မတွေ့ခဲ့ရပေမယ့် တစ်ရက်အကြာမှာတော့ သွေးစီးဆင်းမှုပြဿနာနဲ့ လူနာခန္ဓာကိုယ်အနှံ့ ရောင်ရမ်းလာမှု ပြဿနာတွေဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။
ဒီလေ့လာမှုဟာ ဝက်မှလူကို အဆုတ် xenotransplantation ဖြစ်နိုင်ချေကို သရုပ်ပြနိုင်ခဲ့ပေမယ့် ကိုယ်တွင်းအင်္ဂါများ ငြင်းပယ်ခြင်း၊ ရောဂါပိုးကူးစက်ခြင်း စတဲ့ ကြီးမားတဲ့စိန်ခေါ်မှုတွေ ကျန်ရှိနေသေးတယ်လို့ သုတေသီတွေက ဆိုပါတယ်။

Zawgyi Version:
တ႐ုတ္မွာ ပထမဆုံးအႀကိမ္ ဦးေႏွာက္ေသေနတဲ့ လူနာကို မ်ိဳးဗီဇျပဳျပင္ထားတဲ့ ဝက္အဆုတ္ အစားထိုး ကုသမႈ ျပဳလုပ္
ေရာင္နီ (NP News) - စက္တင္ဘာ ၂
တ႐ုတ္ႏိုင္ငံ၊ ကြမ္က်ိဳးရွိ Guangzhou Medical University First Affiliated Hospital က မ်ိဳး႐ိုးဗီဇ ျပဳျပင္ထားတဲ့ ဝက္အဆုတ္ကို ဦးေႏွာက္ေသေနတဲ့ လူနာရဲ႕အဆုတ္နဲ႔ အစားထိုးကုသမႈ လုပ္ေဆာင္ႏိုင္ခဲ့တယ္လို႔ ေဆး႐ုံမွ အသစ္ ထုတ္ျပန္တဲ့ အစီရင္ခံစာတစ္ရပ္အရ သိရပါတယ္။
ကုသမႈဟာ ၉ ရက္ၾကာ အခ်ိန္ယူခဲ့ရတယ္လို႔ သိရပါတယ္။ ဝက္ေက်ာက္ကပ္နဲ႔ ႏွလုံးကို လူမွာ အစားထိုး ကုသျခင္းဟာ ေအာင္ျမင္မႈအခ်ိဳ႕ ရွိခဲ့ေပမယ့္ ဝက္အဆုတ္ကို အစားထိုး ကုသတာကေတာ့ ဒါပထမဆုံး ႀကိဳးပမ္းမႈပဲ ျဖစ္ပါတယ္။ ဒီေအာင္ျမင္မႈဟာ အဂၤါအစိတ္အပိုင္း လိုအပ္ေနသူေတြအတြက္ ေ႐ြးခ်ယ္စရာတစ္ခု ျဖစ္လာႏိုင္မယ္ လို႔ ဆရာဝန္ေတြက ေမွ်ာ္လင့္ထားပါတယ္။ အစားထိုးကုသမႈျပဳလုပ္တဲ့လူနာဟာ ဦးေႏွာက္ေသြးယိုစီးမႈေၾကာင့္ ဦးေႏွာက္ေသဆုံးေနတဲ့ အသက္ ၃၉ ႏွစ္အ႐ြယ္ အမ်ိဳးသားျဖစ္ၿပီး လူနာရဲ႕မိသားစုထံမွ ခြင့္ျပဳခ်က္ရရွိၿပီးေနာက္ ဝက္အဆုတ္ကို ခႏၶာကိုယ္ထဲ အစားထိုးကုသမႈျပဳလုပ္ခဲ့တယ္လို႔ ဆိုပါတယ္။ xenotransplantationလို႔လည္း လူသိမ်ားတဲ့ တိရစာၦန္မွလူကို အစားထိုးကုသမႈဟာေရာဂါပိုးကူးစက္ျခင္း၊ ခႏၶာကိုယ္က ျငင္းပယ္ျခင္းတို႔ ျဖစ္ႏိုင္တဲ့ အတြက္ ဂ႐ုတစိုက္ ေစာင့္ၾကည့္ခဲ့ရတယ္လို႔ သိရပါတယ္။
လူနာအတြက္ ေရာဂါပိုး ကူးစက္မႈနဲ႔ ခႏၶာကိုယ္မွ ျငင္းပယ္ခံရႏိုင္ေျခ ေလွ်ာ့ခ်ဖို႔ ေဆးဝါးမ်ားစြာနဲ႔ ပံ့ပိုးထားရ ၿပီး အစားထိုးကုသမႈျပဳလုပ္မယ့္ ဝက္ကိုလည္းရအလြန္သန႔္ရွင္းၿပီး တင္းက်ပ္တဲ့စည္းကမ္းေတြနဲ႔ ထိန္းခ်ဳပ္ထား တဲ့ ဧရိယာမွာ ထားရွိခဲ့တယ္လို႔ ဆိုပါတယ္။
ေလ့လာမႈမွာေတာ့ အစားထိုးကုသမႈခံယူၿပီးေနာက္ ခႏၶာကိုယ္က ျငင္းပယ္တဲ့လကၡဏာေတြကို ခ်က္ခ်င္း မေတြ႕ခဲ့ရေပမယ့္ တစ္ရက္အၾကာမွာေတာ့ ေသြးစီးဆင္းမႈျပႆနာနဲ႔ လူနာခႏၶာကိုယ္အႏွံ႔ ေရာင္ရမ္းလာမႈ ျပႆနာေတြျဖစ္ေပၚခဲ့တယ္လို႔ သိရပါတယ္။
ဒီေလ့လာမႈဟာ ဝက္မွလူကို အဆုတ္ xenotransplantation ျဖစ္ႏိုင္ေခ်ကို သ႐ုပ္ျပႏိုင္ခဲ့ေပမယ့္ ကိုယ္တြင္းအဂၤါမ်ား ျငင္းပယ္ျခင္း၊ ေရာဂါပိုးကူးစက္ျခင္း စတဲ့ ႀကီးမားတဲ့စိန္ေခၚမႈေတြ က်န္ရွိေနေသးတယ္လို႔ သုေတသီေတြက ဆိုပါတယ္။