ကျောက်ဆည်မြို့နှင့် (၇)မိုင်အကွာကိုဗဟိုပြုကာလှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့်မန္တလေးပြည်သူများ အထိတ်တလန့်ဖြစ်ခဲ့ရ

811

သက်ပိုင်(NP News) -စက်တင်ဘာ ၄
ကျောက်ဆည်မြို့၏ အနောက်-အနောက်တောင်ဘက် (၇) မိုင်ခန့်အကွာကို ဗဟိုပြုကာ လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် မန္တလေးမြို့နေ ပြည်သူများ အထိတ်တလန့်ဖြစ်ပွားခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။
ယနေ့(စက်တင်ဘာလ ၄ ရက်) နံနက် (၁၀)နာရီ (၅၁)မိနစ်အချိန်တွင် အင်အား (၄) ဒဿမ (၂) ရစ်(ခ်)တာစကေးအဆင့်ဖြင့် မြေအောက်အနက် (၁၀) ကီလိုမီတာ မှ လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ထိုသို့လှုပ်ခတ်ခဲ့မှုကို မန္တလေးမြို့မှ ဒေသခံပြည်သူများအနေဖြင့် သိသိသာသာခံစားခဲ့ရပြီး တစ်မြို့လုံးနီးပါး အိမ်အပြင်သို့ ပြေးထွက်ခဲ့ကြရကြောင်း ဒေသခံများကဆိုသည်။
“ဆက်ကနဲ ကိုင်လှုပ်သလိုကိုလှုပ်သွားတာ။တော်တော်ကို သိသိသာသာခံစားရတယ်။ လူတွေကလည်း အရင်ကတစ်ခါခံထားရဖူးတော့ တစ်မြို့လုံးနီးပါးပဲ အပြင်ကိုပြေးထွက်ကြတာ။ ကားရပ်ထားတာတောင် တောင်မြောက်လှုပ်သွားတယ် ”ဟု မန္တလေးမြို့ဒေသခံတစ်ဦးက ဆိုသည်။
မန္တလေးငလျင်လှုပ်ခတ်ပြီးနောက် နောက်ဆက်တွဲငလျင်ငယ်များမှာ နှစ်နှင့်ချီကာ လှုပ်ခတ် နေနိုင်သည့်အပြင် အင်အားအနည်းငယ်ပြင်းထန်သော ငလျင်ငယ်များ ပါလာ နိုင်သောကြောင့် ငလျင်ဒဏ်သင့်အဆောက်ဦးများ၏ ကြံ့ခိုင်မှုများကို ဂရုစိုက်ရန်လိုအပ်ကြောင်း Psc Myanmar Off-rod အဖွဲ့မှ မိုးလေဝသနှင့် သဘာဝဘေးအန္တရာယ် စောင့်ကြည့် လေ့လာသူ ဦးဝင်းနိုင်ကလည်း သတိပေးပြောဆိုထားသည်။

Zawgyi Version:
ေက်ာက္ဆည္ၿမိဳ႕ႏွင့္ (၇)မိုင္အကြာကိုဗဟိုျပဳကာလႈပ္ခတ္ခဲ့သည့္ ငလ်င္ေၾကာင့္မႏၲေလးျပည္သူမ်ား အထိတ္တလန႔္ျဖစ္ခဲ့ရ
သက္ပိုင္(NP News) -စက္တင္ဘာ ၄
ေက်ာက္ဆည္ၿမိဳ႕၏ အေနာက္-အေနာက္ေတာင္ဘက္ (၇) မိုင္ခန႔္အကြာကို ဗဟိုျပဳကာ လႈပ္ခတ္ခဲ့သည့္ ငလ်င္ေၾကာင့္ မႏၲေလးၿမိဳ႕ေန ျပည္သူမ်ား အထိတ္တလန႔္ျဖစ္ပြားခဲ့ရေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။
ယေန႔(စက္တင္ဘာလ ၄ ရက္) နံနက္ (၁၀)နာရီ (၅၁)မိနစ္အခ်ိန္တြင္ အင္အား (၄) ဒႆမ (၂) ရစ္(ခ္)တာစေကးအဆင့္ျဖင့္ ေျမေအာက္အနက္ (၁၀) ကီလိုမီတာ မွ လႈပ္ခတ္ခဲ့ျခင္းျဖစ္ေၾကာင္း မိုးေလဝသႏွင့္ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာန၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ထိုသို႔လႈပ္ခတ္ခဲ့မႈကို မႏၲေလးၿမိဳ႕မွ ေဒသခံျပည္သူမ်ားအေနျဖင့္ သိသိသာသာခံစားခဲ့ရၿပီး တစ္ၿမိဳ႕လုံးနီးပါး အိမ္အျပင္သို႔ ေျပးထြက္ခဲ့ၾကရေၾကာင္း ေဒသခံမ်ားကဆိုသည္။
“ဆက္ကနဲ ကိုင္လႈပ္သလိုကိုလႈပ္သြားတာ။ေတာ္ေတာ္ကို သိသိသာသာခံစားရတယ္။ လူေတြကလည္း အရင္ကတစ္ခါခံထားရဖူးေတာ့ တစ္ၿမိဳ႕လုံးနီးပါးပဲ အျပင္ကိုေျပးထြက္ၾကတာ။ ကားရပ္ထားတာေတာင္ ေတာင္ေျမာက္လႈပ္သြားတယ္ ”ဟု မႏၲေလးၿမိဳ႕ေဒသခံတစ္ဦးက ဆိုသည္။
မႏၲေလးငလ်င္လႈပ္ခတ္ၿပီးေနာက္ ေနာက္ဆက္တြဲငလ်င္ငယ္မ်ားမွာ ႏွစ္ႏွင့္ခ်ီကာ လႈပ္ခတ္ ေနႏိုင္သည့္အျပင္ အင္အားအနည္းငယ္ျပင္းထန္ေသာ ငလ်င္ငယ္မ်ား ပါလာ ႏိုင္ေသာေၾကာင့္ ငလ်င္ဒဏ္သင့္အေဆာက္ဦးမ်ား၏ ႀကံ့ခိုင္မႈမ်ားကို ဂ႐ုစိုက္ရန္လိုအပ္ေၾကာင္း Psc Myanmar Off-rod အဖြဲ႕မွ မိုးေလဝသႏွင့္ သဘာဝေဘးအႏၲရာယ္ ေစာင့္ၾကည့္ ေလ့လာသူ ဦးဝင္းႏိုင္ကလည္း သတိေပးေျပာဆိုထားသည္။