လက်ရှိ ဘဏ္ဍာနှစ်လေးလအတွင်း ပျားရည်တန်(၇၀၀)ကျော်တင်ပို့ထား

350

NP News စက်တင်ဘာ (၄)ရက်
ယခု ၂၀၂၅ - ၂၆ ဘဏ္ဍာနှစ် ဧပြီလမှ ဇူလိုင်လအထိ ပထမ (၄) လတာကာလအတွင်း ပျားရည် မက်ထရစ်တန် (၇၀၉ ဒသမ ၀၁) အထိ ပြည်ပနိုင်ငံများသို့တင်ပို့ထားပြီး အမေရိကန်ဒေါ်လာ (၁ ဒသမ ၀၅၃) သန်း ရရှိထားကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနအောက်ရှိ ပျားလုပ်ငန်းဌာန၊ ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲထံမှ သိရသည်။
အဆိုပါ ကာလအတွင်း ပုဂ္ဂလိကကဏ္ဍမှ တင်ပို့ခဲ့ခြင်းဖြစ်ပြီး ပုံမှန်ကုန်သွယ်ရေးမှ ပျားရည် မက်ထရစ်တန် ၇၀၇ ဒသမ ၇၂ နှင့် နယ်စပ်ကုန်သွယ်ရေးမှ ပျားရည်မက်ထရစ်တန် ၁ ဒသမ ၂၉ ၊ စုစုပေါင်း မက်ထရစ်တန် ၇၀၉ ဒသမ ၀၁ အထိတင်ပို့နိုင်ခဲ့ခြင်းဖြစ်သည်။
ပြည်တွင်းထွက် ပျားရည်ကို ဂျပန်၊ တောင်ကိုရီးယား၊ ထိုင်း၊ တရုတ်နိုင်ငံတို့နှင့် တရုတ်(တိုင်ပေ) စသည့် နိုင်ငံနှင့် ဒေသများသို့တင်ပိုခဲ့ခြင်းဖြစ်ပြီး ဂျပန်နိုင်ငံမှ အများဆုံးဝယ်ယူခဲ့ကြောင်းသိရသည်။
ပြည်တွင်းပျားမွေးမြူရေးလုပ်ငန်းများမှ နှမ်းပျားရည်၊ ဆီးပျားရည်၊ ပန်းနှမ်းပျားရည်၊ နေကြာပျားရည်နှင့် လိုက်ချီးပျားရည်အမျိုးအစားများကို မကွေး၊ စစ်ကိုင်း၊ မန္တလေး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ အများဆုံးမွေးမြူထုတ်လုပ်နေခြင်းဖြစ်ပြီး ပြည်တွင်း၌ ဆေးဝါးအဖြစ် အသုံးပြုမှုများအပြင် ပြည်ပနိုင်ငံများသို့လည်းတင်ပို့နေကြောင်းသိရသည်။

Zawgyi Version:
လက္ရွိ ဘ႑ာႏွစ္ေလးလအတြင္း ပ်ားရည္တန္(၇၀၀)ေက်ာ္တင္ပို႔ထား
NP News စက္တင္ဘာ (၄)ရက္
ယခု ၂၀၂၅ - ၂၆ ဘ႑ာႏွစ္ ဧၿပီလမွ ဇူလိုင္လအထိ ပထမ (၄) လတာကာလအတြင္း ပ်ားရည္ မက္ထရစ္တန္ (၇၀၉ ဒသမ ၀၁) အထိ ျပည္ပႏိုင္ငံမ်ားသို႔တင္ပို႔ထားၿပီး အေမရိကန္ေဒၚလာ (၁ ဒသမ ၀၅၃) သန္း ရရွိထားေၾကာင္း ေမြးျမဴေရးႏွင့္ ကုသေရးဦးစီးဌာနေအာက္ရွိ ပ်ားလုပ္ငန္းဌာန၊ ပ်ားေမြးျမဴမႈဖြံ႕ၿဖိဳးေရးဌာနခြဲထံမွ သိရသည္။
အဆိုပါ ကာလအတြင္း ပုဂၢလိကက႑မွ တင္ပို႔ခဲ့ျခင္းျဖစ္ၿပီး ပုံမွန္ကုန္သြယ္ေရးမွ ပ်ားရည္ မက္ထရစ္တန္ ၇၀၇ ဒသမ ၇၂ ႏွင့္ နယ္စပ္ကုန္သြယ္ေရးမွ ပ်ားရည္မက္ထရစ္တန္ ၁ ဒသမ ၂၉ ၊ စုစုေပါင္း မက္ထရစ္တန္ ၇၀၉ ဒသမ ၀၁ အထိတင္ပို႔ႏိုင္ခဲ့ျခင္းျဖစ္သည္။
ျပည္တြင္းထြက္ ပ်ားရည္ကို ဂ်ပန္၊ ေတာင္ကိုရီးယား၊ ထိုင္း၊ တ႐ုတ္ႏိုင္ငံတို႔ႏွင့္ တ႐ုတ္(တိုင္ေပ) စသည့္ ႏိုင္ငံႏွင့္ ေဒသမ်ားသို႔တင္ပိုခဲ့ျခင္းျဖစ္ၿပီး ဂ်ပန္ႏိုင္ငံမွ အမ်ားဆုံးဝယ္ယူခဲ့ေၾကာင္းသိရသည္။
ျပည္တြင္းပ်ားေမြးျမဴေရးလုပ္ငန္းမ်ားမွ ႏွမ္းပ်ားရည္၊ ဆီးပ်ားရည္၊ ပန္းႏွမ္းပ်ားရည္၊ ေနၾကာပ်ားရည္ႏွင့္ လိုက္ခ်ီးပ်ားရည္အမ်ိဳးအစားမ်ားကို မေကြး၊ စစ္ကိုင္း၊ မႏၲေလး၊ ပဲခူးတိုင္းေဒသႀကီးႏွင့္ ရွမ္းျပည္နယ္တို႔မွ အမ်ားဆုံးေမြးျမဴထုတ္လုပ္ေနျခင္းျဖစ္ၿပီး ျပည္တြင္း၌ ေဆးဝါးအျဖစ္ အသုံးျပဳမႈမ်ားအျပင္ ျပည္ပႏိုင္ငံမ်ားသို႔လည္းတင္ပို႔ေနေၾကာင္းသိရသည္။