ပြည်တွင်းရွှေဈေး ရက်ပိုင်းအတွင်းပြန်တက်လာ

1726
ပြည့်ဖြိုး(NP News) စက်တင်ဘာ (၄)ရက်
ကမ္ဘာရွှေဈေးမြင့်တက်မှုကြောင့် ပြည်တွင်းရွှေဈေးများ ရက်ပိုင်းအတွင်း ပြန်လည်မြင့်တက်လာပြီး လက်ရှိတွင်အခေါက်ရွှေတစ်ကျပ်သားလျှင် (၇၈)သိန်း အထိပေါက်ဈေးရှိနေကြောင်းဈေးကွက်အတွင်းမှသိရသည်။
ကမ္ဘာရွှေပေါက်ဈေးမှာ စက်တင်ဘာ(၄)ရက်တွင်ရွေတစ်အောင်စလျှင် ၃၅၃၀ ဒေါ်လာ အထိရောက်ရှိ နေပြီ လွန်ခဲ့သော နှစ်ရက်က ၃၄၃၀ ဒေါ်လာ ဝန်းကျင်မှ ဒေါ်လာတစ်ရာခန့်ဈေးတက်လာခြင်းဖြစ်သည်။
ပြည်တွင်းရွှေဈေးမှာလည်း စက်တင်ဘာ (၂)ရက် က အခေါက်ရွှေတစ်ကျပ်သားလျှင် (၇၇)သိန်းငါး သောင်းခန့်သာ ရှိနေရာမှ စက်တင်ဘာ (၄)ရက်နေ့တွင် (၇၈)သိန်း နှင့် အထက်သို့ရောက်ရှိလာခြင်းဖြစ်သည်။
ကမ္ဘာရွှေဈေးမြင့်တက်ခြင်းမှာ အမေရိကန် ဗဟိုဘဏ်မှ အတိုးနှုန်းများအပြောင်းအလဲပြုလုပ်ခြင်းနှင့်သက်ဆိုင်သည့်အပြင် နိုင်ငံတကာ စစ်ရေး၊စီးပွားရေး အပြောင်းအလဲများပေါ်တွင်မှုတည်နေကြောင်းသိရသည်။
ပြည်တွင်းရွှေဈေးကွက်အတွင်း ရွှေဈေးနှုန်းများ ပြန်လည်မြင့်တက်လာသော်လည်း အများစုမှာအရောင်းအဝယ်အေးနေကြောင်းရွှေဆိုင်ပိုင်ရှင်များထံမှသိရသည်။
Zawgyi Version:
ျပည္တြင္းေ႐ႊေဈး ရက္ပိုင္းအတြင္းျပန္တက္လာ
ျပည့္ၿဖိဳး(NP News) စက္တင္ဘာ (၄)ရက္
ကမာၻေ႐ႊေဈးျမင့္တက္မႈေၾကာင့္ ျပည္တြင္းေ႐ႊေဈးမ်ား ရက္ပိုင္းအတြင္း ျပန္လည္ျမင့္တက္လာၿပီး လက္ရွိတြင္အေခါက္ေ႐ႊတစ္က်ပ္သားလွ်င္ (၇၈)သိန္း အထိေပါက္ေဈးရွိေနေၾကာင္းေဈးကြက္အတြင္းမွသိရသည္။
ကမာၻေ႐ႊေပါက္ေဈးမွာ စက္တင္ဘာ(၄)ရက္တြင္ေ႐ြတစ္ေအာင္စလွ်င္ ၃၅၃၀ ေဒၚလာ အထိေရာက္ရွိ ေနၿပီ လြန္ခဲ့ေသာ ႏွစ္ရက္က ၃၄၃၀ ေဒၚလာ ဝန္းက်င္မွ ေဒၚလာတစ္ရာခန႔္ေဈးတက္လာျခင္းျဖစ္သည္။
ျပည္တြင္းေ႐ႊေဈးမွာလည္း စက္တင္ဘာ (၂)ရက္ က အေခါက္ေ႐ႊတစ္က်ပ္သားလွ်င္ (၇၇)သိန္းငါး ေသာင္းခန႔္သာ ရွိေနရာမွ စက္တင္ဘာ (၄)ရက္ေန႔တြင္ (၇၈)သိန္း ႏွင့္ အထက္သို႔ေရာက္ရွိလာျခင္းျဖစ္သည္။
ကမာၻေ႐ႊေဈးျမင့္တက္ျခင္းမွာ အေမရိကန္ ဗဟိုဘဏ္မွ အတိုးႏႈန္းမ်ားအေျပာင္းအလဲျပဳလုပ္ျခင္းႏွင့္သက္ဆိုင္သည့္အျပင္ ႏိုင္ငံတကာ စစ္ေရး၊စီးပြားေရး အေျပာင္းအလဲမ်ားေပၚတြင္မႈတည္ေနေၾကာင္းသိရသည္။
ျပည္တြင္းေ႐ႊေဈးကြက္အတြင္း ေ႐ႊေဈးႏႈန္းမ်ား ျပန္လည္ျမင့္တက္လာေသာ္လည္း အမ်ားစုမွာအေရာင္းအဝယ္ေအးေနေၾကာင္းေ႐ႊဆိုင္ပိုင္ရွင္မ်ားထံမွသိရသည္။