စံချိန်အသစ်များချိုးဖျက်ရန် စိန်ခေါ်ခြင်းဖြင့် ဂင်းနစ်စံချိန်မှတ်တမ်း၏ နှစ်ပေါင်း (၇၀) ပြည့် နှစ်ပတ်လည် အခမ်းအနားကိုကျင်းပ

193

Pika(NP News)
ကမ္ဘာ့ဂင်းနစ်စံ ချိန်မှတ်တမ်းအဖွဲ့သည် အိတ်အတွင်းတွင် ခြေထောက်များကိုထည့်ထား ကာမီတာ(၄၀ဝ) အပြေး ပြိုင်ပွဲကို အမြန်ဆုံးပြေးနိုင် မှုစံချိန်အပါအဝင် ချိုးဖျက် ရခြင်းမျိုးမရှိသေးသော ဂင်းနစ်စံချိန်(၇၀)ခုကို ချိုး ဖျက်ရန်အတွက် ကြိုးပမ်းရန် ပရိသတ်များကို စိန်ခေါ်ခြင်းဖြင့် ၎င်း၏နှစ်ပေါင်း (၇၀) ပြည့် နှစ်ပတ်လည် အခမ်းအနားကို ကျင်းပခဲ့ကြောင်းသိရသည်။ ပထမဆုံး ကမ္ဘာ့ဂင်းနစ်စံချိန်မှတ်တမ်း စာအုပ်ကို လန်ဒန်မြို့ရှိ အားကစားခန်းမရုံတစ်ခု အတွင်းတွင်ပြုစုခဲ့ခြင်းဖြစ်ပြီး (၁၉၅၅)ခုနှစ် ဩဂုတ်လ (၂၇) ရက်တွင် ထုတ်ဝေခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ထို့ပြင် ချိုးဖျက်ရခြင်းမျိုးမရှိသေးသော ဂင်းနစ်စံချိန်မှတ်တမ်းဝင်သည့်စံချိန်(၇၀)ခုကို ကြိုးပမ်းရန် ပရိသတ်များ ကိုစိန်ခေါ်ခြင်းဖြင့် နှစ်ပေါင်း (၇၀)ပြည့် နှစ်ပတ်လည်အခမ်းအနားကိုကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါဂင်း နစ်စံချိန်မှတ်တမ်းများထဲတွင် အိတ်အတွင်းတွင် ခြေထောက်များကိုထည့်ထားကာ မီတာ(၄၀ဝ)အပြေးပြိုင်ပွဲကို အမြန် ဆုံးပြေးနိုင်မှု၊ ဒင်္ဂါးပြားကို ခွက်အတွင်းသို့ အဝေးဆုံးအကွာအဝေးမှ ပစ်ထည့်နိုင်မှု၊ အဝေးဆုံးအကွာအဝေးမှ ပုလင်းကို ထောင်အောင်ပစ်ပြမှု၊ အချိန်စက္ကန့်(၃၀)အတွင်း လက်ဖဝါးချင်းရိုက် မှုအကြိမ်ရေအများဆုံးစံချိန်၊ ငါးထပ်ဖဲချပ်ပိရမစ်ကို အမြန်ဆုံးတည်ဆောက်နိုင်မှု၊ ဘူရီတိုအစားအစာကို အမြန်ဆုံးပြုလုပ်နိုင်မှုတို့ပါဝင်ကြောင်း သိရသည်။ ကမ္ဘာ့ဂင်းနစ် ကမ္ဘာ့စံချိန်မှတ်တမ်းအဖွဲ့၏ အယ်ဒီတာချုပ် Craig Glenday က “ဂင်းနစ်စံချိန်များစွာနဲ့ အောင်မြင်မှုတွေကို နှစ်ပေါင်း (၇၀)ကြာအောင် ထိန်းသိမ်းခွင့်ရတဲ့အတွက် တကယ်ကိုဂုဏ်ယူမိပါတယ်။ ဒီနှစ်ပေါင်း(၇၀)အတွင်း ထူးခြားဆန်းပြားတဲ့ လုပ်ဆောင်ချက်အမျိုးမျိုးကို ကျွန်တော်တို့မြင်တွေ့ခဲ့ရပြီး ဒါတွေက အချိန်အကြာကြီးဆက်လက်တည်ရှိသွားနိုင်ဖို့ မျှော်လင့်ပါတယ်။ လက်ရှိနဲ့ နောက်မျိုးဆက်အသစ်တွေရဲ့ စံချိန်ချိုးဖျက်မှုအသစ်တွေကို ကျွန်တော်တို့စောင့်မျှော် နေပါတယ်”ဟု ပြော ဆိုခဲ့သည်။
(Ref;UPI)

Zawgyi Version:
စံခ်ိန္အသစ္မ်ားခ်ိဳးဖ်က္ရန္ စိန္ေခၚျခင္းျဖင့္ ဂင္းနစ္စံခ်ိန္မွတ္တမ္း၏ ႏွစ္ေပါင္း (၇၀) ျပည့္ ႏွစ္ပတ္လည္ အခမ္းအနားကိုက်င္းပ
Pika(NP News)
ကမာၻ႔ဂင္းနစ္စံ ခ်ိန္မွတ္တမ္းအဖြဲ႕သည္ အိတ္အတြင္းတြင္ ေျခေထာက္မ်ားကိုထည့္ထား ကာမီတာ(၄၀ဝ) အေျပး ၿပိဳင္ပြဲကို အျမန္ဆုံးေျပးႏိုင္ မႈစံခ်ိန္အပါအဝင္ ခ်ိဳးဖ်က္ ရျခင္းမ်ိဳးမရွိေသးေသာ ဂင္းနစ္စံခ်ိန္(၇၀)ခုကို ခ်ိဳး ဖ်က္ရန္အတြက္ ႀကိဳးပမ္းရန္ ပရိသတ္မ်ားကို စိန္ေခၚျခင္းျဖင့္ ၎၏ႏွစ္ေပါင္း (၇၀) ျပည့္ ႏွစ္ပတ္လည္ အခမ္းအနားကို က်င္းပခဲ့ေၾကာင္းသိရသည္။ ပထမဆုံး ကမာၻ႔ဂင္းနစ္စံခ်ိန္မွတ္တမ္း စာအုပ္ကို လန္ဒန္ၿမိဳ႕ရွိ အားကစားခန္းမ႐ုံတစ္ခု အတြင္းတြင္ျပဳစုခဲ့ျခင္းျဖစ္ၿပီး (၁၉၅၅)ခုႏွစ္ ဩဂုတ္လ (၂၇) ရက္တြင္ ထုတ္ေဝခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။
ထို႔ျပင္ ခ်ိဳးဖ်က္ရျခင္းမ်ိဳးမရွိေသးေသာ ဂင္းနစ္စံခ်ိန္မွတ္တမ္းဝင္သည့္စံခ်ိန္(၇၀)ခုကို ႀကိဳးပမ္းရန္ ပရိသတ္မ်ား ကိုစိန္ေခၚျခင္းျဖင့္ ႏွစ္ေပါင္း (၇၀)ျပည့္ ႏွစ္ပတ္လည္အခမ္းအနားကိုက်င္းပခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ အဆိုပါဂင္း နစ္စံခ်ိန္မွတ္တမ္းမ်ားထဲတြင္ အိတ္အတြင္းတြင္ ေျခေထာက္မ်ားကိုထည့္ထားကာ မီတာ(၄၀ဝ)အေျပးၿပိဳင္ပြဲကို အျမန္ ဆုံးေျပးႏိုင္မႈ၊ ဒဂၤါးျပားကို ခြက္အတြင္းသို႔ အေဝးဆုံးအကြာအေဝးမွ ပစ္ထည့္ႏိုင္မႈ၊ အေဝးဆုံးအကြာအေဝးမွ ပုလင္းကို ေထာင္ေအာင္ပစ္ျပမႈ၊ အခ်ိန္စကၠန႔္(၃၀)အတြင္း လက္ဖဝါးခ်င္း႐ိုက္ မႈအႀကိမ္ေရအမ်ားဆုံးစံခ်ိန္၊ ငါးထပ္ဖဲခ်ပ္ပိရမစ္ကို အျမန္ဆုံးတည္ေဆာက္ႏိုင္မႈ၊ ဘူရီတိုအစားအစာကို အျမန္ဆုံးျပဳလုပ္ႏိုင္မႈတို႔ပါဝင္ေၾကာင္း သိရသည္။ ကမာၻ႔ဂင္းနစ္ ကမာၻ႔စံခ်ိန္မွတ္တမ္းအဖြဲ႕၏ အယ္ဒီတာခ်ဳပ္ Craig Glenday က “ဂင္းနစ္စံခ်ိန္မ်ားစြာနဲ႔ ေအာင္ျမင္မႈေတြကို ႏွစ္ေပါင္း (၇၀)ၾကာေအာင္ ထိန္းသိမ္းခြင့္ရတဲ့အတြက္ တကယ္ကိုဂုဏ္ယူမိပါတယ္။ ဒီႏွစ္ေပါင္း(၇၀)အတြင္း ထူးျခားဆန္းျပားတဲ့ လုပ္ေဆာင္ခ်က္အမ်ိဳးမ်ိဳးကို ကြၽန္ေတာ္တို႔ျမင္ေတြ႕ခဲ့ရၿပီး ဒါေတြက အခ်ိန္အၾကာႀကီးဆက္လက္တည္ရွိသြားႏိုင္ဖို႔ ေမွ်ာ္လင့္ပါတယ္။ လက္ရွိနဲ႔ ေနာက္မ်ိဳးဆက္အသစ္ေတြရဲ႕ စံခ်ိန္ခ်ိဳးဖ်က္မႈအသစ္ေတြကို ကြၽန္ေတာ္တို႔ေစာင့္ေမွ်ာ္ ေနပါတယ္”ဟု ေျပာ ဆိုခဲ့သည္။
(Ref;UPI)