လွှတ်တော်ကို ၄လ အတွင်းဖျက်သိမ်းမှာဖြစ်သလို ဝန်ကြီးတွေကို အနားယူခွင့်မပေးဘဲအလုပ်ခိုင်းမယ်လို့ ထိုင်းဝန်ကြီးချုပ်အသစ်ပြော

511

PiKa(NP News)စက်တင်ဘာ ၈
ထိုင်းဝန်ကြီးချုပ်အသစ် အနုတင် က လွှတ်တော်ကို လေးလအတွင်း ဖျက်သိမ်းသွားမယ်လို့ ကတိပြုလိုက်ပါတယ်။ Bhumjaithai ပါတီခေါင်းဆောင်တစ်ဦးဖြစ်တဲ့ အနုတင်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၅ရက်နေ့က ပြုလုပ်ခဲ့တဲ့ လွှတ်တော်အတွင်း ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ရာမှာ မဲအများဆုံးနဲ့ ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခံရပြီးနောက် လက်ရှိအချိန်မှာလည်း ထိုင်းဘုရင်နန်းတော်က ဝန်ကြီးချုပ်အဖြစ်ခွင့်ပြုချက်ကို ရရှိခဲ့တယ်လို့ သိရပါတယ်။ ၎င်းက ဝန်ကြီးချုပ်ဖြစ်လာစေဖို့ ထောက်ခံမဲပေးခဲ့တဲ့ အတိုက်ခံပါတီ ပြည်သူပါတီကို ကျေးဇူးတင်တယ်လို့ ပါတီရုံးချုပ်မှာစက်တင်ဘာ ၇ရက်နေ့က ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။ အစိုးရဝန်ြှကီးဌာနရဲ့ စွမ်းဆောင်ပိုင်းပိုမိုကောင်းမွန်စေအောင် အရည်ချင်းပြည့်ဝတဲ့ ဝန်ကြီးများကိုခန့်အပ်သွားမယ်လို့ ၎င်းကပြောပါတယ်။ ထိုင်းဝန်ကြီးချုပ်အသစ်က ‘’ လွှတ်တော်ကို လေးလအတွင်းဖျက်သိမ်းသွားမယ်။ ကျွန်တော်ရဲ့ အစိုးရအဖွဲ့မှာ ပါဝင်မယ့် ဝန်ကြီးတွေကို နားရက်မရှိဘဲ အလုပ်လုပ်ခိုင်းမယ်။ ဝန်ကြီးတွေကို မိသားစုနဲ့အတူ အပန်းဖြေအနားယူခွင့်ပေးမှာမဟုတ်ဘူး၊ ‘’ လို့ပြောပါတယ်။ထိုင်းဝန်ကြီးချုပ်အသစ်က တရားဥပဒေ စိုးမိုးရေးနဲ့ ပွင့်လင်းမြင်သာမှုရှိအောင် လုပ်ဆောင်မှာဖြစ်သလို အတိုက်ခံနိုင်ငံရေးသမားတွေကို ဖိနှိပ်အနိုင်ကျင့်တာ ၊ လက်စားချေတာမျိုး လုပ်ဆောင်မှာမဟုတ်ဘူးလို့ ပြောပါတယ်။ လက်ရှိအချိန်မှာ ထိုင်းနိုင်ငံကိုပိုမိုဖွံ့ဖြိုးတိုးတက်စေအောင် စုစည်းညီညွှတ်မှုအပြည့်နဲ့ လုပ်ဆောင်ရမယ်လို့လည်း ၎င်းကပြောပါတယ်။ ထိုင်းနိုင်ငံရဲ့ ၃၂ဦးမြောက်ဝန်ကြီးချုပ်အသစ် ဖြစ်တဲ့ အနုတင်ဟာ ၎င်းဦးဆောင်တဲ့ အစိုးရအဖွဲ့ဝန်ကြီးတွေမှာ ပါဝင်တဲ့သူတွေကို ဂရုစိုက်ရွေးချယ်သွားမယ်လို့ ပြောပါတယ်။ ၎င်းက ‘’ ကျွန်တော်ဟာ လက်စားချေတာမျိုးတွေ မလုပ်ဘူး၊ တစ်စုံတစ်ဦးကိုအခွင့်ရေးတာ၊ ညှင်းပန်းနှိပ်စက်တာမျိုးမလုပ်ဘူး ၊ဥပဒေအတိုင်းပဲလုပ်ကိုင်သွားမယ်။ ‘’ လို့ပြောပါတယ်။

Zawgyi Version;
လႊတ္ေတာ္ကို ၄လ အတြင္းဖ်က္သိမ္းမွာျဖစ္သလို ဝန္ႀကီးေတြကို အနားယူခြင့္မေပးဘဲအလုပ္ခိုင္းမယ္လို႔ ထိုင္းဝန္ႀကီးခ်ဳပ္အသစ္ေျပာ
PiKa(NP News)စက္တင္ဘာ ၈
ထိုင္းဝန္ႀကီးခ်ဳပ္အသစ္ အႏုတင္ က လႊတ္ေတာ္ကို ေလးလအတြင္း ဖ်က္သိမ္းသြားမယ္လို႔ ကတိျပဳလိုက္ပါတယ္။ Bhumjaithai ပါတီေခါင္းေဆာင္တစ္ဦးျဖစ္တဲ့ အႏုတင္ဟာ ၿပီးခဲ့တဲ့ စက္တင္ဘာ ၅ရက္ေန႔က ျပဳလုပ္ခဲ့တဲ့ လႊတ္ေတာ္အတြင္း ဝန္ႀကီးခ်ဳပ္အျဖစ္ ေ႐ြးခ်ယ္ရာမွာ မဲအမ်ားဆုံးနဲ႔ ဝန္ႀကီးခ်ဳပ္အျဖစ္ ေ႐ြးခ်ယ္ခံရၿပီးေနာက္ လက္ရွိအခ်ိန္မွာလည္း ထိုင္းဘုရင္နန္းေတာ္က ဝန္ႀကီးခ်ဳပ္အျဖစ္ခြင့္ျပဳခ်က္ကို ရရွိခဲ့တယ္လို႔ သိရပါတယ္။ ၎က ဝန္ႀကီးခ်ဳပ္ျဖစ္လာေစဖို႔ ေထာက္ခံမဲေပးခဲ့တဲ့ အတိုက္ခံပါတီ ျပည္သူပါတီကို ေက်းဇူးတင္တယ္လို႔ ပါတီ႐ုံးခ်ဳပ္မွာစက္တင္ဘာ ၇ရက္ေန႔က က်င္းပခဲ့တဲ့ သတင္းစာရွင္းလင္းပြဲမွာ ေျပာဆိုခဲ့ပါတယ္။ အစိုးရဝန္ျႇကီးဌာနရဲ႕ စြမ္းေဆာင္ပိုင္းပိုမိုေကာင္းမြန္ေစေအာင္ အရည္ခ်င္းျပည့္ဝတဲ့ ဝန္ႀကီးမ်ားကိုခန႔္အပ္သြားမယ္လို႔ ၎ကေျပာပါတယ္။ ထိုင္းဝန္ႀကီးခ်ဳပ္အသစ္က ‘’ လႊတ္ေတာ္ကို ေလးလအတြင္းဖ်က္သိမ္းသြားမယ္။ ကြၽန္ေတာ္ရဲ႕ အစိုးရအဖြဲ႕မွာ ပါဝင္မယ့္ ဝန္ႀကီးေတြကို နားရက္မရွိဘဲ အလုပ္လုပ္ခိုင္းမယ္။ ဝန္ႀကီးေတြကို မိသားစုနဲ႔အတူ အပန္းေျဖအနားယူခြင့္ေပးမွာမဟုတ္ဘူး၊ ‘’ လို႔ေျပာပါတယ္။ထိုင္းဝန္ႀကီးခ်ဳပ္အသစ္က တရားဥပေဒ စိုးမိုးေရးနဲ႔ ပြင့္လင္းျမင္သာမႈရွိေအာင္ လုပ္ေဆာင္မွာျဖစ္သလို အတိုက္ခံႏိုင္ငံေရးသမားေတြကို ဖိႏွိပ္အႏိုင္က်င့္တာ ၊ လက္စားေခ်တာမ်ိဳး လုပ္ေဆာင္မွာမဟုတ္ဘူးလို႔ ေျပာပါတယ္။ လက္ရွိအခ်ိန္မွာ ထိုင္းႏိုင္ငံကိုပိုမိုဖြံ႕ၿဖိဳးတိုးတက္ေစေအာင္ စုစည္းညီၫႊတ္မႈအျပည့္နဲ႔ လုပ္ေဆာင္ရမယ္လို႔လည္း ၎ကေျပာပါတယ္။ ထိုင္းႏိုင္ငံရဲ႕ ၃၂ဦးေျမာက္ဝန္ႀကီးခ်ဳပ္အသစ္ ျဖစ္တဲ့ အႏုတင္ဟာ ၎ဦးေဆာင္တဲ့ အစိုးရအဖြဲ႕ဝန္ႀကီးေတြမွာ ပါဝင္တဲ့သူေတြကို ဂ႐ုစိုက္ေ႐ြးခ်ယ္သြားမယ္လို႔ ေျပာပါတယ္။ ၎က ‘’ ကြၽန္ေတာ္ဟာ လက္စားေခ်တာမ်ိဳးေတြ မလုပ္ဘူး၊ တစ္စုံတစ္ဦးကိုအခြင့္ေရးတာ၊ ညႇင္းပန္းႏွိပ္စက္တာမ်ိဳးမလုပ္ဘူး ၊ဥပေဒအတိုင္းပဲလုပ္ကိုင္သြားမယ္။ ‘’ လို႔ေျပာပါတယ္။