မိုးကုတ်မြို့ခံများကို PDF ဖွဲ့က (၁၀)မိနစ်ခန့် သံပုံးမတီးမနေရဟု မြို့တွင်းလှည့်လည်ဖိအားပေးခိုင်းစေခဲ့ဟုဆို

 401

သန့်ဇင် (NP News)-နိုဝင်လာ ၇

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့မှ ဒေသခံများကို PDF ဖွဲ့က (၁၀)မိနစ်ခန့် သံပုံးမတီးမနေရဟု မြို့တွင်းလှည့်လည်ဖိအားပေး ခိုင်းစေခဲ့ကြောင်း မိုးကုတ်မြို့ခံတစ်ဦးက NP News ကိုပြောသည်။

မြို့လုံးကျွတ်သုံးပုံးတီးခြင်းကို ပြီးခဲ့သည် နိုဝင်ဘာ ၆ရက်၊ ည ၈နာရီကစတင်ကာ ၈ နာရီ ၁၀ မိနစ်အထိ မိုးကုတ်မြို့ခံများက ပြုလုပ်ခဲ့ရကြောင်း သိရသည်။

“ည ၈ နာရီကနေ (၁၀)မိနစ်အထိ မိုက်နဲ့အော်ပြီးတီးခိုင်းတာ။ မတီးမနေရဆိုပြီးတီးခိုင်းတာ။ တပ်ဝင်လာကို လက်မခံဘူး ဆိုတာပြဖို့ အတွက် မိုက်နဲ့ အော်ပြီး မတီးမနေရဆိုပြီးတီးခိုင်းတာ။ အဲဒီလိုဆိုတော့ မလွန်ဆန်နိုင်တော့ တီးရတာပေါ့လေ”ဟု မိုးကုတ်မြို့ခံတစ်ဦးက ပြောသည်။

တပ်မတော် နှင့် TNLA တို့ အပစ်အခတ်ရပ်စဲရေးလက်မှတ်ထိုးခဲ့ပြီးနောက် မိုးကုတ် နှင့် မိုးမိတ် မှ TNLA တို့ ဆုတ်ခွာမည် ဖြစ်ကြောင်း TNLA က အောက်တိုဘာလ ၂၉ ရက်က ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

မိုးကုတ်မြို့မှ TNLA တို့ထွက်ခွာပြီးနောက်ပိုင်းတွင် MDY-PDF၊ မိုးကုတ် ပကဖနှင့် အခြား PDF များက မြို့တွင် ကျန်ရှိခဲ့မည်ဖြစ်ကြောင်း သတင်းများထွက်ပေါ်နေပြီး ယခုကဲ့သို့ ဒေသခံများအား သံပုံးတီးရန်လည်း PDF များက လှုံ့ဆော်ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိမိုးကုတ်မြို့အခြေအနေနှင့်ပတ်သက်၍ ဒေသခံတစ်ဦးက “အခုအလုပ်သမားဟောင်းတွေ ကလည်း ပြန်တော့မယ်တဲ့။ ဒီမှာဆက်နေလို့မရတော့ဘူး တဲ့”ဟု ပြောသည်။

ထို့ပြင် မိုးကုတ်မြို့တွင် ဖြစ်ပေါ်လာနိုင်သည့် တိုက်ပွဲများကြောင့် ဒေသခံများနှင့် အလုပ်သမားများစွာ မိုးကုတ်မြို့မှ ထွက်ခွါရန်ပြင်ဆင် နေပြီဖြစ်ပြီး မိုးကုတ်မှ မန္တလေးအထိ တစ်ဦးလျှင် ကားခ (၈)သိန်းအထိ ဈေးမြင့်တက်နေပြီဖြစ်ကြောင်းလည်း သိရသည်။

Zawgyi Version:
မိုးကုတ္ၿမိဳ႕ခံမ်ားကို PDF ဖြဲ႕က (၁၀)မိနစ္ခန႔္ သံပုံးမတီးမေနရဟု ၿမိဳ႕တြင္းလွည့္လည္ဖိအားေပးခိုင္းေစခဲ့ဟုဆို
သန႔္ဇင္ (NP News)-ႏိုဝင္လာ ၇

မႏၲေလးတိုင္းေဒသႀကီး၊ မိုးကုတ္ၿမိဳ႕မွ ေဒသခံမ်ားကို PDF ဖြဲ႕က (၁၀)မိနစ္ခန႔္ သံပုံးမတီးမေနရဟု ၿမိဳ႕တြင္းလွည့္လည္ဖိအားေပး ခိုင္းေစခဲ့ေၾကာင္း မိုးကုတ္ၿမိဳ႕ခံတစ္ဦးက NP News ကိုေျပာသည္။

ၿမိဳ႕လုံးကြၽတ္သုံးပုံးတီးျခင္းကို ၿပီးခဲ့သည္ ႏိုဝင္ဘာ ၆ရက္၊ ည ၈နာရီကစတင္ကာ ၈ နာရီ ၁၀ မိနစ္အထိ မိုးကုတ္ၿမိဳ႕ခံမ်ားက ျပဳလုပ္ခဲ့ရေၾကာင္း သိရသည္။

“ည ၈ နာရီကေန (၁၀)မိနစ္အထိ မိုက္နဲ႔ေအာ္ၿပီးတီးခိုင္းတာ။ မတီးမေနရဆိုၿပီးတီးခိုင္းတာ။ တပ္ဝင္လာကို လက္မခံဘူး ဆိုတာျပဖို႔ အတြက္ မိုက္နဲ႔ ေအာ္ၿပီး မတီးမေနရဆိုၿပီးတီးခိုင္းတာ။ အဲဒီလိုဆိုေတာ့ မလြန္ဆန္ႏိုင္ေတာ့ တီးရတာေပါ့ေလ”ဟု မိုးကုတ္ၿမိဳ႕ခံတစ္ဦးက ေျပာသည္။

တပ္မေတာ္ ႏွင့္ TNLA တို႔ အပစ္အခတ္ရပ္စဲေရးလက္မွတ္ထိုးခဲ့ၿပီးေနာက္ မိုးကုတ္ ႏွင့္ မိုးမိတ္ မွ TNLA တို႔ ဆုတ္ခြာမည္ ျဖစ္ေၾကာင္း TNLA က ေအာက္တိုဘာလ ၂၉ ရက္က ထုတ္ျပန္ခဲ့ေၾကာင္း သိရသည္။

မိုးကုတ္ၿမိဳ႕မွ TNLA တို႔ထြက္ခြာၿပီးေနာက္ပိုင္းတြင္ MDY-PDF၊ မိုးကုတ္ ပကဖႏွင့္ အျခား PDF မ်ားက ၿမိဳ႕တြင္ က်န္ရွိခဲ့မည္ျဖစ္ေၾကာင္း သတင္းမ်ားထြက္ေပၚေနၿပီး ယခုကဲ့သို႔ ေဒသခံမ်ားအား သံပုံးတီးရန္လည္း PDF မ်ားက လႈံ႕ေဆာ္ျခင္းျဖစ္ေၾကာင္း သိရသည္။

လက္ရွိမိုးကုတ္ၿမိဳ႕အေျခအေနႏွင့္ပတ္သက္၍ ေဒသခံတစ္ဦးက “အခုအလုပ္သမားေဟာင္းေတြ ကလည္း ျပန္ေတာ့မယ္တဲ့။ ဒီမွာဆက္ေနလို႔မရေတာ့ဘူး တဲ့”ဟု ေျပာသည္။

ထို႔ျပင္ မိုးကုတ္ၿမိဳ႕တြင္ ျဖစ္ေပၚလာႏိုင္သည့္ တိုက္ပြဲမ်ားေၾကာင့္ ေဒသခံမ်ားႏွင့္ အလုပ္သမားမ်ားစြာ မိုးကုတ္ၿမိဳ႕မွ ထြက္ခြါရန္ျပင္ဆင္ ေနၿပီျဖစ္ၿပီး မိုးကုတ္မွ မႏၲေလးအထိ တစ္ဦးလွ်င္ ကားခ (၈)သိန္းအထိ ေဈးျမင့္တက္ေနၿပီျဖစ္ေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.