အမေရိကန်မှာ တောင်ကိုရီးယားနိုင်ငံသားအများအပြား ဖမ်းဆီးထိန်းသိမ်းခံရမှုကို တောင်ကိုရီးယားအစိုးရပြစ်တင်ရှုတ်ချ

671

Pika(NP News)-စက်တင်ဘာ ၈
အမေရိကန်နိုင်ငံ ဂျော်ဂျီယာပြည်နယ်မှာရှိတဲ့ ဟွန်ဒိုင်းလျှပ်စစ်ကားထုတ်လုပ်ရေးစက်ရုံက ရာနဲ့ချီတဲ့အလုပ်သမားတွေကို အမေရိကန်လူဝင်မှုကြီးကြပ်ရေးအာဏာပိုင်တွေက ဖမ်းဆီးခဲ့ပြီးနောက် အဲ့ဒီလုပ်ရပ်ကို တောင်ကိုရီးယားအစိုးရက ကန့်ကွက်ဆန္ဒပြခဲ့တယ်လို့သိရပါတယ်။အဲ့ဒီဖမ်းဆီးမှုဟာ Savannahမြို့အနီး ဘရိုင်ယန်ကောင်တီမှာရှိတဲ့ Hyundai Motor Groupနဲ့ LG Energy Solution ကုမ္ပဏီတို့ကြားပူးပေါင်းလုပ်ဆောင်ပြီး လူပေါင်း(၁၂၀၀)ခန့်ကို အလုပ်ခန့်အပ်ထားတဲ့ ဘက်ထရီစက်ရုံတစ်ခုမှာ ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။အဲ့ဒီစစ်ဆင်ရေးဟာ တရားမ၀င် အလုပ်အကိုင် ကျင့်ထုံးတွေကို စုံစမ်းစစ်ဆေးမှုရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ အမေရိကန်ပြည်တွင်းလုံခြုံရေး စုံစမ်းစစ်ဆေးရေးအဖွဲ့(HSI)က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ဝင်ရောက်စီးနင်းမှုအတွင်း အလုပ်သမားပေါင်း(၄၅၀)ခန့်ကို ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ အရက်၊ ဆေးရွက်ကြီး၊ သေနတ်နဲ့ပေါက်ကွဲစေတတ်ပစ္စည်းဗျူရိုရဲ့ အတ္တလန်တာရုံးက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ဖမ်းဆီးခံရသူတွေအနက် လူ(၃၀၀)ဦးနီးပါးဟာ စီးပွားရေးဆိုင်ရာ မိတ်ဖက်ကုမ္ပဏီတွေက ဝန်ထမ်းတွေအပါအဝင် တောင်ကိုရီးယားနိုင်ငံသားတွေဖြစ်တယ်လို့ တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး ချိုဟွန်းကပြောကြားခဲ့ပါတယ်။ဖမ်းဆီးခံရသူတွေအနက် အများအပြားဟာ ကာလတိုစီးပွားရေးဗီဇာတွေ ဒါမှမဟုတ် Visa Waiver အစီအစဉ်အရ အမေရိကန်ကိုဝင်ရောက်ခဲ့တာဖြစ်ပေမယ့်လည်း စက်ရုံမှာရှိတဲ့၎င်းတို့ရဲ့လုပ်ဆောင်မှုတွေဟာ ၎င်းတို့နေထိုင်တဲ့ရည်ရွယ်ချက်နဲ့ ကိုက်ညီမှုမရှိဘူးလို့ အမေရိကန်လူဝင်မှုကြီးကြပ်ရေးအာဏာပိုင်တွေက ကောက်ချက်ချခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
အေမရိကန္မွာ ေတာင္ကိုရီးယားႏိုင္ငံသားအမ်ားအျပား ဖမ္းဆီးထိန္းသိမ္းခံရမႈကို ေတာင္ကိုရီးယားအစိုးရျပစ္တင္ရႈတ္ခ်
Pika(NP News)-စက္တင္ဘာ ၈
အေမရိကန္ႏိုင္ငံ ေဂ်ာ္ဂ်ီယာျပည္နယ္မွာရွိတဲ့ ဟြန္ဒိုင္းလွ်ပ္စစ္ကားထုတ္လုပ္ေရးစက္႐ုံက ရာနဲ႔ခ်ီတဲ့အလုပ္သမားေတြကို အေမရိကန္လူဝင္မႈႀကီးၾကပ္ေရးအာဏာပိုင္ေတြက ဖမ္းဆီးခဲ့ၿပီးေနာက္ အဲ့ဒီလုပ္ရပ္ကို ေတာင္ကိုရီးယားအစိုးရက ကန႔္ကြက္ဆႏၵျပခဲ့တယ္လို႔သိရပါတယ္။အဲ့ဒီဖမ္းဆီးမႈဟာ Savannahၿမိဳ႕အနီး ဘ႐ိုင္ယန္ေကာင္တီမွာရွိတဲ့ Hyundai Motor Groupနဲ႔ LG Energy Solution ကုမၸဏီတို႔ၾကားပူးေပါင္းလုပ္ေဆာင္ၿပီး လူေပါင္း(၁၂၀၀)ခန႔္ကို အလုပ္ခန႔္အပ္ထားတဲ့ ဘက္ထရီစက္႐ုံတစ္ခုမွာ ျဖစ္ပြားခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။အဲ့ဒီစစ္ဆင္ေရးဟာ တရားမ၀င္ အလုပ္အကိုင္ က်င့္ထုံးေတြကို စုံစမ္းစစ္ေဆးမႈရဲ႕ တစ္စိတ္တစ္ပိုင္းျဖစ္တယ္လို႔ အေမရိကန္ျပည္တြင္းလုံၿခဳံေရး စုံစမ္းစစ္ေဆးေရးအဖြဲ႕(HSI)က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ဝင္ေရာက္စီးနင္းမႈအတြင္း အလုပ္သမားေပါင္း(၄၅၀)ခန႔္ကို ဖမ္းဆီးထိန္းသိမ္းခဲ့တယ္လို႔ အရက္၊ ေဆး႐ြက္ႀကီး၊ ေသနတ္နဲ႔ေပါက္ကြဲေစတတ္ပစၥည္းဗ်ဴ႐ိုရဲ႕ အတၱလန္တာ႐ုံးက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ဖမ္းဆီးခံရသူေတြအနက္ လူ(၃၀၀)ဦးနီးပါးဟာ စီးပြားေရးဆိုင္ရာ မိတ္ဖက္ကုမၸဏီေတြက ဝန္ထမ္းေတြအပါအဝင္ ေတာင္ကိုရီးယားႏိုင္ငံသားေတြျဖစ္တယ္လို႔ ေတာင္ကိုရီးယားႏိုင္ငံျခားေရးဝန္ႀကီး ခ်ိဳဟြန္းကေျပာၾကားခဲ့ပါတယ္။ဖမ္းဆီးခံရသူေတြအနက္ အမ်ားအျပားဟာ ကာလတိုစီးပြားေရးဗီဇာေတြ ဒါမွမဟုတ္ Visa Waiver အစီအစဥ္အရ အေမရိကန္ကိုဝင္ေရာက္ခဲ့တာျဖစ္ေပမယ့္လည္း စက္႐ုံမွာရွိတဲ့၎တို႔ရဲ႕လုပ္ေဆာင္မႈေတြဟာ ၎တို႔ေနထိုင္တဲ့ရည္႐ြယ္ခ်က္နဲ႔ ကိုက္ညီမႈမရွိဘူးလို႔ အေမရိကန္လူဝင္မႈႀကီးၾကပ္ေရးအာဏာပိုင္ေတြက ေကာက္ခ်က္ခ်ခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။