ဂျပန်ဝန်ကြီးချုပ်ရှီဂဲရုအီရှီဘာ ရာထူးကနေနှုတ်ထွက်မယ်

382

Pika(NP News)-စက်တင်ဘာ ၈
လက်ရှိအာဏာရ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ(LDP)အတွင်း အကွဲအပြဲတွေကို ရှောင်ရှားဖို့အတွက် ဂျပန်ဝန်ကြီးချုပ်ရှီဂဲရုအီရှီဘာဟာ ရာထူးကနေ နှုတ်ထွက်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။ရှီဂဲရုအီရှီဘာရဲ့ ရာထူးကနေနှုတ်ထွက်ဖို့ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့တောင်းဆိုမှုတွေကို ၎င်းရဲ့ရုံးက ချက်ချင်းပြန်လည်တုံ့ပြန်ဖြေကြားတာမျိုးမရှိသေးဘူးလို့လည်း သိရပါတယ်။ရှီဂဲရုအီရှီဘာရဲ့ ပဲ့ကိုင်မှုနဲ့အတူ LDPပါတီဦးဆောင်တဲ့ ညွန့်ပေါင်းအစိုးရဟာ ပြီးခဲ့တဲ့နှစ်မှာအာဏာရလာပြီးနောက်ပိုင်းတည်းက လွှတ်တော်နှစ်ရပ်လုံးအတွက် ရွေးကောက်ပွဲတွေမှာ အများစုကို ရှုံးနိမ့်ခဲ့တယ်လို့လည်း သိရပါတယ်။လူနေမှုစရိတ်တွေမြင့်တက်လာမှုအပေါ် မဲဆန္ဒရှင်တွေက စိတ်ဆိုးဒေါသဖြစ်ခဲ့ကြပေမယ့်လည်း ရှီဂဲရုအီရှီဘာဦးဆောင်တဲ့ LDPပါတီဟာ ပြီးခဲ့တဲ့နှစ်မှာ အာဏာရလာခဲ့တာလည်းဖြစ်ပါတယ်။ဒါ့ပြင် LDPပါတီရဲ့ လွှတ်တော်အမတ်တွေဟာ ခေါင်းဆောင်ပိုင်းရွေးကောက်ပွဲကျင်းပဖို့အတွက် စက်တင်ဘာလ(၈)ရက်နေ့မှာ မဲပေးကြဖို့ စီစဉ်ထားတယ်လို့လည်း သိရပါတယ်။ရှီဂဲရုအီရှီဘာအစိုးရဟာ အမေရိကန်နဲ့ကုန်သွယ်မှုသဘောတူညီချက်အသေးစိတ်ကို ပြီးခဲ့တဲ့သီတင်းပတ်မှာ အပြီးသတ်ခဲ့ပြီးနောက် ယခုလိုဖြစ်ရပ်တွေထွက်ပေါ်လာတာဖြစ်ပါတယ်။

Zawgyi Version:
ဂ်ပန္ဝန္ႀကီးခ်ဳပ္ရွီဂဲ႐ုအီရွီဘာ ရာထူးကေနႏႈတ္ထြက္မယ္
Pika(NSS)-စက္တင္ဘာ ၈
လက္ရွိအာဏာရ လစ္ဘရယ္ဒီမိုကရက္တစ္ပါတီ(LDP)အတြင္း အကြဲအၿပဲေတြကို ေရွာင္ရွားဖို႔အတြက္ ဂ်ပန္ဝန္ႀကီးခ်ဳပ္ရွီဂဲ႐ုအီရွီဘာဟာ ရာထူးကေန ႏႈတ္ထြက္ဖို႔ ဆုံးျဖတ္ခဲ့တယ္လို႔ သိရပါတယ္။ရွီဂဲ႐ုအီရွီဘာရဲ႕ ရာထူးကေနႏႈတ္ထြက္ဖို႔ ဆုံးျဖတ္ခ်က္နဲ႔ပတ္သက္ၿပီး မွတ္ခ်က္ေပးဖို႔ေတာင္းဆိုမႈေတြကို ၎ရဲ႕႐ုံးက ခ်က္ခ်င္းျပန္လည္တုံ႔ျပန္ေျဖၾကားတာမ်ိဳးမရွိေသးဘူးလို႔လည္း သိရပါတယ္။ရွီဂဲ႐ုအီရွီဘာရဲ႕ ပဲ့ကိုင္မႈနဲ႔အတူ LDPပါတီဦးေဆာင္တဲ့ ၫြန႔္ေပါင္းအစိုးရဟာ ၿပီးခဲ့တဲ့ႏွစ္မွာအာဏာရလာၿပီးေနာက္ပိုင္းတည္းက လႊတ္ေတာ္ႏွစ္ရပ္လုံးအတြက္ ေ႐ြးေကာက္ပြဲေတြမွာ အမ်ားစုကို ရႈံးနိမ့္ခဲ့တယ္လို႔လည္း သိရပါတယ္။လူေနမႈစရိတ္ေတြျမင့္တက္လာမႈအေပၚ မဲဆႏၵရွင္ေတြက စိတ္ဆိုးေဒါသျဖစ္ခဲ့ၾကေပမယ့္လည္း ရွီဂဲ႐ုအီရွီဘာဦးေဆာင္တဲ့ LDPပါတီဟာ ၿပီးခဲ့တဲ့ႏွစ္မွာ အာဏာရလာခဲ့တာလည္းျဖစ္ပါတယ္။ဒါ့ျပင္ LDPပါတီရဲ႕ လႊတ္ေတာ္အမတ္ေတြဟာ ေခါင္းေဆာင္ပိုင္းေ႐ြးေကာက္ပြဲက်င္းပဖို႔အတြက္ စက္တင္ဘာလ(၈)ရက္ေန႔မွာ မဲေပးၾကဖို႔ စီစဥ္ထားတယ္လို႔လည္း သိရပါတယ္။ရွီဂဲ႐ုအီရွီဘာအစိုးရဟာ အေမရိကန္နဲ႔ကုန္သြယ္မႈသေဘာတူညီခ်က္အေသးစိတ္ကို ၿပီးခဲ့တဲ့သီတင္းပတ္မွာ အၿပီးသတ္ခဲ့ၿပီးေနာက္ ယခုလိုျဖစ္ရပ္ေတြထြက္ေပၚလာတာျဖစ္ပါတယ္။