ကာတာနိုင်ငံမှာရှိတဲ့ ဟားမက်လက်နက်ကိုင်အဖွဲ့အဆောက်အဦးအပေါ် အစ္စရေးရဲ့တိုက်ခိုက်မှုကို ဒေါ်နယ်ထရမ့် ပြစ်တင်ရှုတ်ချ

 185

Pika (NP News) - စက်တင်ဘာ ၁၁
ကာတာနိုင်ငံ ဒိုဟာမြို့မှာရှိတဲ့ ဟားမက်လက်နက်ကိုင်အဖွဲ့အဆောက်အဦးအပေါ် အစ္စရေးရဲ့လေကြောင်း တိုက်ခိုက်မှုတွေကို အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ပြစ်တင်ရှုတ်ချခဲ့တယ်လို့ သိရပါတယ်။
အဲဒီစစ်ဆင်ရေးကိုလုပ်ဆောင်ဖို့ ဆုံးဖြတ်ချက်ကို အမေရိကန်ကချမှတ်ခဲ့တာမဟုတ်ဘဲ အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟု က တစ်ဖက်သတ်ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါတယ်။
ကာတာနိုင်ငံ ဒိုဟာမြို့မှာလုပ်ဆောင်ခဲ့တဲ့ စစ်ဆင်ရေးအတွင်း အစ္စရေးစစ်လေယာဉ်(၁၅)စီးဝန်းကျင်ဟာ ဒုံးကျည်(၁၀)စင်းခန့်ပစ်လွှတ်ခဲ့ပြီး ဟားမက်လက်နက်ကိုင်အဖွဲ့အကြီးတန်းအရာရှိ Khalil al-Hayya ရဲ့ သားဖြစ်သူ အပါအဝင် အခြားအဖွဲ့ဝင်အများအပြားသေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း ဟားမက်လက်နက်ကိုင် အဖွဲ့အကြီးတန်းအရာရှိ Khalil al-Hayya ဟာ အစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုတွေက‌နေ အသက်ရှင် လွတ်မြောက်ခဲ့တယ်လို့လည်း သိရပါတယ်။
ဒေါ်နယ်ထရမ့်က “အချုပ်အခြာအာဏာပိုင်နိုင်ငံဖြစ်သလို အမေရိကန်ရဲ့နီးကပ်တဲ့မိတ်ဖက်နိုင်ငံဖြစ်တဲ့ ကာတာ နိုင်ငံအပေါ် အစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုတွေဟာ ကျွန်တော်တို့ရဲ့ရည်မှန်းချက်တွေကို ပျက်ပြားစေပါတယ်။ ကာတာနိုင်ငံ ဒိုဟာမြို့မှာရှိတဲ့ ဟားမက်လက်နက်ကိုင်အဖွဲ့အဆောက်အဦးကို တိုက်ခိုက်ဖို့ဆုံးဖြတ်ခဲ့တဲ့ နေတန်ရာဟု ရဲ့ဆုံးဖြတ်ချက်ဟာ တကယ်ကိုဆိုးဝါးတဲ့လုပ်ရပ်တစ်ခုပဲဖြစ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

Zawgyi Version:
ကာတာႏိုင္ငံမွာရွိတဲ့ ဟားမက္လက္နက္ကိုင္အဖြဲ႕အေဆာက္အဦးအေပၚ အစၥေရးရဲ႕တိုက္ခိုက္မႈကို ေဒၚနယ္ထရမ့္ ျပစ္တင္ရႈတ္ခ်
Pika (NP News) - စက္တင္ဘာ ၁၁
ကာတာႏိုင္ငံ ဒိုဟာၿမိဳ႕မွာရွိတဲ့ ဟားမက္လက္နက္ကိုင္အဖြဲ႕အေဆာက္အဦးအေပၚ အစၥေရးရဲ႕ေလေၾကာင္း တိုက္ခိုက္မႈေတြကို အေမရိကန္သမၼတေဒၚနယ္ထရမ့္က ျပစ္တင္ရႈတ္ခ်ခဲ့တယ္လို႔ သိရပါတယ္။
အဲဒီစစ္ဆင္ေရးကိုလုပ္ေဆာင္ဖို႔ ဆုံးျဖတ္ခ်က္ကို အေမရိကန္ကခ်မွတ္ခဲ့တာမဟုတ္ဘဲ အစၥေရးဝန္ႀကီးခ်ဳပ္ ေနတန္ရာဟု က တစ္ဖက္သတ္ဆုံးျဖတ္ခဲ့တာျဖစ္တယ္လို႔ ေဒၚနယ္ထရမ့္က ေျပာၾကားခဲ့ပါတယ္။
ကာတာႏိုင္ငံ ဒိုဟာၿမိဳ႕မွာလုပ္ေဆာင္ခဲ့တဲ့ စစ္ဆင္ေရးအတြင္း အစၥေရးစစ္ေလယာဥ္(၁၅)စီးဝန္းက်င္ဟာ ဒုံးက်ည္(၁၀)စင္းခန႔္ပစ္လႊတ္ခဲ့ၿပီး ဟားမက္လက္နက္ကိုင္အဖြဲ႕အႀကီးတန္းအရာရွိ Khalil al-Hayya ရဲ႕ သားျဖစ္သူ အပါအဝင္ အျခားအဖြဲ႕ဝင္အမ်ားအျပားေသဆုံးခဲ့တယ္လို႔ သိရပါတယ္။ ဒါေပမယ့္လည္း ဟားမက္လက္နက္ကိုင္ အဖြဲ႕အႀကီးတန္းအရာရွိ Khalil al-Hayya ဟာ အစၥေရးရဲ႕ေလေၾကာင္းတိုက္ခိုက္မႈေတြက‌ေန အသက္ရွင္ လြတ္ေျမာက္ခဲ့တယ္လို႔လည္း သိရပါတယ္။
ေဒၚနယ္ထရမ့္က “အခ်ဳပ္အျခာအာဏာပိုင္ႏိုင္ငံျဖစ္သလို အေမရိကန္ရဲ႕နီးကပ္တဲ့မိတ္ဖက္ႏိုင္ငံျဖစ္တဲ့ ကာတာ ႏိုင္ငံအေပၚ အစၥေရးရဲ႕ေလေၾကာင္းတိုက္ခိုက္မႈေတြဟာ ကြၽန္ေတာ္တို႔ရဲ႕ရည္မွန္းခ်က္ေတြကို ပ်က္ျပားေစပါတယ္။ ကာတာႏိုင္ငံ ဒိုဟာၿမိဳ႕မွာရွိတဲ့ ဟားမက္လက္နက္ကိုင္အဖြဲ႕အေဆာက္အဦးကို တိုက္ခိုက္ဖို႔ဆုံးျဖတ္ခဲ့တဲ့ ေနတန္ရာဟု ရဲ႕ဆုံးျဖတ္ခ်က္ဟာ တကယ္ကိုဆိုးဝါးတဲ့လုပ္ရပ္တစ္ခုပဲျဖစ္ပါတယ္” လို႔ ေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.