ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် UNOCHA အကြီးအကဲတို့ ရွေးကောက်ပွဲနှင့်ရွေးကောက်ပွဲအလွန် မြန်မာ့နိုင်ငံရေးအခင်းအကျင်းများနှင့်ပတ်သက်၍ ဆွေးနွေး

176

စော(NP News)-နိုဝင်ဘာ ၆
နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန(၂)၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် UNOCHA အကြီးအကဲတို့ ရွေးကောက်ပွဲနှင့်ရွေးကောက်ပွဲအလွန် မြန်မာ့နိုင်ငံရေးအခင်းအကျင်းများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ခြင်းဖြစ်သည်။
ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည် ရန်ကုန်မြို့အခြေစိုက် ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးရုံး(UNOCHA)၏ အကြီးအကဲ Mr. Justin Brady အား ယမန်နေ့ (နိုဝင်ဘာ ၅ရက်)က နေပြည်တော်ရှိ
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံစဉ် ထည့်သွင်း ဆွေးနွေးခဲ့ခြင်းဖြစ်သည်။
ထိုသို့ တွေ့ဆုံစဉ် UNOCHA ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးလုပ်ငန်းများ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပြည်တွင်းအဖွဲ့အစည်းများပူးပေါင်းဆောင်ရွက်ရေး၊ သဘာဝဘေးပြန်လည်ထူထောင်ရေး၊ အထွေထွေရွေးကောက်ပွဲနှင့်ရွေးကောက်ပွဲအလွန် မြန်မာ့နိုင်ငံရေးအခင်းအကျင်းတို့အပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
တွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန(၂)မှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။
ထို့ပြင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေကလည်း မြန်မာနိုင်ငံရှိ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA)၏အကြီးအကဲ Mr. Justin Brady ကို နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ပြီး အကူအညီလိုအပ်သည့်ပြည်သူများထံသို့ လူသားချင်းစာနာမှု အကူအညီများပေးအပ်နိုင်ရေးညှိနှိုင်းဆောင်ရွက်ပေးရေးနှင့် မြန်မာအစိုးရနှင့်ကုလသမဂ္ဂအေဂျင်စီများအကြား လူသားချင်းစာနာမှုအကူအညီပေးရေးနယ်ပယ်၌ ပူးပေါင်းဆောင်ရွက်နိုင်မည့်နည်းလမ်းများနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင်စတင်ကျင်းပမည်ဖြစ်ပြီး အပိုင်းသုံးပိုင်းခွဲကာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version:
ျပည္ေထာင္စုဝန္ႀကီး ဦးကိုကိုလႈိင္ႏွင့္ UNOCHA အႀကီးအကဲတို႔ ေ႐ြးေကာက္ပြဲႏွင့္ေ႐ြးေကာက္ပြဲအလြန္ ျမန္မာ့ႏိုင္ငံေရးအခင္းအက်င္းမ်ားႏွင့္ပတ္သက္၍ ေဆြးေႏြး
ေစာ(NP News)-ႏိုဝင္ဘာ ၆
ႏိုင္ငံေတာ္သမၼတ႐ုံးဝန္ႀကီးဌာန(၂)၊ ျပည္ေထာင္စုဝန္ႀကီး ဦးကိုကိုလႈိင္ႏွင့္ UNOCHA အႀကီးအကဲတို႔ ေ႐ြးေကာက္ပြဲႏွင့္ေ႐ြးေကာက္ပြဲအလြန္ ျမန္မာ့ႏိုင္ငံေရးအခင္းအက်င္းမ်ားႏွင့္ပတ္သက္၍ ေဆြးေႏြးခဲ့ျခင္းျဖစ္သည္။
ျပည္ေထာင္စုဝန္ႀကီး ဦးကိုကိုလႈိင္သည္ ရန္ကုန္ၿမိဳ႕အေျခစိုက္ ကုလသမဂၢလူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာညႇိႏႈိင္းေရး႐ုံး(UNOCHA)၏ အႀကီးအကဲ Mr. Justin Brady အား ယမန္ေန႔ (ႏိုဝင္ဘာ ၅ရက္)က ေနျပည္ေတာ္ရွိ
အမ်ိဳးသားကာကြယ္ေရးႏွင့္လုံၿခဳံေရးေကာင္စီ႐ုံး ဧည့္ခန္းမ၌ လက္ခံေတြ႕ဆုံစဥ္ ထည့္သြင္း ေဆြးေႏြးခဲ့ျခင္းျဖစ္သည္။
ထိုသို႔ ေတြ႕ဆုံစဥ္ UNOCHA ၏ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ အကူအညီေပးေရးလုပ္ငန္းမ်ား၊ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ ႏိုင္ငံတကာအဖြဲ႕အစည္းမ်ားႏွင့္ ျပည္တြင္းအဖြဲ႕အစည္းမ်ားပူးေပါင္းေဆာင္႐ြက္ေရး၊ သဘာဝေဘးျပန္လည္ထူေထာင္ေရး၊ အေထြေထြေ႐ြးေကာက္ပြဲႏွင့္ေ႐ြးေကာက္ပြဲအလြန္ ျမန္မာ့ႏိုင္ငံေရးအခင္းအက်င္းတို႔အေပၚ အျမင္ခ်င္းဖလွယ္ေဆြးေႏြးခဲ့ၾကေၾကာင္း သိရသည္။
ေတြ႕ဆုံပြဲသို႔ ႏိုင္ငံေတာ္သမၼတ႐ုံးဝန္ႀကီးဌာန(၂)မွ တာဝန္ရွိသူမ်ားတက္ေရာက္ခဲ့ၾကေၾကာင္း သိရသည္။
ထို႔ျပင္ ႏိုင္ငံျခားေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးသန္းေဆြကလည္း ျမန္မာႏိုင္ငံရွိ ကုလသမဂၢလူသားခ်င္းစာနာမႈဆိုင္ရာညႇိႏႈိင္းေရး႐ုံး (UNOCHA)၏အႀကီးအကဲ Mr. Justin Brady ကို ေနျပည္ေတာ္ရွိ ႏိုင္ငံျခားေရးဝန္ႀကီးဌာန၌ လက္ခံေတြ႕ဆုံခဲ့ၿပီး အကူအညီလိုအပ္သည့္ျပည္သူမ်ားထံသို႔ လူသားခ်င္းစာနာမႈ အကူအညီမ်ားေပးအပ္ႏိုင္ေရးညႇိႏႈိင္းေဆာင္႐ြက္ေပးေရးႏွင့္ ျမန္မာအစိုးရႏွင့္ကုလသမဂၢေအဂ်င္စီမ်ားအၾကား လူသားခ်င္းစာနာမႈအကူအညီေပးေရးနယ္ပယ္၌ ပူးေပါင္းေဆာင္႐ြက္ႏိုင္မည့္နည္းလမ္းမ်ားႏွင့္စပ္လ်ဥ္း၍ အျမင္ခ်င္းဖလွယ္ေဆြးေႏြးခဲ့ၾကေၾကာင္း သိရသည္။
ပါတီစုံဒီမိုကေရစီအေထြေထြေ႐ြးေကာက္ပြဲကို ၂၀၂၅ ခုႏွစ္၊ ဒီဇင္ဘာလ ၂၈ ရက္ေန႔တြင္စတင္က်င္းပမည္ျဖစ္ၿပီး အပိုင္းသုံးပိုင္းခြဲကာ က်င္းပသြားမည္ျဖစ္ေၾကာင္း သိရသည္။