မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံရုံးဒုတိယအကြီးအကဲ ကို ယနေ့ စတင်ခန့်အပ်

684

Pearl (NP News) - စက်တင်ဘာ ၁၁
မြန်မာပြည်သူများနှင့် အမေရိကန်ပြည်ထောင်စုတို့ ထိတွေ့ဆက်ဆံမှု မြှင့်တင်ရန်အတွက် သံရုံးဒုတိယအကြီးအကဲ ဒေါက်ဂလက်စ် အီး ဆောန်နစ်ခ်ကို ယနေ့ (စက်တင်ဘာ ၁၁ရက်)တွင် စတင်ခန့်အပ်ကြောင်း အမေရိကန်သံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။
ဒေါက်ဂ်အီးဆောန်နစ်ခ်သည် မြန်မာနိုင်ငံသို့ မရောက်မီ ယခင်က သူသည် ကိုလံဘိုရှိ အမေရိကန်သံရုံးတွင် သံရုံးဒုတိယအကြီးအကဲအဖြစ်လည်းကောင်း၊ သြစတေးလျနိုင်ငံ ကင်ဘာရာမြို့ရှိ အမေရိကန်သံရုံးတွင် စီးပွားရေးအကြံပေးဆိုင်ရာ ဒုသံအမတ်အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ဒေါက်ဂ်သည် ၂၀၁၇ ဇူလိုင်မှ ၂၀၁၉ အထိ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနအောက်ရှိ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာဌာန၏ စီးပွားရေးမူဝါဒဆိုင်ရာရုံးတွင် ညွှန်ကြားရေးမှူးအဖြစ် အာရှပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (APEC) နှင့် ဒေသတွင်း စီးပွားရေးမူဝါဒများနှင့် ပတ်သက်သည့် အမေရိကန်အစိုးရ၏ ပါဝင်ဆောင်ရွက်မှုများအတွက် တာဝန်ယူခဲ့ပါသည်။ ၂၀၁၄ မှ ၂၀၁၇ အထိ ဆူဗာရှိ အမေရိကန်သံရုံးတွင် သံရုံး၏ဒုတိယအကြီးအကဲဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ်က ဒေါက်ဂ်ဆွန်းနစ်ခ်သည် ဖီဂျီ၊ ကီရီဘာတီ၊ နာအူရူ၊ တွန်ဂါနှင့် တူဗာလူနိုင်ငံများတွင် အမေရိကန်ပြည်ထောင်စု၏ စီးပွားရေး၊ နိုင်ငံရေးနှင့် လုံခြုံရေးဆိုင်ရာ အကျိုးစီးပွားများကို မြှင့်တင်ပေးခဲ့ပါသည်။ အမေရိကန်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေး အပြောင်းအလဲများ အရှိန်အဟုန်မြင့်ခဲ့သည့် ၂၀၁၁ မှ ၂၀၁၄ အထိ ကာလများတွင် သူသည် ရန်ကုန်မြို့ရှိ အမေရိကန်သံရုံး၏ နိုင်ငံရေးနှင့် စီးပွားရေးဌာနကို ဦးဆောင်ခဲ့ပါသည်။
၂၀၀၅ မှ ၂၀၀၇ ထိ ဒေါက်ဂ်သည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဗီယက်နမ်ဆိုင်ရာ စီးပွားရေးအရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၀၇ မှ ၂၀၁၀ အထိ ဟိုချီမင်းမြို့ရှိ အမေရိကန် ကောင်စစ်ဝန်ချုပ်ရုံး၏ စီးပွားရေးဌာနကို ဦးဆောင်ခဲ့ပါသည်။ ထိုငါးနှစ်တာကာလအတွင်း အမေရိကန်-ဗီယက်နမ် နှစ်နိုင်ငံ ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှုများ ဆယ်ဆအထိ တိုးတက်လာခဲ့ပါသည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်စဉ် စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စရပ်များကို အထူးပြုကိုင်တွယ်ရင်း သူသည် ဆလိုဗေးနီးယားနိုင်ငံ လူဘလီယာနာနှင့် တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ အမေရိကန်သံရုံးများတွင် တာဝန်ကျခဲ့ပြီး တရုတ်နိုင်ငံ ရှန့်ယန်းမြို့ရှိ အမေရိကန်ကောင်စစ်ဝန်ရုံးတွင်လည်း တာဝန်ထမ်းဆောင်ခဲ့ဖူးပါသည်။
ဒေါက်ဂ်သည် ပိစ်ကောစတနာ့ဝန်ထမ်းဟောင်းတစ်ဦးလည်းဖြစ်ပြီး ဗဟိုအာဖရိကသမ္မတနိုင်ငံနှင့် ပစိဖိတ်တောင်ပိုင်းကျွန်းနိုင်ငံတစ်ခုဖြစ်သည့် နျူးအေးနိုင်ငံတို့တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးပါသည်။ သူသည် မင်နီဆိုတာပြည်နယ်၊ နော့သ်ဖီးလ်မြို့ရှိ ကာလ်တန်ကောလိပ်ကျောင်းဆင်းတစ်ဦးလည်းဖြစ်သည်။ ဇနီးဖြစ်သူ ဝင်နီ က သူနှင့်အတူ ရန်ကုန်မြို့သို့ လိုက်ပါလာခဲ့ပါသည်။ သူတို့၏ သားသမီးနှစ်ဦးမှာမူ တက္ကသိုလ်တွင် ပညာသင်ကြားလျက် ရှိပါသည်။

Zawgyi Version:
ျမန္မာႏိုင္ငံဆိုင္ရာ အေမရိကန္ သံ႐ုံးဒုတိယအႀကီးအကဲ ကို ယေန႔ စတင္ခန႔္အပ္
Pearl (NP News) - စက္တင္ဘာ ၁၁
ျမန္မာျပည္သူမ်ားႏွင့္ အေမရိကန္ျပည္ေထာင္စုတို႔ ထိေတြ႕ဆက္ဆံမႈ ျမႇင့္တင္ရန္အတြက္ သံ႐ုံးဒုတိယအႀကီးအကဲ ေဒါက္ဂလက္စ္ အီး ေဆာန္နစ္ခ္ကို ယေန႔ (စက္တင္ဘာ ၁၁ရက္)တြင္ စတင္ခန႔္အပ္ေၾကာင္း အေမရိကန္သံ႐ုံး၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ေဒါက္ဂ္အီးေဆာန္နစ္ခ္သည္ ျမန္မာႏိုင္ငံသို႔ မေရာက္မီ ယခင္က သူသည္ ကိုလံဘိုရွိ အေမရိကန္သံ႐ုံးတြင္ သံ႐ုံးဒုတိယအႀကီးအကဲအျဖစ္လည္းေကာင္း၊ ၾသစေတးလ်ႏိုင္ငံ ကင္ဘာရာၿမိဳ႕ရွိ အေမရိကန္သံ႐ုံးတြင္ စီးပြားေရးအႀကံေပးဆိုင္ရာ ဒုသံအမတ္အျဖစ္လည္းေကာင္း တာဝန္ထမ္းေဆာင္ခဲ့ပါသည္။ ေဒါက္ဂ္သည္ ၂၀၁၇ ဇူလိုင္မွ ၂၀၁၉ အထိ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနေအာက္ရွိ အေရွ႕အာရွႏွင့္ ပစိဖိတ္ေရးရာဌာန၏ စီးပြားေရးမူဝါဒဆိုင္ရာ႐ုံးတြင္ ၫႊန္ၾကားေရးမႉးအျဖစ္ အာရွပစိဖိတ္ စီးပြားေရးပူးေပါင္းေဆာင္႐ြက္မႈအဖြဲ႕ (APEC) ႏွင့္ ေဒသတြင္း စီးပြားေရးမူဝါဒမ်ားႏွင့္ ပတ္သက္သည့္ အေမရိကန္အစိုးရ၏ ပါဝင္ေဆာင္႐ြက္မႈမ်ားအတြက္ တာဝန္ယူခဲ့ပါသည္။ ၂၀၁၄ မွ ၂၀၁၇ အထိ ဆူဗာရွိ အေမရိကန္သံ႐ုံးတြင္ သံ႐ုံး၏ဒုတိယအႀကီးအကဲျဖစ္ တာဝန္ထမ္းေဆာင္ခဲ့စဥ္က ေဒါက္ဂ္ဆြန္းနစ္ခ္သည္ ဖီဂ်ီ၊ ကီရီဘာတီ၊ နာအူ႐ူ၊ တြန္ဂါႏွင့္ တူဗာလူႏိုင္ငံမ်ားတြင္ အေမရိကန္ျပည္ေထာင္စု၏ စီးပြားေရး၊ ႏိုင္ငံေရးႏွင့္ လုံၿခဳံေရးဆိုင္ရာ အက်ိဳးစီးပြားမ်ားကို ျမႇင့္တင္ေပးခဲ့ပါသည္။ အေမရိကန္-ျမန္မာ ႏွစ္ႏိုင္ငံဆက္ဆံေရး အေျပာင္းအလဲမ်ား အရွိန္အဟုန္ျမင့္ခဲ့သည့္ ၂၀၁၁ မွ ၂၀၁၄ အထိ ကာလမ်ားတြင္ သူသည္ ရန္ကုန္ၿမိဳ႕ရွိ အေမရိကန္သံ႐ုံး၏ ႏိုင္ငံေရးႏွင့္ စီးပြားေရးဌာနကို ဦးေဆာင္ခဲ့ပါသည္။
၂၀၀၅ မွ ၂၀၀၇ ထိ ေဒါက္ဂ္သည္ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာန၏ ဗီယက္နမ္ဆိုင္ရာ စီးပြားေရးအရာရွိအျဖစ္ တာဝန္ထမ္းေဆာင္ခဲ့ၿပီး ၂၀၀၇ မွ ၂၀၁၀ အထိ ဟိုခ်ီမင္းၿမိဳ႕ရွိ အေမရိကန္ ေကာင္စစ္ဝန္ခ်ဳပ္႐ုံး၏ စီးပြားေရးဌာနကို ဦးေဆာင္ခဲ့ပါသည္။ ထိုငါးႏွစ္တာကာလအတြင္း အေမရိကန္-ဗီယက္နမ္ ႏွစ္ႏိုင္ငံ ကုန္သြယ္ေရးႏွင့္ရင္းႏွီးျမႇဳပ္ႏွံမႈမ်ား ဆယ္ဆအထိ တိုးတက္လာခဲ့ပါသည္။ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနတြင္ တာဝန္ထမ္းေဆာင္စဥ္ စီးပြားေရးႏွင့္ ရင္းႏွီးျမႇဳပ္ႏွံမႈဆိုင္ရာကိစၥရပ္မ်ားကို အထူးျပဳကိုင္တြယ္ရင္း သူသည္ ဆလိုေဗးနီးယားႏိုင္ငံ လူဘလီယာနာႏွင့္ တ႐ုတ္ႏိုင္ငံ ေပက်င္းၿမိဳ႕ရွိ အေမရိကန္သံ႐ုံးမ်ားတြင္ တာဝန္က်ခဲ့ၿပီး တ႐ုတ္ႏိုင္ငံ ရွန္႔ယန္းၿမိဳ႕ရွိ အေမရိကန္ေကာင္စစ္ဝန္႐ုံးတြင္လည္း တာဝန္ထမ္းေဆာင္ခဲ့ဖူးပါသည္။
ေဒါက္ဂ္သည္ ပိစ္ေကာစတနာ့ဝန္ထမ္းေဟာင္းတစ္ဦးလည္းျဖစ္ၿပီး ဗဟိုအာဖရိကသမၼတႏိုင္ငံႏွင့္ ပစိဖိတ္ေတာင္ပိုင္းကြၽန္းႏိုင္ငံတစ္ခုျဖစ္သည့္ န်ဴးေအးႏိုင္ငံတို႔တြင္ တာဝန္ထမ္းေဆာင္ခဲ့ဖူးပါသည္။ သူသည္ မင္နီဆိုတာျပည္နယ္၊ ေနာ့သ္ဖီးလ္ၿမိဳ႕ရွိ ကာလ္တန္ေကာလိပ္ေက်ာင္းဆင္းတစ္ဦးလည္းျဖစ္သည္။ ဇနီးျဖစ္သူ ဝင္နီ က သူႏွင့္အတူ ရန္ကုန္ၿမိဳ႕သို႔ လိုက္ပါလာခဲ့ပါသည္။ သူတို႔၏ သားသမီးႏွစ္ဦးမွာမူ တကၠသိုလ္တြင္ ပညာသင္ၾကားလ်က္ ရွိပါသည္။