KIA ၊ AA နှင့် PDF အဖွဲ့ ယာယီထိန်းချုပ်ခဲ့သည့် ဗန်းမော်မြို့ရှိ တပ်ဌာနချုပ်များ၊ တပ်စခန်းများနှင့် ရပ်ကွက်ကျေးရွာအချို့အား တပ်မတော် ပြန်လည်ထိန်းချုပ်

 402

Pearl (NP News) - စက်တင်ဘာ ၁၂
KIA ၊ AA နှင့် PDF ပူးပေါင်းအဖွဲ့သည် ဗန်းမော် - တာဆိုင်း - မြို့သစ် - လိုင်ဇာလမ်း ကြောင်း၊ ဗန်းမော် - မိုးမောက် - တာဆိုင်း - လိုင်ဇာလမ်းကြောင်း၊ ဗန်းမော် - မိုးမောက် - လွယ်ဂျယ်လမ်းကြောင်းများကို ထိန်းချုပ်နိုင်ရေးအတွက် ၂၀၂၄ ခုနှစ် မတ် လ ၇ ရက်မှစ၍ တရုတ်-မြန်မာ နှစ်နိုင်ငံကြားနယ်မြေထိစပ်လျက်ရှိသော ကချင်ပြည်နယ်အရှေ့ဘက်ရှိ နယ်မြေလုံခြုံရေးစခန်းများနှင့် ဒေါ့ဖုန်းယန်မြို့၊ မြို့သစ်မြို့၊ တာဆိုင်းရွာတို့ကို အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ယာယီထိန်းချုပ်ထားခဲ့ကြောင်း သိရသည်။
ယင်းနောက် မိုးမောက်မြို့ရှိ နယ်မြေခံလုံခြုံရေးတပ်ရင်းအား ၂၀၂၄ ခုနှစ် ဧပြီ လ ၂၄ ရက်မှစ၍ ဝင်ရောက်တိုက်ခိုက်ခဲ့ရာပြန်လည်ခုခံတိုက်ခိုက်မှုကြောင့် ၎င်းတို့အထိနာ၍ ဇွန်လ ၂၅ ရက်တွင် မိုးမောက်မြို့နှင့်အနီးဝန်းကျင်သို့ ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း သိရသည်။
ထို့နောက် ၂၀၂၄ ခုနှစ် ဇူလိုင် လ ၂၄ ရက်တွင် လက်နက်ကြီးများ၊ Drone များဖြင့် Drop Bomb များ ကြဲချတိုက်ခိုက်ခြင်း နှင့် မိုးမောက်မြို့ရှိ နယ်မြေခံတပ်ရင်းအား ထပ်မံ၍ သာလွန်အင်အားအသုံးပြု တိုက်ခိုက်လာမှုများကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးမှုအနည်း ဆုံးဖြစ်စေရန် ဗန်းမော်မြို့မှ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းခဲ့ရကြောင်း ထုတ်ပြန်ထားသည်။
တပ်မတော်စစ်ကြောင်းများသည် သြဂုတ် ၂ဝ ရက်တွင် မိုးမောက်မြို့အား ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်ပူးပေါင်းအဖွဲ့များ အထိနာခဲ့ကြောင်း သိရသည်။
မိုးမောက် မြို့သို့ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသော တပ်မတော်စစ်ကြောင်းများအား လက်နက်၊ ခဲယမ်း၊ ရိက္ခာများ အဓိကထောက်ပံ့ပေးလျက်ရှိသည့် ဗန်းမော်မြို့ရှိ လေယာဉ်ကွင်း၊ တပ်ရင်းဌာနချုပ် များအား ဖြတ်တောက်ရန် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၄ ရက်မှစ၍ နှစ်လအတွင်း ဗန်းမော်မြို့ အားအပြီးသိမ်းပိုက်ရန် ကြွေးကြော်လျက် ဗန်းမော်မြို့တွင်းသို့ တောင်ဘက်နှင့် မြောက်ဘက် နှစ်ဖက်ညှပ်၍ တပ်မဟာ အလိုက်အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ဗန်းမော်မြို့ရှိ ပြည်သူလူထုအချို့အနေဖြင့် နေရပ်စွန့်ခွာထွက်ပြေး၍ ဘေးလွတ်ရာသို့ တိမ်းရှောင်နေခဲ့ရကြောင်း သိရသည်။
အလားတူ မံစီမြို့အား အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်၍ ခေတ္တစိုးမိုးထားသည့် အကြမ်းဖက်အဖွဲ့များသည်လည်း မံစီ - ဗန်းမော်လမ်းကြောင်းအတိုင်း ထိုးစစ်ဆင်တိုက်ခိုက်လာခဲ့ရာ ဗန်းမော်မြို့တောင်ဘက်ရှိ နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ထိတွေ့မှုများဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထို့နောက် အကြမ်းဖက်ပူးပေါင်းအဖွဲ့များအနေဖြင့် ဗန်းမော်မြို့အား အင်အားအလုံးအရင်းဖြင့် စဉ်ဆက်မပြတ်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သော်လည်း ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှ ၂၀၂၅ ခုနှစ် ဇူလိုင်လအထိ ရှစ်လတိုင်တိုင် ခုခံမှုများကြောင့် အကြမ်းဖက်အဖွဲ့များ၏ ဗန်းမော်မြို့အား အလုံးစုံရရှိနိုင်ရေး စစ်ရေးအိပ်မက်မှာ ရပ်တန့်သွားခဲ့ရကြောင်း ထုတ်ပြန်ထားသည်။
ယင်းနောက် ၂၀၂၅ ခုနှစ်၊ သြဂုတ်လ ၄ ရက်မှစ၍ စစ်ကြောင်း ခုနစ်ကြောင်းဖြင့် စုဖွဲ့ချီတက်ခဲ့ ရာတွင် ဗန်းမော်မြို့ အရှေ့မြောက်ဘက်ရှိ ဗန်းမော်တက္ကသိုလ်နေရာမှတစ်ဆင့် နမ့်ဖားကျေးရွာရှိစခန်းအား စစ်ကြောင်းတစ်ကြောင်းဖြင့် ချီတက်သိမ်းပိုက်ခဲ့ပြီး ၎င်းစစ်ကြောင်းသည် ဗန်းမော်မြို့သို့ ဆက်လက်ဦးတည်ချီတက်၍လည်းကောင်း၊ ဗန်းမော်မြို့မြောက်ဘက်ရှိ နောင်ခိုရပ်ကွက်၊ မင်းလှရပ်ကွက်တို့အား စစ်ကြောင်းတစ်ကြောင်းဖြင့် ချီတက်၍လည်းကောင်း၊ ဗန်းမော်မြို့မြောက်ဘက်ရှိ အကြမ်းဖက်သမားများ ခေတ္တစိုးမိုးထားသည့် နယ်မြေခံတပ်ဌာနချုပ် လေးခု၊ တပ်စခန်းတစ်ခုနှင့် လေဆိပ်နေရာတို့အား အရှေ့ဘက်မှ စစ်ကြောင်း သုံးကြောင်း နှင့် နမ်းဖားစခန်းအား သိမ်းပိုက်ပြီး ဗန်းမော်မြို့သို့ ဦးတည်လာသည့် စစ်ကြောင်း တစ်ကြောင်းတို့မှ နှစ်ဖက်ညှပ်၍လည်းကောင်း၊ ပင်စင်ကုန်းရပ်ကွက်၊ ညောင်ပင်ရပ်ကွက်၊ ခွန်သာရပ်ကွက်နှင့် သာစည်ရပ်ကွက်အတွင်းရှိ ဒေသအခေါ် ကချင်စုနေရာတို့အား စစ်ကြောင်း နှစ်ကြောင်းဖြင့်လည်းကောင်း တန်ပြန်တိုက်စစ်များ အရှိန်အဟုန်မြှင့်၍ အဆင့်ဆင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ အဆင့်ဆင့်တိုက်ခိုက်ချေမှုန်းနိုင်ခဲ့သဖြင့် ၂၀၂၅ ခုနှစ် သြဂုတ်လ ၄ ရက်မှ စက်တင်ဘာ ၁၁ ရက်အတွင်း အကြမ်းဖက်ပေါင်းအဖွဲ့များ ခေတ္တစိုးမိုးထားသည့် နေရာတို့အား အလုံးစုံပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရသည်။
စစ်ဆင်ရေးကာလ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၄ ရက်မှ ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၁၁ ရက်အတွင်း အကြမ်းဖက်သောင်းကျန်းသူများနှင့် တိုက်ပွဲကြီး ၁၆ ကြိမ်၊ ထိတွေ့မှုပေါင်း အကြိမ် ၄၉၀ ဖြစ်ပွားခဲ့ပြီး ရန်သူ့ထံမှ အလောင်း ၁၆၃ လောင်း၊ လက်နက်မျိုးစုံ ၁၇၈ လက်နှင့် ဆက်စပ်ပစ္စည်းများ သိမ်းပိုက်ရရှိခဲ့သည်။ အဆိုပါတိုက်ပွဲများတွင် အကြမ်းဖက်ပေါင်းအဖွဲ့များအနေဖြင့် သေဆုံးသူ ၄၆၁၆ ဦးခန့်နှင့် ဒဏ်ရာရရှိသူ ၄၉၈၃ ဦးခန့် ရှိခဲ့ကြောင်း သီးခြားသတင်းရင်းမြစ်များအရ သိရှိရပြီး မိမိဘက်မှ အရာရှိ/စစ်သည်အချို့ နိုင်ငံတော်နှင့် တပ်မတော်အတွက် မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရကြောင်းလည်း သိရသည်။
အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် အထိအခိုက်အကျအဆုံး များပြားလာသည့်အတွက် လက်နက်ခဲယမ်း၊ ဆက်စပ်ပစ္စည်းများနှင့်အတူ တပ်မတော်စစ်ကြောင်းများထံသို့ အလင်းဝင်ရောက်မှုများလည်းရှိကြောင်း နှင့် တပ်မတော်စစ်ကြောင်းများအနေဖြင့် ဗန်းမော်မြို့အတွင်း ကျန်ရှိနေသည့် အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များအား ဆက်လက်နယ်မြေရှင်းလင်းသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

Zawgyi Version:
KIA ၊ AA ႏွင့္ PDF အဖြဲ႕ ယာယီထိန္းခ်ဳပ္ခဲ့သည့္ ဗန္းေမာ္ၿမိဳ႕ရွိ တပ္ဌာနခ်ဳပ္မ်ား၊ တပ္စခန္းမ်ားႏွင့္ ရပ္ကြက္ေက်း႐ြာအခ်ိဳ႕အား တပ္မေတာ္ ျပန္လည္ထိန္းခ်ဳပ္
Pearl (NP News) - စက္တင္ဘာ ၁၂
KIA ၊ AA ႏွင့္ PDF ပူးေပါင္းအဖြဲ႕သည္ ဗန္းေမာ္ - တာဆိုင္း - ၿမိဳ႕သစ္ - လိုင္ဇာလမ္း ေၾကာင္း၊ ဗန္းေမာ္ - မိုးေမာက္ - တာဆိုင္း - လိုင္ဇာလမ္းေၾကာင္း၊ ဗန္းေမာ္ - မိုးေမာက္ - လြယ္ဂ်ယ္လမ္းေၾကာင္းမ်ားကို ထိန္းခ်ဳပ္ႏိုင္ေရးအတြက္ ၂၀၂၄ ခုႏွစ္ မတ္ လ ၇ ရက္မွစ၍ တ႐ုတ္-ျမန္မာ ႏွစ္ႏိုင္ငံၾကားနယ္ေျမထိစပ္လ်က္ရွိေသာ ကခ်င္ျပည္နယ္အေရွ႕ဘက္ရွိ နယ္ေျမလုံၿခဳံေရးစခန္းမ်ားႏွင့္ ေဒါ့ဖုန္းယန္ၿမိဳ႕၊ ၿမိဳ႕သစ္ၿမိဳ႕၊ တာဆိုင္း႐ြာတို႔ကို အင္အားအလုံးအရင္းျဖင့္ ဝင္ေရာက္တိုက္ခိုက္ခဲ့ၿပီး ယာယီထိန္းခ်ဳပ္ထားခဲ့ေၾကာင္း သိရသည္။
ယင္းေနာက္ မိုးေမာက္ၿမိဳ႕ရွိ နယ္ေျမခံလုံၿခဳံေရးတပ္ရင္းအား ၂၀၂၄ ခုႏွစ္ ဧၿပီ လ ၂၄ ရက္မွစ၍ ဝင္ေရာက္တိုက္ခိုက္ခဲ့ရာျပန္လည္ခုခံတိုက္ခိုက္မႈေၾကာင့္ ၎တို႔အထိနာ၍ ဇြန္လ ၂၅ ရက္တြင္ မိုးေမာက္ၿမိဳ႕ႏွင့္အနီးဝန္းက်င္သို႔ ျပန္လည္ဆုတ္ခြာသြားခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ ၂၀၂၄ ခုႏွစ္ ဇူလိုင္ လ ၂၄ ရက္တြင္ လက္နက္ႀကီးမ်ား၊ Drone မ်ားျဖင့္ Drop Bomb မ်ား ႀကဲခ်တိုက္ခိုက္ျခင္း ႏွင့္ မိုးေမာက္ၿမိဳ႕ရွိ နယ္ေျမခံတပ္ရင္းအား ထပ္မံ၍ သာလြန္အင္အားအသုံးျပဳ တိုက္ခိုက္လာမႈမ်ားေၾကာင့္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ား ထိခိုက္က်ဆုံးမႈအနည္း ဆုံးျဖစ္ေစရန္ ဗန္းေမာ္ၿမိဳ႕မွ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားႏွင့္ ပူးေပါင္းခဲ့ရေၾကာင္း ထုတ္ျပန္ထားသည္။
တပ္မေတာ္စစ္ေၾကာင္းမ်ားသည္ ၾသဂုတ္ ၂ဝ ရက္တြင္ မိုးေမာက္ၿမိဳ႕အား ျပန္လည္ထိုးစစ္ဆင္တိုက္ခိုက္ခဲ့ရာ အၾကမ္းဖက္ပူးေပါင္းအဖြဲ႕မ်ား အထိနာခဲ့ေၾကာင္း သိရသည္။
မိုးေမာက္ ၿမိဳ႕သို႔ ထိုးစစ္ဆင္တိုက္ခိုက္လ်က္ရွိေသာ တပ္မေတာ္စစ္ေၾကာင္းမ်ားအား လက္နက္၊ ခဲယမ္း၊ ရိကၡာမ်ား အဓိကေထာက္ပံ့ေပးလ်က္ရွိသည့္ ဗန္းေမာ္ၿမိဳ႕ရွိ ေလယာဥ္ကြင္း၊ တပ္ရင္းဌာနခ်ဳပ္ မ်ားအား ျဖတ္ေတာက္ရန္ ၂၀၂၄ ခုႏွစ္ ဒီဇင္ဘာလ ၄ ရက္မွစ၍ ႏွစ္လအတြင္း ဗန္းေမာ္ၿမိဳ႕ အားအၿပီးသိမ္းပိုက္ရန္ ေႂကြးေၾကာ္လ်က္ ဗန္းေမာ္ၿမိဳ႕တြင္းသို႔ ေတာင္ဘက္ႏွင့္ ေျမာက္ဘက္ ႏွစ္ဖက္ညႇပ္၍ တပ္မဟာ အလိုက္အင္အားအလုံးအရင္းျဖင့္ ဝင္ေရာက္တိုက္ခိုက္ခဲ့ရာ ဗန္းေမာ္ၿမိဳ႕ရွိ ျပည္သူလူထုအခ်ိဳ႕အေနျဖင့္ ေနရပ္စြန႔္ခြာထြက္ေျပး၍ ေဘးလြတ္ရာသို႔ တိမ္းေရွာင္ေနခဲ့ရေၾကာင္း သိရသည္။
အလားတူ မံစီၿမိဳ႕အား အင္အားအလုံးအရင္းျဖင့္ ဝင္ေရာက္တိုက္ခိုက္၍ ေခတၱစိုးမိုးထားသည့္ အၾကမ္းဖက္အဖြဲ႕မ်ားသည္လည္း မံစီ - ဗန္းေမာ္လမ္းေၾကာင္းအတိုင္း ထိုးစစ္ဆင္တိုက္ခိုက္လာခဲ့ရာ ဗန္းေမာ္ၿမိဳ႕ေတာင္ဘက္ရွိ နယ္ေျမခံလုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားႏွင့္ ထိေတြ႕မႈမ်ားျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ အၾကမ္းဖက္ပူးေပါင္းအဖြဲ႕မ်ားအေနျဖင့္ ဗန္းေမာ္ၿမိဳ႕အား အင္အားအလုံးအရင္းျဖင့္ စဥ္ဆက္မျပတ္ထိုးစစ္ဆင္တိုက္ခိုက္ခဲ့ေသာ္လည္း ၂၀၂၄ ခုႏွစ္ ဒီဇင္ဘာလမွ ၂၀၂၅ ခုႏွစ္ ဇူလိုင္လအထိ ရွစ္လတိုင္တိုင္ ခုခံမႈမ်ားေၾကာင့္ အၾကမ္းဖက္အဖြဲ႕မ်ား၏ ဗန္းေမာ္ၿမိဳ႕အား အလုံးစုံရရွိႏိုင္ေရး စစ္ေရးအိပ္မက္မွာ ရပ္တန႔္သြားခဲ့ရေၾကာင္း ထုတ္ျပန္ထားသည္။
ယင္းေနာက္ ၂၀၂၅ ခုႏွစ္၊ ၾသဂုတ္လ ၄ ရက္မွစ၍ စစ္ေၾကာင္း ခုနစ္ေၾကာင္းျဖင့္ စုဖြဲ႕ခ်ီတက္ခဲ့ ရာတြင္ ဗန္းေမာ္ၿမိဳ႕ အေရွ႕ေျမာက္ဘက္ရွိ ဗန္းေမာ္တကၠသိုလ္ေနရာမွတစ္ဆင့္ နမ့္ဖားေက်း႐ြာရွိစခန္းအား စစ္ေၾကာင္းတစ္ေၾကာင္းျဖင့္ ခ်ီတက္သိမ္းပိုက္ခဲ့ၿပီး ၎စစ္ေၾကာင္းသည္ ဗန္းေမာ္ၿမိဳ႕သို႔ ဆက္လက္ဦးတည္ခ်ီတက္၍လည္းေကာင္း၊ ဗန္းေမာ္ၿမိဳ႕ေျမာက္ဘက္ရွိ ေနာင္ခိုရပ္ကြက္၊ မင္းလွရပ္ကြက္တို႔အား စစ္ေၾကာင္းတစ္ေၾကာင္းျဖင့္ ခ်ီတက္၍လည္းေကာင္း၊ ဗန္းေမာ္ၿမိဳ႕ေျမာက္ဘက္ရွိ အၾကမ္းဖက္သမားမ်ား ေခတၱစိုးမိုးထားသည့္ နယ္ေျမခံတပ္ဌာနခ်ဳပ္ ေလးခု၊ တပ္စခန္းတစ္ခုႏွင့္ ေလဆိပ္ေနရာတို႔အား အေရွ႕ဘက္မွ စစ္ေၾကာင္း သုံးေၾကာင္း ႏွင့္ နမ္းဖားစခန္းအား သိမ္းပိုက္ၿပီး ဗန္းေမာ္ၿမိဳ႕သို႔ ဦးတည္လာသည့္ စစ္ေၾကာင္း တစ္ေၾကာင္းတို႔မွ ႏွစ္ဖက္ညႇပ္၍လည္းေကာင္း၊ ပင္စင္ကုန္းရပ္ကြက္၊ ေညာင္ပင္ရပ္ကြက္၊ ခြန္သာရပ္ကြက္ႏွင့္ သာစည္ရပ္ကြက္အတြင္းရွိ ေဒသအေခၚ ကခ်င္စုေနရာတို႔အား စစ္ေၾကာင္း ႏွစ္ေၾကာင္းျဖင့္လည္းေကာင္း တန္ျပန္တိုက္စစ္မ်ား အရွိန္အဟုန္ျမႇင့္၍ အဆင့္ဆင့္ ေဆာင္႐ြက္ခဲ့ေၾကာင္း သိရသည္။
ထိုသို႔ အဆင့္ဆင့္တိုက္ခိုက္ေခ်မႈန္းႏိုင္ခဲ့သျဖင့္ ၂၀၂၅ ခုႏွစ္ ၾသဂုတ္လ ၄ ရက္မွ စက္တင္ဘာ ၁၁ ရက္အတြင္း အၾကမ္းဖက္ေပါင္းအဖြဲ႕မ်ား ေခတၱစိုးမိုးထားသည့္ ေနရာတို႔အား အလုံးစုံျပန္လည္ထိန္းခ်ဳပ္ႏိုင္ခဲ့ေၾကာင္း သိရသည္။
စစ္ဆင္ေရးကာလ ၂၀၂၄ ခုႏွစ္ ဒီဇင္ဘာလ ၄ ရက္မွ ၂၀၂၅ ခုႏွစ္ စက္တင္ဘာလ ၁၁ ရက္အတြင္း အၾကမ္းဖက္ေသာင္းက်န္းသူမ်ားႏွင့္ တိုက္ပြဲႀကီး ၁၆ ႀကိမ္၊ ထိေတြ႕မႈေပါင္း အႀကိမ္ ၄၉၀ ျဖစ္ပြားခဲ့ၿပီး ရန္သူ႔ထံမွ အေလာင္း ၁၆၃ ေလာင္း၊ လက္နက္မ်ိဳးစုံ ၁၇၈ လက္ႏွင့္ ဆက္စပ္ပစၥည္းမ်ား သိမ္းပိုက္ရရွိခဲ့သည္။ အဆိုပါတိုက္ပြဲမ်ားတြင္ အၾကမ္းဖက္ေပါင္းအဖြဲ႕မ်ားအေနျဖင့္ ေသဆုံးသူ ၄၆၁၆ ဦးခန႔္ႏွင့္ ဒဏ္ရာရရွိသူ ၄၉၈၃ ဦးခန႔္ ရွိခဲ့ေၾကာင္း သီးျခားသတင္းရင္းျမစ္မ်ားအရ သိရွိရၿပီး မိမိဘက္မွ အရာရွိ/စစ္သည္အခ်ိဳ႕ ႏိုင္ငံေတာ္ႏွင့္ တပ္မေတာ္အတြက္ ျမင့္ျမတ္စြာ အသက္ေပးလႉခဲ့ရေၾကာင္းလည္း သိရသည္။
အၾကမ္းဖက္ေသာင္းက်န္းသူမ်ားအေနျဖင့္ အထိအခိုက္အက်အဆုံး မ်ားျပားလာသည့္အတြက္ လက္နက္ခဲယမ္း၊ ဆက္စပ္ပစၥည္းမ်ားႏွင့္အတူ တပ္မေတာ္စစ္ေၾကာင္းမ်ားထံသို႔ အလင္းဝင္ေရာက္မႈမ်ားလည္းရွိေၾကာင္း ႏွင့္ တပ္မေတာ္စစ္ေၾကာင္းမ်ားအေနျဖင့္ ဗန္းေမာ္ၿမိဳ႕အတြင္း က်န္ရွိေနသည့္ အၾကမ္းဖက္ေသာင္းက်န္းသူပူးေပါင္းအဖြဲ႕မ်ားအား ဆက္လက္နယ္ေျမရွင္းလင္းသြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.