ယခုဘဏ္ဍာနှစ်(၅)လအတွင်း ပြည်ပသို့ ငါးတန်ချိန်တစ်သိန်းကျော်တင်ပို့ခဲ့

181

NP News - စက်တင်ဘာ ၁၁
ယခု ၂၀၂၅-၂ဝ၂၆ ဘဏ္ဍာနှစ် ဧပြီလမှ ဩဂုတ်လကုန်အထိ (၅)လကြာကာလအတွင်း ပြည်ပသို့ ငါးတန်ချိန်ပေါင်း တစ်သိန်းကျော် တင်ပို့ပြီး အမေရိကန်ဒေါ်လာ သန်း ၁၂၀ကျော် ခန့်ရရှိခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
အဆိုပါ (၅)လတာကာလအတွင်း ပြည်ပသို့ ပုံမှန်ကုန်သွယ်မှုမှ ငါးမက်ထရစ်တန် ၅၇၈၁၉ ဒသမ ၁၇၉ တန် တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၈၅ ဒသမ ၅၄၉ သန်း၊ နယ်စပ်ကုန်သွယ်မှုမှ ငါးမက်ထရစ်တန် ၅၀၉၁၄ ဒသမ ဝ၉၅ တန်တင်ပို့ပြီး အမေရိကန်ဒေါ်လာ ၄၂ ဒသမ ၃၁ သန်းရရှိသည့်အတွက် စုစုပေါင်းငါးမက်ထရစ်တန် ၁၀၈၇၃၃ ဒသမ ၂၇၄ တန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၂၇ ဒသမ ၈၅၉ သန်းရရှိခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံမှ ပြည်ပသို့ ငါးအပါအဝင်တခြားရေထွက်ကုန်ပစ္စည်းများကို တင်ပို့လျက်ရှိရာ ယခုဘဏ္ဍာနှစ် (၅)လ တာကာလအတွင်း ရေထွက်ကုန်တင်ပို့မှုအနေဖြင့် မက်ထရစ်တန် ၁၅၃၉၂၆ ဒသမ၃၃၉ တန်တင်ပို့နိုင်ခဲ့ သည်။
မြန်မာနိုင်ငံမှ ပုစွန် အပါအဝင် ငါး စသည့် ရေထွက်ကုန်များကို တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ ဂျပန် စသည့် နိုင်ငံပေါင်း ၄၀ ကျော်သို့ တင်ပို့လျက်ရှိပြီး ရန်ကုန်မြို့မှတစ်ဆင့် ပုံမှန်တင်ပို့သည့်အပြင် နယ်စပ် ကုန်သွယ်ရေး မှလည်း တိုက်ရိုက်တင်ပို့မှုရှိကြောင်း သိရသည်။
Zawgyi Version:
ယခုဘ႑ာႏွစ္(၅)လအတြင္း ျပည္ပသို႔ ငါးတန္ခ်ိန္တစ္သိန္းေက်ာ္တင္ပို႔ခဲ့
NP News - စက္တင္ဘာ ၁၁
ယခု ၂၀၂၅-၂ဝ၂၆ ဘ႑ာႏွစ္ ဧၿပီလမွ ဩဂုတ္လကုန္အထိ (၅)လၾကာကာလအတြင္း ျပည္ပသို႔ ငါးတန္ခ်ိန္ေပါင္း တစ္သိန္းေက်ာ္ တင္ပို႔ၿပီး အေမရိကန္ေဒၚလာ သန္း ၁၂၀ေက်ာ္ ခန႔္ရရွိခဲ့ေၾကာင္း ငါးလုပ္ငန္းဦးစီးဌာနမွ သိရသည္။
အဆိုပါ (၅)လတာကာလအတြင္း ျပည္ပသို႔ ပုံမွန္ကုန္သြယ္မႈမွ ငါးမက္ထရစ္တန္ ၅၇၈၁၉ ဒသမ ၁၇၉ တန္ တင္ပို႔ၿပီး အေမရိကန္ေဒၚလာ ၈၅ ဒသမ ၅၄၉ သန္း၊ နယ္စပ္ကုန္သြယ္မႈမွ ငါးမက္ထရစ္တန္ ၅၀၉၁၄ ဒသမ ဝ၉၅ တန္တင္ပို႔ၿပီး အေမရိကန္ေဒၚလာ ၄၂ ဒသမ ၃၁ သန္းရရွိသည့္အတြက္ စုစုေပါင္းငါးမက္ထရစ္တန္ ၁၀၈၇၃၃ ဒသမ ၂၇၄ တန္တင္ပို႔မႈမွ အေမရိကန္ေဒၚလာ ၁၂၇ ဒသမ ၈၅၉ သန္းရရွိခဲ့ေၾကာင္း သိရသည္။
ျမန္မာႏိုင္ငံမွ ျပည္ပသို႔ ငါးအပါအဝင္တျခားေရထြက္ကုန္ပစၥည္းမ်ားကို တင္ပို႔လ်က္ရွိရာ ယခုဘ႑ာႏွစ္ (၅)လ တာကာလအတြင္း ေရထြက္ကုန္တင္ပို႔မႈအေနျဖင့္ မက္ထရစ္တန္ ၁၅၃၉၂၆ ဒသမ၃၃၉ တန္တင္ပို႔ႏိုင္ခဲ့ သည္။
ျမန္မာႏိုင္ငံမွ ပုစြန္ အပါအဝင္ ငါး စသည့္ ေရထြက္ကုန္မ်ားကို တ႐ုတ္၊ ထိုင္း၊ ဘဂၤလားေဒ့ရွ္၊ ဂ်ပန္ စသည့္ ႏိုင္ငံေပါင္း ၄၀ ေက်ာ္သို႔ တင္ပို႔လ်က္ရွိၿပီး ရန္ကုန္ၿမိဳ႕မွတစ္ဆင့္ ပုံမွန္တင္ပို႔သည့္အျပင္ နယ္စပ္ ကုန္သြယ္ေရး မွလည္း တိုက္႐ိုက္တင္ပို႔မႈရွိေၾကာင္း သိရသည္။