တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုကို ယွမ်ဖြင့်ပြုလုပ်နိုင်ရေး အမြန်ဆုံးဆောင်ရွက်သွားမည်

 758

ပီယ (NP News) - စက်တင်ဘာ ၁၃
တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုကို ယွမ်ဖြင့်ပြုလုပ်နိုင်ရေး အမြန်ဆုံးဆောင်ရွက်သွားမည် ဖြစ်ကြောင်း စက်တင်ဘာလ ၁၂ ရက်က ပြုလုပ်သော နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်နှင့် ပြည်ထောင်စုအစိုးရအဖွဲ့တို့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောကြားသည်။
ရင်းနှီးမြှုပ်နှံမှုအတွက် တရုတ်နိုင်ငံမှ လာရောက်ရင်းနှီးမြှုပ်နှံလိုသူများအနေဖြင့် တရုတ်ယွမ်ငွေဖြင့် ရင်းနှီးမြှုပ်နှံ လိုကြသည်ကို သိရှိခဲ့ရကြောင်း၊ ကုန်သွယ်မှုတွင်လည်း ယွမ်နှင့်ကျပ် တိုက်ရိုက်ပေးချေခြင်းများကို ဆောင်ရွက် လျက်ရှိကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုပမာဏများစွာရှိကြောင်း၊ ရင်းနှီးမြှပ်နှံမှု လုပ်ငန်းများကို ဒေါ်လာဖြင့်သာမက ယွမ်နှင့်ပါ ဆောင်ရွက်နိုင်မည်ဆိုပါက ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးတက်လာပြီး နိုင်ငံအတွက် များစွာအကျိုးရှိမည်ဖြစ်ကြောင်း၊ ထို့ကြောင့် တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုကို ယွမ်ဖြင့်ပြုလုပ်နိုင် ရေး အမြန်ဆုံးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် စီးပွားရေးမြှင့်တင်မှုများ ဆောင်ရွက်နိုင်မည် ဆိုပါက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို များစွာဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ တိုးတက်လာစေရေးအတွက် ဝန်ကြီးဌာနများအလိုက် အလေးထားဆောင်ရွက်သွားကြရန်လို ကြောင်း ပြောကြားသည်။
တရုတ်နိုင်ငံနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ မြန်ဆန်တိုးတက်စေရေး နှစ်ဖက်စီးပွားရေးလုပ်ငန်းရှင်များပါဝင်သည့် မြန်မာ-တရုတ်ကုန်သွယ်မှုနှင့် ရင်နှီးမြှုပ်နှံမှုမြှင့်တင်ရေးအသင်းကို ဖွဲ့စည်းဆောင်ရွက်ရန် ပြောကြားထားပြီးဖြစ် ကြောင်း၊ တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုမြှင့်တင်နိုင်ရန်အတွက် စိုက်ပျိုးမွေးမြူရေးထွက် ကုန်ပစ္စည်းများ ပိုမို တိုးတက်အောင် ထုတ်လုပ်နိုင်ရန်လိုကြောင်းလည်း ပြောကြားသည်။
မိမိတို့နိုင်ငံ၏ ပြည်ပပို့ကုန်ကဏ္ဍအား အချိန်ယူလေ့လာကြည့်ရာတွင် လမ်းစဉ်ပါတီခေတ်၌ လယ်ယာထွက်ကုန် ၅၀ ရာခိုင်နှုန်းခန့်ရှိပြီး နဝတခေတ်တွင် လယ်ယာထွက်ကုန် ၃၀ ရာခိုင်နှုန်းကျော်ခန့်ရှိကြောင်း၊ သစ်တော ထွက်ပစ္စည်း၊ ရေထွက်နှင့်တွင်းထွက်ပစ္စည်းများ ပိုမိုများပြားသည်ကိုတွေ့ရကြောင်း၊ နယကခေတ်တွင် လယ်ယာ ထွက်ကုန်များကို ၂၀ ရာခိုင်နှုန်းပတ်ဝန်းကျင်ခန့်သာရှိကြောင်း၊ ဒီမိုကရေစီအစိုးရ သက်တမ်းနှစ်ခုတွင်လည်း လယ်ယာထွက်ကုန်များကို ၂၀ ရာခိုင်နှုန်း ပတ်ဝန်းကျင်ခန့်သာ တင်ပို့နိုင်ခဲ့ကြောင်း၊ မိမိတို့အစိုးရသက်တမ်း ကာလတွင် လယ်ယာထွက်ကုန်များကို ၃၉ ရာခိုင်နှုန်းခန့် တင်ပို့နိုင်ခဲ့ကြောင်း၊ မိမိတို့နိုင်ငံတွင် ထုတ်ကုန်ပစ္စည်း များထက် သယံဇာတပစ္စည်းများနှင့် CMP ထုတ်ကုန်ပစ္စည်းများ ပိုမိုတင်ပို့နိုင်သည်ကိုတွေ့ရကြောင်း၊ မိမိတို့နိုင်ငံသည် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် နိုင်ငံဖြစ်၍ လယ်ယာထွက်ကုန်ပစ္စည်းများကို ယခုထက် ပိုမိုတင်ပို့နိုင်ရန်လိုကြောင်း ပြောကြားသည်။
မိမိတို့အစိုးရ၏ ၅ နှစ်တာကာလအတွင်း ကုန်သွယ်မှု ပိုငွေ ဒေါ်လာ ၂ ဘီလီယံကျော်ခန့်ရှိသည်ကို တွေ့ရကြောင်း၊ သို့သော်ယခုထက်ပိုမို၍ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကို ထုတ်လုပ်တင်ပို့နိုင်မည်ဆိုပါက ကုန်သွယ်မှုပိုငွေ များ ပိုမိုတိုးတက်လာမည်ဖြစ်ပြီး နိုင်ငံစီးပွားရေးအတွက်များစွာအကျိုးဖြစ်ထွန်းစေ မည်ဖြစ်ကြောင်း၊ မိမိအနေ ဖြင့် ၂၀၂၂ ခုနှစ်မှစတင်၍ နိုင်ငံအတွင်း စားသုံးဆီများလုံလောက်စွာ ထုတ်လုပ်နိုင်ရေး တိုက်တွန်းပြောကြားခဲ့သော် လည်း ယခုအချိန်အထိ လုံလောက်မှုမရှိသေးကြောင်း၊ ထို့ကြောင့် စားသုံးဆီများကို ပြည်ပမှတင်သွင်းနေရပြီး နှစ်စဉ်နိုင်ငံခြားငွေများ ကုန်ကျလျက်ရှိကြောင်း၊ မိမိတို့နိုင်ငံမှထွက်ရှိသည့် ဆီထွက်သီးနှံများကို တစ်ဧက အထွက်နှုန်းပြည့်မီအောင် စိုက်ပျိုးနိုင်မည်၊ နေကြာစိုက်ပျိုးရေးကို တိုးချဲ့စိုက်ပျိုးနိုင်မည်ဆိုပါက ပြည်တွင်း စားသုံးဆီများ ဖူလုံမှုရှိလာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဆီထွက်သီးနှံများစိုက်ပျိုးသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့် အလေးထားဆောင်ရွက်သွားရန်လိုကြောင်းလည်း မှာကြားသည်။
ထုတ်ကုန်များ ပိုမိုတိုးတက်ထုတ်လုပ်ပြီး ပြည်ပသို့တင်ပို့နိုင်မည်ဆိုပါက နိုင်ငံအတွက် နိုင်ငံခြားငွေများရရှိနိုင်ပြီး ပြည်သူများ၏ လူမှုစီးပွားဘဝများများစွာတိုးတက်လာမည်ဖြစ်ကြောင်း၊ ပြည်ပမှတင်သွင်းနေရသည့် ပြည်တွင်း ထုတ်လုပ်နိုင်သည့် ကုန်ပစ္စည်းများကို ပြည်တွင်း၌ လုံလောက်စွာထုတ်လုပ်၍ ပြည်ပသွင်းကုန်များ အစားထိုး နိုင်ရန် လိုကြောင်း၊ ထို့ကြောင့် နိုင်ငံ့စီးပွားရေးမြှင့်တင်မှုအတွက် အားလုံးက အလေးထားဆောင်ရွက်သွားကြ ရန်လိုကြောင်း ပြောကြားသည်။

Zawgyi Version:
တ႐ုတ္ႏိုင္ငံမွ ရင္းႏွီးျမႇဳပ္ႏွံမႈကို ယြမ္ျဖင့္ျပဳလုပ္ႏိုင္ေရး အျမန္ဆုံးေဆာင္႐ြက္သြားမည္
ပီယ (NP News) - စက္တင္ဘာ ၁၃
တ႐ုတ္ႏိုင္ငံမွ ရင္းႏွီးျမႇဳပ္ႏွံမႈကို ယြမ္ျဖင့္ျပဳလုပ္ႏိုင္ေရး အျမန္ဆုံးေဆာင္႐ြက္သြားမည္ ျဖစ္ေၾကာင္း စက္တင္ဘာလ ၁၂ ရက္က ျပဳလုပ္ေသာ ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္ႏွင့္ ျပည္ေထာင္စုအစိုးရအဖြဲ႕တို႔၏ လုပ္ငန္းညႇိႏႈိင္းအစည္းအေဝးတြင္ ယာယီသမၼတ ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာသာယာေရးေကာ္မရွင္ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ က ေျပာၾကားသည္။
ရင္းႏွီးျမႇဳပ္ႏွံမႈအတြက္ တ႐ုတ္ႏိုင္ငံမွ လာေရာက္ရင္းႏွီးျမႇဳပ္ႏွံလိုသူမ်ားအေနျဖင့္ တ႐ုတ္ယြမ္ေငြျဖင့္ ရင္းႏွီးျမႇဳပ္ႏွံ လိုၾကသည္ကို သိရွိခဲ့ရေၾကာင္း၊ ကုန္သြယ္မႈတြင္လည္း ယြမ္ႏွင့္က်ပ္ တိုက္႐ိုက္ေပးေခ်ျခင္းမ်ားကို ေဆာင္႐ြက္ လ်က္ရွိေၾကာင္း၊ မိမိတို႔ႏိုင္ငံအေနျဖင့္ တ႐ုတ္ႏိုင္ငံႏွင့္ ကုန္သြယ္မႈပမာဏမ်ားစြာရွိေၾကာင္း၊ ရင္းႏွီးျမႇပ္ႏွံမႈ လုပ္ငန္းမ်ားကို ေဒၚလာျဖင့္သာမက ယြမ္ႏွင့္ပါ ေဆာင္႐ြက္ႏိုင္မည္ဆိုပါက ရင္းႏွီးျမႇဳပ္ႏွံမႈမ်ား ပိုမိုတိုးတက္လာၿပီး ႏိုင္ငံအတြက္ မ်ားစြာအက်ိဳးရွိမည္ျဖစ္ေၾကာင္း၊ ထို႔ေၾကာင့္ တ႐ုတ္ႏိုင္ငံမွ ရင္းႏွီးျမႇဳပ္ႏွံမႈကို ယြမ္ျဖင့္ျပဳလုပ္ႏိုင္ ေရး အျမန္ဆုံးေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း၊ မိမိတို႔အေနျဖင့္ စီးပြားေရးျမႇင့္တင္မႈမ်ား ေဆာင္႐ြက္ႏိုင္မည္ ဆိုပါက ႏိုင္ငံဖြံ႕ၿဖိဳးတိုးတက္ေရးလုပ္ငန္းမ်ားကို မ်ားစြာေဆာင္႐ြက္ႏိုင္မည္ျဖစ္ေၾကာင္း၊ ထို႔ေၾကာင့္ ရင္းႏွီးျမႇဳပ္ႏွံမႈ လုပ္ငန္းမ်ား တိုးတက္လာေစေရးအတြက္ ဝန္ႀကီးဌာနမ်ားအလိုက္ အေလးထားေဆာင္႐ြက္သြားၾကရန္လို ေၾကာင္း ေျပာၾကားသည္။
တ႐ုတ္ႏိုင္ငံႏွင့္ ရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္းမ်ား ျမန္ဆန္တိုးတက္ေစေရး ႏွစ္ဖက္စီးပြားေရးလုပ္ငန္းရွင္မ်ားပါဝင္သည့္ ျမန္မာ-တ႐ုတ္ကုန္သြယ္မႈႏွင့္ ရင္ႏွီးျမႇဳပ္ႏွံမႈျမႇင့္တင္ေရးအသင္းကို ဖြဲ႕စည္းေဆာင္႐ြက္ရန္ ေျပာၾကားထားၿပီးျဖစ္ ေၾကာင္း၊ တ႐ုတ္ႏိုင္ငံႏွင့္ ကုန္သြယ္မႈျမႇင့္တင္ႏိုင္ရန္အတြက္ စိုက္ပ်ိဳးေမြးျမဴေရးထြက္ ကုန္ပစၥည္းမ်ား ပိုမို တိုးတက္ေအာင္ ထုတ္လုပ္ႏိုင္ရန္လိုေၾကာင္းလည္း ေျပာၾကားသည္။
မိမိတို႔ႏိုင္ငံ၏ ျပည္ပပို႔ကုန္က႑အား အခ်ိန္ယူေလ့လာၾကည့္ရာတြင္ လမ္းစဥ္ပါတီေခတ္၌ လယ္ယာထြက္ကုန္ ၅၀ ရာခိုင္ႏႈန္းခန႔္ရွိၿပီး နဝတေခတ္တြင္ လယ္ယာထြက္ကုန္ ၃၀ ရာခိုင္ႏႈန္းေက်ာ္ခန႔္ရွိေၾကာင္း၊ သစ္ေတာ ထြက္ပစၥည္း၊ ေရထြက္ႏွင့္တြင္းထြက္ပစၥည္းမ်ား ပိုမိုမ်ားျပားသည္ကိုေတြ႕ရေၾကာင္း၊ နယကေခတ္တြင္ လယ္ယာ ထြက္ကုန္မ်ားကို ၂၀ ရာခိုင္ႏႈန္းပတ္ဝန္းက်င္ခန႔္သာရွိေၾကာင္း၊ ဒီမိုကေရစီအစိုးရ သက္တမ္းႏွစ္ခုတြင္လည္း လယ္ယာထြက္ကုန္မ်ားကို ၂၀ ရာခိုင္ႏႈန္း ပတ္ဝန္းက်င္ခန႔္သာ တင္ပို႔ႏိုင္ခဲ့ေၾကာင္း၊ မိမိတို႔အစိုးရသက္တမ္း ကာလတြင္ လယ္ယာထြက္ကုန္မ်ားကို ၃၉ ရာခိုင္ႏႈန္းခန႔္ တင္ပို႔ႏိုင္ခဲ့ေၾကာင္း၊ မိမိတို႔ႏိုင္ငံတြင္ ထုတ္ကုန္ပစၥည္း မ်ားထက္ သယံဇာတပစၥည္းမ်ားႏွင့္ CMP ထုတ္ကုန္ပစၥည္းမ်ား ပိုမိုတင္ပို႔ႏိုင္သည္ကိုေတြ႕ရေၾကာင္း၊ မိမိတို႔ႏိုင္ငံသည္ စိုက္ပ်ိဳးေမြးျမဴေရးကိုအေျခခံသည့္ ႏိုင္ငံျဖစ္၍ လယ္ယာထြက္ကုန္ပစၥည္းမ်ားကို ယခုထက္ ပိုမိုတင္ပို႔ႏိုင္ရန္လိုေၾကာင္း ေျပာၾကားသည္။
မိမိတို႔အစိုးရ၏ ၅ ႏွစ္တာကာလအတြင္း ကုန္သြယ္မႈ ပိုေငြ ေဒၚလာ ၂ ဘီလီယံေက်ာ္ခန႔္ရွိသည္ကို ေတြ႕ရေၾကာင္း၊ သို႔ေသာ္ယခုထက္ပိုမို၍ စိုက္ပ်ိဳးေမြးျမဴေရးထုတ္ကုန္မ်ားကို ထုတ္လုပ္တင္ပို႔ႏိုင္မည္ဆိုပါက ကုန္သြယ္မႈပိုေငြ မ်ား ပိုမိုတိုးတက္လာမည္ျဖစ္ၿပီး ႏိုင္ငံစီးပြားေရးအတြက္မ်ားစြာအက်ိဳးျဖစ္ထြန္းေစ မည္ျဖစ္ေၾကာင္း၊ မိမိအေန ျဖင့္ ၂၀၂၂ ခုႏွစ္မွစတင္၍ ႏိုင္ငံအတြင္း စားသုံးဆီမ်ားလုံေလာက္စြာ ထုတ္လုပ္ႏိုင္ေရး တိုက္တြန္းေျပာၾကားခဲ့ေသာ္ လည္း ယခုအခ်ိန္အထိ လုံေလာက္မႈမရွိေသးေၾကာင္း၊ ထို႔ေၾကာင့္ စားသုံးဆီမ်ားကို ျပည္ပမွတင္သြင္းေနရၿပီး ႏွစ္စဥ္ႏိုင္ငံျခားေငြမ်ား ကုန္က်လ်က္ရွိေၾကာင္း၊ မိမိတို႔ႏိုင္ငံမွထြက္ရွိသည့္ ဆီထြက္သီးႏွံမ်ားကို တစ္ဧက အထြက္ႏႈန္းျပည့္မီေအာင္ စိုက္ပ်ိဳးႏိုင္မည္၊ ေနၾကာစိုက္ပ်ိဳးေရးကို တိုးခ်ဲ႕စိုက္ပ်ိဳးႏိုင္မည္ဆိုပါက ျပည္တြင္း စားသုံးဆီမ်ား ဖူလုံမႈရွိလာမည္ျဖစ္ေၾကာင္း၊ ထို႔ေၾကာင့္ ဆီထြက္သီးႏွံမ်ားစိုက္ပ်ိဳးသည့္ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္ဝန္ႀကီးခ်ဳပ္မ်ားအေနျဖင့္ အေလးထားေဆာင္႐ြက္သြားရန္လိုေၾကာင္းလည္း မွာၾကားသည္။
ထုတ္ကုန္မ်ား ပိုမိုတိုးတက္ထုတ္လုပ္ၿပီး ျပည္ပသို႔တင္ပို႔ႏိုင္မည္ဆိုပါက ႏိုင္ငံအတြက္ ႏိုင္ငံျခားေငြမ်ားရရွိႏိုင္ၿပီး ျပည္သူမ်ား၏ လူမႈစီးပြားဘဝမ်ားမ်ားစြာတိုးတက္လာမည္ျဖစ္ေၾကာင္း၊ ျပည္ပမွတင္သြင္းေနရသည့္ ျပည္တြင္း ထုတ္လုပ္ႏိုင္သည့္ ကုန္ပစၥည္းမ်ားကို ျပည္တြင္း၌ လုံေလာက္စြာထုတ္လုပ္၍ ျပည္ပသြင္းကုန္မ်ား အစားထိုး ႏိုင္ရန္ လိုေၾကာင္း၊ ထို႔ေၾကာင့္ ႏိုင္ငံ့စီးပြားေရးျမႇင့္တင္မႈအတြက္ အားလုံးက အေလးထားေဆာင္႐ြက္သြားၾက ရန္လိုေၾကာင္း ေျပာၾကားသည္။

Related news

© 2021. All rights reserved.