အီလွန်မတ်ကိုကျော်ပြီး ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်လာသော လာရီအီလီဆန်

 1656

ဂျန်ဇက် (NP News) - စက်တင်ဘာ ၁၄
အမေရိကန်နည်းပညာကုမ္ပဏီတစ်ခုဖြစ်သော Oracle ပူးတွဲတည်ထောင်သူ လာရီအီလီဆန်သည် ကမ္ဘာ့ အချမ်း သာဆုံးပုဂ္ဂိုလ်ဖြစ်လာခဲ့ကြောင်း သိရသည်။ အမေရိကန်သတင်းဌာနတစ်ခုဖြစ်သော ဘလွန်းဘတ်သည် ကမ္ဘာ့အချမ်း သာဆုံးစာရင်းကို ပြီးခဲ့သောရက်ပိုင်းကထုတ်ပြန်ခဲ့ရာ အသက်(၈၁)နှစ်အရွယ်ရှိ လာရီ အီလီဆန်က အမေရိကန်ဒေါ် လာ (၃၉၃) ဘီလျံဖြင့် ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်အဖြစ် သတ်မှတ်ခံရခြင်းဖြစ်သည်။ ၎င်းသည် ကမ္ဘာ့အချမ်း သာဆုံး ပုဂ္ဂိုလ်အဖြစ် လအတန်ကြာ သတ်မှတ်ခံ ခဲ့ရသော Tesla စီးပွားရေးလုပ်ငန်းစု ပိုင်ရှင် အီလွန် မတ်ထက် ပိုမိုကြွယ်ဝ ချမ်းသာသူဖြစ်လာခဲ့ကြောင်းသိရသည်။
Oracle စီးပွားရေးလုပ်ငန်းစုသည် AI နည်းပညာပြိုင်ပွဲတွင် အမှာစာအများအပြား လက်ခံ ရရှိခဲ့ပြီးနောက် အမေရိကန်ဒေါ်လာ ဘီလျံချီ ဝင်ငွေထပ်မံရရှိခဲ့ခြင်းကြောင့် ကမ္ဘာ့အချမ်းသာဆုံး ဖြစ်လာခြင်းဖြစ်သည်။ လာရီအီလီ ဆန်၏ ကြွယ်ဝမှုမြင့်တက်နေချိန်တွင် အီလွန်မတ်၏ Tesla ကုမ္ပဏီရှယ်ယာများက ယခုနှစ်အတွင်းတွင် (၁၃) ရာခိုင် နှုန်းအထိ ကျဆင်းခဲ့ကြောင်းသိရသည်။ Oracle ကုမ္ပဏီကို ပူးတွဲတည်ထောင်သူ လာရီ အီလီဆန်သည်တစ်ရက် တည်းနှင့် ကြွယ်ဝမှုဒေါ်လာ (၁၀၁)ဘီလျံတိုးတက်လာပြီးနောက် နာမည်ကျော် အီလွန်မတ်၏ တစ်နှစ်နီးပါးကြာ စိုးမိုးခဲသည့် ‘ကမ္ဘာ့ အချမ်းသာဆုံး’ နေရာကို ရယူနိုင်ခဲ့ခြင်းလည်းဖြစ် သည်။ အမေရိကန်သတင်းဌာနတစ်ခုဖြစ်သော ဘလွန်းဘတ်၏ဖော်ပြချက်အရ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ် စာရင်းတွင် လာရီ အီလီဆန်ကထိပ်ဆုံးတွင် ရပ်တည်နေပြီး အီလွန်မတ်၊ ဇူကာဘတ်၊ ဂျက်ဘီဇော့၊ လယ်ရီပေ့စ်တို့က အစဉ်လိုက်ရပ်တည်လျက်ရှိနေ ကြောင်းသိရသည်။

Zawgyi Version:
အီလြန္မတ္ကိုေက်ာ္ၿပီး ကမာၻ႔အခ်မ္းသာဆုံး ပုဂၢိဳလ္ျဖစ္လာေသာ လာရီအီလီဆန္
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၁၄
အေမရိကန္နည္းပညာကုမၸဏီတစ္ခုျဖစ္ေသာ Oracle ပူးတြဲတည္ေထာင္သူ လာရီအီလီဆန္သည္ ကမာၻ႔ အခ်မ္း သာဆုံးပုဂၢိဳလ္ျဖစ္လာခဲ့ေၾကာင္း သိရသည္။ အေမရိကန္သတင္းဌာနတစ္ခုျဖစ္ေသာ ဘလြန္းဘတ္သည္ ကမာၻ႔အခ်မ္း သာဆုံးစာရင္းကို ၿပီးခဲ့ေသာရက္ပိုင္းကထုတ္ျပန္ခဲ့ရာ အသက္(၈၁)ႏွစ္အ႐ြယ္ရွိ လာရီ အီလီဆန္က အေမရိကန္ေဒၚ လာ (၃၉၃) ဘီလ်ံျဖင့္ ကမာၻ႔အခ်မ္းသာဆုံး ပုဂၢိဳလ္အျဖစ္ သတ္မွတ္ခံရျခင္းျဖစ္သည္။ ၎သည္ ကမာၻ႔အခ်မ္း သာဆုံး ပုဂၢိဳလ္အျဖစ္ လအတန္ၾကာ သတ္မွတ္ခံ ခဲ့ရေသာ Tesla စီးပြားေရးလုပ္ငန္းစု ပိုင္ရွင္ အီလြန္ မတ္ထက္ ပိုမိုႂကြယ္ဝ ခ်မ္းသာသူျဖစ္လာခဲ့ေၾကာင္းသိရသည္။
Oracle စီးပြားေရးလုပ္ငန္းစုသည္ AI နည္းပညာၿပိဳင္ပြဲတြင္ အမွာစာအမ်ားအျပား လက္ခံ ရရွိခဲ့ၿပီးေနာက္ အေမရိကန္ေဒၚလာ ဘီလ်ံခ်ီ ဝင္ေငြထပ္မံရရွိခဲ့ျခင္းေၾကာင့္ ကမာၻ႔အခ်မ္းသာဆုံး ျဖစ္လာျခင္းျဖစ္သည္။ လာရီအီလီ ဆန္၏ ႂကြယ္ဝမႈျမင့္တက္ေနခ်ိန္တြင္ အီလြန္မတ္၏ Tesla ကုမၸဏီရွယ္ယာမ်ားက ယခုႏွစ္အတြင္းတြင္ (၁၃) ရာခိုင္ ႏႈန္းအထိ က်ဆင္းခဲ့ေၾကာင္းသိရသည္။ Oracle ကုမၸဏီကို ပူးတြဲတည္ေထာင္သူ လာရီ အီလီဆန္သည္တစ္ရက္ တည္းႏွင့္ ႂကြယ္ဝမႈေဒၚလာ (၁၀၁)ဘီလ်ံတိုးတက္လာၿပီးေနာက္ နာမည္ေက်ာ္ အီလြန္မတ္၏ တစ္ႏွစ္နီးပါးၾကာ စိုးမိုးခဲသည့္ ‘ကမာၻ႔ အခ်မ္းသာဆုံး’ ေနရာကို ရယူႏိုင္ခဲ့ျခင္းလည္းျဖစ္ သည္။ အေမရိကန္သတင္းဌာနတစ္ခုျဖစ္ေသာ ဘလြန္းဘတ္၏ေဖာ္ျပခ်က္အရ ကမာၻ႔အခ်မ္းသာဆုံး ပုဂၢိဳလ္ စာရင္းတြင္ လာရီ အီလီဆန္ကထိပ္ဆုံးတြင္ ရပ္တည္ေနၿပီး အီလြန္မတ္၊ ဇူကာဘတ္၊ ဂ်က္ဘီေဇာ့၊ လယ္ရီေပ့စ္တို႔က အစဥ္လိုက္ရပ္တည္လ်က္ရွိေန ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.