တစ်ပတ်အတွင်း မြန်မာ့စီးပွားရေး စျေးကွက်သုံးသပ်ချက်(ဈေးကွက်ဆောင်းပါး)

288

ပြည့်ဖြိုး(NP News)
ယခုတစ်ပတ်အတွင်း မြန်မာ့စီးပွားရေး ဈေးကွက်တွင် အလှုပ်ခတ်ဆုံးဈေးကွက်မှာ ရွှေဈေးကွက်ဖြစ်ပြီး ကမ္ဘာ့ ရွှေဈေးကွက်အတွင်း စံချိန်တင် ရွှေဈေးများဖြစ်ပေါ်နေခြင်းကြောင့်ဖြစ်သည်။ ကမ္ဘာ့ရွှေဈေးကွက်သမိုင်း တစ်လျှောက် တွင် အမြင့်ဆုံးဈေးများဖြစ်ပေါ်ခဲ့ပြီး လာမည့်ရက်ပိုင်းအတွင်း ဈေးအမြင့် တန်းတွင်ဆက်လက်ရောက်ရှိနေနိုင်ပြီး ပြည် တွင်းရွှေ ဈေးနှုန်းများလည်း လိုက်ပါမြင့်တက်နေဦးမည်ဖြစ်သည်။ စက်တင်ဘာလအတွင်း ကမ္ဘာ့ရွှေဈေးအပြောင်း အလဲကို ဆက်တိုက်မြင်တွေ့ဖွယ်ရှိနေရာ လာမည့်ရက်ပိုင်းအတွင်း ဆက်လက်စောင့်ကြည့်ရမည့် ဈေး ကွက်တစ်ခု ဖြစ်နေသည်။ ထူးခြားချက်အနေဖြင့် စက်တင်ဘာလဆန်းပိုင်းအတွင်း အမေရိကန်ဒေါ်လာဈေးမှာ အကျဈေးဖြင့် တည်ငြိမ်နေခြင်းဖြစ်သည်။
အမေရိကန်ဒေါ်လာဈေးကျဆင်းခြင်းသည် ပြည်တွင်းလိုအပ်ချက် အဓိကသွင်းကုန်ဖြစ်သော စက်သုံးဆီနှင့် စားသုံး ဆီဈေးကွက်အပေါ် အထိုက်အလျောက် သက်ရောက်မှုရှိခဲ့ပြီး ဈေးကွက်နှင့်ဈေးနှုန်း တည်ငြိမ်ခြင်းများဖြစ်ပေါ်ခဲ့သည်။ နယ်စပ်ကုန်သွယ် ရေးများရပ်တန့်နေခြင်းကြောင့် အမေရိကန်ဒေါ်လာ အပါအဝင် ထိုင်းဘတ်ငွေနှင့် တရုတ်ယွမ်ဈေးများ လည်း ဈေးနှုန်းတည်ငြိမ်နေခြင်းဖြစ်သည်။ နယ်စပ်မှ စက်သုံးဆီတင်သွင်းမှု လုံးဝနီးပါးရပ်ဆိုင်းသွားပြီး လတ်တလော တွင် ရန်ကုန်ဆိပ်ကမ်းမှ ပုံမှန်ရေကြောင်းကုန်သွယ်ရေးမှတစ်ဆင့် တင်သွင်းသောစက် သုံးဆီများသာ ဈေးကွက်အတွင်း ရောင်းဝယ်နေကြ ခြင်းဖြစ်သည်။ စက်သုံးဆီဈေးများ တည်ငြိမ်သော အခြေအနေတွင် ဆက်လက်ရပ်တည်နေ သော်လည်း စားသုံးဆီဈေးကွက်အတွင်း စားအုန်းဆီဈေးများ ပြန်လည်မြင့်တက်လာနေသည်။ စားအုန်းဆီကို ခွဲတမ်းဖြင့် ရောင်းချနေခြင်းကြောင့်သာ အခြေခံပြည်သူများ အထိုက်အလျောက်အဆင်ပြေနေခြင်းဖြစ်ပြီး ပြင်ပ စားအုန်းဆီ မှောင်ခိုဈေးကွက်အတွင်းတွင် ဈေးနှုန်းများ ကြီးမြင့်နေဆဲဖြစ်သည်။ ပြည်တွင်းစားသောက်ကုန်နှင့် အထွေထွေ ကုန်ဈေး နှုန်းမှာ ယခင် ဩဂုတ်လ တစ်လလုံး ဈေးကွက်တည်ငြိမ်ခဲ့သော်လည်း စက်တင်ဘာလဆန်းတွင် ကုန်ဈေးနှုန်းများ အနည်းငယ်မြင့်တက်လာကြောင်းဈေးကွက်အတွင်းမှသိရသည်။ အခြေခံစားသောက်ကုန်နှင့် အထွေထွေ ကုန်ဈေး နှုန်းမြင့်တက်ခြင်းမှာ ပြည်ပမှ လူသုံးကုန်သွင်းကုန်များ ဝင်ရောက်မှုနည်းပါးခြင်းနှင့် ငွေကြေးဖောင်းပွခြင်းတို့နှင့် သက် ဆိုင်နေကြောင်း ကျွမ်းကျင် သူများကသုံးသပ်သည်။ အသား/ငါးနှင့် ကုန်စိမ်းသီး နှံ၊ ဟင်းသီးဟင်းရွက်များပါ စက်တင်ဘာလဆန်းတွင် ဈေးနှုန်းများမြင့်တက်လာခြင်းဖြစ်သည်။ လတ်တလောမြင့်တက်နေသောကုန်ဈေးနှုန်းသည် မိုးရာသီလုံးဝကုန်ဆုံးသွားချိန်တွင် အထိုက်အလျောက် ပြန်လည်တည်ငြိမ်လာနိုင်ကြောင်းခန့်မှန်းထားကြပြီး စက်တင် ဘာလကုန်အထိ ဆက်လက်စောင့်ကြည့် ရမည်ဖြစ်သည်။
(စံချိန်တင်ကမ္ဘာ့ရွှေဈေးနှင့် ပြည်တွင်းရွှေဈေးကွက်)
ကမ္ဘာ့ရွှေဈေးသမိုင်းတစ်လျှောက်တွင် အမြင့်ဆုံးစံချိန်တင်နေသော ကမ္ဘာ့ရွှေဈေးသည် စက်တင်ဘာလ (၉)ရက် တွင် ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ(၃၆၅၂)ဒေါ်လာဖြင့် စံချိန်တင်ဈေးဖြစ် ပေါ်နေဆဲဖြစ်သည်။ ဩဂုတ်လ အတွင်း အနိမ့်ဆုံး ဈေး ရွှေတစ်အောင်စလျှင်(၃၃၂၅)ဒေါ်လာမှ တဖြည်းဖြည်းမြင့်တက်ခဲ့ရာ စက်တင်ဘာလ (၆)ရက် ဈေးကွက်ပိတ်ချိန်တွင် (၃၅၈၆)ဒေါ်လာဖြင့်စံချိန် တင်ဈေးကွက်ပိတ်ခဲ့သည်။ စက်တင်ဘာလ(၈)ရက် ဈေးကွက်ပြန် ဖွင့်ချိန်တွင် ဈေးများဆက်လက်မြင့် တက်ခဲ့ပြီ လက်ရှိအချိန်တွင် ကမ္ဘာ့ရွှေဈေးများ စံချိန် တင်ပေါက်ဈေးဖြစ်ပေါ်နေရာ လာမည့်ရက်ပိုင်းအတွင်း ဆက်လက်စောင့်ကြည့်ရမည်ဖြစ်သည်။ ပြည်တွင်းရွှေဈေးသည်လည်း ကမ္ဘာ့ရွှေဈေး အပြောင်းအလဲအရ လိုက်ပါမြင့်တက်နေပြီး လတ်တလောတွင် ပြင်ပအခေါက်ရွှေဈေး တစ်ကျပ်သားလျှင် ကျပ်သိန်း (၈၀) ဝန်းကျင်သို့ တဖြည်းဖြည်း ရောက်ရှိလာပြီဖြစ်သည်။ ပြည်တွင်းရွှေဈေးကွက်အတွင်း၌ သက်ဆိုင်ရာ ရန်ကုန် တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ပေါက်ဈေး၊ ပြင်ပရွှေအချိန်အတွယ်စနစ်ဟောင်း ပေါက်ဈေး၊ ပြင်ပရွှေ အချိန်အတွယ် စနစ်သစ်ပေါက်ဈေးဟူ၍ သုံးမျိုးကွဲပြားနေရာ လက်ရှိအချိန်တွင် ရွှေအရောင်းအဝယ်ပြုလုပ်ချင် သူများ အနေဖြင့် ရောင်းမှားဝယ်မှားမဖြစ်စေရန် အထူးသတိပြုဆောင်ရွက်သင့်ကြောင်း ရွှေလုပ်ငန်းကျွမ်း ကျင်သူများက အကြံပြုထားသည်။ အခေါက်ရွှေ တစ်ကျပ်သားလျှင် စနစ်ဟောင်းရွှေဈေးသည် စနစ် သစ်ရွှေဈေးထက် ကျပ်တစ် သိန်းခွဲဝန်းကျင် ဈေးနှုန်းမြင့်မားကြောင်း သိရသည်။ ဈေးကွက်အတွင်းရွှေ ဝယ်ယူစုဆောင်းသူအများစုမှာ စနစ်ဟောင်း (၁၆)ပဲရည် အခေါက်ရွှေကိုသာ အများဆုံးဝယ်ယူနေကြ ဆဲဖြစ်သည်။
ထို့ကြောင့် ပြင်ပရွှေဈေးသည် စက်တင် ဘာ (၃)ရက်၊ (၄)ရက်၊ (၅)ရက်တို့တွင် အခေါက် ရွှေတစ်ကျပ်သားလျှင် (၇၇)သိန်းရှစ်သောင်းကျပ် ဝန်းကျင်ပေါက်ဈေးရှိနေရာမှ စက်တင်ဘာ(၆)ရက် နှင့်(၇)ရက်တွင် (၇၈)သိန်းငါး သောင်းအထိ ဈေးမြင့်တက်ခဲ့သည်။ စက်တင်ဘာ (၈)ရက်တွင် (၇၉)သိန်းသုံးသောင်းမှ စက်တင်ဘာ(၉)ရက်တွင် (၇၉)သိန်းခြောက်သောင်းအထိဈေးများမြင့်တက်လာခြင်းဖြစ်သည်။
လတ်တလောကမ္ဘာ့ပေါက်ဈေးအခြေအနေအရပြည်တွင်းရွှေဈေးများ လိုက်ပါမြင့်တက် နေမည်ဖြစ်ပြီး အခေါက် ရွှေတစ်ကျပ်သားလျှင် သိန်း (၈၀)ကျော်အထိ မြင့်တက်လာနိုင်ကြောင်း ဝါရင့်ရွှေ ကုန်သည်များကခန့်မှန်းထားကြသည်။ ကမ္ဘာ့ရွှေဈေး မြင့်တက်ခြင်းမှာ အမေရိကန်ဗဟိုဘဏ်၏ အတိုးနှုန်း များလျှော့ချခြင်းနှင့် ကုန်သွယ်ရေးအခွန်များ တိုးမြှင့် ကောက်ခံခြင်းတို့ကြောင့်ဖြစ်ကြောင်း ကမ္ဘာ့ရွှေဈေးကွက် ကျွမ်းကျင်သူတစ်ဦးကပြောသည်။ သို့သော်လည်း ရွှေဈေး သည်အတက်ဈေးဖြစ်ပေါ်ပြီးပါက ဈေးများပြန်လည်ကျဆင်းချိန် တစ်ချိန်ပြန်လည် ရောက်ရှိမည်ဖြစ်ပြီး မည်သူမှ အတိအကျခန့်မှန်းရန် မလွယ်ကူကြောင်းသိရသည်။ လာမည့်ရက်ပိုင်း အတွင်း ကမ္ဘာ့ရွှေဈေးနှင့် ပြည်တွင်းရွှေဈေးမှာ အမြင့်ပိုင်းတွင် ဆက်လက်ရောက်ရှိနေမည်ဖြစ်ပြီး ဆက်လက်စောင့်ကြည့်ရမည်ဖြစ်သည်။
(ငွေလဲဈေးနှုန်းတည်ငြိမ်နေပြီး စက်သုံးဆီနှင့်စားအုန်းဆီဈေးအနည်းငယ်ပြောင်းလဲ)
ပြည်တွင်းငွေလဲဈေးကွက်အတွင်း အမေရိကန်ဒေါ်လာဈေးများ အကျဈေးဖြင့်တည်ငြိမ်နေပြီး စက်တင်ဘာ (၉)ရက် ပြင်ပဈေးကွက်တွင် အမေရိကန်တစ်ဒေါ်လာလျှင် (၄၂၇၀)ကျပ်အထိ ဈေးများကျဆင်းနေသည်။ ယခင် ဩဂုတ်လကုန်ပိုင်းက အမေရိကန်တစ်ဒေါ်လာလျှင် (၄၄၀ဝ)ဝန်းကျင် ပေါက်ဈေးရှိနေရမှ ဆက်တိုက်ကျ ဆင်း လာခြင်းဖြစ်သည်။ ဗဟိုဘဏ်မှ စက်သုံးဆီနှင့်စားအုန်းဆီတင် သွင်းသူများကို နိုင်ငံခြားငွေများ ဆက်တိုက်ထုတ် ရောင်းပေးနေခြင်းနှင့် နယ်စပ်ကုန်သွယ်ရေးအတွက် လိုအပ်သော နိုင်ငံခြားငွေများကိုလည်း ထုတ်ရောင်း ပေးနေခြင်း ကြောင့် အမေရိကန်ဒေါ်လာဈေး ကျဆင်း နေခြင်းဖြစ်သည်။ သို့သော်လည်း ဗဟိုဘဏ်၏ အွန်လိုင်း FX Trading မှ ရောင်းချပေးသော ဈေးနှုန်းသည် တစ်ဒေါ်လာလျှင် (၃၆၂၈)ကျပ် ဝန်းကျင် ပေါက်ဈေးသတ်မှတ်ထားရာ ဈေးနှုန်း ကွာခြားချက်အနေဖြင့် (၆၄၂)ကျပ်ဝန်းကျင် ကွာခြားနေဆဲဖြစ်သည်။ ပြင်ပဒေါ်လာပေါက်ဈေးကွက်သည် လက်ရှိအချိန် အထိဈေးကွက်ဈေးနှုန်းများသတ်မှတ်ရာတွင် အရေးပါနေဆဲဖြစ်ကြောင်းသိရသည်။ အမေရိကန် ဒေါ်လာပြင်ပ ပေါက်ဈေးသည် စက်တင်ဘာ (၃) ရက်တွင် (၄၃၁၅)ကျပ်၊ စက်တင်ဘာ (၄)ရက်တွင် (၄၃၀၅)ကျပ်၊ စက်တင် ဘာ(၅) ရက်တွင် (၄၃၀ဝ)ကျပ်၊ စက်တင်ဘာ(၆)ရက်နှင့် (၇)ရက်တွင် (၄၂၇၀)ကျပ်၊ စက်တင်ဘာ (၈)ရက်တွင် (၄၃၀ဝ)ကျပ်၊ စက်တင်ဘာ(၉)ရက်တွင် (၄၂၇၀)ကျပ်အထိ ပေါက်ဈေးအသီးသီး ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ နိုင်ငံခြားငွေလဲ ဈေးနှုန်း များမှာ စက်တင်ဘာ(၉)ရက်တွင် တရုတ်ငွေတစ်ယွမ်လျှင် (၆၀ဝ)ကျပ်၊ ထိုင်းတစ် ဘတ်လျှင် (၁၃၅)ကျပ်၊ စင်ကာပူ တစ်ဒေါ်လာလျှင် (၃၃၃၀)ကျပ်၊ အိန္ဒိယတစ်ရူပီးလျှင် (၄၈)ကျပ်ပေါက် ဈေး အသီးသီးဖြစ်ပေါ်နေသည်။ နိုင်ငံခြားငွေဈေး နှုန်းအပြောင်းအလဲ နည်းပါးခြင်းကြောင့် ပြည်တွင်းစက်သုံးဆီဈေးကွက်အတွင်း ဈေးနှုန်းများအတန် အသင့်တည်ငြိမ် နေသည်။ စက်တင်ဘာလ(၉)ရက် ပေါက်ဈေးများအရ (၉၂)ဓာတ်ဆီတစ်လီတာလျှင် (၂၉၄၅)ကျပ်၊ (၉၅) ဓာတ်ဆီ တစ်လီတာလျှင် (၃၀၁၀)ကျပ်၊ ဒီဇယ်တစ်လီတာလျှင် (၂၅၆၀)ကျပ် နှင့်ပရီမီယံဒီဇယ်တစ်လီတာလျှင် (၃၁၇၀)ကျပ် အသီးသီးပေါက်ဈေးရှိကြောင်းသိရသည်။ စက်သုံးဆီတင်သွင်းမှုမှာ ပုံမှန်လည်ပတ် နေသည့်အပြင် ဆီတင် သင်္ဘောများ လည်း ဆက်တိုက်ဝင်ရောက်နေခြင်းကြောင့် ပြည်တွင်း၌ စက်သုံး ဆီပြတ်လပ်မှုမရှိနိုင်ကြောင်းသိရသည်။ သို့သော် လည်း စားအုန်းဆီတင်သွင်းမှုကဏ္ဍတွင် ရည်òန်း သတ်မှတ်ဈေးများ ပြန်လည်မြင့်တက်လာပြီး စားအုန်းဆီ တစ် ပိဿာလျှင်(၆၅၂၀)ကျပ်ဖြင့် ရန်ကုန် အထိုင်ဈေးမြင့်တက်လာသည်။ စားအုန်းဆီရည်òန်း ဈေးသည် ဇူလိုင်လကုန် ပိုင်းတွင် တစ်ပိဿာ (၆၁၃၀) ကျပ်မှ ဩဂုတ်လ (၃) ရက် ရည်òန်းဈေး တစ်ပိဿာ(၆၂၄၀) ကျပ်သို့မြင့်တက်ခဲ့ခြင်း ဖြစ်သည်။ ဩဂုတ်လ(၁၁)ရက်ရည်òန်းဈေးမှာ တစ်ပိဿာ (၆၂၈၅) ကျပ်၊ ဩဂုတ်လ (၁၈) ရက်ရည်òန်းဈေး တစ်ပိဿာ (၆၂၈၅) ကျပ်၊ ဩဂုတ်လ (၂၅) ရက် ရည်òန်းဈေးမှာ တစ်ပိဿာ (၆၃၀ဝ) ကျပ်၊ စက် တင်ဘာ (၁)ရက်မှ (၇) ရက်ထိ စားအုန်းဆီတစ်ပိဿာ ငွေကျပ် (၆၄၁၀) နှင့် ယခုတစ်ပတ် စက်တင်ဘာ (၈) ရက်မှ (၁၄) ရက်အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်òန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာ ငွေကျပ်(၆၅၂၀) နှုန်းဖြင့် ဈေးများပြန် လည်မြင့် တက်လာခြင်းဖြစ်သည်။ စားသုံးသူများအနေဖြင့် ခွဲတမ်းဖြင့်စားအုန်းဆီ ဝယ်ယူနေရဆဲဖြစ်ပြီး ပြင်ပမှောင်ခိုစား အုန်းဆီဈေးကွက်တွင် တစ်ပိဿာ လျှင် တစ်သောင်းနှစ်ထောင်ကျပ် ဝန်းကျင် ပေါက်ဈေးရှိကြောင်းသိရသည်။ လာမည့် ရက်ပိုင်းအ တွင်း စက်သုံးဆီနှင့်စားအုန်းဆီဈေးများ အပြောင်းအ လဲနည်းပါးနိုင်ကြောင်း သိရသည်။
(အခြေခံကုန်စည်နှင့် အထွေထွေကုန်ဈေးနှုန်းအပြောင်းအလဲများ)
ယခုတစ်ပတ် အခြေခံကုန်စည်ဈေးကွက် အတွင်း အသား/ငါး၊ ကုန်စိမ်း၊ ကုန်ခြောက်ကုန်စည် အားလုံးနီးပါး ဈေးနှုန်းအနည်းငယ်မြင့်တက်နေကြောင်း ကုန်သည်များထံမှသိရသည်။ လက်ရှိကာလ သည် မိုးရာသီနောက်ဆုံး ကာလသို့ရောက်ရှိနေပြီး ကုန်စည်အများစုမှာ လက်ကျန်နည်းပါးလာချိန်ဖြစ် သောကြောင့် ကုန်ဈေးနှုန်းများ အထိုက် အလျောက် မြင့်တက်နေခြင်းဖြစ်သည်။ လာမည့်ပွင့်လင်းရာသီ မရောက်ခင်အထိ အခြေခံစားသောက်ကုန်နှင့် အထွေထွေကုန်စည်ဈေးများ အမြင့်ဈေးတွင်ဆက် လက်ရပ်တည်နေနိုင်သည်။ အခြေခံစားသောက်ကုန်များတွင် ဆန်ဈေး နှုန်းမှာအပြောင်းအလဲနည်းပါးပြီး ဆန်ကြမ်း ဧည့်မထ တစ်ပြည်လျှင် (၄၃၀ဝ)ကျပ်၊ ရွှေဘိုဆန်ဟောင်း တစ်ပြည်လျှင်(၆၂၀ဝ)ကျပ်ခန့် ပေါက်ဈေးရှိနေသည်။ ငရုတ်သီး အခြောက် တစ်ပိဿာလျှင် တစ်သောင်းကိုးထောင်ကျပ်၊ ကြက်သွန်ဖြူ(ရှမ်း)တစ်ပိဿာလျှင် နှစ်သောင်းနှစ်ထောင်ကျပ်၊ ကြက် သွန်နီ (အလတ်)ဆိတ်ဖြူ တစ်ပိဿာလျှင် (၂၅၀ဝ)ကျပ်နှင့်၊ အာလူးတစ်ပိဿာလျှင် (၇၅၀ဝ)ကျပ် ပေါက်ဈေးများရှိပြီး ယခင်ဩဂုတ်လကုန်ပိုင်းကထက် (၁၀)ရာခိုင်နှုန်းခန့် ဈေးမြင့်တက်လာကြောင်း ဘုရင့် နောင်ပွဲရုံတန်းမှ ကုန်သည်များ ကပြောကြားသည်။ ဆက်လက်ပြီး အသားဈေးများလည်းမြင့်တက်နေရာ စီပီကြက်တစ်ပိဿာလျှင် တစ်ထောင်ခန့်ဈေး တက်ပြီး (၂၃၀ဝဝ)ကျပ်၊ အမဲသားအရိုးလွတ် တစ်ပိဿာလျှင် နှစ်ထောင်ခန့်ဈေးတက်ပြီး (၃၆၀ဝဝ)ကျပ်၊ ဆိတ်သား တစ်ပိဿာလျှင် နှစ်ထောင်ခန့်ဈေးတက်ပြီး (၅၈၀ဝဝ) ကျပ် ပေါက်ဈေးများဖြစ်ပေါ်နေသည်။ ဝက်သားမှာ တစ်ပိ ဿလျှင် (၃၈၀ဝဝ)ကျပ်ဖြင့် ယခင်အပတ်ကအတိုင်း မပြောင်းလဲကြောင်းသိရ သည်။ သို့သော်လည်း ဇွန်၊ ဇူလိုင်လတို့နှင့် နှိုင်းယှဉ်ပါက အသားဈေးများမှာ တစ်ပိဿာလျှင် နှစ်ထောင် ကျပ်မှသုံးထောင်ကျပ် အတွင်းဈေးများမြင့်တက် လာခဲ့ခြင်း ဖြစ်သည်။ ငါးကြင်းခုတ်သား အလတ်စား တစ်ပိဿာလျှင် (၂၈၀ဝဝ)ကျပ်၊ ငါးမြစ်ချင်း တစ်ပိဿာလျှင် (၁၈၀ဝဝ) ကျပ်၊ ပုစွန်ထုပ်တစ် ပိဿာလျှင် (၆၅၀ဝဝ)ကျပ်၊ ကျော့ပုစွန်တစ်ပိဿာ လျှင် (၃၂၀ဝဝ) ကျပ် အသီးသီးပေါက်ဈေးများရှိ ကြောင်းသိရသည်။
ရန်ကုန်ရှိရွှေပိတောက်ငါးဈေး၏ နေ့စဉ် ငါးပုစွန်နှင့် ရေထွက်ကုန်အဝင်စာရင်းများအရ လတ်တလောတွင် ရေထွက်ကုန် ဝင်ရောက်မှုကျဆင်း ပြီးဈေးနှုန်းများမြင့်တက်နေကြောင်းသိရသည်။ အထွေထွေကုန်စည်ဈေးကွက် အတွင်း ပြည်ပမှတင် သွင်းသော ကုန်စည်များ ဈေးကွက်အတွင်းရှားပါးမှုဖြစ် ပေါ်နေရာ ပြည်တွင်းကုန်စည်များအပေါ် ဈေးကွက်သက်ရောက်မှုရှိလာနိုင်သည်။ ပြည်တွင်းထုတ်ကုန် စည်များတွင် ဆေးလိပ်နှင့်ဆေးရွက်ကြီးကဲ့သို့ အခွန် နှုန်းထားမြင့်မားသောကုန်စည်များမှာ ဈေးဆက်တိုက် မြင့်တက်နေကြောင်းသိရသည်။ လာမည့်ပွင့်လင်းရာသီမတိုင်ခင်အထိ အခြေခံကုန်စည်များ ဈေးနှုန်းတည်ငြိမ်မှုနည်းပါးနိုင် ကြောင်းဈေးကွက် ကျွမ်းကျင်သူများထံမှသိရသည်။

Zawgyi Version:
တစ္ပတ္အတြင္း ျမန္မာ့စီးပြားေရး ေစ်းကြက္သုံးသပ္ခ်က္(ေဈးကြက္ေဆာင္းပါး)
ျပည့္ၿဖိဳး(NP News)
ယခုတစ္ပတ္အတြင္း ျမန္မာ့စီးပြားေရး ေဈးကြက္တြင္ အလႈပ္ခတ္ဆုံးေဈးကြက္မွာ ေ႐ႊေဈးကြက္ျဖစ္ၿပီး ကမာၻ႔ ေ႐ႊေဈးကြက္အတြင္း စံခ်ိန္တင္ ေ႐ႊေဈးမ်ားျဖစ္ေပၚေနျခင္းေၾကာင့္ျဖစ္သည္။ ကမာၻ႔ေ႐ႊေဈးကြက္သမိုင္း တစ္ေလွ်ာက္ တြင္ အျမင့္ဆုံးေဈးမ်ားျဖစ္ေပၚခဲ့ၿပီး လာမည့္ရက္ပိုင္းအတြင္း ေဈးအျမင့္ တန္းတြင္ဆက္လက္ေရာက္ရွိေနႏိုင္ၿပီး ျပည္ တြင္းေ႐ႊ ေဈးႏႈန္းမ်ားလည္း လိုက္ပါျမင့္တက္ေနဦးမည္ျဖစ္သည္။ စက္တင္ဘာလအတြင္း ကမာၻ႔ေ႐ႊေဈးအေျပာင္း အလဲကို ဆက္တိုက္ျမင္ေတြ႕ဖြယ္ရွိေနရာ လာမည့္ရက္ပိုင္းအတြင္း ဆက္လက္ေစာင့္ၾကည့္ရမည့္ ေဈး ကြက္တစ္ခု ျဖစ္ေနသည္။ ထူးျခားခ်က္အေနျဖင့္ စက္တင္ဘာလဆန္းပိုင္းအတြင္း အေမရိကန္ေဒၚလာေဈးမွာ အက်ေဈးျဖင့္ တည္ၿငိမ္ေနျခင္းျဖစ္သည္။
အေမရိကန္ေဒၚလာေဈးက်ဆင္းျခင္းသည္ ျပည္တြင္းလိုအပ္ခ်က္ အဓိကသြင္းကုန္ျဖစ္ေသာ စက္သုံးဆီႏွင့္ စားသုံး ဆီေဈးကြက္အေပၚ အထိုက္အေလ်ာက္ သက္ေရာက္မႈရွိခဲ့ၿပီး ေဈးကြက္ႏွင့္ေဈးႏႈန္း တည္ၿငိမ္ျခင္းမ်ားျဖစ္ေပၚခဲ့သည္။ နယ္စပ္ကုန္သြယ္ ေရးမ်ားရပ္တန႔္ေနျခင္းေၾကာင့္ အေမရိကန္ေဒၚလာ အပါအဝင္ ထိုင္းဘတ္ေငြႏွင့္ တ႐ုတ္ယြမ္ေဈးမ်ား လည္း ေဈးႏႈန္းတည္ၿငိမ္ေနျခင္းျဖစ္သည္။ နယ္စပ္မွ စက္သုံးဆီတင္သြင္းမႈ လုံးဝနီးပါးရပ္ဆိုင္းသြားၿပီး လတ္တေလာ တြင္ ရန္ကုန္ဆိပ္ကမ္းမွ ပုံမွန္ေရေၾကာင္းကုန္သြယ္ေရးမွတစ္ဆင့္ တင္သြင္းေသာစက္ သုံးဆီမ်ားသာ ေဈးကြက္အတြင္း ေရာင္းဝယ္ေနၾက ျခင္းျဖစ္သည္။ စက္သုံးဆီေဈးမ်ား တည္ၿငိမ္ေသာ အေျခအေနတြင္ ဆက္လက္ရပ္တည္ေန ေသာ္လည္း စားသုံးဆီေဈးကြက္အတြင္း စားအုန္းဆီေဈးမ်ား ျပန္လည္ျမင့္တက္လာေနသည္။ စားအုန္းဆီကို ခြဲတမ္းျဖင့္ ေရာင္းခ်ေနျခင္းေၾကာင့္သာ အေျခခံျပည္သူမ်ား အထိုက္အေလ်ာက္အဆင္ေျပေနျခင္းျဖစ္ၿပီး ျပင္ပ စားအုန္းဆီ ေမွာင္ခိုေဈးကြက္အတြင္းတြင္ ေဈးႏႈန္းမ်ား ႀကီးျမင့္ေနဆဲျဖစ္သည္။ ျပည္တြင္းစားေသာက္ကုန္ႏွင့္ အေထြေထြ ကုန္ေဈး ႏႈန္းမွာ ယခင္ ဩဂုတ္လ တစ္လလုံး ေဈးကြက္တည္ၿငိမ္ခဲ့ေသာ္လည္း စက္တင္ဘာလဆန္းတြင္ ကုန္ေဈးႏႈန္းမ်ား အနည္းငယ္ျမင့္တက္လာေၾကာင္းေဈးကြက္အတြင္းမွသိရသည္။ အေျခခံစားေသာက္ကုန္ႏွင့္ အေထြေထြ ကုန္ေဈး ႏႈန္းျမင့္တက္ျခင္းမွာ ျပည္ပမွ လူသုံးကုန္သြင္းကုန္မ်ား ဝင္ေရာက္မႈနည္းပါးျခင္းႏွင့္ ေငြေၾကးေဖာင္းပြျခင္းတို႔ႏွင့္ သက္ ဆိုင္ေနေၾကာင္း ကြၽမ္းက်င္ သူမ်ားကသုံးသပ္သည္။ အသား/ငါးႏွင့္ ကုန္စိမ္းသီး ႏွံ၊ ဟင္းသီးဟင္း႐ြက္မ်ားပါ စက္တင္ဘာလဆန္းတြင္ ေဈးႏႈန္းမ်ားျမင့္တက္လာျခင္းျဖစ္သည္။ လတ္တေလာျမင့္တက္ေနေသာကုန္ေဈးႏႈန္းသည္ မိုးရာသီလုံးဝကုန္ဆုံးသြားခ်ိန္တြင္ အထိုက္အေလ်ာက္ ျပန္လည္တည္ၿငိမ္လာႏိုင္ေၾကာင္းခန႔္မွန္းထားၾကၿပီး စက္တင္ ဘာလကုန္အထိ ဆက္လက္ေစာင့္ၾကည့္ ရမည္ျဖစ္သည္။
(စံခ်ိန္တင္ကမာၻ႔ေ႐ႊေဈးႏွင့္ ျပည္တြင္းေ႐ႊေဈးကြက္)
ကမာၻ႔ေ႐ႊေဈးသမိုင္းတစ္ေလွ်ာက္တြင္ အျမင့္ဆုံးစံခ်ိန္တင္ေနေသာ ကမာၻ႔ေ႐ႊေဈးသည္ စက္တင္ဘာလ (၉)ရက္ တြင္ ေ႐ႊတစ္ေအာင္စလွ်င္ အေမရိကန္ေဒၚလာ(၃၆၅၂)ေဒၚလာျဖင့္ စံခ်ိန္တင္ေဈးျဖစ္ ေပၚေနဆဲျဖစ္သည္။ ဩဂုတ္လ အတြင္း အနိမ့္ဆုံး ေဈး ေ႐ႊတစ္ေအာင္စလွ်င္(၃၃၂၅)ေဒၚလာမွ တျဖည္းျဖည္းျမင့္တက္ခဲ့ရာ စက္တင္ဘာလ (၆)ရက္ ေဈးကြက္ပိတ္ခ်ိန္တြင္ (၃၅၈၆)ေဒၚလာျဖင့္စံခ်ိန္ တင္ေဈးကြက္ပိတ္ခဲ့သည္။ စက္တင္ဘာလ(၈)ရက္ ေဈးကြက္ျပန္ ဖြင့္ခ်ိန္တြင္ ေဈးမ်ားဆက္လက္ျမင့္ တက္ခဲ့ၿပီ လက္ရွိအခ်ိန္တြင္ ကမာၻ႔ေ႐ႊေဈးမ်ား စံခ်ိန္ တင္ေပါက္ေဈးျဖစ္ေပၚေနရာ လာမည့္ရက္ပိုင္းအတြင္း ဆက္လက္ေစာင့္ၾကည့္ရမည္ျဖစ္သည္။ ျပည္တြင္းေ႐ႊေဈးသည္လည္း ကမာၻ႔ေ႐ႊေဈး အေျပာင္းအလဲအရ လိုက္ပါျမင့္တက္ေနၿပီး လတ္တေလာတြင္ ျပင္ပအေခါက္ေ႐ႊေဈး တစ္က်ပ္သားလွ်င္ က်ပ္သိန္း (၈၀) ဝန္းက်င္သို႔ တျဖည္းျဖည္း ေရာက္ရွိလာၿပီျဖစ္သည္။ ျပည္တြင္းေ႐ႊေဈးကြက္အတြင္း၌ သက္ဆိုင္ရာ ရန္ကုန္ တိုင္းေ႐ႊလုပ္ငန္းရွင္မ်ားအသင္း (YGEA) ေပါက္ေဈး၊ ျပင္ပေ႐ႊအခ်ိန္အတြယ္စနစ္ေဟာင္း ေပါက္ေဈး၊ ျပင္ပေ႐ႊ အခ်ိန္အတြယ္ စနစ္သစ္ေပါက္ေဈးဟူ၍ သုံးမ်ိဳးကြဲျပားေနရာ လက္ရွိအခ်ိန္တြင္ ေ႐ႊအေရာင္းအဝယ္ျပဳလုပ္ခ်င္ သူမ်ား အေနျဖင့္ ေရာင္းမွားဝယ္မွားမျဖစ္ေစရန္ အထူးသတိျပဳေဆာင္႐ြက္သင့္ေၾကာင္း ေ႐ႊလုပ္ငန္းကြၽမ္း က်င္သူမ်ားက အႀကံျပဳထားသည္။ အေခါက္ေ႐ႊ တစ္က်ပ္သားလွ်င္ စနစ္ေဟာင္းေ႐ႊေဈးသည္ စနစ္ သစ္ေ႐ႊေဈးထက္ က်ပ္တစ္ သိန္းခြဲဝန္းက်င္ ေဈးႏႈန္းျမင့္မားေၾကာင္း သိရသည္။ ေဈးကြက္အတြင္းေ႐ႊ ဝယ္ယူစုေဆာင္းသူအမ်ားစုမွာ စနစ္ေဟာင္း (၁၆)ပဲရည္ အေခါက္ေ႐ႊကိုသာ အမ်ားဆုံးဝယ္ယူေနၾက ဆဲျဖစ္သည္။
ထို႔ေၾကာင့္ ျပင္ပေ႐ႊေဈးသည္ စက္တင္ ဘာ (၃)ရက္၊ (၄)ရက္၊ (၅)ရက္တို႔တြင္ အေခါက္ ေ႐ႊတစ္က်ပ္သားလွ်င္ (၇၇)သိန္းရွစ္ေသာင္းက်ပ္ ဝန္းက်င္ေပါက္ေဈးရွိေနရာမွ စက္တင္ဘာ(၆)ရက္ ႏွင့္(၇)ရက္တြင္ (၇၈)သိန္းငါး ေသာင္းအထိ ေဈးျမင့္တက္ခဲ့သည္။ စက္တင္ဘာ (၈)ရက္တြင္ (၇၉)သိန္းသုံးေသာင္းမွ စက္တင္ဘာ(၉)ရက္တြင္ (၇၉)သိန္းေျခာက္ေသာင္းအထိေဈးမ်ားျမင့္တက္လာျခင္းျဖစ္သည္။
လတ္တေလာကမာၻ႔ေပါက္ေဈးအေျခအေနအရျပည္တြင္းေ႐ႊေဈးမ်ား လိုက္ပါျမင့္တက္ ေနမည္ျဖစ္ၿပီး အေခါက္ ေ႐ႊတစ္က်ပ္သားလွ်င္ သိန္း (၈၀)ေက်ာ္အထိ ျမင့္တက္လာႏိုင္ေၾကာင္း ဝါရင့္ေ႐ႊ ကုန္သည္မ်ားကခန႔္မွန္းထားၾကသည္။ ကမာၻ႔ေ႐ႊေဈး ျမင့္တက္ျခင္းမွာ အေမရိကန္ဗဟိုဘဏ္၏ အတိုးႏႈန္း မ်ားေလွ်ာ့ခ်ျခင္းႏွင့္ ကုန္သြယ္ေရးအခြန္မ်ား တိုးျမႇင့္ ေကာက္ခံျခင္းတို႔ေၾကာင့္ျဖစ္ေၾကာင္း ကမာၻ႔ေ႐ႊေဈးကြက္ ကြၽမ္းက်င္သူတစ္ဦးကေျပာသည္။ သို႔ေသာ္လည္း ေ႐ႊေဈး သည္အတက္ေဈးျဖစ္ေပၚၿပီးပါက ေဈးမ်ားျပန္လည္က်ဆင္းခ်ိန္ တစ္ခ်ိန္ျပန္လည္ ေရာက္ရွိမည္ျဖစ္ၿပီး မည္သူမွ အတိအက်ခန႔္မွန္းရန္ မလြယ္ကူေၾကာင္းသိရသည္။ လာမည့္ရက္ပိုင္း အတြင္း ကမာၻ႔ေ႐ႊေဈးႏွင့္ ျပည္တြင္းေ႐ႊေဈးမွာ အျမင့္ပိုင္းတြင္ ဆက္လက္ေရာက္ရွိေနမည္ျဖစ္ၿပီး ဆက္လက္ေစာင့္ၾကည့္ရမည္ျဖစ္သည္။
(ေငြလဲေဈးႏႈန္းတည္ၿငိမ္ေနၿပီး စက္သုံးဆီႏွင့္စားအုန္းဆီေဈးအနည္းငယ္ေျပာင္းလဲ)
ျပည္တြင္းေငြလဲေဈးကြက္အတြင္း အေမရိကန္ေဒၚလာေဈးမ်ား အက်ေဈးျဖင့္တည္ၿငိမ္ေနၿပီး စက္တင္ဘာ (၉)ရက္ ျပင္ပေဈးကြက္တြင္ အေမရိကန္တစ္ေဒၚလာလွ်င္ (၄၂၇၀)က်ပ္အထိ ေဈးမ်ားက်ဆင္းေနသည္။ ယခင္ ဩဂုတ္လကုန္ပိုင္းက အေမရိကန္တစ္ေဒၚလာလွ်င္ (၄၄၀ဝ)ဝန္းက်င္ ေပါက္ေဈးရွိေနရမွ ဆက္တိုက္က် ဆင္း လာျခင္းျဖစ္သည္။ ဗဟိုဘဏ္မွ စက္သုံးဆီႏွင့္စားအုန္းဆီတင္ သြင္းသူမ်ားကို ႏိုင္ငံျခားေငြမ်ား ဆက္တိုက္ထုတ္ ေရာင္းေပးေနျခင္းႏွင့္ နယ္စပ္ကုန္သြယ္ေရးအတြက္ လိုအပ္ေသာ ႏိုင္ငံျခားေငြမ်ားကိုလည္း ထုတ္ေရာင္း ေပးေနျခင္း ေၾကာင့္ အေမရိကန္ေဒၚလာေဈး က်ဆင္း ေနျခင္းျဖစ္သည္။ သို႔ေသာ္လည္း ဗဟိုဘဏ္၏ အြန္လိုင္း FX Trading မွ ေရာင္းခ်ေပးေသာ ေဈးႏႈန္းသည္ တစ္ေဒၚလာလွ်င္ (၃၆၂၈)က်ပ္ ဝန္းက်င္ ေပါက္ေဈးသတ္မွတ္ထားရာ ေဈးႏႈန္း ကြာျခားခ်က္အေနျဖင့္ (၆၄၂)က်ပ္ဝန္းက်င္ ကြာျခားေနဆဲျဖစ္သည္။ ျပင္ပေဒၚလာေပါက္ေဈးကြက္သည္ လက္ရွိအခ်ိန္ အထိေဈးကြက္ေဈးႏႈန္းမ်ားသတ္မွတ္ရာတြင္ အေရးပါေနဆဲျဖစ္ေၾကာင္းသိရသည္။ အေမရိကန္ ေဒၚလာျပင္ပ ေပါက္ေဈးသည္ စက္တင္ဘာ (၃) ရက္တြင္ (၄၃၁၅)က်ပ္၊ စက္တင္ဘာ (၄)ရက္တြင္ (၄၃၀၅)က်ပ္၊ စက္တင္ ဘာ(၅) ရက္တြင္ (၄၃၀ဝ)က်ပ္၊ စက္တင္ဘာ(၆)ရက္ႏွင့္ (၇)ရက္တြင္ (၄၂၇၀)က်ပ္၊ စက္တင္ဘာ (၈)ရက္တြင္ (၄၃၀ဝ)က်ပ္၊ စက္တင္ဘာ(၉)ရက္တြင္ (၄၂၇၀)က်ပ္အထိ ေပါက္ေဈးအသီးသီး ျဖစ္ေပၚခဲ့ျခင္းျဖစ္သည္။ ႏိုင္ငံျခားေငြလဲ ေဈးႏႈန္း မ်ားမွာ စက္တင္ဘာ(၉)ရက္တြင္ တ႐ုတ္ေငြတစ္ယြမ္လွ်င္ (၆၀ဝ)က်ပ္၊ ထိုင္းတစ္ ဘတ္လွ်င္ (၁၃၅)က်ပ္၊ စင္ကာပူ တစ္ေဒၚလာလွ်င္ (၃၃၃၀)က်ပ္၊ အိႏၵိယတစ္႐ူပီးလွ်င္ (၄၈)က်ပ္ေပါက္ ေဈး အသီးသီးျဖစ္ေပၚေနသည္။ ႏိုင္ငံျခားေငြေဈး ႏႈန္းအေျပာင္းအလဲ နည္းပါးျခင္းေၾကာင့္ ျပည္တြင္းစက္သုံးဆီေဈးကြက္အတြင္း ေဈးႏႈန္းမ်ားအတန္ အသင့္တည္ၿငိမ္ ေနသည္။ စက္တင္ဘာလ(၉)ရက္ ေပါက္ေဈးမ်ားအရ (၉၂)ဓာတ္ဆီတစ္လီတာလွ်င္ (၂၉၄၅)က်ပ္၊ (၉၅) ဓာတ္ဆီ တစ္လီတာလွ်င္ (၃၀၁၀)က်ပ္၊ ဒီဇယ္တစ္လီတာလွ်င္ (၂၅၆၀)က်ပ္ ႏွင့္ပရီမီယံဒီဇယ္တစ္လီတာလွ်င္ (၃၁၇၀)က်ပ္ အသီးသီးေပါက္ေဈးရွိေၾကာင္းသိရသည္။ စက္သုံးဆီတင္သြင္းမႈမွာ ပုံမွန္လည္ပတ္ ေနသည့္အျပင္ ဆီတင္ သေဘၤာမ်ား လည္း ဆက္တိုက္ဝင္ေရာက္ေနျခင္းေၾကာင့္ ျပည္တြင္း၌ စက္သုံး ဆီျပတ္လပ္မႈမရွိႏိုင္ေၾကာင္းသိရသည္။ သို႔ေသာ္ လည္း စားအုန္းဆီတင္သြင္းမႈက႑တြင္ ရည္òန္း သတ္မွတ္ေဈးမ်ား ျပန္လည္ျမင့္တက္လာၿပီး စားအုန္းဆီ တစ္ ပိႆာလွ်င္(၆၅၂၀)က်ပ္ျဖင့္ ရန္ကုန္ အထိုင္ေဈးျမင့္တက္လာသည္။ စားအုန္းဆီရည္òန္း ေဈးသည္ ဇူလိုင္လကုန္ ပိုင္းတြင္ တစ္ပိႆာ (၆၁၃၀) က်ပ္မွ ဩဂုတ္လ (၃) ရက္ ရည္òန္းေဈး တစ္ပိႆာ(၆၂၄၀) က်ပ္သို႔ျမင့္တက္ခဲ့ျခင္း ျဖစ္သည္။ ဩဂုတ္လ(၁၁)ရက္ရည္òန္းေဈးမွာ တစ္ပိႆာ (၆၂၈၅) က်ပ္၊ ဩဂုတ္လ (၁၈) ရက္ရည္òန္းေဈး တစ္ပိႆာ (၆၂၈၅) က်ပ္၊ ဩဂုတ္လ (၂၅) ရက္ ရည္òန္းေဈးမွာ တစ္ပိႆာ (၆၃၀ဝ) က်ပ္၊ စက္ တင္ဘာ (၁)ရက္မွ (၇) ရက္ထိ စားအုန္းဆီတစ္ပိႆာ ေငြက်ပ္ (၆၄၁၀) ႏွင့္ ယခုတစ္ပတ္ စက္တင္ဘာ (၈) ရက္မွ (၁၄) ရက္အထိ ရန္ကုန္အထိုင္ေဈး အေျခခံလက္ကားရည္òန္းေဈးႏႈန္းမွာ စားအုန္းဆီ တစ္ပိႆာ ေငြက်ပ္(၆၅၂၀) ႏႈန္းျဖင့္ ေဈးမ်ားျပန္ လည္ျမင့္ တက္လာျခင္းျဖစ္သည္။ စားသုံးသူမ်ားအေနျဖင့္ ခြဲတမ္းျဖင့္စားအုန္းဆီ ဝယ္ယူေနရဆဲျဖစ္ၿပီး ျပင္ပေမွာင္ခိုစား အုန္းဆီေဈးကြက္တြင္ တစ္ပိႆာ လွ်င္ တစ္ေသာင္းႏွစ္ေထာင္က်ပ္ ဝန္းက်င္ ေပါက္ေဈးရွိေၾကာင္းသိရသည္။ လာမည့္ ရက္ပိုင္းအ တြင္း စက္သုံးဆီႏွင့္စားအုန္းဆီေဈးမ်ား အေျပာင္းအ လဲနည္းပါးႏိုင္ေၾကာင္း သိရသည္။
(အေျခခံကုန္စည္ႏွင့္ အေထြေထြကုန္ေဈးႏႈန္းအေျပာင္းအလဲမ်ား)
ယခုတစ္ပတ္ အေျခခံကုန္စည္ေဈးကြက္ အတြင္း အသား/ငါး၊ ကုန္စိမ္း၊ ကုန္ေျခာက္ကုန္စည္ အားလုံးနီးပါး ေဈးႏႈန္းအနည္းငယ္ျမင့္တက္ေနေၾကာင္း ကုန္သည္မ်ားထံမွသိရသည္။ လက္ရွိကာလ သည္ မိုးရာသီေနာက္ဆုံး ကာလသို႔ေရာက္ရွိေနၿပီး ကုန္စည္အမ်ားစုမွာ လက္က်န္နည္းပါးလာခ်ိန္ျဖစ္ ေသာေၾကာင့္ ကုန္ေဈးႏႈန္းမ်ား အထိုက္ အေလ်ာက္ ျမင့္တက္ေနျခင္းျဖစ္သည္။ လာမည့္ပြင့္လင္းရာသီ မေရာက္ခင္အထိ အေျခခံစားေသာက္ကုန္ႏွင့္ အေထြေထြကုန္စည္ေဈးမ်ား အျမင့္ေဈးတြင္ဆက္ လက္ရပ္တည္ေနႏိုင္သည္။ အေျခခံစားေသာက္ကုန္မ်ားတြင္ ဆန္ေဈး ႏႈန္းမွာအေျပာင္းအလဲနည္းပါးၿပီး ဆန္ၾကမ္း ဧည့္မထ တစ္ျပည္လွ်င္ (၄၃၀ဝ)က်ပ္၊ ေ႐ႊဘိုဆန္ေဟာင္း တစ္ျပည္လွ်င္(၆၂၀ဝ)က်ပ္ခန႔္ ေပါက္ေဈးရွိေနသည္။ င႐ုတ္သီး အေျခာက္ တစ္ပိႆာလွ်င္ တစ္ေသာင္းကိုးေထာင္က်ပ္၊ ၾကက္သြန္ျဖဴ(ရွမ္း)တစ္ပိႆာလွ်င္ ႏွစ္ေသာင္းႏွစ္ေထာင္က်ပ္၊ ၾကက္ သြန္နီ (အလတ္)ဆိတ္ျဖဴ တစ္ပိႆာလွ်င္ (၂၅၀ဝ)က်ပ္ႏွင့္၊ အာလူးတစ္ပိႆာလွ်င္ (၇၅၀ဝ)က်ပ္ ေပါက္ေဈးမ်ားရွိၿပီး ယခင္ဩဂုတ္လကုန္ပိုင္းကထက္ (၁၀)ရာခိုင္ႏႈန္းခန႔္ ေဈးျမင့္တက္လာေၾကာင္း ဘုရင့္ ေနာင္ပြဲ႐ုံတန္းမွ ကုန္သည္မ်ား ကေျပာၾကားသည္။ ဆက္လက္ၿပီး အသားေဈးမ်ားလည္းျမင့္တက္ေနရာ စီပီၾကက္တစ္ပိႆာလွ်င္ တစ္ေထာင္ခန႔္ေဈး တက္ၿပီး (၂၃၀ဝဝ)က်ပ္၊ အမဲသားအ႐ိုးလြတ္ တစ္ပိႆာလွ်င္ ႏွစ္ေထာင္ခန႔္ေဈးတက္ၿပီး (၃၆၀ဝဝ)က်ပ္၊ ဆိတ္သား တစ္ပိႆာလွ်င္ ႏွစ္ေထာင္ခန႔္ေဈးတက္ၿပီး (၅၈၀ဝဝ) က်ပ္ ေပါက္ေဈးမ်ားျဖစ္ေပၚေနသည္။ ဝက္သားမွာ တစ္ပိ ႆလွ်င္ (၃၈၀ဝဝ)က်ပ္ျဖင့္ ယခင္အပတ္ကအတိုင္း မေျပာင္းလဲေၾကာင္းသိရ သည္။ သို႔ေသာ္လည္း ဇြန္၊ ဇူလိုင္လတို႔ႏွင့္ ႏႈိင္းယွဥ္ပါက အသားေဈးမ်ားမွာ တစ္ပိႆာလွ်င္ ႏွစ္ေထာင္ က်ပ္မွသုံးေထာင္က်ပ္ အတြင္းေဈးမ်ားျမင့္တက္ လာခဲ့ျခင္း ျဖစ္သည္။ ငါးၾကင္းခုတ္သား အလတ္စား တစ္ပိႆာလွ်င္ (၂၈၀ဝဝ)က်ပ္၊ ငါးျမစ္ခ်င္း တစ္ပိႆာလွ်င္ (၁၈၀ဝဝ) က်ပ္၊ ပုစြန္ထုပ္တစ္ ပိႆာလွ်င္ (၆၅၀ဝဝ)က်ပ္၊ ေက်ာ့ပုစြန္တစ္ပိႆာ လွ်င္ (၃၂၀ဝဝ) က်ပ္ အသီးသီးေပါက္ေဈးမ်ားရွိ ေၾကာင္းသိရသည္။
ရန္ကုန္ရွိေ႐ႊပိေတာက္ငါးေဈး၏ ေန႔စဥ္ ငါးပုစြန္ႏွင့္ ေရထြက္ကုန္အဝင္စာရင္းမ်ားအရ လတ္တေလာတြင္ ေရထြက္ကုန္ ဝင္ေရာက္မႈက်ဆင္း ၿပီးေဈးႏႈန္းမ်ားျမင့္တက္ေနေၾကာင္းသိရသည္။ အေထြေထြကုန္စည္ေဈးကြက္ အတြင္း ျပည္ပမွတင္ သြင္းေသာ ကုန္စည္မ်ား ေဈးကြက္အတြင္းရွားပါးမႈျဖစ္ ေပၚေနရာ ျပည္တြင္းကုန္စည္မ်ားအေပၚ ေဈးကြက္သက္ေရာက္မႈရွိလာႏိုင္သည္။ ျပည္တြင္းထုတ္ကုန္ စည္မ်ားတြင္ ေဆးလိပ္ႏွင့္ေဆး႐ြက္ႀကီးကဲ့သို႔ အခြန္ ႏႈန္းထားျမင့္မားေသာကုန္စည္မ်ားမွာ ေဈးဆက္တိုက္ ျမင့္တက္ေနေၾကာင္းသိရသည္။ လာမည့္ပြင့္လင္းရာသီမတိုင္ခင္အထိ အေျခခံကုန္စည္မ်ား ေဈးႏႈန္းတည္ၿငိမ္မႈနည္းပါးႏိုင္ ေၾကာင္းေဈးကြက္ ကြၽမ္းက်င္သူမ်ားထံမွသိရသည္။