လာမည့်လမှစ၍ ဘဏ္ဍာနှစ်ကုန်အထိ ပြည်ပသို့ ဆန်တန်ချိန် (၃) သိန်းတင်ပို့ရန်ရှိပြီး ဆန်၊ စပါး တိုးမြင့်ဝယ်ယူရန်တိုက်တွန်း

 192

သန့်ဇင်(NP News)-စက်တင်ဘာ ၁၄
လာမည့် အောက်တိုဘာလမှစ၍ ၂၀၂၅-၂၀၂၆ဘဏ္ဍာနှစ်ကုန်အထိ ပြည်ပသို့ ဆန်တန်ချိန် (၃) သိန်းတင်ပို့ရန်ရှိပြီး ဆန်၊ စပါး တိုးမြှင့်ဝယ်ယူရန် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က တိုက်တွန်းထားကြောင်း သိရသည်။

ယနေ့(စက်တင်ဘာ ၁၄ရက်) မှစ၍ ဆန်၊ စပါး ဝယ်ယူမှုများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးရန်နှင့် ဆောင်ရွက်မှု အခြေအနေ များအား မှတ်တမ်းများ ပြုစုထားရှိပြီး အသင်းချုပ်ထံ ပေးပို့တင်ပြရန် ညှိနှိုင်းအသိပေးခြင်းထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံဆန်၊စပါးအသင်းချုပ်က ထည့်သွင်းပြောဆိုထားကြောင်း သိရသည်။

လက်ရှိတွင် ၂၀၂၅ ခုနှစ်၊ မိုးစပါးရာသီ၊ ကောက်စောစပါး အနည်းငယ် စတင်ပေါ်ထွက်နေပြီး ဒေသအချို့တွင် စပါး/ဆန် ဝယ်လိုအား ကျဆင်းနေ၍ ဈေးနှုန်းများ ကျဆင်းကာ စပါးစိုက် တောင်သူလယ်သမားများ စိုးရိမ်ပူပန် နေရကာ တောင်သူလယ်သမားများ၏ ဝင်ငွေ ထိခိုက်နိုင်ကြောင်း သုံးသပ်တင်ပြချက်များ ပေါ်ထွက်နေကြောင်း အသင်းချုပ်က ဆိုသည်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်သည် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ ဧပြီလမှ ဩဂုတ်လကုန်အထိတစ်လလျှင် ဆန်တန်ချိန် (၂) သိန်း ပုံမှန်တင်ပို့နေပြီး၊ စက်တင်ဘာလတွင် တန်ချိန် (၂) သိန်း၊ အောက်တိုဘာလမှစ၍ ၂၀၂၆ ခုနှစ်၊ မတ်လအထိ နောက်ပိုင်းလများတွင် တစ်လလျှင် တန်ချိန် (၃) သိန်းစီ ပြည်ပတင်ပို့ နိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တရုတ်နိုင်ငံတို့သို့ တင်ပို့ရောင်းချနိုင်ရေးကိုလည်း ဦးစားပေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နိုင်ငံတကာ ဆန်ဈေးနှုန်းများသည် ကျဆင်းခဲ့သော်လည်း ယခုအချိန်ဖြစ်ပေါ်နေသည့် ဈေးနှုန်းထက် ထပ်မံကျဆင်းရန် မဖြစ်နိုင်တော့ကြောင်း နိုင်ငံတကာ ဈေးကွက်ကျွမ်းကျင်သူများမှ သုံးသပ်ထားကြောင်း သိရသည်။

ထို့ကြောင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အသင်းဝင် ပို့ကုန်ဆောင်ရွက်နေသည့် Exporter ကုမ္ပဏီကြီးများ အနေဖြင့် မိမိတို့၏ ပုံမှန်ဝယ်ယူနေသောဒေသရှိ နယ်စက်ပိုင်/ နယ်ကုန်သည်များနှင့် ချိတ်ဆက်၍ တောင်သူများထံမှ စပါး/ ဆန် ဝယ်ယူမှုများကို အင်တိုက်အားတိုက် ဆောင်ရွက်ပြီး ဈေးကွက် ဝယ်လိုအားကို မြှင့်တင်ပေးရန်နှင့် ထိုသို့ ဝယ်ယူမှု၊ ဝယ်ယူပြီးစီးမှုအပေါ် သယ်ယူ ပို့ဆောင်မှု၊ ဆန်ကြိတ်ခွဲမှု၊ ပြည်ပတင်ပို့မှု စသည့် ကိစ္စရပ်များအပေါ် ငွေကြေး/ လုပ်ငန်းအခက်အခဲများ ဖြစ်ပေါ်ပါက အသင်းချုပ်သို့ အချိန်နှင့်အညီ ချိတ်ဆက်တင်ပြပေးပါရန် မြန်မာနိုင်ငံ ဆန်၊စပါးအသင်းချုပ်က တိုက်တွန်းထားသည်။

ထို့ပြင် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို မှတ်တမ်း ပြုစုထားရှိပေးနိုင်ပါရန် လည်းကောင်း၊ အဆိုပါ စပါး/ ဆန် ဝယ်ယူစု ဆောင်းမှုမှတ်တမ်းကို အသင်းချုပ်၏ [email protected] သို့ အပတ်စဉ် သောကြာနေ့တိုင်း ပေးပို့ပေးရန်အတွက်လည်းကောင်း အလေးအနက်ထား၍ ပူးပေါင်းဆောင်ရွက်ကြပါရန် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က တိုက်တွန်းထားကြောင်း သိရသည်။

Zawgyi Version:
လာမည့္လမွစ၍ ဘ႑ာႏွစ္ကုန္အထိ ျပည္ပသို႔ ဆန္တန္ခ်ိန္ (၃) သိန္းတင္ပို႔ရန္ရွိၿပီး ဆန္၊ စပါး တိုးျမင့္ဝယ္ယူရန္တိုက္တြန္း
သန႔္ဇင္(NP News)-စက္တင္ဘာ ၁၄
လာမည့္ ေအာက္တိုဘာလမွစ၍ ၂၀၂၅-၂၀၂၆ဘ႑ာႏွစ္ကုန္အထိ ျပည္ပသို႔ ဆန္တန္ခ်ိန္ (၃) သိန္းတင္ပို႔ရန္ရွိၿပီး ဆန္၊ စပါး တိုးျမႇင့္ဝယ္ယူရန္ ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္က တိုက္တြန္းထားေၾကာင္း သိရသည္။

ယေန႔(စက္တင္ဘာ ၁၄ရက္) မွစ၍ ဆန္၊ စပါး ဝယ္ယူမႈမ်ားကို အင္တိုက္အားတိုက္ ေဆာင္႐ြက္ေပးရန္ႏွင့္ ေဆာင္႐ြက္မႈ အေျခအေန မ်ားအား မွတ္တမ္းမ်ား ျပဳစုထားရွိၿပီး အသင္းခ်ဳပ္ထံ ေပးပို႔တင္ျပရန္ ညႇိႏႈိင္းအသိေပးျခင္းထုတ္ျပန္ခ်က္တြင္ ျမန္မာႏိုင္ငံဆန္၊စပါးအသင္းခ်ဳပ္က ထည့္သြင္းေျပာဆိုထားေၾကာင္း သိရသည္။

လက္ရွိတြင္ ၂၀၂၅ ခုႏွစ္၊ မိုးစပါးရာသီ၊ ေကာက္ေစာစပါး အနည္းငယ္ စတင္ေပၚထြက္ေနၿပီး ေဒသအခ်ိဳ႕တြင္ စပါး/ဆန္ ဝယ္လိုအား က်ဆင္းေန၍ ေဈးႏႈန္းမ်ား က်ဆင္းကာ စပါးစိုက္ ေတာင္သူလယ္သမားမ်ား စိုးရိမ္ပူပန္ ေနရကာ ေတာင္သူလယ္သမားမ်ား၏ ဝင္ေငြ ထိခိုက္ႏိုင္ေၾကာင္း သုံးသပ္တင္ျပခ်က္မ်ား ေပၚထြက္ေနေၾကာင္း အသင္းခ်ဳပ္က ဆိုသည္။

ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္သည္ ၂၀၂၅-၂၀၂၆ ဘ႑ာႏွစ္၊ ဧၿပီလမွ ဩဂုတ္လကုန္အထိတစ္လလွ်င္ ဆန္တန္ခ်ိန္ (၂) သိန္း ပုံမွန္တင္ပို႔ေနၿပီး၊ စက္တင္ဘာလတြင္ တန္ခ်ိန္ (၂) သိန္း၊ ေအာက္တိုဘာလမွစ၍ ၂၀၂၆ ခုႏွစ္၊ မတ္လအထိ ေနာက္ပိုင္းလမ်ားတြင္ တစ္လလွ်င္ တန္ခ်ိန္ (၃) သိန္းစီ ျပည္ပတင္ပို႔ ႏိုင္ေရးေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

ထို႔အျပင္ ဘဂၤလားေဒ့ရွ္ႏိုင္ငံ၊ တ႐ုတ္ႏိုင္ငံတို႔သို႔ တင္ပို႔ေရာင္းခ်ႏိုင္ေရးကိုလည္း ဦးစားေပး ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

ႏိုင္ငံတကာ ဆန္ေဈးႏႈန္းမ်ားသည္ က်ဆင္းခဲ့ေသာ္လည္း ယခုအခ်ိန္ျဖစ္ေပၚေနသည့္ ေဈးႏႈန္းထက္ ထပ္မံက်ဆင္းရန္ မျဖစ္ႏိုင္ေတာ့ေၾကာင္း ႏိုင္ငံတကာ ေဈးကြက္ကြၽမ္းက်င္သူမ်ားမွ သုံးသပ္ထားေၾကာင္း သိရသည္။

ထို႔ေၾကာင့္ ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္အသင္းဝင္ ပို႔ကုန္ေဆာင္႐ြက္ေနသည့္ Exporter ကုမၸဏီႀကီးမ်ား အေနျဖင့္ မိမိတို႔၏ ပုံမွန္ဝယ္ယူေနေသာေဒသရွိ နယ္စက္ပိုင္/ နယ္ကုန္သည္မ်ားႏွင့္ ခ်ိတ္ဆက္၍ ေတာင္သူမ်ားထံမွ စပါး/ ဆန္ ဝယ္ယူမႈမ်ားကို အင္တိုက္အားတိုက္ ေဆာင္႐ြက္ၿပီး ေဈးကြက္ ဝယ္လိုအားကို ျမႇင့္တင္ေပးရန္ႏွင့္ ထိုသို႔ ဝယ္ယူမႈ၊ ဝယ္ယူၿပီးစီးမႈအေပၚ သယ္ယူ ပို႔ေဆာင္မႈ၊ ဆန္ႀကိတ္ခြဲမႈ၊ ျပည္ပတင္ပို႔မႈ စသည့္ ကိစၥရပ္မ်ားအေပၚ ေငြေၾကး/ လုပ္ငန္းအခက္အခဲမ်ား ျဖစ္ေပၚပါက အသင္းခ်ဳပ္သို႔ အခ်ိန္ႏွင့္အညီ ခ်ိတ္ဆက္တင္ျပေပးပါရန္ ျမန္မာႏိုင္ငံ ဆန္၊စပါးအသင္းခ်ဳပ္က တိုက္တြန္းထားသည္။

ထို႔ျပင္ လုပ္ငန္းေဆာင္႐ြက္မႈ အေျခအေနမ်ားကို မွတ္တမ္း ျပဳစုထားရွိေပးႏိုင္ပါရန္ လည္းေကာင္း၊ အဆိုပါ စပါး/ ဆန္ ဝယ္ယူစု ေဆာင္းမႈမွတ္တမ္းကို အသင္းခ်ဳပ္၏ [email protected] သို႔ အပတ္စဥ္ ေသာၾကာေန႔တိုင္း ေပးပို႔ေပးရန္အတြက္လည္းေကာင္း အေလးအနက္ထား၍ ပူးေပါင္းေဆာင္႐ြက္ၾကပါရန္ ျမန္မာႏိုင္ငံ ဆန္စပါးအသင္းခ်ဳပ္က တိုက္တြန္းထားေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.