အင်းဝမြို့ဟောင်း၌ စွယ်တော်စင်ဆောက်ရန် မြေတူးစဉ် ရရှိသော ရှေးလက်ရာ ရှားပါး မနုဿီဟရုပ်တုကို ပြတိုက်တွင် ယာယီထိန်းသိမ်းထား

 152

ချယ်ရီ (NP News) - စက်တင်ဘာလ ၁၇
အင်းဝမြို့ဟောင်းတွင် စွယ်တော်စင် ဆောက်ရန် မြေတူးစဉ် တွေ့ရှိရသောရှေးလက်ရာ ရှားပါး မနုဿီဟရုပ်ကို လုံခြုံရေးအရ ပြတိုက်တွင် ယာယီထိန်းသိမ်းထားကြောင်း အဆိုပါ စွယ်တော်စင် ဖြစ်မြောက်ရေး ကြိုးပမ်းနေသည့် ရှေးဟောင်း သုတေသီ၊ စာရေးဆရာ ဗိုလ်ရှိတ် (ရတနာပူရ)က NP News သို့ ပြောသည်။
မြန်မာသက္ကရာဇ် (၁၁၈၃)ခုနှစ်တွင် ဘကြီးတော် စစ်ကိုင်းမင်း တည်ဆောက်ခဲ့သော အင်းဝစွယ်တော်စင်မှာ အုတ်ပုံသဖွယ် ပျက်စီးနေ သောကြောင့် နိုင်ငံတော်ခွင့်ပြုချက်ဖြင့် ရှေးမူမပျက် ပြန်လည်တည်ဆောက်ရန် ခွင့်ပြုမိန့်ကျထားရာ လက် ရှိတွင် စွယ်တော်စင် ပတ်ပတ်လည်ရှိ ပြိုကျနေသည့် မြေကို တူးဖော်မှုများ ဆောင်ရွက်နေကြောင်း သိရသည်။
" တူးဖော်မှုတွေလုပ်တဲ့အချိန် စက်တင် ဘာလ (၇) ရက်က တူးဖော်မှုရဲ့ အရှေ့မြောက်ထောင့် ကို ရောက်တဲ့အခါမှာ သစ်ပင်ကြီးအောက်မှာ ကျွန် တော်တို့ တူးဖော်ရေးအဖွဲ့တွေက စကျင်ကျောက်တုံး လိုပုံစံကြီး စတွေ့တော့ ဒီမှာတွေ့ပြီ၊ တွေ့ပြီဆိုပြီး ကြည့်လိုက်တော့ မနုဿီဟရုပ်တုဖြစ်နေတာပါ " ဟု ၎င်းက ရှင်းပြသည်။ လက်ရှိတွင် လုံခြုံရေးစိတ်မချမှု ကြောင့် အင်းဝပြတိုက်၌ ခေတ္တထိန်းသိမ်းထားရှိ ကြောင်း သိရ ည်။
" ဒီရုပ်တုကြီးတွေ့ခဲ့တဲ့အခါမှာ ရုပ်တုကြီး ကို ကျွန်တော်တို့က အပြစ်အနာအဆာမရှိအောင် ဂရုတစိုက်နဲ့သယ်ပြီးတော့ လောလောဆယ် အင်းဝပြ တိုက်ထဲမှာ ခေတ္တထိန်းသိမ်းထားတယ်။ ပြတိုက် ထဲမှာတော့ ချေးချွတ်တာတွေ၊ သန့်ရှင်းတာတွေ လုပ်ပြီပေါ့ဗျာ။ ရှေးဟောင်းပစ္စည်းဖြစ်မယ်ဆိုရင် ကျွန် တော်တို့တွေ့ရှိတဲ့နေရာမှာ ထိန်းသိမ်းထားနိုင်တယ် ဆိုရင်တော့ ကောင်းတာပေါ့။ ဒါပေမဲ့ သူခိုး ဘာညာ မှောင်ခို၊ မသမာသူတွေကို စိတ်မချဘူးဆိုရင်တော့ ပြတိုက်ဆိုတာ အလုံခြုံဆုံးပေါ့ဗျာ။ ဒါကြောင့်မလို့ ကျွန်တော်တို့က ပျောက်ပျက်ခြင်းမရှိအောင် နောက် ပြီး ကျွန်တော်တို့တူးတဲ့နေရာကလည်း ညကျရင် လူ ခြေတိတ်တယ်လေ။ လူခြေတိတ်တော့ မသမာသူ တွေကြောင့် ပျောက်မှာစိုးလို့ ပြတိုက်ထဲကို ရွှေ့ထား တာပါ" ဟု ၎င်းက ဆိုသည်။
အဆိုပါရုပ်တုသည် စစ်ကိုင်းမင်း လက် ထက်တွင် စကျင်ကျောက်ဖြင့်ထုလုပ်ခဲ့သည့် အမရပူရခေတ်လက်ရာဖြစ်ပြီး လက်ရာနှင့်တန်ဖိုးအရ အလွန်ရှားပါးသည်ဖြစ်ရာ အင်းဝစွယ်တော်စင်ကြီး ဆောက်လုပ်မှု အလုံးစုံပြီးဆုံးပါက အဆိုပါရုပ်တု ထားရှိခြင်းကို ပြန်လည်ချင့်ချိန် စဉ်းစားသွားမည် ဖြစ်ကြောင်းကိုလည်း ၎င်းက ထပ်မံပြောကြားသည်။
" ဒီရုပ်တုက အင်းဝမြို့၊ နန်းတော်ဦး ရွေးတော်ယူတံခါး ဝင်ဝင်ချင်း ညာဘက်မှာ ရှိတာဗျ။ နန်းတော်ထဲမှာ ရှိတဲ့ဟာပေါ့။ ဒီရုပ်တုကို ဒီလိုအင်္ဂါစုံ တွေ့ရဖို့ ခဲယဉ်းတယ်ဗျ။ မရှိဘူးဗျ။ ဒါကြောင့်မလို့ ဒီရုပ်တုဟာ အလွန်ရှားတဲ့ရုပ်တုတစ်ခုလို့ ပြောတယ်။ လက်ရာအနေနဲ့လည်း ရှားတယ်။ အကောင်းပကတိ အတိုင်း တွေ့ရဖို့ မလွယ်ဘူး။ ဒါကြောင့်မလို့ ဒီလိုရှား ပါးလှတဲ့ ရုပ်တုကို တွေ့ရတာ ကျွန်တော်တို့အနေနဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ ယဉ်ကျေးမှုတစ်ခု ပြန်ရလိုက် သလိုပဲပေါ့"ဟု ၎င်းက ဆိုသည်။

Zawgyi Version:
အင္းဝၿမိဳ႕ေဟာင္း၌ စြယ္ေတာ္စင္ေဆာက္ရန္ ေျမတူးစဥ္ ရရွိေသာ ေရွးလက္ရာ ရွားပါး မႏုႆီဟ႐ုပ္တုကို ျပတိုက္တြင္ ယာယီထိန္းသိမ္းထား
ခ်ယ္ရီ (NP News) - စက္တင္ဘာလ ၁၇
အင္းဝၿမိဳ႕ေဟာင္းတြင္ စြယ္ေတာ္စင္ ေဆာက္ရန္ ေျမတူးစဥ္ ေတြ႕ရွိရေသာေရွးလက္ရာ ရွားပါး မႏုႆီဟ႐ုပ္ကို လုံၿခဳံေရးအရ ျပတိုက္တြင္ ယာယီထိန္းသိမ္းထားေၾကာင္း အဆိုပါ စြယ္ေတာ္စင္ ျဖစ္ေျမာက္ေရး ႀကိဳးပမ္းေနသည့္ ေရွးေဟာင္း သုေတသီ၊ စာေရးဆရာ ဗိုလ္ရွိတ္ (ရတနာပူရ)က NP News သို႔ ေျပာသည္။
ျမန္မာသကၠရာဇ္ (၁၁၈၃)ခုႏွစ္တြင္ ဘႀကီးေတာ္ စစ္ကိုင္းမင္း တည္ေဆာက္ခဲ့ေသာ အင္းဝစြယ္ေတာ္စင္မွာ အုတ္ပုံသဖြယ္ ပ်က္စီးေန ေသာေၾကာင့္ ႏိုင္ငံေတာ္ခြင့္ျပဳခ်က္ျဖင့္ ေရွးမူမပ်က္ ျပန္လည္တည္ေဆာက္ရန္ ခြင့္ျပဳမိန႔္က်ထားရာ လက္ ရွိတြင္ စြယ္ေတာ္စင္ ပတ္ပတ္လည္ရွိ ၿပိဳက်ေနသည့္ ေျမကို တူးေဖာ္မႈမ်ား ေဆာင္႐ြက္ေနေၾကာင္း သိရသည္။
" တူးေဖာ္မႈေတြလုပ္တဲ့အခ်ိန္ စက္တင္ ဘာလ (၇) ရက္က တူးေဖာ္မႈရဲ႕ အေရွ႕ေျမာက္ေထာင့္ ကို ေရာက္တဲ့အခါမွာ သစ္ပင္ႀကီးေအာက္မွာ ကြၽန္ ေတာ္တို႔ တူးေဖာ္ေရးအဖြဲ႕ေတြက စက်င္ေက်ာက္တုံး လိုပုံစံႀကီး စေတြ႕ေတာ့ ဒီမွာေတြ႕ၿပီ၊ ေတြ႕ၿပီဆိုၿပီး ၾကည့္လိုက္ေတာ့ မႏုႆီဟ႐ုပ္တုျဖစ္ေနတာပါ " ဟု ၎က ရွင္းျပသည္။ လက္ရွိတြင္ လုံၿခဳံေရးစိတ္မခ်မႈ ေၾကာင့္ အင္းဝျပတိုက္၌ ေခတၱထိန္းသိမ္းထားရွိ ေၾကာင္း သိရ ည္။
" ဒီ႐ုပ္တုႀကီးေတြ႕ခဲ့တဲ့အခါမွာ ႐ုပ္တုႀကီး ကို ကြၽန္ေတာ္တို႔က အျပစ္အနာအဆာမရွိေအာင္ ဂ႐ုတစိုက္နဲ႔သယ္ၿပီးေတာ့ ေလာေလာဆယ္ အင္းဝျပ တိုက္ထဲမွာ ေခတၱထိန္းသိမ္းထားတယ္။ ျပတိုက္ ထဲမွာေတာ့ ေခ်းခြၽတ္တာေတြ၊ သန႔္ရွင္းတာေတြ လုပ္ၿပီေပါ့ဗ်ာ။ ေရွးေဟာင္းပစၥည္းျဖစ္မယ္ဆိုရင္ ကြၽန္ ေတာ္တို႔ေတြ႕ရွိတဲ့ေနရာမွာ ထိန္းသိမ္းထားႏိုင္တယ္ ဆိုရင္ေတာ့ ေကာင္းတာေပါ့။ ဒါေပမဲ့ သူခိုး ဘာညာ ေမွာင္ခို၊ မသမာသူေတြကို စိတ္မခ်ဘူးဆိုရင္ေတာ့ ျပတိုက္ဆိုတာ အလုံၿခဳံဆုံးေပါ့ဗ်ာ။ ဒါေၾကာင့္မလို႔ ကြၽန္ေတာ္တို႔က ေပ်ာက္ပ်က္ျခင္းမရွိေအာင္ ေနာက္ ၿပီး ကြၽန္ေတာ္တို႔တူးတဲ့ေနရာကလည္း ညက်ရင္ လူ ေျခတိတ္တယ္ေလ။ လူေျခတိတ္ေတာ့ မသမာသူ ေတြေၾကာင့္ ေပ်ာက္မွာစိုးလို႔ ျပတိုက္ထဲကို ေ႐ႊ႕ထား တာပါ" ဟု ၎က ဆိုသည္။
အဆိုပါ႐ုပ္တုသည္ စစ္ကိုင္းမင္း လက္ ထက္တြင္ စက်င္ေက်ာက္ျဖင့္ထုလုပ္ခဲ့သည့္ အမရပူရေခတ္လက္ရာျဖစ္ၿပီး လက္ရာႏွင့္တန္ဖိုးအရ အလြန္ရွားပါးသည္ျဖစ္ရာ အင္းဝစြယ္ေတာ္စင္ႀကီး ေဆာက္လုပ္မႈ အလုံးစုံၿပီးဆုံးပါက အဆိုပါ႐ုပ္တု ထားရွိျခင္းကို ျပန္လည္ခ်င့္ခ်ိန္ စဥ္းစားသြားမည္ ျဖစ္ေၾကာင္းကိုလည္း ၎က ထပ္မံေျပာၾကားသည္။
" ဒီ႐ုပ္တုက အင္းဝၿမိဳ႕၊ နန္းေတာ္ဦး ေ႐ြးေတာ္ယူတံခါး ဝင္ဝင္ခ်င္း ညာဘက္မွာ ရွိတာဗ်။ နန္းေတာ္ထဲမွာ ရွိတဲ့ဟာေပါ့။ ဒီ႐ုပ္တုကို ဒီလိုအဂၤါစုံ ေတြ႕ရဖို႔ ခဲယဥ္းတယ္ဗ်။ မရွိဘူးဗ်။ ဒါေၾကာင့္မလို႔ ဒီ႐ုပ္တုဟာ အလြန္ရွားတဲ့႐ုပ္တုတစ္ခုလို႔ ေျပာတယ္။ လက္ရာအေနနဲ႔လည္း ရွားတယ္။ အေကာင္းပကတိ အတိုင္း ေတြ႕ရဖို႔ မလြယ္ဘူး။ ဒါေၾကာင့္မလို႔ ဒီလိုရွား ပါးလွတဲ့ ႐ုပ္တုကို ေတြ႕ရတာ ကြၽန္ေတာ္တို႔အေနနဲ႔ တန္ဖိုးမျဖတ္ႏိုင္တဲ့ ယဥ္ေက်းမႈတစ္ခု ျပန္ရလိုက္ သလိုပဲေပါ့"ဟု ၎က ဆိုသည္။

Related news

© 2021. All rights reserved.