မြင်းမူမြို့နယ်ရှိ PDF အဖွဲ့ဝင် နှစ်ဦး ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်

 591

Pearl (NP News) - စက်တင်ဘာ ၁၈

မြင်းမူမြို့နယ်ရှိ PDF အဖွဲ့ဝင် နှစ်ဦး ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁၄ ရက် မွန်းတည့် ၁၂ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်ရှိ PDF အဖွဲ့ဝင် နှစ်ဦးဖြစ်သည့် မြင်းမူမြို့နယ်၊ ကျန်စစ်သားရပ်ကွက်နေ ညီရဲထွန်း(၂၃)နှစ်နှင့် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ရွှေဂဲရပ်ကွက်နေ ထက်လင်းမောင်(ခ)စံရှား(၁၈)နှစ်တို့သည် ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက် လိုကြောင်း မြင်းမူမြို့နယ်၊ မင်းရဲကျော်စွာရပ်ကွက်နေ ညီရဲထွန်း၏ အဒေါ် ဖြစ်သူမှတစ်ဆင့် အကြောင်းကြားလာကြောင်း သိရသည်။

ထို့ကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ထိန်းသိမ်း ခေါ်ဆောင်ခဲ့ပြီး ၎င်းတို့ နှစ်ဦးအား လိုအပ်သည့်စစ်ဆေးမှုများ ဆောင်ရွက်ကာ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ နိုင်ငံတော်မှ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာသူများအား ပြန်လည်ကြိုဆိုလက်ခံ၍ လက်နက်/ခဲယမ်းများပါရှိမှုအတွက် ဆုကြေးငွေများ ပေးအပ်လျက်ရှိခြင်းနှင့် လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက်ရှိခြင်းတို့ကြောင့် ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိသူများ ကျန်ရှိနေသေးကြောင်း သိရှိရကြောင်း ထုတ်ပြန်ထားသည်။

ထို့ကြောင့် ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ်သတင်းပေးပို့လာပါက ကြိုဆိုလက်ခံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version:
ျမင္းမူၿမိဳ႕နယ္ရွိ PDF အဖြဲ႕ဝင္ ႏွစ္ဦး ဥပေဒေဘာင္အတြင္းသို႔ ျပန္လည္ဝင္ေရာက္
Pearl (NP News) - စက္တင္ဘာ ၁၈

ျမင္းမူၿမိဳ႕နယ္ရွိ PDF အဖြဲ႕ဝင္ ႏွစ္ဦး ဥပေဒေဘာင္အတြင္းသို႔ ျပန္လည္ဝင္ေရာက္ေၾကာင္း ျပည္ထဲေရးဝန္ႀကီးဌာန၏ ထုတ္ျပန္ခ်က္အရ သိရသည္။

ၿပီးခဲ့သည့္ စက္တင္ဘာ ၁၄ ရက္ မြန္းတည့္ ၁၂ နာရီတြင္ စစ္ကိုင္းတိုင္းေဒသႀကီး၊ ျမင္းမူၿမိဳ႕နယ္ရွိ PDF အဖြဲ႕ဝင္ ႏွစ္ဦးျဖစ္သည့္ ျမင္းမူၿမိဳ႕နယ္၊ က်န္စစ္သားရပ္ကြက္ေန ညီရဲထြန္း(၂၃)ႏွစ္ႏွင့္ မႏၲေလးတိုင္းေဒသႀကီး၊ အမရပူရၿမိဳ႕နယ္၊ ေ႐ႊဂဲရပ္ကြက္ေန ထက္လင္းေမာင္(ခ)စံရွား(၁၈)ႏွစ္တို႔သည္ ဥပေဒေဘာင္အတြင္းသို႔ ျပန္လည္ဝင္ေရာက္ လိုေၾကာင္း ျမင္းမူၿမိဳ႕နယ္၊ မင္းရဲေက်ာ္စြာရပ္ကြက္ေန ညီရဲထြန္း၏ အေဒၚ ျဖစ္သူမွတစ္ဆင့္ အေၾကာင္းၾကားလာေၾကာင္း သိရသည္။

ထို႔ေၾကာင့္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက သြားေရာက္ထိန္းသိမ္း ေခၚေဆာင္ခဲ့ၿပီး ၎တို႔ ႏွစ္ဦးအား လိုအပ္သည့္စစ္ေဆးမႈမ်ား ေဆာင္႐ြက္ကာ မိဘအုပ္ထိန္းသူမ်ားထံ ျပန္လည္လႊဲေျပာင္းအပ္ႏွံႏိုင္ေရး ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

ထိုသို႔ ႏိုင္ငံေတာ္မွ ဥပေဒေဘာင္အတြင္းသို႔ ဝင္ေရာက္လာသူမ်ားအား ျပန္လည္ႀကိဳဆိုလက္ခံ၍ လက္နက္/ခဲယမ္းမ်ားပါရွိမႈအတြက္ ဆုေၾကးေငြမ်ား ေပးအပ္လ်က္ရွိျခင္းႏွင့္ လိုအပ္သည့္ ကူညီပံ့ပိုးမႈမ်ား ေဆာင္႐ြက္ေပးလ်က္ရွိျခင္းတို႔ေၾကာင့္ ဥပေဒေဘာင္အတြင္းသို႔ ျပန္လည္ဝင္ေရာက္ရန္ ဆႏၵရွိသူမ်ား က်န္ရွိေနေသးေၾကာင္း သိရွိရေၾကာင္း ထုတ္ျပန္ထားသည္။

ထို႔ေၾကာင့္ ဥပေဒေဘာင္အတြင္းသို႔ ျပန္လည္ဝင္ေရာက္လိုသူမ်ားအေနျဖင့္ နီးစပ္ရာ ခ႐ိုင္၊ ၿမိဳ႕နယ္စီမံအုပ္ခ်ဳပ္ေရးအဖြဲ႕မ်ား၊ တပ္စခန္းမ်ားႏွင့္ ရဲစခန္းမ်ားသို႔ အျမန္ဆက္သြယ္သတင္းေပးပို႔လာပါက ႀကိဳဆိုလက္ခံေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.