တိုင်းဒေသကြီးအဆင့်ကျင်းပမည့် သီတင်းကျွတ်မီးထွန်းပွဲတော်နှင့် MSMEs ဈေးရောင်းပွဲတော် ပါဝင်ရန် ဖိတ်ခေါ်

 350

ချယ်ရီ (NP News) - စက်တင်ဘာ ၁၈
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ကကြီးမှူး၍ ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာ ယဉ်ကျေးမှု သီတင်းကျွတ်မီးထွန်းပွဲတော်နှင့်အတူ တိုင်းဒေသကြီးအတွင်းထုတ်လုပ်သည့် MSMEs လယ်ယာသုံး စက်ကိရိယာပစ္စည်းများ၊ ထုတ်ကုန်အရောင်း ပြပွဲ၊ ပြိုင်ပွဲ၊ MSMEs ဈေးရောင်းပွဲတော်သို့ ပါဝင်ဆင်နွှဲရန် ပွဲတော်ဖြစ်မြောက်ရေးဦးစီးကော်မတီမှ ဖိတ်ခေါ်ထားသည်။
အဆိုပါ ပွဲတော်ကို လာမည့်အောက်တိုဘာလ (၁) ရက်မှစတင်ပြီး အောက်တိုဘာလ (၁၀) ရက်အထိ ပဲခူးမြို့၊ ဆုတောင်းပြည့် ဆံတော်ရှင်ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ရှေ့ယာဉ်ရပ်နားကွင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ပွဲတော်ရက်အတွင်း အရောင်းဆိုင်ခန်းများအပြင် သီတင်းကျွတ်လပြည့်နေ့တွင် ပွဲတော်လာဧည့်ပရိသတ် (၁၅,၀၀၀) အတွက် စတုဒီသာကျွေးမွေးခြင်း၊ ရုပ်ရှင်၊ သဘင်၊ ဂီတနယ်ပယ်မှ ထင်ရှားကျော်ကြားသည့် အနုပညာရှင်များ၏ စင်တင်ဖျော်ဖြေခြင်းနှင့် ဇာတ်သဘင်ဖျော်ဖြေခြင်းများအပြင် ပဲခူးမြစ်အတွင်း မီးမျှောပွဲနှင့် ရှေးဟောင်း သမိုင်းဝင်ဘုရားစေတီများတွင် ဆီမီး (၁၀,၀၀ဝ)ထွန်းညှိခြင်းတို့ကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် မြို့တွင်းလမ်းတစ်လျှောက်နှင့် အများပြည်သူဆိုင်ရာပန်းခြံများတွင် မီးအလှဆင် အရုပ်များနှင့် ရောင်စုံမီးပုံးများ ချိတ်ဆွဲပြသထားခြင်း၊ မီးရှုးမီးပန်းများ ပစ်ဖောက်ခြင်းများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်၍ မည်သူမဆို လွတ်လပ်ပျော်ရွှင်စွာ လာရောက်ပါဝင်ဆင်နွှဲနိုင်ကြောင်း ပွဲတော်ဖြစ်မြောက်ရေးဦးစီးကော်မတီမှ ဖိတ်ခေါ်ထားသည်။

Zawgyi Version:
တိုင္းေဒသႀကီးအဆင့္က်င္းပမည့္ သီတင္းကြၽတ္မီးထြန္းပြဲေတာ္ႏွင့္ MSMEs ေဈးေရာင္းပြဲေတာ္ ပါဝင္ရန္ ဖိတ္ေခၚ
ခ်ယ္ရီ (NP News) - စက္တင္ဘာ ၁၈
ပဲခူးတိုင္းေဒသႀကီးအစိုးရအဖြဲ႕ကႀကီးမႉး၍ ၁၃၈၇ ခုႏွစ္ ျမန္မာ့႐ိုးရာ ယဥ္ေက်းမႈ သီတင္းကြၽတ္မီးထြန္းပြဲေတာ္ႏွင့္အတူ တိုင္းေဒသႀကီးအတြင္းထုတ္လုပ္သည့္ MSMEs လယ္ယာသုံး စက္ကိရိယာပစၥည္းမ်ား၊ ထုတ္ကုန္အေရာင္း ျပပြဲ၊ ၿပိဳင္ပြဲ၊ MSMEs ေဈးေရာင္းပြဲေတာ္သို႔ ပါဝင္ဆင္ႏႊဲရန္ ပြဲေတာ္ျဖစ္ေျမာက္ေရးဦးစီးေကာ္မတီမွ ဖိတ္ေခၚထားသည္။
အဆိုပါ ပြဲေတာ္ကို လာမည့္ေအာက္တိုဘာလ (၁) ရက္မွစတင္ၿပီး ေအာက္တိုဘာလ (၁၀) ရက္အထိ ပဲခူးၿမိဳ႕၊ ဆုေတာင္းျပည့္ ဆံေတာ္ရွင္ေ႐ႊေမာ္ေဓာေစတီေတာ္ျမတ္ႀကီး၏ ေရွ႕ယာဥ္ရပ္နားကြင္းတြင္ စည္ကားသိုက္ၿမိဳက္စြာ က်င္းပသြားမည္ျဖစ္ေၾကာင္း သိရသည္။
ပြဲေတာ္ရက္အတြင္း အေရာင္းဆိုင္ခန္းမ်ားအျပင္ သီတင္းကြၽတ္လျပည့္ေန႔တြင္ ပြဲေတာ္လာဧည့္ပရိသတ္ (၁၅,၀၀၀) အတြက္ စတုဒီသာေကြၽးေမြးျခင္း၊ ႐ုပ္ရွင္၊ သဘင္၊ ဂီတနယ္ပယ္မွ ထင္ရွားေက်ာ္ၾကားသည့္ အႏုပညာရွင္မ်ား၏ စင္တင္ေဖ်ာ္ေျဖျခင္းႏွင့္ ဇာတ္သဘင္ေဖ်ာ္ေျဖျခင္းမ်ားအျပင္ ပဲခူးျမစ္အတြင္း မီးေမွ်ာပြဲႏွင့္ ေရွးေဟာင္း သမိုင္းဝင္ဘုရားေစတီမ်ားတြင္ ဆီမီး (၁၀,၀၀ဝ)ထြန္းညႇိျခင္းတို႔ကို က်င္းပသြားမည္ျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ ၿမိဳ႕တြင္းလမ္းတစ္ေလွ်ာက္ႏွင့္ အမ်ားျပည္သူဆိုင္ရာပန္းၿခံမ်ားတြင္ မီးအလွဆင္ အ႐ုပ္မ်ားႏွင့္ ေရာင္စုံမီးပုံးမ်ား ခ်ိတ္ဆြဲျပသထားျခင္း၊ မီးရႈးမီးပန္းမ်ား ပစ္ေဖာက္ျခင္းမ်ားျဖင့္ စည္ကားသိုက္ၿမိဳက္စြာ က်င္းပသြားမည္၍ မည္သူမဆို လြတ္လပ္ေပ်ာ္႐ႊင္စြာ လာေရာက္ပါဝင္ဆင္ႏႊဲႏိုင္ေၾကာင္း ပြဲေတာ္ျဖစ္ေျမာက္ေရးဦးစီးေကာ္မတီမွ ဖိတ္ေခၚထားသည္။

Related news

© 2021. All rights reserved.