ပြည်တွင်းတိရိစ္ဆာန်အစာ လိုအပ်ချက်ရှိလာသောကြောင့် ပြည်ပမှပဲပုတ်ဖတ်များ တင်သွင်းရနိုင်

 210

သန့်ဇင်(NP News)-စက်တင်ဘာ ၁၈
ပြည်တွင်းတိရိစ္ဆာန်အစာ လိုအပ်ချက်ရှိလာသောကြောင့် ပြည်ပမှပဲပုတ်ဖတ်များ တင်သွင်းရသည့် အခြေအနေသို့ ရောက်ရှိလာ နိုင်ကြောင်း မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်း၏ ထုတ်ပြန်ကြေငြာထားသည်။
မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်းက ယနေ့(စက်တင်ဘာ ၁၈ရက်)တွင် အထက်ပါကဲ့သို ထုတ်ပြန်ကြေငြာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လတ်ရှိတွင် ပြည်တွင်းဆီကြိတ်ဖတ်ဈေးများ တဖြည်းဖြည်း မြင့်တက်လျက်ရှိနေပြီး ဆီကြိတ်ဖတ်များ ဈေးနှုန်းကြီးမြင့်လာခြင်းဖြင့် စားသုံးသူပြည်သူများ စားသုံးနေရသည့် အသား၊ ငါး၊ ဥ၊ နို့ဈေးများလည်း ကြီးမြင့်လာနိုင်ကြောင်း ထုတ်ပြန်ကြေငြားထားသည်။
ထို့ပြင် ပြည်တွင်းတိရိစ္ဆာန်အစာ လိုအပ်ချက်ရှိလာသောကြောင့် ပြည်ပမှပဲပုတ်ဖတ်များ တင်သွင်းရသည့် အခြေအနေသို့ ရောက်ရှိလာနိုင်ကြောင်း မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်းက ထုတ်ပြန်ကြေငြာထားကြောင်း သိရသည်။
ပြည်တွင်းဆီစက်များမှ ထွက်ရှိသော ဆီကြိတ်ဖတ်များဖြစ်သည့် (ပဲဖတ်၊ နှမ်းဖတ်၊ နေကြာဖတ်၊ မုံညင်းဖတ်၊ ပန်းနှမ်းဖတ်၊ ပဲပုတ်ဖတ်) စသည်တို့သည် မြန်မာနိုင်ငံ၏ မွေးမြူရေးကဏ္ဍအတွက် အရေးပါသော ကုန်စည်များဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ပြည်တွင်းဆီစက်များအနေဖြင့် ကြိတ်ခွဲထွက်ရှိလာသောကြိတ်ဖတ်များကို ကုန်ချိန် များစွာသိုလှောင်ထားခြင်း၊ ဈေးနှုန်းကြီး မြင့်အောင် လုပ်ဆောင်ခြင်းများ မပြုလုပ်ကြရန် တိုက်တွန်းပြောဆိုထားသည်။

Zawgyi Version:
ျပည္တြင္းတိရိစာၦန္အစာ လိုအပ္ခ်က္ရွိလာေသာေၾကာင့္ ျပည္ပမွပဲပုတ္ဖတ္မ်ား တင္သြင္းရႏိုင္
သန႔္ဇင္(NP News)-စက္တင္ဘာ ၁၈
ျပည္တြင္းတိရိစာၦန္အစာ လိုအပ္ခ်က္ရွိလာေသာေၾကာင့္ ျပည္ပမွပဲပုတ္ဖတ္မ်ား တင္သြင္းရသည့္ အေျခအေနသို႔ ေရာက္ရွိလာ ႏိုင္ေၾကာင္း ျမန္မာႏိုင္ငံဆီစက္ပိုင္ရွင္မ်ားအသင္း၏ ထုတ္ျပန္ေၾကျငာထားသည္။
ျမန္မာႏိုင္ငံဆီစက္ပိုင္ရွင္မ်ားအသင္းက ယေန႔(စက္တင္ဘာ ၁၈ရက္)တြင္ အထက္ပါကဲ့သို ထုတ္ျပန္ေၾကျငာခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
လတ္ရွိတြင္ ျပည္တြင္းဆီႀကိတ္ဖတ္ေဈးမ်ား တျဖည္းျဖည္း ျမင့္တက္လ်က္ရွိေနၿပီး ဆီႀကိတ္ဖတ္မ်ား ေဈးႏႈန္းႀကီးျမင့္လာျခင္းျဖင့္ စားသုံးသူျပည္သူမ်ား စားသုံးေနရသည့္ အသား၊ ငါး၊ ဥ၊ ႏို႔ေဈးမ်ားလည္း ႀကီးျမင့္လာႏိုင္ေၾကာင္း ထုတ္ျပန္ေၾကျငားထားသည္။
ထို႔ျပင္ ျပည္တြင္းတိရိစာၦန္အစာ လိုအပ္ခ်က္ရွိလာေသာေၾကာင့္ ျပည္ပမွပဲပုတ္ဖတ္မ်ား တင္သြင္းရသည့္ အေျခအေနသို႔ ေရာက္ရွိလာႏိုင္ေၾကာင္း ျမန္မာႏိုင္ငံဆီစက္ပိုင္ရွင္မ်ားအသင္းက ထုတ္ျပန္ေၾကျငာထားေၾကာင္း သိရသည္။
ျပည္တြင္းဆီစက္မ်ားမွ ထြက္ရွိေသာ ဆီႀကိတ္ဖတ္မ်ားျဖစ္သည့္ (ပဲဖတ္၊ ႏွမ္းဖတ္၊ ေနၾကာဖတ္၊ မုံညင္းဖတ္၊ ပန္းႏွမ္းဖတ္၊ ပဲပုတ္ဖတ္) စသည္တို႔သည္ ျမန္မာႏိုင္ငံ၏ ေမြးျမဴေရးက႑အတြက္ အေရးပါေသာ ကုန္စည္မ်ားျဖစ္ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ျပည္တြင္းဆီစက္မ်ားအေနျဖင့္ ႀကိတ္ခြဲထြက္ရွိလာေသာႀကိတ္ဖတ္မ်ားကို ကုန္ခ်ိန္ မ်ားစြာသိုေလွာင္ထားျခင္း၊ ေဈးႏႈန္းႀကီး ျမင့္ေအာင္ လုပ္ေဆာင္ျခင္းမ်ား မျပဳလုပ္ၾကရန္ တိုက္တြန္းေျပာဆိုထားသည္။

Related news

© 2021. All rights reserved.