AA အဖွဲ့၏အစုပြုံလိုက်သတ်ဖြတ်မှုနှင့်မုဒိန်းမှုမှလွတ်မြောက်လာသော ဘင်္ဂလီကလေးငယ်၏ ပြောစကားရုပ်သံဖိုင်ပျံနှံ့နေ

1268

သက်ပိုင်(NP News) - စက်တင်ဘာ ၁၈
ရခိုင်ပြည်နယ်၊ဘူးသီးတောင်မြို့နယ်၊ထန်းရှောက်ခံကျေးရွာတွင် AA အဖွဲ့မှ အစုပြုံလိုက်သတ်မှုနှင့် မုဒိန်းမှုကျူးလွန်သည့်သည်ဟု လွတ်မြောက်လာသော ဘင်္ဂလီကလေးငယ်တစ်ဦး၏ ပြောဆိုမှု Video ဖိုင်တစ်ခုသည် လူမှုကွန်ယက်စာမျက်နှာများတွင် ပျံ့နှံ့လျက်ရှိနေသည်ကို တွေ့ရသည်။
အဆိုပါ အသက် (၁၀)နှစ်အရွယ် ကလေးငယ်သည် ၎င်းတို့တွင် မိသားစုဝင် (၁၉) ဦးရှိသည့်အနက် (၂)ဦးသာ အသက်ရှင်ကျန်ရစ်ခဲ့ကြောင်းနှင့် ၎င်း၏မိသားစုဝင်များနှင့် ရွာသားများမှာ AA အဖွဲ့၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရကြောင်း ပြောဆိုထားသည်။
“သမီးအမည်ကတော့ နုရ် ခေါ် လီမာ ပါ။ သမီးအသက်ကတော့ ၁၀ နှစ်ပါ။ ဘူးသီးတောင် မြို့နယ်က သမီးရဲ့ ဇာတိပါ။ သမီးတို့မိသားစုမှာ မိသားစုဝင် (၁၉)ဦး ရှိတာကနေ (၂) ဦးပဲ ကျန်ပါတော့တယ်။ ကျန် (၁၇) ဦးကတော့ အသတ်ခံရတာပါ။ AA အဖွဲ့က သတ်ခဲ့တာပေါ့။ AA အဖွဲ့က သတ်တာခံရသူတွေက သမီးရဲ့အဖေ၊ အမေ၊ ညီမ၊ အကို၊ ဦးလေး၊ အဖိုး၊ အဖွား၊ ဆွေမျိုးတွေနဲ့ ရွာသားတွေပါ။ သမီးရဲ့မျက်စိရှေ့မှာပဲ သတ်ခံခဲ့ရတာပါ”ဟု အဆိုပါကလေးငယ်က ပြောဆိုထားသည်။
ထို့အပြင် AA အဖွဲ့အနေဖြင့် မိန်းကလေးများကို စာသင်ကျောင်းအတွင်းသို့ အတင်းဆွဲခေါ်သွားပြီး မုဒိန်းကျင့်ခဲ့သည့်အပြင် အော်ဟစ်သူများကို ဓားဖြင့်ထိုးသတ်ခြင်းများပြုလုပ်ခဲ့ကြောင်း နှင့် ယခုကဲ့သို့ ဖြစ်ရပ်များအတွက် တရားမျှတမှု ရရှိလိုကြောင်း အဆိုပါကလေးငယ်က ပြောဆိုထားသည်။
“AA က မိန်းကလေးတွေကို စာသင်ကျောင်းထဲကို အတင်းဆွဲခေါ်သွားပြီး မုဒိန်းကျင့် လိုက်သေးတယ်။ အော်တဲ့သူတွေကို ဓားနဲ့ထိုးပြီး သတ်ပစ်တာ။ အဲ့အချိန်တုန်းက သမီးက ကျောင်းထဲရှိနေခဲ့တာ။ သမီးကတော့ အစုလိုက်အပြုံလိုက် အသတ်ခံရတာနဲ့ မုဒိမ်းမှု ကနေ လွတ်မြောက်ပြီး အခုတော့ဘင်္ဂလားဒေရှ့် ဒုက္ခသည်စခန်းမှာ ရောက်နေပါပြီ။ သမီး တရားမျှတမှုကို လိုချင်ပါတယ်။ ရခိုင်မှာ နောက်ထပ်ဒါမျိုး လူမျိုးတုံးသတ်ဖြတ်မှုတွေ ဘယ်တော့မှ မဖြစ်ပါစေနဲ့ရှင် ” ဟု ၎င်းက ပြောဆိုထားသည်။
AA အဖွဲ့အနေဖြင့် ဘူးသီးတောင်မြို့နယ်၊ အတွင်းငှက်သေကျေးရွာအုပ်စု ထန်းရှောက်ခံကျေးရွာမှ ဒေသခံဘင်္ဂါလီရွာသား ၆၀၀ ကျော်ကို လူမျိုးတုန်းသတ်ဖြတ်ခဲ့ကြောင်း ဘင်္ဂလီအရေးဆောင်ရွက်နေသူ များက အခိုင်အမာ ပြောဆိုထားပြီး AA အဖွဲ့ကမူ ငြင်းဆိုထားသည်။
ဒေသတည်ငြိမ်အေးချမ်းမှုကိုလိုလားသောကြောင့် AA တို့၏ လုပ်ရပ်များကို လုံးဝလက်မခံကြောင်း ကန့်ကွက်ဆန္ဒပြခဲ့ကြသည့်အတွက် ဘင်္ဂါလီများ အပေါ် AA က အငြိုးအတေးထားကာ လူမျိုးရေးမုန်းတီးမှုကို ရှေ့တန်းတင်၍ ထန်းရှောက်ခံရွာက အပြစ်မဲ့ဒေသခံတို့ကို ဥပဒေမဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မီးရှို့မှုကို လုပ်ဆောင်ခဲ့ကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း ကလည်းပြောဆိုထားသည်။

Zawgyi Version:
AA အဖြဲ႕၏အစုၿပဳံလိုက္သတ္ျဖတ္မႈႏွင့္မုဒိန္းမႈမွလြတ္ေျမာက္လာေသာ ဘဂၤလီကေလးငယ္၏ ေျပာစကား႐ုပ္သံဖိုင္ပ်ံႏွံ႔ေန
သက္ပိုင္(NP News) - စက္တင္ဘာ ၁၈
ရခိုင္ျပည္နယ္၊ဘူးသီးေတာင္ၿမိဳ႕နယ္၊ထန္းေရွာက္ခံေက်း႐ြာတြင္ AA အဖြဲ႕မွ အစုၿပဳံလိုက္သတ္မႈႏွင့္ မုဒိန္းမႈက်ဴးလြန္သည့္သည္ဟု လြတ္ေျမာက္လာေသာ ဘဂၤလီကေလးငယ္တစ္ဦး၏ ေျပာဆိုမႈ Video ဖိုင္တစ္ခုသည္ လူမႈကြန္ယက္စာမ်က္ႏွာမ်ားတြင္ ပ်ံ႕ႏွံ႔လ်က္ရွိေနသည္ကို ေတြ႕ရသည္။
အဆိုပါ အသက္ (၁၀)ႏွစ္အ႐ြယ္ ကေလးငယ္သည္ ၎တို႔တြင္ မိသားစုဝင္ (၁၉) ဦးရွိသည့္အနက္ (၂)ဦးသာ အသက္ရွင္က်န္ရစ္ခဲ့ေၾကာင္းႏွင့္ ၎၏မိသားစုဝင္မ်ားႏွင့္ ႐ြာသားမ်ားမွာ AA အဖြဲ႕၏ သတ္ျဖတ္ျခင္းကို ခံခဲ့ရေၾကာင္း ေျပာဆိုထားသည္။
“သမီးအမည္ကေတာ့ ႏုရ္ ေခၚ လီမာ ပါ။ သမီးအသက္ကေတာ့ ၁၀ ႏွစ္ပါ။ ဘူးသီးေတာင္ ၿမိဳ႕နယ္က သမီးရဲ႕ ဇာတိပါ။ သမီးတို႔မိသားစုမွာ မိသားစုဝင္ (၁၉)ဦး ရွိတာကေန (၂) ဦးပဲ က်န္ပါေတာ့တယ္။ က်န္ (၁၇) ဦးကေတာ့ အသတ္ခံရတာပါ။ AA အဖြဲ႕က သတ္ခဲ့တာေပါ့။ AA အဖြဲ႕က သတ္တာခံရသူေတြက သမီးရဲ႕အေဖ၊ အေမ၊ ညီမ၊ အကို၊ ဦးေလး၊ အဖိုး၊ အဖြား၊ ေဆြမ်ိဳးေတြနဲ႔ ႐ြာသားေတြပါ။ သမီးရဲ႕မ်က္စိေရွ႕မွာပဲ သတ္ခံခဲ့ရတာပါ”ဟု အဆိုပါကေလးငယ္က ေျပာဆိုထားသည္။
ထို႔အျပင္ AA အဖြဲ႕အေနျဖင့္ မိန္းကေလးမ်ားကို စာသင္ေက်ာင္းအတြင္းသို႔ အတင္းဆြဲေခၚသြားၿပီး မုဒိန္းက်င့္ခဲ့သည့္အျပင္ ေအာ္ဟစ္သူမ်ားကို ဓားျဖင့္ထိုးသတ္ျခင္းမ်ားျပဳလုပ္ခဲ့ေၾကာင္း ႏွင့္ ယခုကဲ့သို႔ ျဖစ္ရပ္မ်ားအတြက္ တရားမွ်တမႈ ရရွိလိုေၾကာင္း အဆိုပါကေလးငယ္က ေျပာဆိုထားသည္။
“AA က မိန္းကေလးေတြကို စာသင္ေက်ာင္းထဲကို အတင္းဆြဲေခၚသြားၿပီး မုဒိန္းက်င့္ လိုက္ေသးတယ္။ ေအာ္တဲ့သူေတြကို ဓားနဲ႔ထိုးၿပီး သတ္ပစ္တာ။ အဲ့အခ်ိန္တုန္းက သမီးက ေက်ာင္းထဲရွိေနခဲ့တာ။ သမီးကေတာ့ အစုလိုက္အၿပဳံလိုက္ အသတ္ခံရတာနဲ႔ မုဒိမ္းမႈ ကေန လြတ္ေျမာက္ၿပီး အခုေတာ့ဘဂၤလားေဒရွ႕္ ဒုကၡသည္စခန္းမွာ ေရာက္ေနပါၿပီ။ သမီး တရားမွ်တမႈကို လိုခ်င္ပါတယ္။ ရခိုင္မွာ ေနာက္ထပ္ဒါမ်ိဳး လူမ်ိဳးတုံးသတ္ျဖတ္မႈေတြ ဘယ္ေတာ့မွ မျဖစ္ပါေစနဲ႔ရွင္ ” ဟု ၎က ေျပာဆိုထားသည္။
AA အဖြဲ႕အေနျဖင့္ ဘူးသီးေတာင္ၿမိဳ႕နယ္၊ အတြင္းငွက္ေသေက်း႐ြာအုပ္စု ထန္းေရွာက္ခံေက်း႐ြာမွ ေဒသခံဘဂၤါလီ႐ြာသား ၆၀၀ ေက်ာ္ကို လူမ်ိဳးတုန္းသတ္ျဖတ္ခဲ့ေၾကာင္း ဘဂၤလီအေရးေဆာင္႐ြက္ေနသူ မ်ားက အခိုင္အမာ ေျပာဆိုထားၿပီး AA အဖြဲ႕ကမူ ျငင္းဆိုထားသည္။
ေဒသတည္ၿငိမ္ေအးခ်မ္းမႈကိုလိုလားေသာေၾကာင့္ AA တို႔၏ လုပ္ရပ္မ်ားကို လုံးဝလက္မခံေၾကာင္း ကန႔္ကြက္ဆႏၵျပခဲ့ၾကသည့္အတြက္ ဘဂၤါလီမ်ား အေပၚ AA က အၿငိဳးအေတးထားကာ လူမ်ိဳးေရးမုန္းတီးမႈကို ေရွ႕တန္းတင္၍ ထန္းေရွာက္ခံ႐ြာက အျပစ္မဲ့ေဒသခံတို႔ကို ဥပေဒမဲ့ အစုလိုက္အၿပဳံလိုက္ သတ္ျဖတ္မီးရႈိ႕မႈကို လုပ္ေဆာင္ခဲ့ေၾကာင္း အမ်ိဳးသားကာကြယ္ေရးႏွင့္ လုံၿခဳံေရးေကာင္စီသတင္းထုတ္ျပန္ေရးအဖြဲ႕ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္း ကလည္းေျပာဆိုထားသည္။