Charlie Kirkကို လုပ်ကြံသတ်ဖြတ်မှုအတွက် သံသယရှိသူအမျိုးသားကို လူသတ်မှုနဲ့ တရားစွဲဆို

 324

Pika(NP News)-စက်တင်ဘာ ၁၈
အမေရိကန်ကွန်ဆာဗေးတစ်နိုင်ငံရေးတက်ကြွလှုပ်ရှားသူ Charlie Kirkကို လုပ်ကြံသတ်ဖြတ်မှုအတွက် သံသယရှိသူအမျိုးသားကို လူသတ်မှုနဲ့ တရားစွဲဆိုခဲ့တယ်လို့ Utahပြည်နယ်အစိုးရရှေ့နေတွေက ထုတ်ပြန်ကြေညာခဲ့ပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့ နီးကပ်တဲ့မိတ်ဖက်ဖြစ်တဲ့ Charlie Kirkဟာ ပြီးခဲ့တဲ့သီတင်းပတ်တုန်းက Utah တက္ကသိုလ် ကျောင်းဝင်းအတွင်းမှာ လုပ်ဆောင်ခဲ့တဲ့ ဟောပြောပွဲတစ်ခုအတွင်း သေနတ်နဲ့ ပစ်ခတ်လုပ်ကြံခံခဲ့ရတာဖြစ်တယ်လို့လည်း သိရပါတယ်။အသက်(၂၂)နှစ်အရွယ် တိုင်လာရော်ဘင်ဆန်ဟာ Charlie Kirkကို အမိုးပေါ်ကနေ လုပ်ကြံသတ်ဖြတ်ဖို့အတွက် ရိုင်ဖယ်သေနတ်ကို အသုံးပြုခဲ့တယ်လို့ အာဏာပိုင်တွေက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။လုပ်ကြံသတ်ဖြတ်မှုအပြီး အချိန်(၃၃)နာရီအကြာမှာ အာဏာပိုင်တွေဟာ တိုင်လာရော်ဘင်ဆန်ကို ဖမ်းဆီးနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။ Utahပြည်နယ်ရှေ့နေ ဂျက်ဖ်ဂရေးက”လက်ရှိအချိန်အထိ ရရှိထားတဲ့ သက်သေအထောက်အထားတွေကို ပြန်လည်သုံးသပ်ခဲ့ပြီးနောက် တိုင်လာရော်ဘင်ဆန်ကို လူသတ်မှုနဲ့ တရားစွဲဆိုခဲ့ပါတယ်။”လို့ပြောဆိုခဲ့ပါတယ်။တိုင်လာရော်ဘင်ဆန်ကို စွဲဆိုခဲ့တဲ့ အခြားတရားစွဲဆိုချက်(၆)ခုမှာ ၎င်းရဲ့အခန်းဖော်ကို နှုတ်ဆိတ်နေဖို့ အမိန့်ပေးခဲ့တဲ့အတွက် တရားမျှတမှုကို နှောင့်ယှက်ခြင်းနဲ့ မျက်မြင်သက်သေကို ခြိမ်းခြောက်ခြင်းတို့ပါဝင်တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
Charlie Kirkကို လုပ္ႀကံသတ္ျဖတ္မႈအတြက္ သံသယရွိသူအမ်ိဳးသားကို လူသတ္မႈနဲ႔ တရားစြဲဆို
Pika(NP News)-စက္တင္ဘာ ၁၈
အေမရိကန္ကြန္ဆာေဗးတစ္ႏိုင္ငံေရးတက္ႂကြလႈပ္ရွားသူ Charlie Kirkကို လုပ္ႀကံသတ္ျဖတ္မႈအတြက္ သံသယရွိသူအမ်ိဳးသားကို လူသတ္မႈနဲ႔ တရားစြဲဆိုခဲ့တယ္လို႔ Utahျပည္နယ္အစိုးရေရွ႕ေနေတြက ထုတ္ျပန္ေၾကညာခဲ့ပါတယ္။အေမရိကန္သမၼတေဒၚနယ္ထရမ့္ရဲ႕ နီးကပ္တဲ့မိတ္ဖက္ျဖစ္တဲ့ Charlie Kirkဟာ ၿပီးခဲ့တဲ့သီတင္းပတ္တုန္းက Utah တကၠသိုလ္ ေက်ာင္းဝင္းအတြင္းမွာ လုပ္ေဆာင္ခဲ့တဲ့ ေဟာေျပာပြဲတစ္ခုအတြင္း ေသနတ္နဲ႔ ပစ္ခတ္လုပ္ႀကံခံခဲ့ရတာျဖစ္တယ္လို႔လည္း သိရပါတယ္။အသက္(၂၂)ႏွစ္အ႐ြယ္ တိုင္လာေရာ္ဘင္ဆန္ဟာ Charlie Kirkကို အမိုးေပၚကေန လုပ္ႀကံသတ္ျဖတ္ဖို႔အတြက္ ႐ိုင္ဖယ္ေသနတ္ကို အသုံးျပဳခဲ့တယ္လို႔ အာဏာပိုင္ေတြက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။လုပ္ႀကံသတ္ျဖတ္မႈအၿပီး အခ်ိန္(၃၃)နာရီအၾကာမွာ အာဏာပိုင္ေတြဟာ တိုင္လာေရာ္ဘင္ဆန္ကို ဖမ္းဆီးႏိုင္ခဲ့တယ္လို႔လည္း သိရပါတယ္။ Utahျပည္နယ္ေရွ႕ေန ဂ်က္ဖ္ဂေရးက”လက္ရွိအခ်ိန္အထိ ရရွိထားတဲ့ သက္ေသအေထာက္အထားေတြကို ျပန္လည္သုံးသပ္ခဲ့ၿပီးေနာက္ တိုင္လာေရာ္ဘင္ဆန္ကို လူသတ္မႈနဲ႔ တရားစြဲဆိုခဲ့ပါတယ္။”လို႔ေျပာဆိုခဲ့ပါတယ္။တိုင္လာေရာ္ဘင္ဆန္ကို စြဲဆိုခဲ့တဲ့ အျခားတရားစြဲဆိုခ်က္(၆)ခုမွာ ၎ရဲ႕အခန္းေဖာ္ကို ႏႈတ္ဆိတ္ေနဖို႔ အမိန႔္ေပးခဲ့တဲ့အတြက္ တရားမွ်တမႈကို ေႏွာင့္ယွက္ျခင္းနဲ႔ မ်က္ျမင္သက္ေသကို ၿခိမ္းေျခာက္ျခင္းတို႔ပါဝင္တယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.