တောင်သာ၌ PDF အဖွဲ့က လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် အရပ်သားသုံးဦး ထိခိုက်ဒဏ်ရာရရှိ

 515

သတိုးနိုင် (NP News) - စက်တင်ဘာ ၁၈

မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊ ရုံးစည်ကြီးကျေးရွာ၌ PDF အဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် အရပ်သားသုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် စက်တင်ဘာလ (၁၆) ရက်၊ နံနက် (၈) နာရီ (၃၀) မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထိလာမြို့နယ် ပြည်သူ့ဆေးရုံ၌ ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ရောက်ရှိလာသည့်အတွက် လုံခြုံရေးရဲတပ်ဖွဲ့ဝင်များမှ သွားရောက်စစ်ဆေးခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ အဆိုပါ ရုံးစည်ကြီးကျေးရွာနေသူများဖြစ်ကြသည့် ဦးလှသန်း (၇၆) နှစ်၊ ကိုညီညီလွင် (၂၃) နှစ်နှင့် မရွှေယမင်း (၁၂) နှစ်တို့သည် ၎င်းတို့နေအိမ်၌ရှိနေစဉ် ကျေးရွာအတွင်းသို့ PDF အဖွဲ့က လက်နက်ကြီးဗုံးသီးများ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ဒေသခံပြည်သူလူထုတွေနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သောလုံခြုံရေးလုပ်ငန်းများကို ပူးပေါင်းကာတိုးမြှင့်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Zawgyi Version:
ေတာင္သာ၌ PDF အဖြဲ႕က လက္နက္ႀကီးျဖင့္ပစ္ခတ္မႈေၾကာင့္ အရပ္သားသုံးဦး ထိခိုက္ဒဏ္ရာရရွိ
သတိုးႏိုင္ (NP News) - စက္တင္ဘာ ၁၈

မႏၲေလးတိုင္းေဒသႀကီး၊ ေတာင္သာၿမိဳ႕နယ္၊ ႐ုံးစည္ႀကီးေက်း႐ြာ၌ PDF အဖြဲ႕က လက္နက္ႀကီးျဖင့္ ပစ္ခတ္တိုက္ခိုက္ခဲ့မႈေၾကာင့္ အရပ္သားသုံးဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ သတင္းထုတ္ျပန္ထားသည္။

ၿပီးခဲ့သည့္ စက္တင္ဘာလ (၁၆) ရက္၊ နံနက္ (၈) နာရီ (၃၀) မိနစ္တြင္ မႏၲေလးတိုင္းေဒသႀကီး၊ မိတၳိလာၿမိဳ႕နယ္ ျပည္သူ႔ေဆး႐ုံ၌ ဗုံးသီးေပါက္ကြဲစ ထိမွန္ဒဏ္ရာမ်ားျဖင့္ အမ်ိဳးသားႏွစ္ဦးႏွင့္ အမ်ိဳးသမီးတစ္ဦးတို႔ေရာက္ရွိလာသည့္အတြက္ လုံၿခဳံေရးရဲတပ္ဖြဲ႕ဝင္မ်ားမွ သြားေရာက္စစ္ေဆးခဲ့ေၾကာင္းသိရသည္။

ျဖစ္စဥ္မွာ အဆိုပါ ႐ုံးစည္ႀကီးေက်း႐ြာေနသူမ်ားျဖစ္ၾကသည့္ ဦးလွသန္း (၇၆) ႏွစ္၊ ကိုညီညီလြင္ (၂၃) ႏွစ္ႏွင့္ မေ႐ႊယမင္း (၁၂) ႏွစ္တို႔သည္ ၎တို႔ေနအိမ္၌ရွိေနစဥ္ ေက်း႐ြာအတြင္းသို႔ PDF အဖြဲ႕က လက္နက္ႀကီးဗုံးသီးမ်ား ပစ္ခတ္တိုက္ခိုက္မႈေၾကာင့္ ထိခိုက္ဒဏ္ရာရရွိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

လက္ရွိတြင္ ေဒသခံျပည္သူလူထုေတြႏွင့္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက လိုအပ္ေသာလုံၿခဳံေရးလုပ္ငန္းမ်ားကို ပူးေပါင္းကာတိုးျမႇင့္လ်က္ရွိေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

Related news

© 2021. All rights reserved.