TikTok နှင့်ပတ်သက်ပြီး မူဘောင်သဘော တူညီချက်တစ်ရပ်ကို အမေရိကန်နှင့် တရုတ်တို့ရရှိ

405

Pika (NP News) - စက်တင်ဘာ ၂၁
အမေရိကန်နိုင်ငံတွင် TikTok ပလက်ဖောင်းကို တားမြစ်ပိတ်ပင်ခြင်းမှကာကွယ်ရန် မျှော်လင့်ထားသည့် မူဘောင်သဘောတူညီချက်တစ်ခုကို အမေရိကန်နှင့်တရုတ်စေ့စပ်ညှိနှိုင်းရေးအဖွဲ့များ ကြားရရှိခဲ့ကြောင်းသိရသည်။ ထို့ပြင် နှစ်ဖက်စလုံးက ကုန်သွယ်ရေးဆိုင်ရာစည်းမျဉ်းများကို သဘောတူညီခဲ့ကြောင်း စပိန်နိုင်ငံတွင်ကျင်းပခဲ့သော တရုတ်နှင့် ဆွေးနွေးပွဲများတွင် အမေရိကန်ကိုယ်စားလှယ်အဖွဲ့ ကိုဦးဆောင်ခဲ့သော အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စကော့ဘတ်ဆန့်က ထုတ်ပြန်ပြောဆိုခဲ့သည်။
TikTok နှင့်ပတ်သက်သည့်ကိစ္စရပ်များအတွက် အခြေခံမူဘောင်သဘောတူညီချက်ကို နှစ် ဖက်စလုံးကရရှိခဲ့ ကြောင်းနှင့် ဆွေးနွေးပွဲများကို အပြု သဘောဆောင်သည့်ဆွေးနွေးပွဲအဖြစ် တရုတ်၏ထိပ်တန်းစေ့စပ်ညှိနှိုင်းရေးမှူး Li Chenggang က မက်ဒရစ်မြို့တွင်ရှိသော တရုတ်သံရုံးတွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတစ်ခုအတွင်း ထုတ်ဖော် ပြောဆိုခဲ့သည်။ TikTok ပိုင်ဆိုင်မှုလွှဲပြောင်းခြင်းအတွက် မူဘောင်တစ်ရပ်ကိုရရှိခဲ့ကြောင်း စကော့ဘတ်ဆန့်က ထုတ် ဖော်ပြောဆိုခဲ့သော်လည်း အဆိုပါမူဘောင်နှင့်ပတ်သက်သည့် နောက်ထပ်အသေးစိတ်အချက် အလက်များကို ထုတ်ဖော် ပြောဆိုခဲ့ခြင်းမျိုးမရှိခဲ့ကြောင်း သိရသည်။ တရုတ်နည်းပညာကုမ္ပဏီ ByteDance ပိုင်ဆိုင်သည့် TikTok ပလက် ဖောင်းသည် ၎င်း၏မိခင်ကုမ္ပဏီမှ နုတ်ထွက်မည့်နောက်ဆုံးရက်ကို လွဲချော်ခဲ့ပြီးနောက် (၂၀၂၅)ခုနှစ် ဇန်နဝါရီလ တည်းက အမေရိကန်နိုင်ငံတစ်ဝန်း တားမြစ်ပိတ်ပင်မှုများ အောက်တွင်ရှိနေခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
အသုံးပြုသူများ၏ ဒေတာအချက်အလက်များကို တရုတ်အစိုးရက ဝင်ရောက်ကြည့်ရှုနိုင်သည် ဆိုသည့် စွပ်စွဲ ပြောဆိုချက်များနှင့်အတူ အဆိုပါပိတ် ဆို့အရေးယူမှုများကို အမေရိကန်အစိုးရက တရားဝင်ချမှတ်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။ သို့သော်လည်း ဒေါ်နယ်ထရမ့် အမေရိကန်သမ္မတအဖြစ် စတင်တာဝန်ယူပြီးနောက်ပိုင်းကတည်းက တရုတ် နှင့် စေ့စပ်ညှိနှိုင်းမှုများအတွင်း တားမြစ်ပိတ်ပင်မှုများကို အကြိမ်ကြိမ်ရွှေ့ဆိုင်းခဲ့ကြောင်းလည်းသိရသည်။

Zawgyi Version:
TikTok ႏွင့္ပတ္သက္ၿပီး မူေဘာင္သေဘာ တူညီခ်က္တစ္ရပ္ကို အေမရိကန္ႏွင့္ တ႐ုတ္တို႔ရရွိ
Pika (NP News) - စက္တင္ဘာ ၂၁
အေမရိကန္ႏိုင္ငံတြင္ TikTok ပလက္ေဖာင္းကို တားျမစ္ပိတ္ပင္ျခင္းမွကာကြယ္ရန္ ေမွ်ာ္လင့္ထားသည့္ မူေဘာင္သေဘာတူညီခ်က္တစ္ခုကို အေမရိကန္ႏွင့္တ႐ုတ္ေစ့စပ္ညႇိႏႈိင္းေရးအဖြဲ႕မ်ား ၾကားရရွိခဲ့ေၾကာင္းသိရသည္။ ထို႔ျပင္ ႏွစ္ဖက္စလုံးက ကုန္သြယ္ေရးဆိုင္ရာစည္းမ်ဥ္းမ်ားကို သေဘာတူညီခဲ့ေၾကာင္း စပိန္ႏိုင္ငံတြင္က်င္းပခဲ့ေသာ တ႐ုတ္ႏွင့္ ေဆြးေႏြးပြဲမ်ားတြင္ အေမရိကန္ကိုယ္စားလွယ္အဖြဲ႕ ကိုဦးေဆာင္ခဲ့ေသာ အေမရိကန္ဘ႑ာေရးဝန္ႀကီး စေကာ့ဘတ္ဆန႔္က ထုတ္ျပန္ေျပာဆိုခဲ့သည္။
TikTok ႏွင့္ပတ္သက္သည့္ကိစၥရပ္မ်ားအတြက္ အေျခခံမူေဘာင္သေဘာတူညီခ်က္ကို ႏွစ္ ဖက္စလုံးကရရွိခဲ့ ေၾကာင္းႏွင့္ ေဆြးေႏြးပြဲမ်ားကို အျပဳ သေဘာေဆာင္သည့္ေဆြးေႏြးပြဲအျဖစ္ တ႐ုတ္၏ထိပ္တန္းေစ့စပ္ညႇိႏႈိင္းေရးမႉး Li Chenggang က မက္ဒရစ္ၿမိဳ႕တြင္ရွိေသာ တ႐ုတ္သံ႐ုံးတြင္ျပဳလုပ္သည့္ သတင္းစာရွင္းလင္းပြဲတစ္ခုအတြင္း ထုတ္ေဖာ္ ေျပာဆိုခဲ့သည္။ TikTok ပိုင္ဆိုင္မႈလႊဲေျပာင္းျခင္းအတြက္ မူေဘာင္တစ္ရပ္ကိုရရွိခဲ့ေၾကာင္း စေကာ့ဘတ္ဆန႔္က ထုတ္ ေဖာ္ေျပာဆိုခဲ့ေသာ္လည္း အဆိုပါမူေဘာင္ႏွင့္ပတ္သက္သည့္ ေနာက္ထပ္အေသးစိတ္အခ်က္ အလက္မ်ားကို ထုတ္ေဖာ္ ေျပာဆိုခဲ့ျခင္းမ်ိဳးမရွိခဲ့ေၾကာင္း သိရသည္။ တ႐ုတ္နည္းပညာကုမၸဏီ ByteDance ပိုင္ဆိုင္သည့္ TikTok ပလက္ ေဖာင္းသည္ ၎၏မိခင္ကုမၸဏီမွ ႏုတ္ထြက္မည့္ေနာက္ဆုံးရက္ကို လြဲေခ်ာ္ခဲ့ၿပီးေနာက္ (၂၀၂၅)ခုႏွစ္ ဇန္နဝါရီလ တည္းက အေမရိကန္ႏိုင္ငံတစ္ဝန္း တားျမစ္ပိတ္ပင္မႈမ်ား ေအာက္တြင္ရွိေနခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။
အသုံးျပဳသူမ်ား၏ ေဒတာအခ်က္အလက္မ်ားကို တ႐ုတ္အစိုးရက ဝင္ေရာက္ၾကည့္ရႈႏိုင္သည္ ဆိုသည့္ စြပ္စြဲ ေျပာဆိုခ်က္မ်ားႏွင့္အတူ အဆိုပါပိတ္ ဆို႔အေရးယူမႈမ်ားကို အေမရိကန္အစိုးရက တရားဝင္ခ်မွတ္ခဲ့ျခင္းျဖစ္ ေၾကာင္း သိရသည္။ သို႔ေသာ္လည္း ေဒၚနယ္ထရမ့္ အေမရိကန္သမၼတအျဖစ္ စတင္တာဝန္ယူၿပီးေနာက္ပိုင္းကတည္းက တ႐ုတ္ ႏွင့္ ေစ့စပ္ညႇိႏႈိင္းမႈမ်ားအတြင္း တားျမစ္ပိတ္ပင္မႈမ်ားကို အႀကိမ္ႀကိမ္ေ႐ႊ႕ဆိုင္းခဲ့ေၾကာင္းလည္းသိရသည္။