ဆန္ဒပြပွဲတွေဖြစ်ခဲ့တဲ့ နီပေါနိုင်ငံရဲ့ပထမဆုံးအမျိုးသမီးဝန်ကြီးချုပ်အဖြစ် တာဝန်ယူမယ့် ဆူရှီလာကာကီ

1305

ဂျန်ဇက် (NP News) - စက်တင်ဘာ ၂၂
နီပေါနိုင်ငံမှာ စက်တင်ဘာလအစောပိုင်းက စတင်ပြီး လူတွေဦးဆောင်တဲ့ ဆန္ဒပြမှုတွေအပေါ် ကမ္ဘာတစ်ဝန်းစိတ်ဝင်စားမှုမြင့်တက်ခဲ့ပါတယ်။ နီပေါ နိုင်ငံဟာ အာရှတိုက်ရဲ့ တောင်အရှဒေသနိုင်ငံ တွေထဲမှာပါဝင်ပြီး ကုန်တွင်းပိတ်နိုင်ငံဖြစ်ကာ လူဦးရေ အနည်းဆုံး (၃၁)သန်းကျော်ရှိနေတဲ့နိုင်ငံ ဖြစ်ပါ တယ်။
နီပေါနိုင်ငံမှာ အစိုးရအဖွဲ့ရဲ့စီမံခန့်ခွဲမှုအမှားတွေ၊ အကျင့်ပျက်လာဘ်စားမှုတွေနဲ့ နိုင်ငံရေးအရ တာဝန်ယူမှု၊ တာဝန်ခံမှုမရှိခြင်း စတဲ့ကိစ္စရပ်တွေအပေါ် မကျေနပ်မှုမြင့်တက်လာခဲ့ပြီးနောက် Gener- ation Z တွေဦးဆောင်ပြီး ဆန္ဒပြခဲ့ရာ အနည်းဆုံး လူပေါင်း(၇၀)ကျော်သေဆုံးခဲ့တယ်လို့သိရပါတယ်။ လူငယ်တွေဦးဆောင်ပြီး နိုင်ငံတစ်ဝန်းဖြစ်ပွားခဲ့တဲ့ ဆန္ဒပွဲတွေကြောင့် စက်တင်ဘာ (၁၂) ရက်မှာ နီပေါ ဝန်ကြီးချုပ် ရှာမာအိုလီနဲ့အတူ အစိုးရအဖွဲ့ဝန်ကြီးတွေ ရာထူးကနုတ်ထွက်ခဲ့ရပါတယ်။
ရှာမာအိုလီနုတ်ထွက်ခဲ့ပေမယ့် Generation Z လူငယ်တွေဟာ အစိုးရဆောက်အအုံတွေ၊ လွှတ် တော်ကို မီးရှို့ကာ ဆန္ဒပြမှုတွေ ဆက်လုပ်ဆောင်ခဲ့ပြီး တရားသူကြီးချုပ်ဟောင်း ဆူရှီလာကာကီကို ဝန် ကြီးချုပ်အဖြစ် ခန့်အပ်ပေးဖို့တောင်းဆိုခဲ့ပါတယ်။ ယာယီအစိုးရအဖွဲ့တာဝန်ရှိသူတွေဟာ ဆန္ဒပြခေါင်း ဆောင်တွေနဲ့တွေ့ဆုံဆွေးနွေးပြီး ဆူရှိလာကာကီကို ဝန်ကြီးချုပ်အဖြစ်ခန့်အပ်ပေးဖို့ သဘောတူညီခဲ့ရာ လက်ရှိအချိန်မှာ နီပေါနိုင်ငံတစ်ဝန်း ဆန္ဒပြပွဲတွေ လျော့နည်းသွားရပြီလည်းဖြစ်ပါတယ်။ အသက် (၇၂) နှစ် အရွယ်ရှိ ဆူရှီလာကာကီဟာ နီပေါနိုင်ငံသမိုင်းတစ်လျှောက် ပထမဆုံးအမျိုးသမီးဝန်ကြီးချုပ်အဖြစ် စက်တင်ဘာလ (၁၂)ရက်မှာ စတင်တာဝန်ယူခဲ့ပြီး မတ်လအတွင်း ရွေးကောက်ပွဲပြန်လည်ကျင်းပနိုင် အောင်စီစဉ်ကာ ဝန်ကြီးချုပ်ရာထူးကနုတ်ထွက်မယ်လို့ ပြော ဆိုထားပါတယ်။ (၁၉၅၂) ခုနှစ်မှာမွေးဖွားခဲ့ တဲ့ ကာကီဟာ နီပေါနိုင်ငံရေးသမားတစ်ဦးဖြစ်သလို တရားသူကြီးချုပ်ဟောင်းတစ်ဦးလည်းဖြစ်ပါတယ်။ ကာကီဟာ နီပေါတရားသူကြီးချုပ်ရုံးရဲ့တရားသူကြီးအဖွဲ့အကြီး အကဲဖြစ် (၂၀၁၆)ခုနှစ် ဇူလိုင်လကနေ (၂၀၁၇) ခုနှစ်အထိတာဝန်ယူခဲ့ဖူးသူဖြစ်ပြီး နီပေါနိုင်ငံ သမိုင်းတစ်လျှောက်မှာ ပထမဆုံး တရားသူကြီး အဖြစ် တာဝန်ယူခဲ့ဖူးသူလည်းဖြစ်ပါတယ်။ ကာကီကို (၁၉၅၂) ခုနှစ်မှာ နီပေါနိုင်ငံအရှေ့ပိုင်း ဆန်ကာပူ ဒေသရှိ ချဟီ ထရီမိသားစုကနေမွေးဖွားခဲ့ပြီး ၎င်းဟာ မွေးချင်း (၇)ဦးထဲမှာအကြီးဆုံးဖြစ်ပါတယ်။ ကာကီ ဟာ အသက် (၂၀)အရွယ်မှာ ထရီဟူဗန်တက္ကသိုလ်ကိုတက်ရောက်ခဲ့ပြီး အနုပညာဘာသာရပ်နဲ့ ဘွဲ့ရရှိခဲ့ သလို အိန္ဒိယ နိုင်ငံရှိတက္ကသိုလ်တွေမှာလည်း ပညာသင်ကြားခဲ့ဖူးသူဖြစ်ပါတယ်။ ၎င်းဟာ အိန္ဒိယနိုင်ငံ မှာ နိုင်ငံရေးသိပ္ပံပညာရပ်ကို သွားရောက်လေ့လာခဲ့ပြီး Banaras Hindu တက္ကသိုလ်ကနေ နိုင်ငံရေးသိပ္ပံ ဘာသာရပ်နဲ့ မဟာဘွဲ့ထပ်မံရရှိခဲ့သူဖြစ်ပါတယ်။ ကာကီဟာ အိန္ဒိယတက္ကသိုလ်ကနေ မဟာဘွဲ့ရရှိခဲ့ ပြီး နောက် နီပေါနိုင်ငံ ထရီဟူဗန်တက္ကသိုလ်ကိုပြန်လာပြီး ဥပဒေပညာ ဆက်လက်သင်ကြားခဲ့ရာ (၁၉၇၈) ခုနှစ်မှာ ဥပဒေဘွဲ့ရရှိခဲ့ပါတယ်။ ကာကီဟာ နီပေါနဲ့အိန္ဒိယ တက္ကသိုလ်တွေကနေ ဘွဲ့ရရှိခဲ့ပေမယ့် ဒါဟာ ရမ်မြို့ရှိ မာဟင်ဒရာကျောင်းမှာ လက်ထောက်ဆရာမအဖြစ် (၁၉၈၆)ခုနှစ်ကနေ (၁၉၈၉)ခုနှစ်အထိ တာဝန်ယူခဲ့ပါတယ်။ ကာကီဟာ ဥပဒေဘွဲ့ရရှိထားတဲ့အတွက် ကိုရှိ တရားရုံးရဲ့ ဘားကောင်စီ ဥက္ကဋ္ဌ အဖြစ်လည်း (၁၉၉၀)ပြည့်နှစ်အထိတာဝန်ယူခဲ့သူပါတယ်။ ကာကီဟာ ဘား ကောင်စီဥက္ကဋ္ဌအဖြစ် တာဝန်ယူနေချိန်အတွင်း အစိုး ရဆန့်ကျင်ရေးဆန္ဒပြပွဲတွေကို ပူးပေါင်းပါဝင်ခဲ့ပြီး နီပေါနိုင်ငံမှာ (၁၉၉၀) ပြည့်နှစ်ကဖြစ်ပွားခဲ့တဲ့ အာဏာရှင်အစိုးရဖြုတ်ချရေးဆန္ဒပြပွဲမှာ ပူးပေါင်းပါဝင်ခဲ့ပါတယ်။ ကာကီဟာ ဝန်ကြီးချုပ် ပန်ချာရက် ဦးဆောင်တဲ့ အစိုးရအဖွဲ့ကိုဖြုတ်ချရေးဆန္ဒပြပွဲတွေမှာ ဦးဆောင် ပါဝင်ခဲ့တဲ့ အတွက် ဘီရက်တန်ဂါအကျဉ်းထောင်မှာ ထောင်ဒဏ်အပြစ်ပေးခံခဲ့ရပါတယ်။ ၎င်းဟာ အကျဉ်းထောင် က ပြန်လည်လွတ်မြောက်လာပြီးနောက် ထောင်အတွင်း အတွေ့အကြုံတွေကိုအခြေခံပြီး စာအုပ်ရေး သားထုတ်ဝေခဲ့ပါတယ်။ ကာကီဟာ (၂၀ဝ၂)ခုနှစ်မှာ Biratnagar Appellate Court, တရားရုံး မှာ ဥက္ကဋ္ဌ အဖြစ်တာဝန်ယူခဲ့ပြီး (၂၀ဝ၄)ခုနှစ်မှာ နီပေါဘားကောင်စီအဖွဲ့ အကြံပေးအဖြစ်တာန်ယူခဲ့ပါတယ်။ ၎င်း ဟာ (၂၀ဝ၉)ခုနှစ်မှာ နီပေါနိုင်ငံတရားရုံးချုပ်ရဲ့ တရားရေးအဖွဲ့ဝင်တာဝန်ယူခဲ့သလို နီပေါ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကောင်စီအကြံပေးအဖြစ်တာဝန်ယူခဲ့သူဖြစ်ပါတယ်။ ကာကီဟာ နီပေါနိုင်ငံမှာဖြစ်ပွား လျက်ရှိနေတဲ့ အကျင့်ပျက်လာဘ်စားမှုတွေကို တိုက်ဖျက်နိုင်ဖို့ နီပေါတရားရုံးချုပ် တရားသူကြီးအဖြစ် တာဝန်ယူခဲ့ပြီး နီပေါနိုင်ငံသမိုင်းတစ်လျှောက် တရားရုံးချုပ်ရဲ့ပထမဆုံးအမျိုးသမီးတရားသူကြီးချုပ် ဖြစ်ခဲ့တာလည်းဖြစ်ပါတယ်။ ကာကီဟာ တရားသူကြီး အဖြစ်တာဝန်ယူချိန်အတွင်း ဘက်လိုက်မှုနည်းပါး ပြီး အမှုတွေကို မှန်ကန်မျှတစွာ ဆုံးဖြတ်နိုင်စွမ်းရှိသူအဖြစ် လူသိများခဲ့သူလည်းဖြစ်ပါတယ်။
အထူးသဖြင့် ဆူရှီလာကာကီဟာ နိုင်ငံအတွင်း အကျင့်ပျက်လာဘ်စားမှုတွေနဲ့ပတ်သက်ပြီး တရားစီရင်ရာမှာ ပြတ်သားတဲ့တရားသူကြီးအဖြစ် လူသိများထင်ရှားခဲ့သူလည်းဖြစ်ပါတယ်။ ၎င်းဟာ တရား ရုံးချုပ်တရားသူကြီးအဖြစ်တာဝန်ယူချိန်အတွင်း ရဲချုပ်ရွေးချယ်ရေးနဲ့ပတ်သက်တဲ့ အစိုးရအဖွဲ့ ဆုံးဖြတ်ချက်ကိုပြောင်းပြန်ဆုံးဖြတ်ခဲ့ရာ အငြင်းပွားမှုတွေဖြစ်ခဲ့ပြီး ညွန့်ပေါင်းအစိုးရ ဆူရှီလာကာကီကို စွပ်စွဲပြစ် တင်ဖို့ကြိုးပမ်းခဲ့ပါတယ်။ ဆူရှီလာကာကီဟာ နီပေါအစိုးရအဖွဲ့ရဲ့လုပ်ရပ်တွေကို ဝေဖန် ထောက်ပြဖူးသူဖြစ်ပြီး ၎င်းကိုယ်တိုင်ရေးသားတဲ့စာအုပ်တွေထဲမှာလည်း နီပေါအစိုးရအဖွဲ့ရဲ့ လိုအပ် ချက်တွေကို ဝေဖန်ထောက်ပြရေးသားခြင်းတွေရှိခဲ့ပါတယ်။ ကာကီဟာ အသက်(၆၅)နှစ်အရွယ်မှာ ရာထူးကနေအနားယူခဲ့ပြီး သူတရားသူကြီးအဖြစ်တာဝန်ယူချိန်အတွင်း တွေ့ကြုံရမှုတွေကို စာအုပ် အဖြစ် ပြန်လည်ရေးသားဖော်ပြခဲ့ပါတယ်။ ကာကီက နိုင်ငံရဲ့ တရားစီရင်ရေး စနစ်လွတ်လပ်မှုတွေဟာ ဒီမိုကရေစီအပေါ်မှာမူတည် တဲ့အကြောင်းကိုလည်း ရေးသားခဲ့သူဖြစ်ပါတယ်။ ကာကီဟာ တရားသူကြီး အဖြစ် တာဝန်ယူချိန်အတွင်း နီပေါနိုင်ငံ တရားစီရင်ရေးစနစ် ထိခိုက်နစ်နာရခြင်းတွေဟာ အာဏာရှင် စနစ်ကြောင့်ဖြစ်တယ်လို့ ဝေဖန်ခဲ့ဖူးသူလည်းဖြစ်ရာ ပြည်သူတွေရဲ့အားပေးထောက်ခံမှုကို အခိုင်အမာရ ရှိခဲ့သူဖြစ်ပါတယ်။
နီပေါယာယီဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံ ရတဲ့ကာကီဟာ နီပေါနိုင်ငံရေးသမားတစ်ဦးနဲ့ လက် ထပ်ထားသူဖြစ်ကာ သားသမီးတစ်ဦးထွန်းကားခဲ့ပါ တယ်။ ကာကီဟာ နီပေါနိုင်ငံသားတစ်ဦးဖြစ်ပေမယ့် မတူညီတဲ့ဘာသာစကားအနည်းဆုံး (၃)မျိုးကို ကျွမ်း ကျင်စွာပြောဆိုနိုင်သူဖြစ်ပါတယ်။ နီပေါနိုင်ငံမှာ (၂၀၂၅) ခုနှစ် စက်တင်ဘာလ အစောပိုင်းမှာ ဆန္ဒပြပွဲတွေဖြစ်လာခဲ့ပြီးနောက် ဆန္ဒပြသူတွေဟာ ကာကီ ရဲ့ သမာသမတ်ကျမှုတွေကို နှစ်သက်တဲ့အတွက် ယာယီဝန်ကြီးချုပ်အဖြစ် ခန့်အပ်ဖို့ လိုလားတောင်းဆို ခဲ့ပါတယ်။ ဒါ့ပြင် လူမူကွန်ရက်တွေကတစ်ဆင့် ဆန္ဒမဲ ကောက်ခံရမှာလည်း ဆန္ဒပြသူ အများစုက ဆူရှီ လာ ကာကီကို ဝန်ကြီးချုပ်အဖြစ်ခန့်အပ်ဖို့ဆန္ဒပြုခဲ့ပါတယ်။ နီပေါစစ်တပ်နဲ့ ဆန္ဒပြအုပ်စုတွေတွေ့ဆုံ ဆွေးနွေးခဲ့ပြီး စက်တင်ဘာ (၁၂)ရက်မှာ ဆူရှီလာကာကီကို ယာယီဝန်ကြီးချုပ်အသစ်အဖြစ်ခန့်အပ်ဖို့ သဘောတူ ညီခဲ့ပါတယ်။ နီပေါလွှတ်တော်ကိုဖျက်သိမ်းပြီး ဖွဲ့ စည်းပုံအခြေခံဥပဒေ (၆၁)အရ ဆူရှီလာ ကာကီကို နီပေါဝန်ကြီးချုပ်အသစ်အဖြစ်ခန့်အပ်ခဲ့ပါတယ်။ နီပေါနိုင်ငံသမိုင်းတစ်လျှောက် ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ်အဖြစ်တာဝန်ယူတဲ့ဆူရှီလာဟာ လူအများက ဝန်ကြီးချုပ်အဖြစ်ရွေးချယ်ခြင်း ကြောင့် တာဝန်ယူရပေမယ့် လက်တွေ့မှာတော့ ဝန်ကြီးချုပ်အဖြစ် ကာလအတန်ကြာ တာဝန်ယူလိုခြင်း မရှိဘူးလို့ သိရပါတယ်။ ဆူရှီလာကာကီက “ဝန်ကြီးချုပ်ရာထူးကို တာဝန်ယူဖို့ဆန္ဒမရှိဘူး၊ ဒါပေမဲ့ ကျွန်မ ဟာ လမ်းမတွေပေါ်မှာဆန္ဒပြနေတဲ့ပြည်သူတွေရဲ့အသံကိုနားထောင်ပြီးနောက် ဝန်ကြီးချုပ်အဖြစ် ယာ ယီတာဝန်ယူဖို့ဆုံးဖြတ်ခဲ့တာပါ၊ လာမယ့်နှစ် မတ်လ (၅) ရက်မှာ နီပေါနိုင်ငံအတွင်း ရွေးကောက်ပွဲပြန် လည်ကျင်းပပြီး ရွေးကောက်ပွဲအနိုင်ရသူထံ အာဏာပြန်လွှဲပေးမယ်” လို့ကတိပြုထားသူဖြစ်ပါတယ်။
နီပေါ ယာယီဝန်ကြီးချုပ် ကာကီ ဦးဆောင်တဲ့အစိုးရအဖွဲ့ဟာ အစိုးရအဖြစ်တာဝန်ယူချိန်အတွင်း တရားဥပဒေစိုးမိုးရေး ပြန်လည်ရရှိအောင် ကြိုးပမ်းမှု အပါအဝင် စိန်ခေါ်မှုအများအပြားကို ရင်ဆိုင်ရဖွယ် ရှိနေပါတယ်။ ကာကီဟာ ယာယီဝန်ကြီးချုပ်အဖြစ်တာဝန်ယူချိန်အတွင်း တွေ့ကြုံရမယ့်စိန်ခေါ်မှုတွေကို အောင်မြင်စွာ ဖြတ်သန်းနိုင်မှာလား ဒါမှမဟုတ် နီပေါ လူငယ်တွေရဲ့ဆန္ဒပြမှုတွေကို ဆက်လက်ရင်ဆိုင်ရ ဖွယ်ရှိနေသလားဆိုတာ စိတ်ဝင်စားဖွယ်စောင့်ကြည့် ရဖွယ်ရှိနေပါတယ်။ ကာကီကို ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခဲ့ခြင်းအပေါ် ဂျပန်၊ အမေရိကန်၊ တရုတ်နိုင်ငံ၊ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်း တွေက ကြိုဆိုလက်ခံခဲ့ပြီး နီပေါနိုင်ငံ ပြန်လည်တည်ငြိမ်အောင် ဝိုင်းဝန်းကူညီပေးမယ်လို့ကတိပြုထားပါ တယ်။ ဆူရှီကာကာကီကို ဝန်ကြီးချုပ်အဖြစ်ခန့် အပ်ခဲ့ခြင်းဟာ အမျိုးသမီးတွေအပေါ် ယုံကြည်မှု ပိုမို မြင့်တက်လာစေပြီး လိင်ခွဲခြားမှုမရှိကြောင်းအချက်ကို ပြသလိုက်တာဖြစ်တယ်လို့လည်း သုံးသပ်မှုတွေရှိ နေပါတယ်။ နီပေါနိုင်ငံရဲ့အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နရမ်ဒရာမိုဒီကလည်း “ဆူရှီ လာကာကီကို နီပေါနိုင်ငံရဲ့ယာယီဝန်ကြီးချုပ်အဖြစ်ခန့်အပ်ခြင်းကို ကြိုဆိုလက်ခံပါတယ်။ အိန္ဒိယနိုင်ငံ ဟာ နီပေါနိုင်ငံရဲ့ မောင်နှမဆွေမျိုးသားချင်းတွေဖြစ်ပါတယ်။ အဲဒီအတွက် နီပေါနိုင်ငံ တည်ငြိမ်အေးချမ်း ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက်ကူညီပေးမယ်” လို့ ကတိပြုပြောဆိုခဲ့ပါတယ်။
ကာကီဟာ ဝန်ကြီးချုပ်အဖြစ်တာဝန်ယူချိန်အတွင်း Gen Z တွေရဲ့ဆန္ဒကို အကောင်အထည် ဖော်နိုင်ဖို့၊ ပျက်စီးသွားတဲ့ လွှတ်တော်အဆောက်အ အုံကို ပြန်လည်ပြင်ဆင်ဖို့၊ အစိုးရအဆောက်အအုံ တွေကို ပြန်ပြင်ဆင်ဖို့ ၊ ရွေးကောက်ပွဲကို (၆)လအတွင်း ပြန်ကျင်းပနိုင်ဖို့ စတဲ့ စိန်ခေါ်မှုတွေကိုရင်ဆိုင်ရ ဖွယ် ရှိနေပါတယ်။

Zawgyi Version:
ဆႏၵျပပြဲေတြျဖစ္ခဲ့တဲ့ နီေပါႏိုင္ငံရဲ႕ပထမဆုံးအမ်ိဳးသမီးဝန္ႀကီးခ်ဳပ္အျဖစ္ တာဝန္ယူမယ့္ ဆူရွီလာကာကီ
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၂၂
နီေပါႏိုင္ငံမွာ စက္တင္ဘာလအေစာပိုင္းက စတင္ၿပီး လူေတြဦးေဆာင္တဲ့ ဆႏၵျပမႈေတြအေပၚ ကမာၻတစ္ဝန္းစိတ္ဝင္စားမႈျမင့္တက္ခဲ့ပါတယ္။ နီေပါ ႏိုင္ငံဟာ အာရွတိုက္ရဲ႕ ေတာင္အရွေဒသႏိုင္ငံ ေတြထဲမွာပါဝင္ၿပီး ကုန္တြင္းပိတ္ႏိုင္ငံျဖစ္ကာ လူဦးေရ အနည္းဆုံး (၃၁)သန္းေက်ာ္ရွိေနတဲ့ႏိုင္ငံ ျဖစ္ပါ တယ္။
နီေပါႏိုင္ငံမွာ အစိုးရအဖြဲ႕ရဲ႕စီမံခန႔္ခြဲမႈအမွားေတြ၊ အက်င့္ပ်က္လာဘ္စားမႈေတြနဲ႔ ႏိုင္ငံေရးအရ တာဝန္ယူမႈ၊ တာဝန္ခံမႈမရွိျခင္း စတဲ့ကိစၥရပ္ေတြအေပၚ မေက်နပ္မႈျမင့္တက္လာခဲ့ၿပီးေနာက္ Gener- ation Z ေတြဦးေဆာင္ၿပီး ဆႏၵျပခဲ့ရာ အနည္းဆုံး လူေပါင္း(၇၀)ေက်ာ္ေသဆုံးခဲ့တယ္လို႔သိရပါတယ္။ လူငယ္ေတြဦးေဆာင္ၿပီး ႏိုင္ငံတစ္ဝန္းျဖစ္ပြားခဲ့တဲ့ ဆႏၵပြဲေတြေၾကာင့္ စက္တင္ဘာ (၁၂) ရက္မွာ နီေပါ ဝန္ႀကီးခ်ဳပ္ ရွာမာအိုလီနဲ႔အတူ အစိုးရအဖြဲ႕ဝန္ႀကီးေတြ ရာထူးကႏုတ္ထြက္ခဲ့ရပါတယ္။
ရွာမာအိုလီႏုတ္ထြက္ခဲ့ေပမယ့္ Generation Z လူငယ္ေတြဟာ အစိုးရေဆာက္အအုံေတြ၊ လႊတ္ ေတာ္ကို မီးရႈိ႕ကာ ဆႏၵျပမႈေတြ ဆက္လုပ္ေဆာင္ခဲ့ၿပီး တရားသူႀကီးခ်ဳပ္ေဟာင္း ဆူရွီလာကာကီကို ဝန္ ႀကီးခ်ဳပ္အျဖစ္ ခန႔္အပ္ေပးဖို႔ေတာင္းဆိုခဲ့ပါတယ္။ ယာယီအစိုးရအဖြဲ႕တာဝန္ရွိသူေတြဟာ ဆႏၵျပေခါင္း ေဆာင္ေတြနဲ႔ေတြ႕ဆုံေဆြးေႏြးၿပီး ဆူရွိလာကာကီကို ဝန္ႀကီးခ်ဳပ္အျဖစ္ခန႔္အပ္ေပးဖို႔ သေဘာတူညီခဲ့ရာ လက္ရွိအခ်ိန္မွာ နီေပါႏိုင္ငံတစ္ဝန္း ဆႏၵျပပြဲေတြ ေလ်ာ့နည္းသြားရၿပီလည္းျဖစ္ပါတယ္။ အသက္ (၇၂) ႏွစ္ အ႐ြယ္ရွိ ဆူရွီလာကာကီဟာ နီေပါႏိုင္ငံသမိုင္းတစ္ေလွ်ာက္ ပထမဆုံးအမ်ိဳးသမီးဝန္ႀကီးခ်ဳပ္အျဖစ္ စက္တင္ဘာလ (၁၂)ရက္မွာ စတင္တာဝန္ယူခဲ့ၿပီး မတ္လအတြင္း ေ႐ြးေကာက္ပြဲျပန္လည္က်င္းပႏိုင္ ေအာင္စီစဥ္ကာ ဝန္ႀကီးခ်ဳပ္ရာထူးကႏုတ္ထြက္မယ္လို႔ ေျပာ ဆိုထားပါတယ္။ (၁၉၅၂) ခုႏွစ္မွာေမြးဖြားခဲ့ တဲ့ ကာကီဟာ နီေပါႏိုင္ငံေရးသမားတစ္ဦးျဖစ္သလို တရားသူႀကီးခ်ဳပ္ေဟာင္းတစ္ဦးလည္းျဖစ္ပါတယ္။ ကာကီဟာ နီေပါတရားသူႀကီးခ်ဳပ္႐ုံးရဲ႕တရားသူႀကီးအဖြဲ႕အႀကီး အကဲျဖစ္ (၂၀၁၆)ခုႏွစ္ ဇူလိုင္လကေန (၂၀၁၇) ခုႏွစ္အထိတာဝန္ယူခဲ့ဖူးသူျဖစ္ၿပီး နီေပါႏိုင္ငံ သမိုင္းတစ္ေလွ်ာက္မွာ ပထမဆုံး တရားသူႀကီး အျဖစ္ တာဝန္ယူခဲ့ဖူးသူလည္းျဖစ္ပါတယ္။ ကာကီကို (၁၉၅၂) ခုႏွစ္မွာ နီေပါႏိုင္ငံအေရွ႕ပိုင္း ဆန္ကာပူ ေဒသရွိ ခ်ဟီ ထရီမိသားစုကေနေမြးဖြားခဲ့ၿပီး ၎ဟာ ေမြးခ်င္း (၇)ဦးထဲမွာအႀကီးဆုံးျဖစ္ပါတယ္။ ကာကီ ဟာ အသက္ (၂၀)အ႐ြယ္မွာ ထရီဟူဗန္တကၠသိုလ္ကိုတက္ေရာက္ခဲ့ၿပီး အႏုပညာဘာသာရပ္နဲ႔ ဘြဲ႕ရရွိခဲ့ သလို အိႏၵိယ ႏိုင္ငံရွိတကၠသိုလ္ေတြမွာလည္း ပညာသင္ၾကားခဲ့ဖူးသူျဖစ္ပါတယ္။ ၎ဟာ အိႏၵိယႏိုင္ငံ မွာ ႏိုင္ငံေရးသိပၸံပညာရပ္ကို သြားေရာက္ေလ့လာခဲ့ၿပီး Banaras Hindu တကၠသိုလ္ကေန ႏိုင္ငံေရးသိပၸံ ဘာသာရပ္နဲ႔ မဟာဘြဲ႕ထပ္မံရရွိခဲ့သူျဖစ္ပါတယ္။ ကာကီဟာ အိႏၵိယတကၠသိုလ္ကေန မဟာဘြဲ႕ရရွိခဲ့ ၿပီး ေနာက္ နီေပါႏိုင္ငံ ထရီဟူဗန္တကၠသိုလ္ကိုျပန္လာၿပီး ဥပေဒပညာ ဆက္လက္သင္ၾကားခဲ့ရာ (၁၉၇၈) ခုႏွစ္မွာ ဥပေဒဘြဲ႕ရရွိခဲ့ပါတယ္။ ကာကီဟာ နီေပါနဲ႔အိႏၵိယ တကၠသိုလ္ေတြကေန ဘြဲ႕ရရွိခဲ့ေပမယ့္ ဒါဟာ ရမ္ၿမိဳ႕ရွိ မာဟင္ဒရာေက်ာင္းမွာ လက္ေထာက္ဆရာမအျဖစ္ (၁၉၈၆)ခုႏွစ္ကေန (၁၉၈၉)ခုႏွစ္အထိ တာဝန္ယူခဲ့ပါတယ္။ ကာကီဟာ ဥပေဒဘြဲ႕ရရွိထားတဲ့အတြက္ ကိုရွိ တရား႐ုံးရဲ႕ ဘားေကာင္စီ ဥကၠ႒ အျဖစ္လည္း (၁၉၉၀)ျပည့္ႏွစ္အထိတာဝန္ယူခဲ့သူပါတယ္။ ကာကီဟာ ဘား ေကာင္စီဥကၠ႒အျဖစ္ တာဝန္ယူေနခ်ိန္အတြင္း အစိုး ရဆန႔္က်င္ေရးဆႏၵျပပြဲေတြကို ပူးေပါင္းပါဝင္ခဲ့ၿပီး နီေပါႏိုင္ငံမွာ (၁၉၉၀) ျပည့္ႏွစ္ကျဖစ္ပြားခဲ့တဲ့ အာဏာရွင္အစိုးရျဖဳတ္ခ်ေရးဆႏၵျပပြဲမွာ ပူးေပါင္းပါဝင္ခဲ့ပါတယ္။ ကာကီဟာ ဝန္ႀကီးခ်ဳပ္ ပန္ခ်ာရက္ ဦးေဆာင္တဲ့ အစိုးရအဖြဲ႕ကိုျဖဳတ္ခ်ေရးဆႏၵျပပြဲေတြမွာ ဦးေဆာင္ ပါဝင္ခဲ့တဲ့ အတြက္ ဘီရက္တန္ဂါအက်ဥ္းေထာင္မွာ ေထာင္ဒဏ္အျပစ္ေပးခံခဲ့ရပါတယ္။ ၎ဟာ အက်ဥ္းေထာင္ က ျပန္လည္လြတ္ေျမာက္လာၿပီးေနာက္ ေထာင္အတြင္း အေတြ႕အႀကဳံေတြကိုအေျခခံၿပီး စာအုပ္ေရး သားထုတ္ေဝခဲ့ပါတယ္။ ကာကီဟာ (၂၀ဝ၂)ခုႏွစ္မွာ Biratnagar Appellate Court, တရား႐ုံး မွာ ဥကၠ႒ အျဖစ္တာဝန္ယူခဲ့ၿပီး (၂၀ဝ၄)ခုႏွစ္မွာ နီေပါဘားေကာင္စီအဖြဲ႕ အႀကံေပးအျဖစ္တာန္ယူခဲ့ပါတယ္။ ၎ ဟာ (၂၀ဝ၉)ခုႏွစ္မွာ နီေပါႏိုင္ငံတရား႐ုံးခ်ဳပ္ရဲ႕ တရားေရးအဖြဲ႕ဝင္တာဝန္ယူခဲ့သလို နီေပါ ဖြဲ႕စည္းပုံ အေျခခံ ဥပေဒေကာင္စီအႀကံေပးအျဖစ္တာဝန္ယူခဲ့သူျဖစ္ပါတယ္။ ကာကီဟာ နီေပါႏိုင္ငံမွာျဖစ္ပြား လ်က္ရွိေနတဲ့ အက်င့္ပ်က္လာဘ္စားမႈေတြကို တိုက္ဖ်က္ႏိုင္ဖို႔ နီေပါတရား႐ုံးခ်ဳပ္ တရားသူႀကီးအျဖစ္ တာဝန္ယူခဲ့ၿပီး နီေပါႏိုင္ငံသမိုင္းတစ္ေလွ်ာက္ တရား႐ုံးခ်ဳပ္ရဲ႕ပထမဆုံးအမ်ိဳးသမီးတရားသူႀကီးခ်ဳပ္ ျဖစ္ခဲ့တာလည္းျဖစ္ပါတယ္။ ကာကီဟာ တရားသူႀကီး အျဖစ္တာဝန္ယူခ်ိန္အတြင္း ဘက္လိုက္မႈနည္းပါး ၿပီး အမႈေတြကို မွန္ကန္မွ်တစြာ ဆုံးျဖတ္ႏိုင္စြမ္းရွိသူအျဖစ္ လူသိမ်ားခဲ့သူလည္းျဖစ္ပါတယ္။
အထူးသျဖင့္ ဆူရွီလာကာကီဟာ ႏိုင္ငံအတြင္း အက်င့္ပ်က္လာဘ္စားမႈေတြနဲ႔ပတ္သက္ၿပီး တရားစီရင္ရာမွာ ျပတ္သားတဲ့တရားသူႀကီးအျဖစ္ လူသိမ်ားထင္ရွားခဲ့သူလည္းျဖစ္ပါတယ္။ ၎ဟာ တရား ႐ုံးခ်ဳပ္တရားသူႀကီးအျဖစ္တာဝန္ယူခ်ိန္အတြင္း ရဲခ်ဳပ္ေ႐ြးခ်ယ္ေရးနဲ႔ပတ္သက္တဲ့ အစိုးရအဖြဲ႕ ဆုံးျဖတ္ခ်က္ကိုေျပာင္းျပန္ဆုံးျဖတ္ခဲ့ရာ အျငင္းပြားမႈေတြျဖစ္ခဲ့ၿပီး ၫြန႔္ေပါင္းအစိုးရ ဆူရွီလာကာကီကို စြပ္စြဲျပစ္ တင္ဖို႔ႀကိဳးပမ္းခဲ့ပါတယ္။ ဆူရွီလာကာကီဟာ နီေပါအစိုးရအဖြဲ႕ရဲ႕လုပ္ရပ္ေတြကို ေဝဖန္ ေထာက္ျပဖူးသူျဖစ္ၿပီး ၎ကိုယ္တိုင္ေရးသားတဲ့စာအုပ္ေတြထဲမွာလည္း နီေပါအစိုးရအဖြဲ႕ရဲ႕ လိုအပ္ ခ်က္ေတြကို ေဝဖန္ေထာက္ျပေရးသားျခင္းေတြရွိခဲ့ပါတယ္။ ကာကီဟာ အသက္(၆၅)ႏွစ္အ႐ြယ္မွာ ရာထူးကေနအနားယူခဲ့ၿပီး သူတရားသူႀကီးအျဖစ္တာဝန္ယူခ်ိန္အတြင္း ေတြ႕ႀကဳံရမႈေတြကို စာအုပ္ အျဖစ္ ျပန္လည္ေရးသားေဖာ္ျပခဲ့ပါတယ္။ ကာကီက ႏိုင္ငံရဲ႕ တရားစီရင္ေရး စနစ္လြတ္လပ္မႈေတြဟာ ဒီမိုကေရစီအေပၚမွာမူတည္ တဲ့အေၾကာင္းကိုလည္း ေရးသားခဲ့သူျဖစ္ပါတယ္။ ကာကီဟာ တရားသူႀကီး အျဖစ္ တာဝန္ယူခ်ိန္အတြင္း နီေပါႏိုင္ငံ တရားစီရင္ေရးစနစ္ ထိခိုက္နစ္နာရျခင္းေတြဟာ အာဏာရွင္ စနစ္ေၾကာင့္ျဖစ္တယ္လို႔ ေဝဖန္ခဲ့ဖူးသူလည္းျဖစ္ရာ ျပည္သူေတြရဲ႕အားေပးေထာက္ခံမႈကို အခိုင္အမာရ ရွိခဲ့သူျဖစ္ပါတယ္။
နီေပါယာယီဝန္ႀကီးခ်ဳပ္အျဖစ္ ခန႔္အပ္ခံ ရတဲ့ကာကီဟာ နီေပါႏိုင္ငံေရးသမားတစ္ဦးနဲ႔ လက္ ထပ္ထားသူျဖစ္ကာ သားသမီးတစ္ဦးထြန္းကားခဲ့ပါ တယ္။ ကာကီဟာ နီေပါႏိုင္ငံသားတစ္ဦးျဖစ္ေပမယ့္ မတူညီတဲ့ဘာသာစကားအနည္းဆုံး (၃)မ်ိဳးကို ကြၽမ္း က်င္စြာေျပာဆိုႏိုင္သူျဖစ္ပါတယ္။ နီေပါႏိုင္ငံမွာ (၂၀၂၅) ခုႏွစ္ စက္တင္ဘာလ အေစာပိုင္းမွာ ဆႏၵျပပြဲေတြျဖစ္လာခဲ့ၿပီးေနာက္ ဆႏၵျပသူေတြဟာ ကာကီ ရဲ႕ သမာသမတ္က်မႈေတြကို ႏွစ္သက္တဲ့အတြက္ ယာယီဝန္ႀကီးခ်ဳပ္အျဖစ္ ခန႔္အပ္ဖို႔ လိုလားေတာင္းဆို ခဲ့ပါတယ္။ ဒါ့ျပင္ လူမူကြန္ရက္ေတြကတစ္ဆင့္ ဆႏၵမဲ ေကာက္ခံရမွာလည္း ဆႏၵျပသူ အမ်ားစုက ဆူရွီ လာ ကာကီကို ဝန္ႀကီးခ်ဳပ္အျဖစ္ခန႔္အပ္ဖို႔ဆႏၵျပဳခဲ့ပါတယ္။ နီေပါစစ္တပ္နဲ႔ ဆႏၵျပအုပ္စုေတြေတြ႕ဆုံ ေဆြးေႏြးခဲ့ၿပီး စက္တင္ဘာ (၁၂)ရက္မွာ ဆူရွီလာကာကီကို ယာယီဝန္ႀကီးခ်ဳပ္အသစ္အျဖစ္ခန႔္အပ္ဖို႔ သေဘာတူ ညီခဲ့ပါတယ္။ နီေပါလႊတ္ေတာ္ကိုဖ်က္သိမ္းၿပီး ဖြဲ႕ စည္းပုံအေျခခံဥပေဒ (၆၁)အရ ဆူရွီလာ ကာကီကို နီေပါဝန္ႀကီးခ်ဳပ္အသစ္အျဖစ္ခန႔္အပ္ခဲ့ပါတယ္။ နီေပါႏိုင္ငံသမိုင္းတစ္ေလွ်ာက္ ပထမဆုံး အမ်ိဳးသမီးဝန္ႀကီးခ်ဳပ္အျဖစ္တာဝန္ယူတဲ့ဆူရွီလာဟာ လူအမ်ားက ဝန္ႀကီးခ်ဳပ္အျဖစ္ေ႐ြးခ်ယ္ျခင္း ေၾကာင့္ တာဝန္ယူရေပမယ့္ လက္ေတြ႕မွာေတာ့ ဝန္ႀကီးခ်ဳပ္အျဖစ္ ကာလအတန္ၾကာ တာဝန္ယူလိုျခင္း မရွိဘူးလို႔ သိရပါတယ္။ ဆူရွီလာကာကီက “ဝန္ႀကီးခ်ဳပ္ရာထူးကို တာဝန္ယူဖို႔ဆႏၵမရွိဘူး၊ ဒါေပမဲ့ ကြၽန္မ ဟာ လမ္းမေတြေပၚမွာဆႏၵျပေနတဲ့ျပည္သူေတြရဲ႕အသံကိုနားေထာင္ၿပီးေနာက္ ဝန္ႀကီးခ်ဳပ္အျဖစ္ ယာ ယီတာဝန္ယူဖို႔ဆုံးျဖတ္ခဲ့တာပါ၊ လာမယ့္ႏွစ္ မတ္လ (၅) ရက္မွာ နီေပါႏိုင္ငံအတြင္း ေ႐ြးေကာက္ပြဲျပန္ လည္က်င္းပၿပီး ေ႐ြးေကာက္ပြဲအႏိုင္ရသူထံ အာဏာျပန္လႊဲေပးမယ္” လို႔ကတိျပဳထားသူျဖစ္ပါတယ္။
နီေပါ ယာယီဝန္ႀကီးခ်ဳပ္ ကာကီ ဦးေဆာင္တဲ့အစိုးရအဖြဲ႕ဟာ အစိုးရအျဖစ္တာဝန္ယူခ်ိန္အတြင္း တရားဥပေဒစိုးမိုးေရး ျပန္လည္ရရွိေအာင္ ႀကိဳးပမ္းမႈ အပါအဝင္ စိန္ေခၚမႈအမ်ားအျပားကို ရင္ဆိုင္ရဖြယ္ ရွိေနပါတယ္။ ကာကီဟာ ယာယီဝန္ႀကီးခ်ဳပ္အျဖစ္တာဝန္ယူခ်ိန္အတြင္း ေတြ႕ႀကဳံရမယ့္စိန္ေခၚမႈေတြကို ေအာင္ျမင္စြာ ျဖတ္သန္းႏိုင္မွာလား ဒါမွမဟုတ္ နီေပါ လူငယ္ေတြရဲ႕ဆႏၵျပမႈေတြကို ဆက္လက္ရင္ဆိုင္ရ ဖြယ္ရွိေနသလားဆိုတာ စိတ္ဝင္စားဖြယ္ေစာင့္ၾကည့္ ရဖြယ္ရွိေနပါတယ္။ ကာကီကို ဝန္ႀကီးခ်ဳပ္အျဖစ္ ခန႔္အပ္ခဲ့ျခင္းအေပၚ ဂ်ပန္၊ အေမရိကန္၊ တ႐ုတ္ႏိုင္ငံ၊ ကုလသမဂၢအပါအဝင္ ႏိုင္ငံတကာအဖြဲ႕အစည္း ေတြက ႀကိဳဆိုလက္ခံခဲ့ၿပီး နီေပါႏိုင္ငံ ျပန္လည္တည္ၿငိမ္ေအာင္ ဝိုင္းဝန္းကူညီေပးမယ္လို႔ကတိျပဳထားပါ တယ္။ ဆူရွီကာကာကီကို ဝန္ႀကီးခ်ဳပ္အျဖစ္ခန႔္ အပ္ခဲ့ျခင္းဟာ အမ်ိဳးသမီးေတြအေပၚ ယုံၾကည္မႈ ပိုမို ျမင့္တက္လာေစၿပီး လိင္ခြဲျခားမႈမရွိေၾကာင္းအခ်က္ကို ျပသလိုက္တာျဖစ္တယ္လို႔လည္း သုံးသပ္မႈေတြရွိ ေနပါတယ္။ နီေပါႏိုင္ငံရဲ႕အိမ္နီးခ်င္းႏိုင္ငံျဖစ္တဲ့ အိႏၵိယႏိုင္ငံဝန္ႀကီးခ်ဳပ္ နရမ္ဒရာမိုဒီကလည္း “ဆူရွီ လာကာကီကို နီေပါႏိုင္ငံရဲ႕ယာယီဝန္ႀကီးခ်ဳပ္အျဖစ္ခန႔္အပ္ျခင္းကို ႀကိဳဆိုလက္ခံပါတယ္။ အိႏၵိယႏိုင္ငံ ဟာ နီေပါႏိုင္ငံရဲ႕ ေမာင္ႏွမေဆြမ်ိဳးသားခ်င္းေတြျဖစ္ပါတယ္။ အဲဒီအတြက္ နီေပါႏိုင္ငံ တည္ၿငိမ္ေအးခ်မ္း ေရးနဲ႔ ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ကူညီေပးမယ္” လို႔ ကတိျပဳေျပာဆိုခဲ့ပါတယ္။
ကာကီဟာ ဝန္ႀကီးခ်ဳပ္အျဖစ္တာဝန္ယူခ်ိန္အတြင္း Gen Z ေတြရဲ႕ဆႏၵကို အေကာင္အထည္ ေဖာ္ႏိုင္ဖို႔၊ ပ်က္စီးသြားတဲ့ လႊတ္ေတာ္အေဆာက္အ အုံကို ျပန္လည္ျပင္ဆင္ဖို႔၊ အစိုးရအေဆာက္အအုံ ေတြကို ျပန္ျပင္ဆင္ဖို႔ ၊ ေ႐ြးေကာက္ပြဲကို (၆)လအတြင္း ျပန္က်င္းပႏိုင္ဖို႔ စတဲ့ စိန္ေခၚမႈေတြကိုရင္ဆိုင္ရ ဖြယ္ ရွိေနပါတယ္။