နေတိုးအဖွဲ့က ရုရှားစစ်လေယာဉ်တွေကို ပစ်ချသင့်တယ်လို့ လစ်သူယေးနီးယားအစိုးရပြော

364

Pika (NP News) - စက်တင်ဘာ ၂၂
နေတိုးအဖွဲ့ဟာ ရုရှားရဲ့စစ်လေယာဉ်တွေကို ပစ်ချသင့်တယ်လို့ လစ်သူယေးနီးယားကာကွယ်ရေးဝန်ကြီး Dovile Sakaliene က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ရုရှားနိုင်ငံဟာ ၎င်းတို့ရဲ့လေပိုင်နက်တွေကို ချိုးဖောက်ခဲ့တယ်လို့ အက်စတိုးနီးယားနဲ့ လစ်သူယေးနီးယားနိုင်ငံတို့က စွပ်စွဲပြောဆိုခဲ့ပြီးနောက် Dovile Sakaliene ရဲ့မှတ်ချက်တွေ ထွက်ပေါ်လာတာပဲဖြစ်ပါတယ်။
အက်စတိုးနီးယားနဲ့ လစ်သူယေးနီးယားနိုင်ငံတို့ရဲ့လေပိုင်နက်တွေကို ချိုးဖောက်တာမျိုး မရှိခဲ့ဘူးလို့ ရုရှားအစိုးရက ပြန်လည်တုံ့ပြန်ပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။ Dovile Sakaliene က “ရုရှားစစ်လေယာဉ်တွေကို ပစ်ချ သင့်ပါတယ်။ ရုရှားဟာ နေတိုးအဖွဲ့ရဲ့နယ်နိမိတ်တွေကို စမ်းသပ်မှုတွေလုပ်နေတာပါ” လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် လွန်ခဲ့တဲ့(၁၀)ခန့်က တူရကီကလုပ်ဆောင်ခဲ့တဲ့အတိုင်း နေတိုးအဖွဲ့က ပြုမူသင့်တယ်လို့လည်း Dovile Sakaliene က အကြံပြုပြောဆိုခဲ့ပါတယ်။ တူရကီလေတပ်တပ်ဖွဲ့တွေဟာ ရုရှားဗုံးကြဲလေယာဉ်တစ်စင်းကို ဆီးရီးယားနိုင်ငံမှာ ပစ်ချခဲ့တဲ့ဖြစ်ရပ်ကို ရည်ညွှန်းပြီး Dovile Sakaliene က ယခုလိုပြောဆိုခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ ရုရှားစစ်လေယာဉ်တစ်စင်းဟာ ၎င်းရဲ့လေပိုင်နက်ကို အချိန်(၁၂)မိနစ်ခန့်ကြာအောင် ချိုးဖောက် ဝင်ရောက်ခဲ့တယ်လို့ နေတိုးအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ အက်စတိုးနီးယားနိုင်ငံက ယခုသီတင်းပတ်အစောပိုင်းမှာ စွပ်စွဲပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။
ဒါပေမယ့်လည်း ရုရှားစစ်လေယာဉ်ဟာ အက်စတိုးနီးယားနိုင်ငံလေပိုင်နက်ကို ချိုးဖောက်ခဲ့တာမျိုးမရှိဘဲ ဘော်လ်တစ်ပင်လယ်ပြင်မှာ ပုံမှန်ပျံသန်းမှုကို လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ရုရှားအစိုးရက ပြန်လည် တုံ့ပြန်ပြောကြားခဲ့ပါတယ်။

Zawgyi Version:
ေနတိုးအဖြဲ႕က ႐ုရွားစစ္ေလယာဥ္ေတြကို ပစ္ခ်သင့္တယ္လို႔ လစ္သူေယးနီးယားအစိုးရေျပာ
Pika (NP News) - စက္တင္ဘာ ၂၂
ေနတိုးအဖြဲ႕ဟာ ႐ုရွားရဲ႕စစ္ေလယာဥ္ေတြကို ပစ္ခ်သင့္တယ္လို႔ လစ္သူေယးနီးယားကာကြယ္ေရးဝန္ႀကီး Dovile Sakaliene က ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။ ႐ုရွားႏိုင္ငံဟာ ၎တို႔ရဲ႕ေလပိုင္နက္ေတြကို ခ်ိဳးေဖာက္ခဲ့တယ္လို႔ အက္စတိုးနီးယားနဲ႔ လစ္သူေယးနီးယားႏိုင္ငံတို႔က စြပ္စြဲေျပာဆိုခဲ့ၿပီးေနာက္ Dovile Sakaliene ရဲ႕မွတ္ခ်က္ေတြ ထြက္ေပၚလာတာပဲျဖစ္ပါတယ္။
အက္စတိုးနီးယားနဲ႔ လစ္သူေယးနီးယားႏိုင္ငံတို႔ရဲ႕ေလပိုင္နက္ေတြကို ခ်ိဳးေဖာက္တာမ်ိဳး မရွိခဲ့ဘူးလို႔ ႐ုရွားအစိုးရက ျပန္လည္တုံ႔ျပန္ေျပာဆိုခဲ့တယ္လို႔လည္း သိရပါတယ္။ Dovile Sakaliene က “႐ုရွားစစ္ေလယာဥ္ေတြကို ပစ္ခ် သင့္ပါတယ္။ ႐ုရွားဟာ ေနတိုးအဖြဲ႕ရဲ႕နယ္နိမိတ္ေတြကို စမ္းသပ္မႈေတြလုပ္ေနတာပါ” လို႔ ေျပာခဲ့ပါတယ္။
ဒါ့ျပင္ လြန္ခဲ့တဲ့(၁၀)ခန႔္က တူရကီကလုပ္ေဆာင္ခဲ့တဲ့အတိုင္း ေနတိုးအဖြဲ႕က ျပဳမူသင့္တယ္လို႔လည္း Dovile Sakaliene က အႀကံျပဳေျပာဆိုခဲ့ပါတယ္။ တူရကီေလတပ္တပ္ဖြဲ႕ေတြဟာ ႐ုရွားဗုံးႀကဲေလယာဥ္တစ္စင္းကို ဆီးရီးယားႏိုင္ငံမွာ ပစ္ခ်ခဲ့တဲ့ျဖစ္ရပ္ကို ရည္ၫႊန္းၿပီး Dovile Sakaliene က ယခုလိုေျပာဆိုခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။ ႐ုရွားစစ္ေလယာဥ္တစ္စင္းဟာ ၎ရဲ႕ေလပိုင္နက္ကို အခ်ိန္(၁၂)မိနစ္ခန႔္ၾကာေအာင္ ခ်ိဳးေဖာက္ ဝင္ေရာက္ခဲ့တယ္လို႔ ေနတိုးအဖြဲ႕ဝင္ႏိုင္ငံတစ္ႏိုင္ငံျဖစ္တဲ့ အက္စတိုးနီးယားႏိုင္ငံက ယခုသီတင္းပတ္အေစာပိုင္းမွာ စြပ္စြဲေျပာဆိုခဲ့တာလည္းျဖစ္ပါတယ္။
ဒါေပမယ့္လည္း ႐ုရွားစစ္ေလယာဥ္ဟာ အက္စတိုးနီးယားႏိုင္ငံေလပိုင္နက္ကို ခ်ိဳးေဖာက္ခဲ့တာမ်ိဳးမရွိဘဲ ေဘာ္လ္တစ္ပင္လယ္ျပင္မွာ ပုံမွန္ပ်ံသန္းမႈကို လုပ္ေဆာင္ခဲ့တာျဖစ္တယ္လို႔ ႐ုရွားအစိုးရက ျပန္လည္ တုံ႔ျပန္ေျပာၾကားခဲ့ပါတယ္။