ဆေးဝါးဈေးကွက်အတွင်း ခွဲတမ်းအလိုက် ရောင်းချမှုကြောင့် ဈေးမြင့်တက်

610

ပြည့်ဖြိုး (NP News) - စက်တင်ဘာ ၂၃
ဆေးဝါးဈေးကွက်အတွင်း ပြည်ပမှဆေးဝါးတင်သွင်းရာတွင် ကုမ္ပဏီအလိုက် သွင်းကုန်လိုင်စင် ချပေးရာတွင် ခွဲတမ်းဖြင့်တင်သွင်းခွင့်ပေးနေခြင်းကြောင့် ဆေးဝါးဈေးနှုန်းများ မြင့်တက်နေကြောင်း ဆေးဝါးတင်သွင်းရောင်းချသူများထံမှသိရသည်။ နယ်စပ်မှကုန်စည်တင်သွင်းမှုများ ကန့်သတ်ထားခြင်း ကြောင့် ဆေးဝါး ရှားပါးမှုများလည်းဖြစ်ပေါ်နေပြီး အချို့ဆေးဝါးများမှာ လိုသလောက်ဝယ်ယူခွင့်မရဘဲ ခွဲတမ်းဖြင့်သာ ဝယ်ယူနေရကြောင်း သိရသည်။ ရန်ကုန်မြို့ရှိ ရွှေအိုးကဲ့သို့ ဆေးဝါးတင်သွင်းရောင်းချနေ သော ဆေးဆိုင်ကြီးအချို့တွင် ပျမ်းမျှအကန့်အသတ်ဖြင့်သာရောင်းချနေပြီး လိုအပ်သလောက်ဝယ်ယူခွင့် မရကြောင်းသိရသည်။ “ဆေးတစ်မျိုးကို တစ်ယောက်ကို အများဆုံးနှစ်ကတ်ပဲ ရောင်းပေးတယ်။ အဓိက တော့ ပစ္စည်း မရှိတော့တာ။ ရွှေအိုးတို့ဆိုရင် ကုမ္ပဏီကနေဆိုင်ကိုဝင်တဲ့ ခွဲတမ်းအတိုင်းပဲ အကန့်အသတ် နဲ့ပဲရတာဆိုတော့ သူတို့လည်း အကန့်အသတ်နဲ့ပဲရောင်းပေးတော့တယ်” ဟု ဆေးဝါးဈေးကွက် ကျွမ်း ကျင်သူတစ်ဦးကပြောသည်။ ထို့ပြင် ရန်ကုန်မြို့ရှိ ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများသို့ ယခုရက်ပိုင်းအတွင်း ဆေးဝါးဖြန့်ချိသည့်ခွဲတမ်းပမာဏ သုံးဆနီးပါးကျဆင်းသွားပြီး ဆေးကုမ္ပဏီကြီးများမှ ဈေးကွက်အတွင်း အကန့်အသတ်ဖြင့်ဖြန့်ချိနေကြောင်း ရန်ကုန်မြို့ခံ ဆေးကုမ္ပဏီတစ်ခု၏ ဖြန့်ချိရေး ဝန်ထမ်းတစ်ဦးက ပြောသည်။ “ဆေးတွေက အရင်လို လူတိုင်း တင်သွင်းခွင့်ရတာ မဟုတ်ဘူးလေ။ ကုမ္ပဏီကြီးတွေဆိုရင် တောင် သူလမ်းကြောင်းနဲ့သူတင်သွင်းနေရတာ။ အခုက ဆရာဝန်နဲ့ လူနာနဲ့ တိုက်ရိုက်ထိတွေ့ရတဲ့ နေရာတွေကိုပဲ လိုသလောက်ပဲပေးတော့တယ်၊ ဆေးရုံနဲ့ ဆေးခန်း တွေပေါ့။ အပြင်ဆေးဆိုင်တွေမှာ တော့ သူတို့ကတော့ ဈေးကွက်ကိုကစားတာ၊ တင်ရောင်းတာတွေရှိတော့ အ များကြီးမချပေးတော့ဘူး။ အရင်က ဆေးခန်းတွေရနေတဲ့ပမာဏထက် သုံးပုံတစ်ပုံလောက်လျော့ပြီး ဆေးခွဲတမ်းရနေတာ”ဟု ဆေးဝါးဖြန့်ချိရေးဝန်ထမ်းတစ်ဦးကပြောသည်။
နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများဖြစ်သည့် မူဆယ်-မန္တလေး လမ်းကြောင်းနှင့် မြဝတီ- ရန်ကုန် လမ်းကြောင်းများမှာ သွင်းကုန်တင်သွင်းမှု ရပ်တန့်နေခြင်းကြောင့် ဆေးဝါးဈေးကွက်အတွင်း ပင်လယ်ရေကြောင်းမှတင်သွင်းမှုကိုသာ အားထားနေရကြောင်း သိရသည်။
“ဆေးတင်သွင်းခွင့်ကို အရင်ကထက် သုံး ပုံတစ်ပုံလောက်အထိလျှော့ပြီး သွင်းကုန်လိုင်စင်ချ ပေးနေတာ၊ လိုသလောက် ဆေးအမယ်စုံအောင်လည်း တင်သွင်းခွင့်မရဘူး၊ သွင်းခွင့်ရရင်လည်း ပို့ကုန် ရငွေ (Export Earning) ပြနိုင်မှတင်သွင်းခွင့်ရတာ၊ ပို့ကုန်ရငွေကို ဒေါ်လာနဲ့ပြန်ဝယ်နေရတော့ အကုန် ခက်ခဲကုန်တာပေါ့”ဟု ရန်ကုန်မြို့ မင်္ဂလာမွန်ဈေးမှဆေးဆိုင်ပိုင်ရှင်တစ်ဦးကပြောသည်။ မြန်မာ နိုင်ငံ၏ ဆေးဝါးဈေးကွက်အတွင်း ပြည်တွင်းမှထုတ်လုပ်သော ဆေးဝါးမှာ (၁၀) ရာခိုင်နှုန်းခန့်သာရှိပြီး ကျန် (၉၀)ရာခိုင်နှုန်းမှာ ပြည်ပမှဝယ်ယူတင်သွင်းနေရခြင်းဖြစ်သည်။

Zawgyi Version:
ေဆးဝါးေဈးကြက္အတြင္း ခြဲတမ္းအလိုက္ ေရာင္းခ်မႈေၾကာင့္ ေဈးျမင့္တက္
ျပည့္ၿဖိဳး (NP News) - စက္တင္ဘာ ၂၃
ေဆးဝါးေဈးကြက္အတြင္း ျပည္ပမွေဆးဝါးတင္သြင္းရာတြင္ ကုမၸဏီအလိုက္ သြင္းကုန္လိုင္စင္ ခ်ေပးရာတြင္ ခြဲတမ္းျဖင့္တင္သြင္းခြင့္ေပးေနျခင္းေၾကာင့္ ေဆးဝါးေဈးႏႈန္းမ်ား ျမင့္တက္ေနေၾကာင္း ေဆးဝါးတင္သြင္းေရာင္းခ်သူမ်ားထံမွသိရသည္။ နယ္စပ္မွကုန္စည္တင္သြင္းမႈမ်ား ကန႔္သတ္ထားျခင္း ေၾကာင့္ ေဆးဝါး ရွားပါးမႈမ်ားလည္းျဖစ္ေပၚေနၿပီး အခ်ိဳ႕ေဆးဝါးမ်ားမွာ လိုသေလာက္ဝယ္ယူခြင့္မရဘဲ ခြဲတမ္းျဖင့္သာ ဝယ္ယူေနရေၾကာင္း သိရသည္။ ရန္ကုန္ၿမိဳ႕ရွိ ေ႐ႊအိုးကဲ့သို႔ ေဆးဝါးတင္သြင္းေရာင္းခ်ေန ေသာ ေဆးဆိုင္ႀကီးအခ်ိဳ႕တြင္ ပ်မ္းမွ်အကန႔္အသတ္ျဖင့္သာေရာင္းခ်ေနၿပီး လိုအပ္သေလာက္ဝယ္ယူခြင့္ မရေၾကာင္းသိရသည္။ “ေဆးတစ္မ်ိဳးကို တစ္ေယာက္ကို အမ်ားဆုံးႏွစ္ကတ္ပဲ ေရာင္းေပးတယ္။ အဓိက ေတာ့ ပစၥည္း မရွိေတာ့တာ။ ေ႐ႊအိုးတို႔ဆိုရင္ ကုမၸဏီကေနဆိုင္ကိုဝင္တဲ့ ခြဲတမ္းအတိုင္းပဲ အကန႔္အသတ္ နဲ႔ပဲရတာဆိုေတာ့ သူတို႔လည္း အကန႔္အသတ္နဲ႔ပဲေရာင္းေပးေတာ့တယ္” ဟု ေဆးဝါးေဈးကြက္ ကြၽမ္း က်င္သူတစ္ဦးကေျပာသည္။ ထို႔ျပင္ ရန္ကုန္ၿမိဳ႕ရွိ ပုဂၢလိကေဆး႐ုံ၊ ေဆးခန္းမ်ားသို႔ ယခုရက္ပိုင္းအတြင္း ေဆးဝါးျဖန႔္ခ်ိသည့္ခြဲတမ္းပမာဏ သုံးဆနီးပါးက်ဆင္းသြားၿပီး ေဆးကုမၸဏီႀကီးမ်ားမွ ေဈးကြက္အတြင္း အကန႔္အသတ္ျဖင့္ျဖန႔္ခ်ိေနေၾကာင္း ရန္ကုန္ၿမိဳ႕ခံ ေဆးကုမၸဏီတစ္ခု၏ ျဖန႔္ခ်ိေရး ဝန္ထမ္းတစ္ဦးက ေျပာသည္။ “ေဆးေတြက အရင္လို လူတိုင္း တင္သြင္းခြင့္ရတာ မဟုတ္ဘူးေလ။ ကုမၸဏီႀကီးေတြဆိုရင္ ေတာင္ သူလမ္းေၾကာင္းနဲ႔သူတင္သြင္းေနရတာ။ အခုက ဆရာဝန္နဲ႔ လူနာနဲ႔ တိုက္႐ိုက္ထိေတြ႕ရတဲ့ ေနရာေတြကိုပဲ လိုသေလာက္ပဲေပးေတာ့တယ္၊ ေဆး႐ုံနဲ႔ ေဆးခန္း ေတြေပါ့။ အျပင္ေဆးဆိုင္ေတြမွာ ေတာ့ သူတို႔ကေတာ့ ေဈးကြက္ကိုကစားတာ၊ တင္ေရာင္းတာေတြရွိေတာ့ အ မ်ားႀကီးမခ်ေပးေတာ့ဘူး။ အရင္က ေဆးခန္းေတြရေနတဲ့ပမာဏထက္ သုံးပုံတစ္ပုံေလာက္ေလ်ာ့ၿပီး ေဆးခြဲတမ္းရေနတာ”ဟု ေဆးဝါးျဖန႔္ခ်ိေရးဝန္ထမ္းတစ္ဦးကေျပာသည္။
နယ္စပ္ကုန္သြယ္ေရး လမ္းေၾကာင္းမ်ားျဖစ္သည့္ မူဆယ္-မႏၲေလး လမ္းေၾကာင္းႏွင့္ ျမဝတီ- ရန္ကုန္ လမ္းေၾကာင္းမ်ားမွာ သြင္းကုန္တင္သြင္းမႈ ရပ္တန႔္ေနျခင္းေၾကာင့္ ေဆးဝါးေဈးကြက္အတြင္း ပင္လယ္ေရေၾကာင္းမွတင္သြင္းမႈကိုသာ အားထားေနရေၾကာင္း သိရသည္။
“ေဆးတင္သြင္းခြင့္ကို အရင္ကထက္ သုံး ပုံတစ္ပုံေလာက္အထိေလွ်ာ့ၿပီး သြင္းကုန္လိုင္စင္ခ် ေပးေနတာ၊ လိုသေလာက္ ေဆးအမယ္စုံေအာင္လည္း တင္သြင္းခြင့္မရဘူး၊ သြင္းခြင့္ရရင္လည္း ပို႔ကုန္ ရေငြ (Export Earning) ျပႏိုင္မွတင္သြင္းခြင့္ရတာ၊ ပို႔ကုန္ရေငြကို ေဒၚလာနဲ႔ျပန္ဝယ္ေနရေတာ့ အကုန္ ခက္ခဲကုန္တာေပါ့”ဟု ရန္ကုန္ၿမိဳ႕ မဂၤလာမြန္ေဈးမွေဆးဆိုင္ပိုင္ရွင္တစ္ဦးကေျပာသည္။ ျမန္မာ ႏိုင္ငံ၏ ေဆးဝါးေဈးကြက္အတြင္း ျပည္တြင္းမွထုတ္လုပ္ေသာ ေဆးဝါးမွာ (၁၀) ရာခိုင္ႏႈန္းခန႔္သာရွိၿပီး က်န္ (၉၀)ရာခိုင္ႏႈန္းမွာ ျပည္ပမွဝယ္ယူတင္သြင္းေနရျခင္းျဖစ္သည္။