Bagram လေတပ်အခြေစိုက်စခန်းနဲ့ပတ်သက်တဲ့သဘောတူညီချက်က မဖြစ်နိုင်ဘူးလို့ အာဖဂန်နစ္စတန်အစိုးရ ပြော

495

Pika (NP News) - စက်တင်ဘာ ၂၃
Bagramလေတပ်အခြေစိုက်စခန်းနဲ့ပတ်သက်တဲ့သဘောတူညီချက်က မဖြစ်နိုင်ဘူးလို့ အာဖဂန်နစ္စတန်အစိုးရ ကာကွယ်ရေးအရာရှိတစ်ဦးက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ အမေရိကန်ရဲ့ Bagram လေတပ်အခြေစိုက်စခန်းကို ပြန်လိုချင်တယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် အာဖဂန်နစ္စတန်အစိုးရ ကာကွယ်ရေးအရာရှိတစ်ဦးရဲ့ပြောဆိုချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။
ကဘူးလ်မြို့ရဲ့မြောက်ဘက်မှာရှိတဲ့ Bagram လေတပ်အခြေစိုက်စခန်းဟာ အာဖဂန်နစ္စတန်နိုင်ငံမှာ အကြီးဆုံး လေတပ်အခြေစိုက်စခန်းတစ်ခုဖြစ်ပြီး တာလီဘန်လက်နက်ကိုင်အဖွဲ့ကို ဆန့်ကျင်တဲ့ အမေရိကန်ရဲ့စစ်ဆင်ရေး တွေမှာ အဓိကအချက်အချာနေရာတစ်ခုဖြစ်ခဲ့တယ်လို့လည်း သိရပါတယ်။ ဒါ့ပြင် အာဖဂန်နစ္စတန်အစိုးရဟာ Bagram လေတပ်အခြေစိုက်စခန်းကို ပြန်မပေးဘူးဆိုရင် ထင်မှတ်မထားတဲ့ပြစ်ဒဏ်တွေကို ကြုံတွေ့ရလိမ့်မယ်လို့ လည်း ဒေါ်နယ်ထရမ့်က ခြိမ်းခြောက်ပြောဆိုခဲ့ပါတယ်။
ဒေါ်နယ်ထရမ့်က “အာဖဂန်နစ္စတန်အစိုးရဟာ Bagram လေတပ်အခြေစိုက်စခန်းကို ပြန်မပေးဘူးဆိုရင် ဆိုးရွားတဲ့ အရာတွေဖြစ်လာပါလိမ့်မယ်” လို့ ပြောခဲ့ပါတယ်။
လူတစ်ချို့ဟာ နိုင်ငံရေးသဘောတူညီချက်အရ Bagram လေတပ်အခြေစိုက်စခန်းကို ပြန်လည်ရယူလိုနေတယ်လို့ အာဖဂန်နစ္စတန်ကာကွယ်ရေးဝန်ကြီးဌာန အကြီးအကဲ Fasihuddin Fitrat က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ Fasihuddin Fitrat က “မကြာသေးခင်က လူအချို့ဟာ Bagram လေတပ်အခြေစိုက်စခန်းကို ပြန်လည်ရယူဖို့ အာဖဂန်နစ္စတန်နိုင်ငံနဲ့ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ အာဖဂန်နစ္စတန်နိုင်ငံရဲ့မြေတစ်လက်မ လောက်တောင်ပါဝင်တဲ့ သဘောတူညီချက်က မဖြစ်နိုင်ပါဘူး။ အဲဒါကို ကျွန်တော်တို့ မလိုပါဘူး” လို့ ပြောဆိုခဲ့ပါတယ်။

Zawgyi Version:
Bagram ေလတပ္အေျခစိုက္စခန္းနဲ႔ပတ္သက္တဲ့သေဘာတူညီခ်က္က မျဖစ္ႏိုင္ဘူးလို႔ အာဖဂန္နစၥတန္အစိုးရ ေျပာ
Pika (NP News) - စက္တင္ဘာ ၂၃
Bagramေလတပ္အေျခစိုက္စခန္းနဲ႔ပတ္သက္တဲ့သေဘာတူညီခ်က္က မျဖစ္ႏိုင္ဘူးလို႔ အာဖဂန္နစၥတန္အစိုးရ ကာကြယ္ေရးအရာရွိတစ္ဦးက ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။ အေမရိကန္ရဲ႕ Bagram ေလတပ္အေျခစိုက္စခန္းကို ျပန္လိုခ်င္တယ္လို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ထုတ္ေဖာ္ေျပာဆိုခဲ့ၿပီးေနာက္ အာဖဂန္နစၥတန္အစိုးရ ကာကြယ္ေရးအရာရွိတစ္ဦးရဲ႕ေျပာဆိုခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။
ကဘူးလ္ၿမိဳ႕ရဲ႕ေျမာက္ဘက္မွာရွိတဲ့ Bagram ေလတပ္အေျခစိုက္စခန္းဟာ အာဖဂန္နစၥတန္ႏိုင္ငံမွာ အႀကီးဆုံး ေလတပ္အေျခစိုက္စခန္းတစ္ခုျဖစ္ၿပီး တာလီဘန္လက္နက္ကိုင္အဖြဲ႕ကို ဆန႔္က်င္တဲ့ အေမရိကန္ရဲ႕စစ္ဆင္ေရး ေတြမွာ အဓိကအခ်က္အခ်ာေနရာတစ္ခုျဖစ္ခဲ့တယ္လို႔လည္း သိရပါတယ္။ ဒါ့ျပင္ အာဖဂန္နစၥတန္အစိုးရဟာ Bagram ေလတပ္အေျခစိုက္စခန္းကို ျပန္မေပးဘူးဆိုရင္ ထင္မွတ္မထားတဲ့ျပစ္ဒဏ္ေတြကို ႀကဳံေတြ႕ရလိမ့္မယ္လို႔ လည္း ေဒၚနယ္ထရမ့္က ၿခိမ္းေျခာက္ေျပာဆိုခဲ့ပါတယ္။
ေဒၚနယ္ထရမ့္က “အာဖဂန္နစၥတန္အစိုးရဟာ Bagram ေလတပ္အေျခစိုက္စခန္းကို ျပန္မေပးဘူးဆိုရင္ ဆိုး႐ြားတဲ့ အရာေတြျဖစ္လာပါလိမ့္မယ္” လို႔ ေျပာခဲ့ပါတယ္။
လူတစ္ခ်ိဳ႕ဟာ ႏိုင္ငံေရးသေဘာတူညီခ်က္အရ Bagram ေလတပ္အေျခစိုက္စခန္းကို ျပန္လည္ရယူလိုေနတယ္လို႔ အာဖဂန္နစၥတန္ကာကြယ္ေရးဝန္ႀကီးဌာန အႀကီးအကဲ Fasihuddin Fitrat က ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။ Fasihuddin Fitrat က “မၾကာေသးခင္က လူအခ်ိဳ႕ဟာ Bagram ေလတပ္အေျခစိုက္စခန္းကို ျပန္လည္ရယူဖို႔ အာဖဂန္နစၥတန္ႏိုင္ငံနဲ႔ေဆြးေႏြးညႇိႏႈိင္းမႈေတြ လုပ္ေဆာင္ခဲ့ပါတယ္။ အာဖဂန္နစၥတန္ႏိုင္ငံရဲ႕ေျမတစ္လက္မ ေလာက္ေတာင္ပါဝင္တဲ့ သေဘာတူညီခ်က္က မျဖစ္ႏိုင္ပါဘူး။ အဲဒါကို ကြၽန္ေတာ္တို႔ မလိုပါဘူး” လို႔ ေျပာဆိုခဲ့ပါတယ္။