ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့် နိုင်ငံရေးပါတီ ၆ ပါတီ အနက် USDP၊ တစည နှင့် PPP ပါတီတို့က ကိုယ်စားလှယ်လောင်း အများဆုံး တင်သွင်းထား

 267

သုတကျော် (NP News) - စက်တင်ဘာ ၂၃
ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့် နိုင်ငံရေးပါတီ ၆ ပါတီ အနက် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည) နှင့် ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ပါတီတို့က ကိုယ်စားလှယ်လောင်း အများဆုံး တင်သွင်းထားကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ လ ၂၈ ရက်တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီအသီးသီးနှင့် တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်းများအနေဖြင့် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းခြင်းကို ၈ -၂၀၂၅ ရက်နေ့မှ ၂၂ - ၉ - ၂၀၂၅ ရက်အထိ သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲအသီးသီးတွင် အမည်စာရင်းတင်သွင်းခဲ့ကြခြင်း ဖြစ်သည်။
ယင်းသို့ တင်သွင်းရာတွင် နိုင်ငံရေးပါတီ ၅၇ ပါတီနှင့် တစ်သီး ပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်း အပါအဝင် ဝင်ရောက် ယှဉ်ပြိုင်သည့် လွှတ်တော်ကိုယ်စားလှယ်လောင်း စုစုပေါင်း ၄၉၆၃ ဦး အမည်စာရင်း တင်သွင်းခဲ့ကြကြောင်း သိရသည်။
ယင်းသို့ တင်သွင်းရာတွင် USDP ပါတီ က ပြည်သူ့ လွှတ်တော်၊ အမျိုးသား လွှတ်တော်၊ တိုင်းဒေသကြီး နှင့် ပြည်နယ် လွှတ်တော်၊တိုင်းရင်းသား လူမျိုး မဲဆန္ဒ တို့ အတွက် စုစုပေါင်း ကိုယ်စားလှယ်လောင်း ၁၀၁၈ ဦး၊ တစည ပါတီ က ၆၉၄ ဦး၊ PPP ပါတီ က ၆၇၂ ဦး တို့ဖြင့် အများဆုံး တင်သွင်းခဲ့ကြခြင်းဖြစ်သည်။
အဆိုပါ ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းမှုများကို ကိုယ်စားလှယ်လောင်းအမည်စာရင်းတင်သွင်းခဲ့ကြသည့် သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲအသီးသီး၌ စိစစ်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Zawgyi Version:
ျပည္ေထာင္စုတစ္ဝန္းလုံး စည္း႐ုံးမည့္ ႏိုင္ငံေရးပါတီ ၆ ပါတီ အနက္ USDP၊ တစည ႏွင့္ PPP ပါတီတို႔က ကိုယ္စားလွယ္ေလာင္း အမ်ားဆုံး တင္သြင္းထား
သုတေက်ာ္ (NP News) - စက္တင္ဘာ ၂၃
ျပည္ေထာင္စုတစ္ဝန္းလုံး စည္း႐ုံးမည့္ ႏိုင္ငံေရးပါတီ ၆ ပါတီ အနက္ ျပည္ေထာင္စု ႀကံ့ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီ (USDP)၊ တိုင္းရင္းသား စည္းလုံးညီၫြတ္ေရးပါတီ (တစည) ႏွင့္ ျပည္သူ႔ေရွ႕ေဆာင္ပါတီ (PPP) ပါတီတို႔က ကိုယ္စားလွယ္ေလာင္း အမ်ားဆုံး တင္သြင္းထားေၾကာင္း ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္၏ ထုတ္ျပန္ခ်က္အရ သိရသည္။
၂၀၂၅ ခုႏွစ္၊ ဒီဇင္ဘာ လ ၂၈ ရက္တြင္ စတင္က်င္းပမည့္ ပါတီစုံဒီမိုကေရစီ အေထြေထြေ႐ြးေကာက္ပြဲတြင္ ဝင္ေရာက္ယွဥ္ၿပိဳင္ၾကမည့္ ႏိုင္ငံေရးပါတီအသီးသီးႏွင့္ တစ္သီးပုဂၢလ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းမ်ားအေနျဖင့္ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း အမည္စာရင္းတင္သြင္းျခင္းကို ၈ -၂၀၂၅ ရက္ေန႔မွ ၂၂ - ၉ - ၂၀၂၅ ရက္အထိ သက္ဆိုင္ရာေကာ္မရွင္အဖြဲ႕ခြဲအသီးသီးတြင္ အမည္စာရင္းတင္သြင္းခဲ့ၾကျခင္း ျဖစ္သည္။
ယင္းသို႔ တင္သြင္းရာတြင္ ႏိုင္ငံေရးပါတီ ၅၇ ပါတီႏွင့္ တစ္သီး ပုဂၢလ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း အပါအဝင္ ဝင္ေရာက္ ယွဥ္ၿပိဳင္သည့္ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း စုစုေပါင္း ၄၉၆၃ ဦး အမည္စာရင္း တင္သြင္းခဲ့ၾကေၾကာင္း သိရသည္။
ယင္းသို႔ တင္သြင္းရာတြင္ USDP ပါတီ က ျပည္သူ႔ လႊတ္ေတာ္၊ အမ်ိဳးသား လႊတ္ေတာ္၊ တိုင္းေဒသႀကီး ႏွင့္ ျပည္နယ္ လႊတ္ေတာ္၊တိုင္းရင္းသား လူမ်ိဳး မဲဆႏၵ တို႔ အတြက္ စုစုေပါင္း ကိုယ္စားလွယ္ေလာင္း ၁၀၁၈ ဦး၊ တစည ပါတီ က ၆၉၄ ဦး၊ PPP ပါတီ က ၆၇၂ ဦး တို႔ျဖင့္ အမ်ားဆုံး တင္သြင္းခဲ့ၾကျခင္းျဖစ္သည္။
အဆိုပါ ကိုယ္စားလွယ္ေလာင္း အမည္စာရင္းတင္သြင္းမႈမ်ားကို ကိုယ္စားလွယ္ေလာင္းအမည္စာရင္းတင္သြင္းခဲ့ၾကသည့္ သက္ဆိုင္ရာေကာ္မရွင္အဖြဲ႕ခြဲအသီးသီး၌ စိစစ္ျခင္းလုပ္ငန္းမ်ား ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.