ရန်ကုန်နှင့် လွိုင်ကော်မှ အမျိုးသား(၉)ဦးကို ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားခြင်းမှ ကာကွယ်ပေးရေးဥပဒေနှင့်အရေးယူထား

 586

သန့်ဇင် (NP News) - စက်တင်ဘာ ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်နှင့် ကယားပြည်နယ်၊ လွိုင်ကော်မြို့မှ လူ(၉)ဦးကို ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားခြင်းမှ ကာကွယ်ပေးရေးဥပဒေနှင့်အရေးယူထားကြောင်း နိုင်ငံတော်အေးချမ်းသာယာရေးနှင့်လုံခြုံရေးကောင်စီ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
လွိုင်ကော်မြို့၊ ဒေါနိုးကူးရပ်ကွက်တွင်နေထိုင်သည့် အသက် (၁၈)နှစ်အရွယ်များဖြစ်ကြသည့် ပိုင်ပိုင်စိုး(ခ) မျိုးမင်းခန့်(ခ)ပိုင်စိုး၊ ဟန်ထွန်းအောင်(ခ) ရဲမင်းကိုကို (ခ)ဟန်ကြီး နှင့် အသက်(၁၇)နှစ်အရွယ် အောင်နိုင်လင်း (၁၇)နှစ်၊ အသက် (၁၆)နှစ်အရွယ် ဖြိုးပိုင်ဇေအောင် အပါအဝင် အသက်(၁၄)နှစ်အရွယ် ထွန်းနေဦးလှိုင်တို့သည် ရွေးကောက်ပွဲလုပ်ငန်းစဉ်များ ပျက်ပြားစေရန် လှုံ့ဆော်ခြင်းများပြုလုပ်ခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ၎င်းတို့ (၅)ဦးအား စက်တင်ဘာလ ၁၄ ရက်က လွိုင်ကော်မြို့မရဲစခန်း (ပ)၂၁၈/၂၀၂၅ ဖြင့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများ ကို နှောင့်ယှက်ဟန့်တားခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၃ (က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
အလားတူ ရွှေပြည်သာမြို့နယ်၊ အမှတ်(၅)ရပ်ကွက်နေသူများဖြစ်ကြသည့် (၃၆)နှစ်အရွယ် ရဲသူရအောင်၊ အသက် (၂၅)နှစ်အရွယ် ကျော်ဝဏ္ဏ ၊ အသက်(၄၅)နှစ်အရွယ် ချစ်ဝင်း နှင့် အသက်(၃၄)နှစ်အရွယ် ပြေထွန်းတို့သည့် အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားခြင်းလုပ်ရပ်များကို လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
၎င်းတို့ (၄)ဦးအား စက်တင်ဘာ ၁၆ရက်ကလည်း ရွှေပြည်သာမြို့မရဲစခန်း (ပ) ၃၄၇/၂၀၂၅ ဖြင့်လည်းကောင်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၃ (က)ဖြင့် အမှုဖွင့်ကာ ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပမှုကို ပျက်ပြားစေရန်ရည်ရွယ်၍ လူမှုကွန်ရက်စာမျက်နှာများ၊ အများပြည်သူဆိုင်ရာနေရာများ၌ ဟောပြောခြင်း၊ ပြောဆိုခြင်း၊ စည်းရုံးလှုံ့ဆော်ခြင်း၊ ဆန္ဒပြခြင်း၊ စာရေးသားခြင်း၊ ရုပ်ပုံပိုစတာများချိတ်ဆွဲခြင်း စသည်တို့ဖြင့် နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားခြင်းမှ ကာကွယ်ပေးရေးဥပဒေနှင့်အညီ စုံစမ်းဖော်ထုတ်ပြီး ထိရောက်စွာ အရေးယူခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Zawgyi Version:
ရန္ကုန္ႏွင့္ လြိဳင္ေကာ္မွ အမ်ိဳးသား(၉)ဦးကို ေ႐ြးေကာက္ပြဲမ်ားကို ေႏွာင့္ယွက္ဟန႔္တားျခင္းမွ ကာကြယ္ေပးေရးဥပေဒႏွင့္အေရးယူထား
သန႔္ဇင္ (NP News) - စက္တင္ဘာ ၂၃
ရန္ကုန္တိုင္းေဒသႀကီး၊ ေ႐ႊျပည္သာၿမိဳ႕နယ္ႏွင့္ ကယားျပည္နယ္၊ လြိဳင္ေကာ္ၿမိဳ႕မွ လူ(၉)ဦးကို ေ႐ြးေကာက္ပြဲမ်ားကို ေႏွာင့္ယွက္ဟန႔္တားျခင္းမွ ကာကြယ္ေပးေရးဥပေဒႏွင့္အေရးယူထားေၾကာင္း ႏိုင္ငံေတာ္ေအးခ်မ္းသာယာေရးႏွင့္လုံၿခဳံေရးေကာင္စီ၏ သတင္းထုတ္ျပန္ခ်က္အရ သိရသည္။
လြိဳင္ေကာ္ၿမိဳ႕၊ ေဒါႏိုးကူးရပ္ကြက္တြင္ေနထိုင္သည့္ အသက္ (၁၈)ႏွစ္အ႐ြယ္မ်ားျဖစ္ၾကသည့္ ပိုင္ပိုင္စိုး(ခ) မ်ိဳးမင္းခန႔္(ခ)ပိုင္စိုး၊ ဟန္ထြန္းေအာင္(ခ) ရဲမင္းကိုကို (ခ)ဟန္ႀကီး ႏွင့္ အသက္(၁၇)ႏွစ္အ႐ြယ္ ေအာင္ႏိုင္လင္း (၁၇)ႏွစ္၊ အသက္ (၁၆)ႏွစ္အ႐ြယ္ ၿဖိဳးပိုင္ေဇေအာင္ အပါအဝင္ အသက္(၁၄)ႏွစ္အ႐ြယ္ ထြန္းေနဦးလႈိင္တို႔သည္ ေ႐ြးေကာက္ပြဲလုပ္ငန္းစဥ္မ်ား ပ်က္ျပားေစရန္ လႈံ႕ေဆာ္ျခင္းမ်ားျပဳလုပ္ခဲ့ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ၎တို႔ (၅)ဦးအား စက္တင္ဘာလ ၁၄ ရက္က လြိဳင္ေကာ္ၿမိဳ႕မရဲစခန္း (ပ)၂၁၈/၂၀၂၅ ျဖင့္ ပါတီစုံဒီမိုကေရစီအေထြေထြေ႐ြးေကာက္ပြဲမ်ား ကို ေႏွာင့္ယွက္ဟန႔္တားျခင္းမွ ကာကြယ္ေပးေရးဥပေဒပုဒ္မ ၂၃ (က)ျဖင့္ အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။
အလားတူ ေ႐ႊျပည္သာၿမိဳ႕နယ္၊ အမွတ္(၅)ရပ္ကြက္ေနသူမ်ားျဖစ္ၾကသည့္ (၃၆)ႏွစ္အ႐ြယ္ ရဲသူရေအာင္၊ အသက္ (၂၅)ႏွစ္အ႐ြယ္ ေက်ာ္ဝဏၰ ၊ အသက္(၄၅)ႏွစ္အ႐ြယ္ ခ်စ္ဝင္း ႏွင့္ အသက္(၃၄)ႏွစ္အ႐ြယ္ ေျပထြန္းတို႔သည့္ အေထြေထြေ႐ြးေကာက္ပြဲမ်ားကို ေႏွာင့္ယွက္ဟန႔္တားျခင္းလုပ္ရပ္မ်ားကို လုပ္ေဆာင္ခဲ့ေၾကာင္း သိရသည္။
၎တို႔ (၄)ဦးအား စက္တင္ဘာ ၁၆ရက္ကလည္း ေ႐ႊျပည္သာၿမိဳ႕မရဲစခန္း (ပ) ၃၄၇/၂၀၂၅ ျဖင့္လည္းေကာင္း ပါတီစုံဒီမိုကေရစီ အေထြေထြေ႐ြးေကာက္ပြဲမ်ားကို ေႏွာင့္ယွက္ဟန႔္တားျခင္းမွ ကာကြယ္ေပးေရးဥပေဒပုဒ္မ ၂၃ (က)ျဖင့္ အမႈဖြင့္ကာ ဖမ္းဆီးအေရးယူထားေၾကာင္း သိရသည္။
၂၀၂၅ ခုႏွစ္ ပါတီစုံဒီမိုကေရစီ အေထြေထြေ႐ြးေကာက္ပြဲက်င္းပမႈကို ပ်က္ျပားေစရန္ရည္႐ြယ္၍ လူမႈကြန္ရက္စာမ်က္ႏွာမ်ား၊ အမ်ားျပည္သူဆိုင္ရာေနရာမ်ား၌ ေဟာေျပာျခင္း၊ ေျပာဆိုျခင္း၊ စည္း႐ုံးလႈံ႕ေဆာ္ျခင္း၊ ဆႏၵျပျခင္း၊ စာေရးသားျခင္း၊ ႐ုပ္ပုံပိုစတာမ်ားခ်ိတ္ဆြဲျခင္း စသည္တို႔ျဖင့္ ေႏွာင့္ယွက္ဟန႔္တားဖ်က္ဆီးျခင္းမ်ားကို လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ပါတီစုံဒီမိုကေရစီ အေထြေထြေ႐ြးေကာက္ပြဲမ်ားကို ေႏွာင့္ယွက္ဟန႔္တားျခင္းမွ ကာကြယ္ေပးေရးဥပေဒႏွင့္အညီ စုံစမ္းေဖာ္ထုတ္ၿပီး ထိေရာက္စြာ အေရးယူျခင္းမ်ား ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.