တောင်ကိုရီးယားအမျိုးသားတစ်ဦး အဓိပ္ပါယ်မရှိတဲ့ တိုင်ကြားမှုတွေအတွက် ရဲတပ်ဖွဲ့ကို အကြိမ်ပေါင်း ၆၀,၀၀၀ ဖုန်းခေါ်ဆိုမှုနဲ့ ဖမ်းဆီးခံရ

 254

ရောင်နီ(NP News) - စက်တင်ဘာ ၂၆
တောင်ကိုရီးယားမှာ နှစ်နှစ်တာကာလအတွင်း ရဲတပ်ဖွဲ့ကို အဓိပ္ပာယ်မရှိတဲ့တိုင်ကြားမှုတွေနဲ့ အကြိမ် ၆၀,၀၀၀ နီးပါး ဖုန်းခေါ်ခဲ့တဲ့ အသက် ၅၀ အရွယ် အမျိုးသားတစ်ဦး ဖမ်းဆီးခံရတယ်လို့ တောင်ကိုရီးယား ရဲတပ်ဖွဲ့က စက်တင်ဘာ ၂၃ ရက်မှာ ပြောကြားပါတယ်။
သံသယရှိသူရဲ့ ဖုန်းခေါ်ဆိုမှု ၅၈,၃၀၇ မှုမှာ ၅၁ ခုဟာ ကြီးလေးတဲ့ ရာဇဝတ်မှုအန္တရာယ်ကြောင့် ရဲတပ်ဖွဲ့က ချက်ချင်းဝင်ရောက်စွက်ဖက်မှုလိုအပ်တဲ့ Code 2 အဆင့် အမျိုးအစားဖြစ်တယ်လို့ ဆိုပါတယ်။ ၂၀၂၄ ခုနှစ် မေလက လေးရက်အတွင်း ရဲတပ်ဖွဲ့ကို ၁,၈၈၂ ကြိမ် တိုင်တိုင် ဖုန်းခေါ်ဆိုခဲ့တယ်လို့ ဆိုပါတယ်။ ဖုန်းခေါ်ဆိုမှုမှာ "သူ့အစ်ကိုဖြစ်သူ အသတ်ခံရတော့မယ်" "အစ်ကိုဟာ သော့ခတ်ပိတ်လှောင်ခံထားရတယ်" စတဲ့ အရေးပေါ် အခြေအနေသဖွယ် ဖုန်းခေါ်တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။ တကယ်တော့ သံသယရှိသူဟာ တစ်ကိုယ်တည်းနေသူ ဖြစ်ပြီး အရက်မူးလာတဲ့အခါ ရဲကိုဖုန်းဆက် တိုင်ကြားချက်ဖွင့်လေ့ရှိတယ်လို့ သိရပါတယ်။ မှားယွင်းတဲ့ သတင်း အချက်အလက်တွေနဲ့ဖုန်းခေါ်ဆိုမှုအတွက် ၂၀၂၃ ခုနှစ်ကတည်းက ဒဏ်ငွေ ခုနှစ်ကြိမ် ပေးဆောင်ဖို့ အမိန့်ထုတ်ခဲ့ ပေမယ့် ဆင့်ခေါ်စာတွေကို လိုက်နာဖို့ ငြင်းဆိုထားတာကြောင့် ဖမ်းဝရမ်းထုတ်ဖို့ တောင်းဆိုခဲ့ရတယ်လို့ ရဲတပ်ဖွဲ့ က ဆိုပါတယ်။
ဒါကြောင့် သံသယရှိသူကို မလျော်ကန်တဲ့နည်းလမ်းနဲ့ အစိုးရတာဝန်ကို နှောင့်ယှက်မှုနဲ့ စုံစမ်းစစ်ဆေးနေ ကာ အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ် ၅ နှစ် (သို့မဟုတ်) ဝမ် ၁၀ သန်း (ငွေဒဏ် စင်ကာပူဒေါ်လာ ၉၂၀၀) ချမှတ်ဖွယ် ရှိတယ်လို့ သိရပါတယ်။

Zawgyi Version:
ေတာင္ကိုရီးယားအမ်ိဳးသားတစ္ဦး အဓိပၸါယ္မရွိတဲ့ တိုင္ၾကားမႈေတြအတြက္ ရဲတပ္ဖြဲ႕ကို အႀကိမ္ေပါင္း ၆၀,၀၀၀ ဖုန္းေခၚဆိုမႈနဲ႔ ဖမ္းဆီးခံရ
ေရာင္နီ(NP News) - စက္တင္ဘာ ၂၆
ေတာင္ကိုရီးယားမွာ ႏွစ္ႏွစ္တာကာလအတြင္း ရဲတပ္ဖြဲ႕ကို အဓိပၸာယ္မရွိတဲ့တိုင္ၾကားမႈေတြနဲ႔ အႀကိမ္ ၆၀,၀၀၀ နီးပါး ဖုန္းေခၚခဲ့တဲ့ အသက္ ၅၀ အ႐ြယ္ အမ်ိဳးသားတစ္ဦး ဖမ္းဆီးခံရတယ္လို႔ ေတာင္ကိုရီးယား ရဲတပ္ဖြဲ႕က စက္တင္ဘာ ၂၃ ရက္မွာ ေျပာၾကားပါတယ္။
သံသယရွိသူရဲ႕ ဖုန္းေခၚဆိုမႈ ၅၈,၃၀၇ မႈမွာ ၅၁ ခုဟာ ႀကီးေလးတဲ့ ရာဇဝတ္မႈအႏၲရာယ္ေၾကာင့္ ရဲတပ္ဖြဲ႕က ခ်က္ခ်င္းဝင္ေရာက္စြက္ဖက္မႈလိုအပ္တဲ့ Code 2 အဆင့္ အမ်ိဳးအစားျဖစ္တယ္လို႔ ဆိုပါတယ္။ ၂၀၂၄ ခုႏွစ္ ေမလက ေလးရက္အတြင္း ရဲတပ္ဖြဲ႕ကို ၁,၈၈၂ ႀကိမ္ တိုင္တိုင္ ဖုန္းေခၚဆိုခဲ့တယ္လို႔ ဆိုပါတယ္။ ဖုန္းေခၚဆိုမႈမွာ "သူ႔အစ္ကိုျဖစ္သူ အသတ္ခံရေတာ့မယ္" "အစ္ကိုဟာ ေသာ့ခတ္ပိတ္ေလွာင္ခံထားရတယ္" စတဲ့ အေရးေပၚ အေျခအေနသဖြယ္ ဖုန္းေခၚတိုင္ၾကားခဲ့တာ ျဖစ္ပါတယ္။ တကယ္ေတာ့ သံသယရွိသူဟာ တစ္ကိုယ္တည္းေနသူ ျဖစ္ၿပီး အရက္မူးလာတဲ့အခါ ရဲကိုဖုန္းဆက္ တိုင္ၾကားခ်က္ဖြင့္ေလ့ရွိတယ္လို႔ သိရပါတယ္။ မွားယြင္းတဲ့ သတင္း အခ်က္အလက္ေတြနဲ႔ဖုန္းေခၚဆိုမႈအတြက္ ၂၀၂၃ ခုႏွစ္ကတည္းက ဒဏ္ေငြ ခုႏွစ္ႀကိမ္ ေပးေဆာင္ဖို႔ အမိန႔္ထုတ္ခဲ့ ေပမယ့္ ဆင့္ေခၚစာေတြကို လိုက္နာဖို႔ ျငင္းဆိုထားတာေၾကာင့္ ဖမ္းဝရမ္းထုတ္ဖို႔ ေတာင္းဆိုခဲ့ရတယ္လို႔ ရဲတပ္ဖြဲ႕ က ဆိုပါတယ္။
ဒါေၾကာင့္ သံသယရွိသူကို မေလ်ာ္ကန္တဲ့နည္းလမ္းနဲ႔ အစိုးရတာဝန္ကို ေႏွာင့္ယွက္မႈနဲ႔ စုံစမ္းစစ္ေဆးေန ကာ အျမင့္ဆုံးျပစ္ဒဏ္ ေထာင္ဒဏ္ ၅ ႏွစ္ (သို႔မဟုတ္) ဝမ္ ၁၀ သန္း (ေငြဒဏ္ စင္ကာပူေဒၚလာ ၉၂၀၀) ခ်မွတ္ဖြယ္ ရွိတယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.