ပြည်သူ့ရင်ပြင်တွင် သီတင်းကျွတ် ဂီတဖျော်ဖြေပွဲနှင့်MSME ဈေးရောင်းပွဲတော်ကို (၄)ရက်တိုင်တိုင် ကျင်းပသွားမည်

 413

စော(NP News)- စက်တင်ဘာ ၂၆
ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ ပြည်သူ့ရင်ပြင်တွင် သီတင်းကျွတ် ဂီတဖျော်ဖြေပွဲနှင့်MSME ဈေးရောင်းပွဲတော်ကို လေးရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါဈေးရောင်းပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ပြီးခဲ့သည့် စက်တင်ဘာ (၂၄) ရက်က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ အစည်းအဝေးခန်းမ (၃) တွင် ကျင်းပခဲ့ကြောင်း သိရသည်။
သီတင်းကျွတ် MSME ဈေးရောင်းပွဲတော်ကို ဂီတဖျော်ဖြေပွဲဖြင့် တွဲဖက်၍ လာမည့် အောက်တိုဘာလ (၄) ရက်မှ အောက်တိုဘာလ (၇) ရက်အထိ လေးရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါဈေးရောင်းပွဲတော် စည်းကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် တာဝန်ရှိသူများအနေဖြင့် ပြည်တွင်းထုတ်ကုန်များကို အားပေးမြှင့်တင်ခြင်းနှင့် ဈေးကွက်များချိတ်ဆက်ပေးခြင်း စသည့်အချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် MSME ထုတ်ကုန်များ ဈေးကွက်ပိုမိုရရှိရေးနှင့် MSME လုပ်ငန်းများ ခေတ်နှင့်အညီ Digital စနစ်တွင် လိုက်ပါဆောင်ရွက်နိုင်ရေးတို့ကိုအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက ပြောကြားခဲ့သည်။

Zawgyi Version:
ျပည္သူ႔ရင္ျပင္တြင္ သီတင္းကြၽတ္ ဂီတေဖ်ာ္ေျဖပြဲႏွင့္MSME ေဈးေရာင္းပြဲေတာ္ကို (၄)ရက္တိုင္တိုင္ က်င္းပသြားမည္
ေစာ(NP News)- စက္တင္ဘာ ၂၆
ရန္ကုန္ၿမိဳ႕၊ ဒဂုံၿမိဳ႕နယ္၊ ျပည္သူ႔ရင္ျပင္တြင္ သီတင္းကြၽတ္ ဂီတေဖ်ာ္ေျဖပြဲႏွင့္MSME ေဈးေရာင္းပြဲေတာ္ကို ေလးရက္တိုင္တိုင္ က်င္းပသြားမည္ျဖစ္ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕၏ ထုတ္ျပန္ခ်က္အရ သိရသည္။
အဆိုပါေဈးေရာင္းပြဲေတာ္ ေအာင္ျမင္စြာ က်င္းပႏိုင္ေရးအတြက္ လုပ္ငန္းညႇိႏႈိင္း အစည္းအေဝးကို ၿပီးခဲ့သည့္ စက္တင္ဘာ (၂၄) ရက္က ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕၊ အစည္းအေဝးခန္းမ (၃) တြင္ က်င္းပခဲ့ေၾကာင္း သိရသည္။
သီတင္းကြၽတ္ MSME ေဈးေရာင္းပြဲေတာ္ကို ဂီတေဖ်ာ္ေျဖပြဲျဖင့္ တြဲဖက္၍ လာမည့္ ေအာက္တိုဘာလ (၄) ရက္မွ ေအာက္တိုဘာလ (၇) ရက္အထိ ေလးရက္တိုင္တိုင္ က်င္းပသြားမည္ျဖစ္ေၾကာင္း သိရသည္။
အဆိုပါေဈးေရာင္းပြဲေတာ္ စည္းကားသိုက္ၿမိဳက္စြာ က်င္းပႏိုင္ေရးအတြက္ တာဝန္ရွိသူမ်ားအေနျဖင့္ ျပည္တြင္းထုတ္ကုန္မ်ားကို အားေပးျမႇင့္တင္ျခင္းႏွင့္ ေဈးကြက္မ်ားခ်ိတ္ဆက္ေပးျခင္း စသည့္အခ်က္မ်ားကို အေကာင္အထည္ေဖာ္ ေဆာင္႐ြက္ျခင္းျဖင့္ MSME ထုတ္ကုန္မ်ား ေဈးကြက္ပိုမိုရရွိေရးႏွင့္ MSME လုပ္ငန္းမ်ား ေခတ္ႏွင့္အညီ Digital စနစ္တြင္ လိုက္ပါေဆာင္႐ြက္ႏိုင္ေရးတို႔ကိုအတြက္ သက္ဆိုင္ရာ တာဝန္ရွိသူမ်ား ပူးေပါင္းပါဝင္ေဆာင္႐ြက္ၾကရန္ ရန္ကုန္တိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္ ဦးစိုးသိန္းက ေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.