မြန်မာမှုပန်း(၁၀)မျိုးကို အခြေခံရမည့် ဗွီဒီယို ဇာတ်လမ်းတို ပြိုင်ပွဲ ကျင်းပမည်

173

သန့်ဇင်(NP News)-စက်တင်ဘာ ၂၅
မြန်မာမှုပန်း(၁၀)မျိုးကို အခြေခံရမည့် ဗွီဒီယို ဇာတ်လမ်းတို ပြိုင်ပွဲ ကျင်းပမည် ဖြစ်ကြောင်း မြန်မာ့အနုပညာနှင့် ယဉ်ကျေးမှုအသင်းမှ အတွင်းရေးမှူးဦးသန်းထွန်းစိုးက ပြောသည်။
အဆိုပါ ပြိုင်ပွဲအတွက် ဗွီဒီယိုများကို အောက်တိုဘာ (၁)ရက်မှ စတင်ကာ (၃၀)ရက်အထိ ပေးပို့နိုင်မည် ဖြစ်ပြီး နိုဝင်ဘာ (၁)ရက်မှ (၁၅) ရက်အထိ ဗီဒီယိုမျာကို အကဲဖြတ်ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။
“ဗီဒီယိုပြိုင်ပွဲကတော့ အဓိကက ဘုရားမတင်နတ်မဝင်လူတွင်ပန်းဆယ်မျိုးဆိုတော့ ကျွန်တော်တို့ ပန်းချီတို့၊ ပန်းပုတို့၊ ပန်းတော့၊ ပန်းတမော့၊ ပန်းတိမ်၊ ပန်းတဉ်း ဆိုတဲ့ (၁၀)မျိုးစလုံးပါတာပေါ့နော်။ ကျွန်တော်တို့ (၁၀)မျိုးလုံးကို ကျွန်တော်တို့က မြန်မာမှုသုခုမပညာ ဖြစ်တဲ့အတွက် ပြန်လည်ဖော်ထုတ်ချင်တဲ့အတွက်နဲ့ အခုခေတ်လူငယ်တွေကလည်း ရင်းရင်းနီးနီးနဲ့ Video ရိုက်ကူးရေးတွေမှာဆိုရင် ဝါသနာပါတဲ့ ဝါသနာရှင်တွေလည်းများပါတယ်။ အဲဒီအတွက် အခြားဟာတွေကို အပျော်ရိုက်နေမဲ့အတူ ကျွန်တော်တို့ရဲ့ သုခုမအနုပညာတွေ လက်မှုပညာတွေကို အားလုံးကိုသိစေချင်တဲ့အတွက် ဒီပြိုင်ပွဲကို ကျင်းပမယ်လို့ ရည်ရွယ်ချက်ရှိခဲ့ပါတယ်”ဟု ဦးသန်းထွန်းစိုးကပြောသည်။
ထို့နောက် ဇာတ်လမ်းတိုများအား ဆုချီးမြင့်ခြင်းအခန်းအနားကို နိုဝင်ဘာလတွင်ကျင်းပမည်ဖြစ်ပြီး ပထမဆု ကျပ်သိန်း (၅၀)၊ ဒုတိယဆု ကျပ်သိန်း(၃၀)၊ တတိယဆု ကျပ်သိန်း(၂၀)နှင့် အထူးဆုများအဖြစ် ကျပ်(၁၀)သိန်းဆု (၅)ဆုကိုလည်း ပေးအပ်ချီးမြင့်သွားမည်ဖြစ်ကြောင်း သိရသည်။
“နိုဝင်ဘာ (၁) ရက်နေ (၁၅)ရက်အတွင်းမှာ ပန်းချီစိုးမိုးလိုပညာရှင်ကြီးတွေ သမိုင်းနဲ့ပတ်သက်တဲ့ စာပေပညာရှင်ကြီးတွေ၊ အနုပညာနဲ ပတ်သက်တဲ့ပညာရှင်ကြီးတွေကနေပြီးတော့ အမှတ်ပေးစည်းမျဉ်းနဲ့ ပို့လာတဲ့ Video ဖိုင်တွေထဲကနေပြီးတော့ ရုပ်သံဇာတ်လမ်းတွေကို ကြည့်ပြီးတော့ အမှတ်ပေးစဉ်းမျဉ်းနဲ့ ဆုပေးဖို့ရွေးချယ်ပါမယ်။ သူတို့တင်ရမှာတော့ အောက်တိုဘာ (၃၁) ရက်နေ့နောက်ဆုံးထားပြီးတော့ ကျွန်တော်တို့ရဲ့သတ်မှတ်ထားတဲ့ E-Mail နံပါတ်၊ ကျွန်တော်တို့ရဲ့ ရုံးကိုပို့နိုင်ပါတယ်။ မန္တလေးမှာလည်း မြန်မာ့အနုပညာနှင့် ယဉ်ကျေးမှု အသင်းရုံးခွဲရှိတဲ့အတွက် အဲဒီက E-Mail နံပါတ်နဲ့ဆက်သွယ်ပြီး ပို့လို့ရသလို ကျွန်တော်တို့ ဆီကိုလည်းပို့လို့ရပါတယ်”ဟု ၎င်းကဆက် ပြောသည်။
ပါဝင်ယှဉ်ပြိုင်မည့်သူများသည် အဖွဲ့တစ်ဖွဲ့လျှင် ဝင်ကြေးငွေကျပ် (၅၀၀၀၀)ပေးသွင်းရမည်ဖြစ်ပြီး မည်သူမဆိုပါဝင်ယှဉ်ပြိုင်နိုင်ကြောင်း သိရသည်။
ပါဝင်ယှဉ်ပြိုင်မည့် ဇာတ်လမ်းတိုသည် ၃ မိနစ်မှ ၁၀ မိနစ်အကြားရှိရမည်ဖြစ်ပြီး ဖုန်းဖြင့်လည်းရိုက်ကူးနိုင်ကာ ကိုယ်တိုင်ဖန်တီး ထားသော ဇာတ်လမ်းဖြစ်ရမည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version:
ျမန္မာမႈပန္း(၁၀)မ်ိဳးကို အေျခခံရမည့္ ဗြီဒီယို ဇာတ္လမ္းတို ၿပိဳင္ပြဲ က်င္းပမည္
သန႔္ဇင္(NP News)-စက္တင္ဘာ ၂၅
ျမန္မာမႈပန္း(၁၀)မ်ိဳးကို အေျခခံရမည့္ ဗြီဒီယို ဇာတ္လမ္းတို ၿပိဳင္ပြဲ က်င္းပမည္ ျဖစ္ေၾကာင္း ျမန္မာ့အႏုပညာႏွင့္ ယဥ္ေက်းမႈအသင္းမွ အတြင္းေရးမႉးဦးသန္းထြန္းစိုးက ေျပာသည္။
အဆိုပါ ၿပိဳင္ပြဲအတြက္ ဗြီဒီယိုမ်ားကို ေအာက္တိုဘာ (၁)ရက္မွ စတင္ကာ (၃၀)ရက္အထိ ေပးပို႔ႏိုင္မည္ ျဖစ္ၿပီး ႏိုဝင္ဘာ (၁)ရက္မွ (၁၅) ရက္အထိ ဗီဒီယိုမ်ာကို အကဲျဖတ္ေ႐ြးခ်ယ္သြားမည္ျဖစ္ေၾကာင္း သိရသည္။
“ဗီဒီယိုၿပိဳင္ပြဲကေတာ့ အဓိကက ဘုရားမတင္နတ္မဝင္လူတြင္ပန္းဆယ္မ်ိဳးဆိုေတာ့ ကြၽန္ေတာ္တို႔ ပန္းခ်ီတို႔၊ ပန္းပုတို႔၊ ပန္းေတာ့၊ ပန္းတေမာ့၊ ပန္းတိမ္၊ ပန္းတဥ္း ဆိုတဲ့ (၁၀)မ်ိဳးစလုံးပါတာေပါ့ေနာ္။ ကြၽန္ေတာ္တို႔ (၁၀)မ်ိဳးလုံးကို ကြၽန္ေတာ္တို႔က ျမန္မာမႈသုခုမပညာ ျဖစ္တဲ့အတြက္ ျပန္လည္ေဖာ္ထုတ္ခ်င္တဲ့အတြက္နဲ႔ အခုေခတ္လူငယ္ေတြကလည္း ရင္းရင္းနီးနီးနဲ႔ Video ႐ိုက္ကူးေရးေတြမွာဆိုရင္ ဝါသနာပါတဲ့ ဝါသနာရွင္ေတြလည္းမ်ားပါတယ္။ အဲဒီအတြက္ အျခားဟာေတြကို အေပ်ာ္႐ိုက္ေနမဲ့အတူ ကြၽန္ေတာ္တို႔ရဲ႕ သုခုမအႏုပညာေတြ လက္မႈပညာေတြကို အားလုံးကိုသိေစခ်င္တဲ့အတြက္ ဒီၿပိဳင္ပြဲကို က်င္းပမယ္လို႔ ရည္႐ြယ္ခ်က္ရွိခဲ့ပါတယ္”ဟု ဦးသန္းထြန္းစိုးကေျပာသည္။
ထို႔ေနာက္ ဇာတ္လမ္းတိုမ်ားအား ဆုခ်ီးျမင့္ျခင္းအခန္းအနားကို ႏိုဝင္ဘာလတြင္က်င္းပမည္ျဖစ္ၿပီး ပထမဆု က်ပ္သိန္း (၅၀)၊ ဒုတိယဆု က်ပ္သိန္း(၃၀)၊ တတိယဆု က်ပ္သိန္း(၂၀)ႏွင့္ အထူးဆုမ်ားအျဖစ္ က်ပ္(၁၀)သိန္းဆု (၅)ဆုကိုလည္း ေပးအပ္ခ်ီးျမင့္သြားမည္ျဖစ္ေၾကာင္း သိရသည္။
“ႏိုဝင္ဘာ (၁) ရက္ေန (၁၅)ရက္အတြင္းမွာ ပန္းခ်ီစိုးမိုးလိုပညာရွင္ႀကီးေတြ သမိုင္းနဲ႔ပတ္သက္တဲ့ စာေပပညာရွင္ႀကီးေတြ၊ အႏုပညာနဲ ပတ္သက္တဲ့ပညာရွင္ႀကီးေတြကေနၿပီးေတာ့ အမွတ္ေပးစည္းမ်ဥ္းနဲ႔ ပို႔လာတဲ့ Video ဖိုင္ေတြထဲကေနၿပီးေတာ့ ႐ုပ္သံဇာတ္လမ္းေတြကို ၾကည့္ၿပီးေတာ့ အမွတ္ေပးစဥ္းမ်ဥ္းနဲ႔ ဆုေပးဖို႔ေ႐ြးခ်ယ္ပါမယ္။ သူတို႔တင္ရမွာေတာ့ ေအာက္တိုဘာ (၃၁) ရက္ေန႔ေနာက္ဆုံးထားၿပီးေတာ့ ကြၽန္ေတာ္တို႔ရဲ႕သတ္မွတ္ထားတဲ့ E-Mail နံပါတ္၊ ကြၽန္ေတာ္တို႔ရဲ႕ ႐ုံးကိုပို႔ႏိုင္ပါတယ္။ မႏၲေလးမွာလည္း ျမန္မာ့အႏုပညာႏွင့္ ယဥ္ေက်းမႈ အသင္း႐ုံးခြဲရွိတဲ့အတြက္ အဲဒီက E-Mail နံပါတ္နဲ႔ဆက္သြယ္ၿပီး ပို႔လို႔ရသလို ကြၽန္ေတာ္တို႔ ဆီကိုလည္းပို႔လို႔ရပါတယ္”ဟု ၎ကဆက္ ေျပာသည္။
ပါဝင္ယွဥ္ၿပိဳင္မည့္သူမ်ားသည္ အဖြဲ႕တစ္ဖြဲ႕လွ်င္ ဝင္ေၾကးေငြက်ပ္ (၅၀၀၀၀)ေပးသြင္းရမည္ျဖစ္ၿပီး မည္သူမဆိုပါဝင္ယွဥ္ၿပိဳင္ႏိုင္ေၾကာင္း သိရသည္။
ပါဝင္ယွဥ္ၿပိဳင္မည့္ ဇာတ္လမ္းတိုသည္ ၃ မိနစ္မွ ၁၀ မိနစ္အၾကားရွိရမည္ျဖစ္ၿပီး ဖုန္းျဖင့္လည္း႐ိုက္ကူးႏိုင္ကာ ကိုယ္တိုင္ဖန္တီး ထားေသာ ဇာတ္လမ္းျဖစ္ရမည္ျဖစ္ေၾကာင္း သိရသည္။