ယဉ်ကျေးမှုဂုဏ်ကို မြှင့်တင်ခြင်းနှင့် ရုပ်သေးအနုပညာကို ထိန်းသိမ်းရန် မြန်မာ့ရုပ်သေးပြပွဲကို ဝန်ကြီးများရုံးတွင် ကျင်းပမည်

143

စော(NP News)- စက်တင်တာ ၂၅
မြန်မာ့ယဉ်ကျေးမှုဂုဏ်ကို မြှင့်တင်ခြင်းနှင့် ရုပ်သေးအနုပညာကို ထိန်းသိမ်းရန် မြန်မာ့ရုပ်သေးပြပွဲကို ဝန်ကြီးများရုံးတွင် ကျင်းပမည်ဖြစ်ကြောင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း ( UMTA)၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါရုပ်သေးပြပွဲကို လာမည့် နိုဝင်ဘာလ (၉)ရက်နေ့ နံနက်ပိုင်းတွင် နံနက် (၁၀)နာရီခွဲမှ မွန်းလွဲ (၁၂)ခွဲအထိ ပြသသွားမည်အပြင် ညနေပိုင်းတွင် ညနေ (၃)နာရီမှ (၅)နာရီအချိန်အထိ ပြသသွားမည်ဖြစ်ပြီး ဈေးရောင်းပွဲတော်လည်း ပါဝင်ကာ နံနက် (၈)နာရီမှ ည(၇)နာရီအထိရောင်းချသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
၎င်းပြပွဲတွင် ခရီးသွားလုပ်ငန်းဆိုင်ရာ ကုမ္ပဏီများ၊ ညီနောင်အသင်းများ၊ နိုင်ငံတကာသံရုံးများ၊ နိုင်ငံတကာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် အများပြည်သူများအား ဖိတ်ကြားထားပြီး လာရောက်ကြည့်ရှုမည် ဖြစ်ကြောင်း ဖော်ပြချက်အရ သိရသည်။
ထို့ကြောင့် အသင်းဝင်များအနေဖြင့် ရောင်းချလိုသည့် ကုန်ပစ္စည်းများ၊ ခရီးစဉ်များ၊ လေယာဉ်လက်မှတ်များ စသည်တို့ကို ကောင်တာများဖြင့် ရောင်းချနိုင်ရန် စီစဉ်ထားကြောင်းလည်း UMTA အသိပေးထားသည်။
အဆိုပါ ရုပ်သေးပြပွဲ ဝင်ခွင့်လက်မှတ်ကို UMTAရုံးတွင် ဝယ်ယူနိုင်ကာ တစ်စောင် လျှင် ငွေကျပ် (၂၅,၀၀၀) ကျသင့်မည်ဖြစ်ပြီး (၁၀) စောင် ဝယ်ယူပါက (၁) စောင် အခမဲ့ ပေးအပ်သွားမည်ဖြစ်သည့်အပြင် ကျောင်းသားများအတွက် ငွေကျပ် (၂၀,၀၀၀)သာ ကျသင့်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

Zawgyi Version:
ယဥ္ေက်းမႈဂုဏ္ကို ျမႇင့္တင္ျခင္းႏွင့္ ႐ုပ္ေသးအႏုပညာကို ထိန္းသိမ္းရန္ ျမန္မာ့႐ုပ္ေသးျပပြဲကို ဝန္ႀကီးမ်ား႐ုံးတြင္ က်င္းပမည္
ေစာ(NP News)- စက္တင္တာ ၂၅
ျမန္မာ့ယဥ္ေက်းမႈဂုဏ္ကို ျမႇင့္တင္ျခင္းႏွင့္ ႐ုပ္ေသးအႏုပညာကို ထိန္းသိမ္းရန္ ျမန္မာ့႐ုပ္ေသးျပပြဲကို ဝန္ႀကီးမ်ား႐ုံးတြင္ က်င္းပမည္ျဖစ္ေၾကာင္း ျပည္ေထာင္စုသမၼတ ျမန္မာႏိုင္ငံ ခရီးသြားလုပ္ငန္းရွင္မ်ားအသင္း ( UMTA)၏ ထုတ္ျပန္ခ်က္အရ သိရသည္။
အဆိုပါ႐ုပ္ေသးျပပြဲကို လာမည့္ ႏိုဝင္ဘာလ (၉)ရက္ေန႔ နံနက္ပိုင္းတြင္ နံနက္ (၁၀)နာရီခြဲမွ မြန္းလြဲ (၁၂)ခြဲအထိ ျပသသြားမည္အျပင္ ညေနပိုင္းတြင္ ညေန (၃)နာရီမွ (၅)နာရီအခ်ိန္အထိ ျပသသြားမည္ျဖစ္ၿပီး ေဈးေရာင္းပြဲေတာ္လည္း ပါဝင္ကာ နံနက္ (၈)နာရီမွ ည(၇)နာရီအထိေရာင္းခ်သြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ထားသည္။
၎ျပပြဲတြင္ ခရီးသြားလုပ္ငန္းဆိုင္ရာ ကုမၸဏီမ်ား၊ ညီေနာင္အသင္းမ်ား၊ ႏိုင္ငံတကာသံ႐ုံးမ်ား၊ ႏိုင္ငံတကာေက်ာင္းမ်ား၊ ကိုယ္ပိုင္ေက်ာင္းမ်ားႏွင့္ အမ်ားျပည္သူမ်ားအား ဖိတ္ၾကားထားၿပီး လာေရာက္ၾကည့္ရႈမည္ ျဖစ္ေၾကာင္း ေဖာ္ျပခ်က္အရ သိရသည္။
ထို႔ေၾကာင့္ အသင္းဝင္မ်ားအေနျဖင့္ ေရာင္းခ်လိုသည့္ ကုန္ပစၥည္းမ်ား၊ ခရီးစဥ္မ်ား၊ ေလယာဥ္လက္မွတ္မ်ား စသည္တို႔ကို ေကာင္တာမ်ားျဖင့္ ေရာင္းခ်ႏိုင္ရန္ စီစဥ္ထားေၾကာင္းလည္း UMTA အသိေပးထားသည္။
အဆိုပါ ႐ုပ္ေသးျပပြဲ ဝင္ခြင့္လက္မွတ္ကို UMTA႐ုံးတြင္ ဝယ္ယူႏိုင္ကာ တစ္ေစာင္ လွ်င္ ေငြက်ပ္ (၂၅,၀၀၀) က်သင့္မည္ျဖစ္ၿပီး (၁၀) ေစာင္ ဝယ္ယူပါက (၁) ေစာင္ အခမဲ့ ေပးအပ္သြားမည္ျဖစ္သည့္အျပင္ ေက်ာင္းသားမ်ားအတြက္ ေငြက်ပ္ (၂၀,၀၀၀)သာ က်သင့္မည္ျဖစ္ေၾကာင္း ထုတ္ျပန္ထားသည္။