ရန်ကုန်မြို့ရှိ YBS အရေအတွက် (၃၀) ရာခိုင်နှုန်းခန့်မှာ နှစ် (၂၀) ကျော် သက်တမ်းရှိနေပြီ ၍ လဲသင့်ပြီဟုဆို

270

စော (NP News)- စက်တင်ဘာ ၂၈
ရန်ကုန်မြို့ရှိ YBS အရေအတွက် (၃၀)ရာခိုင်နှုန်းခန့်မှာ နှစ်(၂၀)ကျော် သက်တမ်းရှိ နေပြီဖြစ်သည့်အတွက် လဲသင့်နေပြီဖြစ်ကြောင်း ယာဉ်လိုင်းများနှင့်ပတ်သက်၍ သိရှိသူတစ်ဦးက NP News သို့ ပြောသည်။
ရန်ကုန်မြို့တွင် မှတ်ပုံတင်ထားသော လိုင်းကားအရေအတွက် (၅၀ဝဝ)ကျော်ခန့် ရှိသည့် အနက် (၃၀ဝဝ) ကျော်ဝန်းကျင်ခန့်သည် Used (အသုံးပြုပြီး)ကားများဖြစ်သောကြောင့် ထုတ်လုပ်ထားသည့်ခုနှစ်နှင့် တွက်ဆပါက အနှစ်(၂၀)နီးပါးကြာမြင့်လာပြီဖြစ်၍ ပြန်လည်ပြုပြင်ရန်အတွက် အပိုပစ္စည်းဝယ်ယူရာတွင် အခက်အခဲများရှိလာ ကြောင်း ၎င်းကဆိုသည်။
“ကျွန်တော်တို့ဆီမှာကတော့ ကားတွေ ကတော့ လဲဖို့အချိန်ကျပြီ။ လဲမယ်ဆိုရင်တော့ အများပိုင်ကုမ္ပဏီတွေက လဲရမှာပေါ့။ အဓိကကတော့ ချေးငွေပါပဲ။ အစိုးရဘဏ်ကသော်လည်းကောင်း၊ ပြည်တွင်းပုဂ္ဂလိကဘဏ်ကသော်လည်း ကောင်း ဒါတွေက ချေးငွေထုတ်ပေးဖို့လိုတာပေါ့။ ချေးငွေထုတ်ပေးမယ်ဆိုရင် ချေးငွေရဲ့လုပ်ငန်းစဉ်အရ အာမခံချက် လိုတာဆိုတော့ ဒါကိုတော့ အစိုးရကပေးဖို့လိုတာပေါ့။ အဲဒီတော့ ကားလဲဖို့တာဝန်ကတော့ အများပိုင်ကုမ္ပဏီ တွေရဲ့ တာဝန်ပေါ့။ ချေးငွေပေးဖို့ကတော့ ဘဏ်ဘက်က တာဝန်ပေါ့။ ဘဏ်ရဲ့လုပ်ထုံးလုပ်နည်း အာမခံချက် လိုတယ်လေ။ အစိုးရဘဏ်ကထုတ် ချေးရင်သော်လည်းကောင်း၊ ပုဂ္ဂလိကဘဏ်က ထုတ်ချေးရင်သော် လည်းကောင်း အာမခံ ချက် ပေးပေါ့။ အဲဒါဆိုရင်တော့ Win Win Together ဖြစ်တာပေါ့။ မင်္ဂလာရှိတာပေါ့။ လဲဖို့ကတော့ လဲချိန်တန်နေပါပြီ။ လဲနိုင်ရင်တော့ ပြည်သူလူထုအတွက်လည်းကောင်းတယ်။ ယာဉ်မောင်းတွေလည်း အန္တရာယ်ကင်းကင်းမောင်းရမယ်။ သယ်ယူပို့ဆောင်ရေးစနစ်လည်း အဆင့်မြင့်မယ်။ ဒီဘက်အစိုးရလည်းအရမ်းကောင်းတယ်။ Win Win Together ပါပဲ”ဟု ၎င်းကပြောသည်။ ယာဉ်လိုင်း ကုမ္ပဏီအများစုသည် ကားဟောင်းများကို လဲလှယ်ရန် အစီအစဉ်ရှိသော်လည်း အစိုးရ၏ ချေးငွေ ထောက်ပံ့မှုလိုအပ်နေ၍ အဆိုပါ ထောက်ပံ့မှုရရှိပါက ကားအသစ်များကို အမြန်လဲလှယ်နိုင်မည်ဖြစ်ကြောင်း သိရသည်။
“အတိအကျမဟုတ်ရင်တောင်မှ အနည်းဆုံး (၃၀) ရာခိုင်နှုန်းကတော့ အနှစ်(၂၀)တောင် ကျော်လောက်ပြီ။ သူက အစီးရေ ထောင်နဲ့ချီရှိတာကို တအားများတယ်။ ဒီယာဉ်ဟောင်း (၆၀)ရာခိုင်နှုန်း လောက်ကို တစ်ပြိုင်တည်း လဲဖို့ဆိုတာကလည်း မလွယ်လောက်ဘူး။ (၁၀)ရာခိုင်နှုန်း၊ (၂၀)ရာခိုင်နှုန်း တစ်ဆင့်ချင်း လဲသွားမှရမှာဆိုတော့ ကိန်း ဂဏန်းအ များကြီးဆိုမလွယ်လောက်ဘူး”ဟု ၎င်းကဆက် လက်ပြောသည်။ လက်ရှိတွင် YRTC အနေဖြင့် ခရီး သည်များ ဘေးကင်းလုံခြုံမှုရှိစေရေး၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရေးအတွက် ကြံ့ခိုင်မှုမရှိသော YBS ယာဉ်များကို ပြေးဆွဲခွင့်ယာယီ ပိတ်သိမ်း ကာ ပြန်လည်ပြုပြင်ပြီးပါက ပြေးဆွဲခွင့်ပြုနေကြောင်း သိရသည်။

Zawgyi Version:
ရန္ကုန္ၿမိဳ႕ရွိ YBS အေရအတြက္ (၃၀) ရာခိုင္ႏႈန္းခန႔္မွာ ႏွစ္ (၂၀) ေက်ာ္ သက္တမ္းရွိေနၿပီ ၍ လဲသင့္ၿပီဟုဆို
ေစာ (NP News)- စက္တင္ဘာ ၂၈
ရန္ကုန္ၿမိဳ႕ရွိ YBS အေရအတြက္ (၃၀)ရာခိုင္ႏႈန္းခန႔္မွာ ႏွစ္(၂၀)ေက်ာ္ သက္တမ္းရွိ ေနၿပီျဖစ္သည့္အတြက္ လဲသင့္ေနၿပီျဖစ္ေၾကာင္း ယာဥ္လိုင္းမ်ားႏွင့္ပတ္သက္၍ သိရွိသူတစ္ဦးက NP News သို႔ ေျပာသည္။
ရန္ကုန္ၿမိဳ႕တြင္ မွတ္ပုံတင္ထားေသာ လိုင္းကားအေရအတြက္ (၅၀ဝဝ)ေက်ာ္ခန႔္ ရွိသည့္ အနက္ (၃၀ဝဝ) ေက်ာ္ဝန္းက်င္ခန႔္သည္ Used (အသုံးျပဳၿပီး)ကားမ်ားျဖစ္ေသာေၾကာင့္ ထုတ္လုပ္ထားသည့္ခုႏွစ္ႏွင့္ တြက္ဆပါက အႏွစ္(၂၀)နီးပါးၾကာျမင့္လာၿပီျဖစ္၍ ျပန္လည္ျပဳျပင္ရန္အတြက္ အပိုပစၥည္းဝယ္ယူရာတြင္ အခက္အခဲမ်ားရွိလာ ေၾကာင္း ၎ကဆိုသည္။
“ကြၽန္ေတာ္တို႔ဆီမွာကေတာ့ ကားေတြ ကေတာ့ လဲဖို႔အခ်ိန္က်ၿပီ။ လဲမယ္ဆိုရင္ေတာ့ အမ်ားပိုင္ကုမၸဏီေတြက လဲရမွာေပါ့။ အဓိကကေတာ့ ေခ်းေငြပါပဲ။ အစိုးရဘဏ္ကေသာ္လည္းေကာင္း၊ ျပည္တြင္းပုဂၢလိကဘဏ္ကေသာ္လည္း ေကာင္း ဒါေတြက ေခ်းေငြထုတ္ေပးဖို႔လိုတာေပါ့။ ေခ်းေငြထုတ္ေပးမယ္ဆိုရင္ ေခ်းေငြရဲ႕လုပ္ငန္းစဥ္အရ အာမခံခ်က္ လိုတာဆိုေတာ့ ဒါကိုေတာ့ အစိုးရကေပးဖို႔လိုတာေပါ့။ အဲဒီေတာ့ ကားလဲဖို႔တာဝန္ကေတာ့ အမ်ားပိုင္ကုမၸဏီ ေတြရဲ႕ တာဝန္ေပါ့။ ေခ်းေငြေပးဖို႔ကေတာ့ ဘဏ္ဘက္က တာဝန္ေပါ့။ ဘဏ္ရဲ႕လုပ္ထုံးလုပ္နည္း အာမခံခ်က္ လိုတယ္ေလ။ အစိုးရဘဏ္ကထုတ္ ေခ်းရင္ေသာ္လည္းေကာင္း၊ ပုဂၢလိကဘဏ္က ထုတ္ေခ်းရင္ေသာ္ လည္းေကာင္း အာမခံ ခ်က္ ေပးေပါ့။ အဲဒါဆိုရင္ေတာ့ Win Win Together ျဖစ္တာေပါ့။ မဂၤလာရွိတာေပါ့။ လဲဖို႔ကေတာ့ လဲခ်ိန္တန္ေနပါၿပီ။ လဲႏိုင္ရင္ေတာ့ ျပည္သူလူထုအတြက္လည္းေကာင္းတယ္။ ယာဥ္ေမာင္းေတြလည္း အႏၲရာယ္ကင္းကင္းေမာင္းရမယ္။ သယ္ယူပို႔ေဆာင္ေရးစနစ္လည္း အဆင့္ျမင့္မယ္။ ဒီဘက္အစိုးရလည္းအရမ္းေကာင္းတယ္။ Win Win Together ပါပဲ”ဟု ၎ကေျပာသည္။ ယာဥ္လိုင္း ကုမၸဏီအမ်ားစုသည္ ကားေဟာင္းမ်ားကို လဲလွယ္ရန္ အစီအစဥ္ရွိေသာ္လည္း အစိုးရ၏ ေခ်းေငြ ေထာက္ပံ့မႈလိုအပ္ေန၍ အဆိုပါ ေထာက္ပံ့မႈရရွိပါက ကားအသစ္မ်ားကို အျမန္လဲလွယ္ႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။
“အတိအက်မဟုတ္ရင္ေတာင္မွ အနည္းဆုံး (၃၀) ရာခိုင္ႏႈန္းကေတာ့ အႏွစ္(၂၀)ေတာင္ ေက်ာ္ေလာက္ၿပီ။ သူက အစီးေရ ေထာင္နဲ႔ခ်ီရွိတာကို တအားမ်ားတယ္။ ဒီယာဥ္ေဟာင္း (၆၀)ရာခိုင္ႏႈန္း ေလာက္ကို တစ္ၿပိဳင္တည္း လဲဖို႔ဆိုတာကလည္း မလြယ္ေလာက္ဘူး။ (၁၀)ရာခိုင္ႏႈန္း၊ (၂၀)ရာခိုင္ႏႈန္း တစ္ဆင့္ခ်င္း လဲသြားမွရမွာဆိုေတာ့ ကိန္း ဂဏန္းအ မ်ားႀကီးဆိုမလြယ္ေလာက္ဘူး”ဟု ၎ကဆက္ လက္ေျပာသည္။ လက္ရွိတြင္ YRTC အေနျဖင့္ ခရီး သည္မ်ား ေဘးကင္းလုံၿခဳံမႈရွိေစေရး၊ ယာဥ္အႏၲရာယ္၊ လမ္းအႏၲရာယ္ကင္းရွင္းေစေရးအတြက္ ႀကံ့ခိုင္မႈမရွိေသာ YBS ယာဥ္မ်ားကို ေျပးဆြဲခြင့္ယာယီ ပိတ္သိမ္း ကာ ျပန္လည္ျပဳျပင္ၿပီးပါက ေျပးဆြဲခြင့္ျပဳေနေၾကာင္း သိရသည္။